ကြတ္ခိုင္တိုက္ပြဲ အရပ္သား ထိခိုက္မႈရွိ

ရွမ္းျပည္နယ္အတြင္း ၾသဂုတ္လက ျဖစ္ပြားခဲ့သည့္ တုိက္ပြဲမ်ားအတြင္း ထိခုိက္ဒဏ္ရာရသူတခ်ဳိ႕။ (ၾသဂုတ္ ၂၅၊ ၂၀၁၉)
တိုင္းရင္းသား လက္နက္ကိုင္တပ္ဖြဲ႔ေတြနဲ႔ အစိုးရတပ္တို႔ၾကား တုိက္ပြဲေတြ ျပင္းထန္ေနတဲ့ ရွမ္းျပည္နယ္ေျမာက္ပိုင္း ကြတ္ခိုင္ဘက္မွာ ရြာထဲက ေနအိမ္ေတြေပၚ လက္နက္ႀကီးက်ည္က်လို႔ ကေလးငယ္ေလးေတြ အပါအဝင္ ေဒသခံတခ်ိဳ႕ ထိခိုက္ဒဏ္ရာ ရခဲ့ပါတယ္။ ဆက္တိုက္ဆိုသလို ျဖစ္ေနတဲ့ တိုက္ပြဲေတြၾကား ကေလးငယ္ေတြ၊ ကိုယ္ဝန္ေဆာင္မိခင္ေတြ အပါအဝင္ အရပ္သားေတြ ထိခိုက္ဒဏ္ရာရမႈေတြအေပၚ အရပ္သားေတြကို ပစ္မွတ္ထား မတိုက္ခိုက္ဖို႔နဲ႔ နစ္နာခဲ့ရသူေတြအတြက္ တရားမွ်တမႈရဖို႔ ဘယ္သူ႔လက္ခ်က္ဆိုတာ စံုစမ္းေဖာ္ထုတ္ေပးဖို႔ NLD အစိုးရကို တုိင္းရင္းေဒသေတြက စစ္မီးၿငိမ္းေရး လႈပ္ရွားသူေတြ ေတာင္းဆိုပါတယ္။ အျပည့္အစုံကို မဆုမြန္ စုစည္းတင္ျပထားပါတယ္။

ပေလာင္ျပည္နယ္ လြတ္ေျမာက္ေရးတပ္ဦး PSLF/TNLA နဲ႔ ျမန္မာအစိုးရ စစ္တပ္တို႔ၾကား ရွမ္းျပည္နယ္ေျမာက္ပိုင္း သိႏၷီၿမိဳ႕၊ ကြတ္ခုိင္ၿမိဳ႕ေတြမွာ ဒီသီတင္းပတ္တြင္း ရက္ဆက္တုိက္ဆိုသလို တုိက္ပြဲေတြ ျဖစ္ပြားေနတာပါ။ မေန႔က သိႏၷီၿမိဳ႕ထဲ လက္နက္ႀကီးက်ည္ က်ေရာက္ေပါက္ကြဲလို႔ အရပ္သားေတြ ထိခုိက္ဒဏ္ရာ ရခဲ့သလို ေဒသခံေတြ လံုၿခံဳေရး စိုးရိမ္မႈေတြနဲ႔ အေတာ္ေလးကို ထိတ္လန္႔တုန္လႈပ္ ေနၾကတာပါ။ ရွမ္းျပည္နယ္ေျမာက္ပိုင္း ကြတ္ခုိင္ၿမိဳ႕မွာလည္း ဖယိုင္းအုပ္စု မန္ေအာင္ (စုစည္း) ေက်းရြာထဲအထိ ေနအိမ္ေတြေပၚ လက္နက္ႀကီးက်ည္ က်ေရာက္ေပါက္ကြဲလို႔ ေနအိမ္ ၆ လံုးထိမွန္ၿပီး ကေလးငယ္ေလးေတြ ထိခုိက္ဒဏ္ရာရခဲ့တယ္လို႔ TNLA ဘက္က ဒီကေန႔ သတင္းထုတ္ျပန္ပါတယ္။

အခုလို ရွမ္းေျမာက္ပိုင္းအတြင္း ကေလးငယ္ေလးေတြ အပါအဝင္ ကိုယ္ဝန္ေဆာင္မိခင္ေတြ၊ သက္ႀကီးရြယ္အိုေတြနဲ႔ ေဒသခံ အရပ္သားေတြ ထိခိုက္ဒဏ္ရာရတာ၊ ေက်းရြာထဲက ေနအိမ္ေတြေပၚအထိ လက္နက္ႀကီးက်ည္ က်ေရာက္ေပါက္ကြဲမႈေတြအေပၚ ႐ႈတ္ခ်ေၾကာင္း တအာင္းအမ်ိဳးသမီးအဖြဲ႔က ေျပာပါတယ္။

