တိုင္ဖုန္း ဟာဂီဘိစ္ ေၾကာင့္ လူ ၇ သန္း ေဘးလြတ္ရာသြားဖို႔ ဂ်ပန္အစိုးရ သတိေပး

 ေလျပင္းဒဏ္ခံရတဲ့ တိုက်ိဳအေရွ႕ပိုင္း
Zawgyi
ဂ်ပန္ႏိုင္ငံမွာ အႏွစ္ ၆ဝ အတြင္း အျပင္းထန္ဆုံး မုန္တိုင္းဒဏ္ကို ခံစားေနရတဲ့အတြက္ ဂ်ပန္ေရာက္ ျမန္မာႏိုင္ငံသားေတြ အေနနဲ႔ အေရးေပၚ အႏၲရာယ္ႀကဳံေနရရင္ တိုက်ိဳ ျမန္မာသံ႐ုံးကို အကူအညီေတာင္းခံႏိုင္တယ္ ဆိုၿပီး သံ႐ုံးတာဝန္ရွိသူက ဘီဘီစီကို ေျပာပါတယ္။

တိုက်ိဳ ျမန္မာသံ႐ုံး အေနနဲ႔ အေရးေပၚ အြန္လိုင္းစနစ္တစ္ရပ္ ထူေထာင္ ထားရွိထားၿပီး အဲဒီကတဆင့္ အကူအညီ ေတာင္းခံလာၿပီ ဆိုရင္၊ ဂ်ပန္အစိုးရရဲ႕ သဘာဝ ေဘးအႏၲရာယ္ ကူညီေရး ေအဂ်င္စီေတြနဲ႔ ပူးေပါင္း ကူညီမယ္လို႔ တိုက်ိဳၿမိဳ႕ ျမန္မာသံ႐ုံးက သံမႉးႀကီး ေဒၚခင္နီလာစိုးက ေျပာပါတယ္။

အြန္လိုင္း သတင္းေပးပို႔မႈ ျပဳလုပ္ႏိုင္တဲ့ တိုက်ိဳျမန္မာ သံ႐ုံးရဲ႕ ဝက္ဘ္ဆိုက္ ရွိရာကို ေရာက္သြားႏိုင္တဲ့ link ကိုလည္း Embassy of the Republic of the Union of Myanmar, Tokyo ဆိုတဲ့ ေဖ့စ္ဘုတ္ စာမ်က္ႏွာမွာ ေဖာ္ျပထားၿပီး အေရးေပၚ ဆက္သြယ္ရမယ့္ ဖုန္းနံပါတ္ေတြ၊ အီးေမးလ္ လိပ္စာေတြကိုလည္း အဲဒီမွာေတြ႕ရပါတယ္။

ေလတိုက္ႏႈန္း တစ္နာရီ မိုင္ ၁၄ဝ ကေန ၂ဝဝ ထိ ျပင္းႏိုင္တယ္ ဆိုၿပီး ခန္႔မွန္း ထားတာေၾကာင့္ ျမန္မာႏိုင္ငံသားေတြ အေနနဲ႔လည္း အျပင္မထြက္ဘဲ လုံၿခဳံရာ ေနရာမွာပဲ ေနၾကဖို႔ သတိေပးထားတယ္ ဆိုၿပီး ေဒၚခင္နီလာစိုးက ေျပာပါတယ္။

လက္ရွိ အေျခအေနမွာေတာ့ ဟာဂီဘိစ္ လို႔နာမည္ေပးထားတဲ့ တိုင္ဖုန္း မုန္တိုင္း ဒဏ္ေၾကာင့္ ဂ်ပန္ႏိုင္ငံရဲ႕ ေနရာ အႏွံ႔မွာ မိုးသည္းသည္းထန္ထန္ အဆက္မျပတ္ ႐ြာေနၿပီး၊ ေလဆင္ႏွာေမာင္း က်သလိုမ်ိဳး ေလလည္း အင္မတန္ ျပင္းျပင္းထန္ထန္ တိုက္ခတ္ ေနပါတယ္။

 ေလျပင္း အနည္းဆုံး တစ္နာရီ မိုင္ ၁၄ဝ ထိ ရွိႏိုင္
တာဂါးေလာ့ဂ္ ဖိလစ္ပိုင္ စကားနဲ႔ဆိုရင္ ဟာဂီဘိစ္ဆိုတာ ျပင္းထန္ျမန္ဆန္တယ္လို႔ အဓိပၸာယ္ရ

 ေလယာဥ္ခရီးစဥ္ေတြဖ်က္သိမ္း၊ ရထားေတြလည္း မေျပးဆြဲ

အခုလို မုန္တိုင္းမက်ခင္ ကတည္းက ဂ်ပန္ အစိုးရက ေပးပို႔တဲ့ မုန္တိုင္းအႏၲရာယ္ သတိေပးခ်က္ေတြ၊ သတင္းအခ်က္ေတြဟာ လက္ကိုင္ဖုန္းထဲ အဆက္မျပတ္ ဝင္ေရာက္ ေနခဲ့တယ္လို႔ တိုက်ိဳၿမိဳ႕ေတာ္အနီး ေနထိုင္တဲ့ ျမန္မာႏိုင္ငံသူ မထက္ထက္ႏုေဌးက ဘီဘီစီကို ေျပာပါတယ္။

ၿမိဳ႕နယ္၊ ရပ္ကြက္၊ လမ္းအလိုက္ကို သတိေပးခ်က္ အေသးစိတ္ေတြကို သက္ဆိုင္ရာ တာဝန္ရွိသူေတြက ထုတ္ျပန္ေပးထားတယ္လို႔လည္း ဆိုပါတယ္။

ေအာက္တိုဘာ ၁၂ ရက္၊ စေနမွာ ၿမိဳ႕ေတာ္ တိုက်ိဳရဲ႕ အေနာက္ေတာင္ဘက္ အီဇူး Izu ဆိုတဲ့ ကြၽန္းဆြယ္ရွိရာဆီ ေဒသစံေတာ္ခ်ိန္ ည ၇ နာရီ မတိုင္ခင္ေလးမွာပဲ ဟာဂီဘိစ္ရဲ႕ မုန္တိုင္းဗဟိုေနရာ ဝင္ေရာက္လာပါတယ္။

ေရႀကီးေရလွ်ံတာေတြ၊ ေျမၿပိဳတာေတြ ဆိုးဆိုး႐ြား႐ြား ျဖစ္လာႏိုင္တဲ့ အတြက္ သန္းနဲ႔ခ်ီတဲ့ လူေတြကို အိုးအိမ္ေတြကေန စြန္႔ခြာသြားၾကဖို႔ ဂ်ပန္ အာဏာပိုင္ေတြက သတိေပးထားပါတယ္။

လုံၿခဳံရာ စခန္းေတြဆီ ေ႐ႊ႕ေျပာင္းေနဖို႔ သတိေပးတာမ်ိဳး မရွိတဲ့ အရပ္ေတြမွာလည္း၊ မိမိတို႔ရဲ႕ ေနအိမ္ေတြမွာ အစားအစာနဲ႔ ေသာက္ေရေတြ စုေဆာင္း ထားရွိၾကဖို႔ ႏႈိးေဆာ္ထားပါတယ္။

 ခ်ီဘမွာေတာ့ ေလျပင္းဒဏ္ေၾကာင့္ ကားေမွာက္ၿပီး လူေသတဲ့အထိျဖစ္
မွန္ေတြမကြဲေအာင္ ကာကြယ္ေနတဲ့ ေစ်းဆိုင္ပိုင္ရွင္

အစားအစာေတြ ႀကိဳစုထားဖို႔လည္း အာဏာပိုင္ေတြ သတိေပး

ဂ်ပန္မွာ ရထား ေျပးဆြဲမႈေတြ ရပ္နားထားသလို ေလယာဥ္ခရီးစဥ္ ေထာင္နဲ႔ခ်ီၿပီးေတာ့လည္း ဖ်က္သိမ္းခဲ့ရပါတယ္။

တိုက်ိဳအေရွ႕ဘက္ ခ်ီဘ ဆိုတဲ့အရပ္မွာ ေလျပင္းဒဏ္ေၾကာင့္ ကားေမွာက္ရာကေန လူတစ္ဦး ေသဆုံးပါတယ္။ ခ်ီဘ အရပ္မွာ အိမ္ေတြ ပ်က္စီး ထိခိုက္တာေတြလည္း ရွိပါတယ္။

တခါ၊ ဂ်ပန္မွာ လက္ခံက်င္းပမယ့္ ရပ္ဂ္ဘီ ကမာၻ႔ဖလားပြဲေတြ၊ ေဖာ္ျမဴလာဝမ္း ၿပိဳင္ကား ေမာင္းပြဲေတြကို ဖ်က္သိမ္း ခဲ့ရပါတယ္။