အခုလို လက္နက္ကိုင္တပ္ေတြဘက္က အရပ္သားေတြကို ပစ္မွတ္ထား တိုက္ခုိက္မႈေတြကို ရပ္တန္းကရပ္ဖို႔နဲ႔ နစ္နာခဲ့ရသူေတြအတြက္ တရားမွ်တမႈေပးဖို႔ တအာင္းအမ်ိဳးသမီးအဖြဲ႔ အႀကံေပး ေလြးပိုးညႇင္းက ဗီြအိုေအျမန္မာပိုင္းကို ေျပာပါတယ္။

“တပ္မေတာ္ဘက္က လက္နက္ႀကီးေတြနဲ႔ ပစ္တဲ့ဟာေပါ့၊ သူတို႔ ရန္သူျဖစ္တဲ့ TNLA ေနတဲ့ေနရာကို သိၿပီးမွ ပစ္တာမဟုတ္ဘူး။ ဘယ္နားေနလို႔ ေနမွန္းလည္းမသိဘူး၊ ရြာထဲကို ပစ္ပစ္ခ်တာေလ လက္နက္ႀကီးေတြ။ အဲလုိပစ္တဲ့အတြက္ေၾကာင့္မုိ႔ ဒီလိုမ်ဳိး ကေလးေတြ၊ အဘုိးႀကီး၊ အဘြားႀကီးေတြ၊ အိမ္ထဲမွာအိပ္ေနတဲ့လူေတြကို ထိသြားတဲ့ ဟာမ်ဳိးေတြက ဒါ အမ်ားႀကီး ရွမ္းျပည္ေျမာက္ပုိင္းမွာ ျဖစ္ေနတဲ့ဟာေတြ က်မတို႔ ေတြ႔ရတယ္။

“မေန႔တုန္းကလည္း ထိသြားတဲ့အခါမွာ ဒါသည္လည္း လက္နက္ႀကီးေၾကာင့္ ျဖစ္သြားတဲ့ဟာမ်ဳိး ျဖစ္တယ္။ ဆုိေတာ့ က်မတုိ႔ကေတာ့ ဒီလက္နက္ႀကီးေတြကုိ အလြန္အကၽြံ အသုံးျပဳတာသည္ ႏုိင္ငံတကာ ဥပေဒအရလည္း သတ္မွတ္ထားတာရွိတယ္၊ စစ္ရာဇဝတ္မႈျဖစ္တယ္။ ၿပီးရင္ ရြာတြင္းတုိ႔ ျပည္သူလူထုေနတဲ့ေနရာမွာ ပစ္လို႔မရဘူးလို႔ ႏုိင္ငံတကာဥပေဒအရ တားျမစ္ထားတဲ့ဟာေတြ ရွိတယ္။ အဲလုိျဖစ္တာသည္ ဘယ္သူ႔အတြက္မွ မေကာင္းဘူး။ စစ္တပ္အတြက္ မေကာင္းသလုိ သူပုန္လုိ႔ သူတုိ႔သတ္မွတ္တဲ့ သူပုန္ေတြအတြက္လည္း မေကာင္းဘူး။ ရြာသားေတြကိုပဲ ထိခုိက္တဲ့ဟာမ်ဳိး ျဖစ္ေနတယ္။”

အထူးသျဖင့္ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မယ္ဆိုတဲ့ အရပ္သားအစိုးရလက္ထက္ တုိင္းရင္းေဒသေတြက တုိင္းရင္းသား ျပည္သူလူထုကို ႏိုင္ငံသားတို႔ရဲ႕ အခြင့္အေရးနဲ႔အညီ လံုၿခံဳစိတ္ခ်မႈရွိေအာင္ ဖန္တီးေဆာင္ရြက္ေပးဖို႔ကိုလည္း တအာင္းအမ်ိဳးသမီး ေလြးပိုးညႇင္းက ေတာင္းဆိုပါတယ္။