တိုက်ိဳတဝိုက္ အိမ္ေတြ ေထာင္ေပါင္းမ်ားစြာ လွ်ပ္စစ္မီး ျပတ္ေတာက္သြားၿပီး၊ တခ်ိဳ႕ ေနရာေတြမွာေတာ့ ျမန္ျမန္ဆန္ဆန္ပဲ မီးျပန္လင္းေအာင္ လုပ္ႏိုင္ခဲ့ပါတယ္။

စေန၊ တနဂၤေႏြ ႏွစ္ရက္အတြင္း တိုက်ိဳ တဝိုက္ လက္မ ၂ဝ ထိေအာင္ မိုး႐ြာမယ္လို႔ ဂ်ပန္ မိုးေလဝသ ဌာန JMA က ခန္႔မွန္းထားပါတယ္။

BBC Burmese
https://www.bbc.com
------------
Unicode
တိုင်ဖုန်း ဟာဂီဘိစ် ကြောင့် လူ ၇ သန်း ဘေးလွတ်ရာသွားဖို့ ဂျပန်အစိုးရ သတိပေး

ဂျပန်နိုင်ငံမှာ အနှစ် ၆ဝ အတွင်း အပြင်းထန်ဆုံး မုန်တိုင်းဒဏ်ကို ခံစားနေရတဲ့အတွက် ဂျပန်ရောက် မြန်မာနိုင်ငံသားတွေ အနေနဲ့ အရေးပေါ် အန္တရာယ်ကြုံနေရရင် တိုကျို မြန်မာသံရုံးကို အကူအညီတောင်းခံနိုင်တယ် ဆိုပြီး သံရုံးတာဝန်ရှိသူက ဘီဘီစီကို ပြောပါတယ်။

တိုကျို မြန်မာသံရုံး အနေနဲ့ အရေးပေါ် အွန်လိုင်းစနစ်တစ်ရပ် ထူထောင် ထားရှိထားပြီး အဲဒီကတဆင့် အကူအညီ တောင်းခံလာပြီ ဆိုရင်၊ ဂျပန်အစိုးရရဲ့ သဘာဝ ဘေးအန္တရာယ် ကူညီရေး အေဂျင်စီတွေနဲ့ ပူးပေါင်း ကူညီမယ်လို့ တိုကျိုမြို့ မြန်မာသံရုံးက သံမှူးကြီး ဒေါ်ခင်နီလာစိုးက ပြောပါတယ်။

အွန်လိုင်း သတင်းပေးပို့မှု ပြုလုပ်နိုင်တဲ့ တိုကျိုမြန်မာ သံရုံးရဲ့ ဝက်ဘ်ဆိုက် ရှိရာကို ရောက်သွားနိုင်တဲ့ link ကိုလည်း Embassy of the Republic of the Union of Myanmar, Tokyo ဆိုတဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာ ဖော်ပြထားပြီး အရေးပေါ် ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေ၊ အီးမေးလ် လိပ်စာတွေကိုလည်း အဲဒီမှာတွေ့ရပါတယ်။

လေတိုက်နှုန်း တစ်နာရီ မိုင် ၁၄ဝ ကနေ ၂ဝဝ ထိ ပြင်းနိုင်တယ် ဆိုပြီး ခန့်မှန်း ထားတာကြောင့် မြန်မာနိုင်ငံသားတွေ အနေနဲ့လည်း အပြင်မထွက်ဘဲ လုံခြုံရာ နေရာမှာပဲ နေကြဖို့ သတိပေးထားတယ် ဆိုပြီး ဒေါ်ခင်နီလာစိုးက ပြောပါတယ်။

လက်ရှိ အခြေအနေမှာတော့ ဟာဂီဘိစ် လို့နာမည်ပေးထားတဲ့ တိုင်ဖုန်း မုန်တိုင်း ဒဏ်ကြောင့် ဂျပန်နိုင်ငံရဲ့ နေရာ အနှံ့မှာ မိုးသည်းသည်းထန်ထန် အဆက်မပြတ် ရွာနေပြီး၊ လေဆင်နှာမောင်း ကျသလိုမျိုး လေလည်း အင်မတန် ပြင်းပြင်းထန်ထန် တိုက်ခတ် နေပါတယ်။

အခုလို မုန်တိုင်းမကျခင် ကတည်းက ဂျပန် အစိုးရက ပေးပို့တဲ့ မုန်တိုင်းအန္တရာယ် သတိပေးချက်တွေ၊ သတင်းအချက်တွေဟာ လက်ကိုင်ဖုန်းထဲ အဆက်မပြတ် ဝင်ရောက် နေခဲ့တယ်လို့ တိုကျိုမြို့တော်အနီး နေထိုင်တဲ့ မြန်မာနိုင်ငံသူ မထက်ထက်နုဌေးက ဘီဘီစီကို ပြောပါတယ်။

မြို့နယ်၊ ရပ်ကွက်၊ လမ်းအလိုက်ကို သတိပေးချက် အသေးစိတ်တွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက ထုတ်ပြန်ပေးထားတယ်လို့လည်း ဆိုပါတယ်။

အောက်တိုဘာ ၁၂ ရက်၊ စနေမှာ မြို့တော် တိုကျိုရဲ့ အနောက်တောင်ဘက် အီဇူး Izu ဆိုတဲ့ ကျွန်းဆွယ်ရှိရာဆီ ဒေသစံတော်ချိန် ည ၇ နာရီ မတိုင်ခင်လေးမှာပဲ ဟာဂီဘိစ်ရဲ့ မုန်တိုင်းဗဟိုနေရာ ဝင်ရောက်လာပါတယ်။

ရေကြီးရေလျှံတာတွေ၊ မြေပြိုတာတွေ ဆိုးဆိုးရွားရွား ဖြစ်လာနိုင်တဲ့ အတွက် သန်းနဲ့ချီတဲ့ လူတွေကို အိုးအိမ်တွေကနေ စွန့်ခွာသွားကြဖို့ ဂျပန် အာဏာပိုင်တွေက သတိပေးထားပါတယ်။

လုံခြုံရာ စခန်းတွေဆီ ရွှေ့ပြောင်းနေဖို့ သတိပေးတာမျိုး မရှိတဲ့ အရပ်တွေမှာလည်း၊ မိမိတို့ရဲ့ နေအိမ်တွေမှာ အစားအစာနဲ့ သောက်ရေတွေ စုဆောင်း ထားရှိကြဖို့ နှိုးဆော်ထားပါတယ်။

ဂျပန်မှာ ရထား ပြေးဆွဲမှုတွေ ရပ်နားထားသလို လေယာဉ်ခရီးစဉ် ထောင်နဲ့ချီပြီးတော့လည်း ဖျက်သိမ်းခဲ့ရပါတယ်။

တိုကျိုအရှေ့ဘက် ချီဘ ဆိုတဲ့အရပ်မှာ လေပြင်းဒဏ်ကြောင့် ကားမှောက်ရာကနေ လူတစ်ဦး သေဆုံးပါတယ်။ ချီဘ အရပ်မှာ အိမ်တွေ ပျက်စီး ထိခိုက်တာတွေလည်း ရှိပါတယ်။

တခါ၊ ဂျပန်မှာ လက်ခံကျင်းပမယ့် ရပ်ဂ်ဘီ ကမ္ဘာ့ဖလားပွဲတွေ၊ ဖော်မြူလာဝမ်း ပြိုင်ကား မောင်းပွဲတွေကို ဖျက်သိမ်း ခဲ့ရပါတယ်။

တိုကျိုတဝိုက် အိမ်တွေ ထောင်ပေါင်းများစွာ လျှပ်စစ်မီး ပြတ်တောက်သွားပြီး၊ တချို့ နေရာတွေမှာတော့ မြန်မြန်ဆန်ဆန်ပဲ မီးပြန်လင်းအောင် လုပ်နိုင်ခဲ့ပါတယ်။

စနေ၊ တနင်္ဂနွေ နှစ်ရက်အတွင်း တိုကျို တဝိုက် လက်မ ၂ဝ ထိအောင် မိုးရွာမယ်လို့ ဂျပန် မိုးလေဝသ ဌာန JMA က ခန့်မှန်းထားပါတယ်။

BBC Burmese
https://www.bbc.com
တိုင္ဖုန္း ဟာဂီဘိစ္ ေၾကာင့္ လူ ၇ သန္း ေဘးလြတ္ရာသြားဖို႔ ဂ်ပန္အစိုးရ သတိေပး တိုင္ဖုန္း ဟာဂီဘိစ္ ေၾကာင့္ လူ ၇ သန္း ေဘးလြတ္ရာသြားဖို႔ ဂ်ပန္အစိုးရ သတိေပး Reviewed by THITHTOOLWIN on 02:12 Rating: 5
Powered by Blogger.