“တပ္မေတာ္က အၿမဲတမ္းေျပာတယ္ေလ။ သမၼတကုိယ္တုိင္ က်ေနာ္တုိ႔ကုိ ထုိးစစ္ဆင္တဲ့ဟာေတြ မရပ္ခုိင္းဘူး၊ ႏုိင္ငံေတာ္အႀကံေပးကိုယ္တုိင္ေတာင္မွ က်ေနာ္တို႔ကုိ မရပ္ခုိင္းဘူးလို႔ အၿမဲတမ္းေျပာတယ္။ အဲဒီေတာ့ အစုိးရလို႔ ေျပာတဲ့အခါမွာ ျပည္သူလူထုကို ကာကြယ္ဖုိ႔ တာဝန္ရွိတယ္။ ဘယ္ျပည္သူလူထုမဆုိ။ က်မတုိ႔က အတူတကြ ယွဥ္တြဲေနထုိင္ေရးကို စဥ္းစားတယ္ဆုိရင္ ဘယ္အစိုးရတက္တက္ ျပည္သူလူထုကို ကာကြယ္ရမယ့္တာဝန္ရွိတယ္။ အဲလိုျဖစ္တဲ့အတြက္ေၾကာင့္မုိ႔ အခုျဖစ္ပ်က္ေနတဲ့အေပၚမွာ အစုိးရအေနနဲ႔ ဘယ္လိုတာဝန္ယူ ေျဖရွင္းေပးမလဲဆုိတဲ့ဟာကုိ က်မက ျပန္ၿပီး ေမးခြန္းေမးခ်င္ပါတယ္။”

အခုလို ရွမ္းေျမာက္အပါအဝင္ တုိင္းရင္းေဒသေတြက တိုက္ပြဲေတြျဖစ္ပြားတိုင္း အရပ္သား ထိခိုက္ေသဆံုးမႈေတြ ျဖစ္လာတဲ့အခါ စစ္တပ္ဘက္က သတင္းစာရွင္းလင္းပြဲေတြလုပ္ၿပီး ျငင္းခ်က္ထုတ္တာ လုပ္သလို တိုင္းရင္းသား လက္နက္ကိုင္တပ္ေတြဘက္ကလည္း စစ္တပ္ရဲ႕လက္ခ်က္ ျဖစ္တယ္ဆိုၿပီး ထုတ္ျပန္ခ်က္ေတြ ထုတ္ျပန္ေနတာ ရွိပါတယ္။

အခုလို အျပန္အလွန္ စြပ္စြဲမႈေတြၾကားက အရပ္သား ထိခုိက္ေသဆံုးမႈေတြ အေပၚမွာေတာ့ ထိေရာက္တဲ့ စံုစမ္းစစ္ေဆးမႈေတြကို ေသခ်ာလုပ္ေဆာင္သင့္တယ္လို႔ ျမန္မာ့ႏုိင္ငံေရးအကဲခတ္ ရွမ္းျပည္နယ္ သီေပါၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေဟာင္း ဦးရဲထြန္းကလည္း အႀကံျပဳပါတယ္။

“အဓိကအားျဖင့္ေတာ့ ပါဝင္ပတ္သက္တဲ့ ကာယကံရွင္ လက္နက္ကုိင္ အဖြဲ႔အစည္းေတြ ကိုယ္ႏႈိက္က အသိရွိရွိနဲ႔ ေစာင့္ထိန္းမွ၊ အသိရွိရွိ ေစာင့္ထိန္းတယ္ဆုိတာက တကယ္လို႔ အဲဒီလို က်ဴးလြန္ခဲ့တယ္ဆုိရင္လည္း ကုိယ့္အဖြဲ႔အစည္း အတြင္းမွာ အေရးယူမႈေတြ လုပ္ဖုိ႔ေပါ့ေလ။ အဲဒီလိုလုပ္မွသာလွ်င္ ထိေရာက္လိမ့္မယ္လို႔ က်ေနာ္ကေတာ့ ထင္တယ္။ ဘာေၾကာင့္လဲဆုိေတာ့ က်ေနာ္တုိ႔ႏုိင္ငံမွာ အခု ဖြဲ႔စည္းပုံအေျခခံဥပေဒအရ တပ္မေတာ္က လုပ္ေဆာင္တဲ့ကိစၥေတြကို အရပ္သားအစုိးရက ဘာမွထိန္းေက်ာင္းလို႔ မရဘူးျဖစ္ေနတယ္။ ဆိုေတာ့ က်ေနာ္ေျပာခ်င္တာ ႏွစ္ဖက္က သေဘာတူတဲ့၊ ဥပမာ ဒုိင္လူႀကီးလို အဖြဲ႔မ်ဳိးကေနၿပီးေတာ့ စုံစမ္းစစ္ေဆးၿပီးေတာ့ ဒါကို ေဖာ္ထုတ္စုံစမ္းတာကို လက္ခံပါမယ္ဆုိတဲ့ အေျခအေနမ်ဳိးေရာက္ေအာင္ က်ေနာ္တုိ႔က ေစာင့္ၾကည့္တဲ့အဖြဲ႔ေတြ ဖြဲ႔ႏုိင္ခဲ့ရင္ေတာ့ ထိေရာက္တယ္။ အဲလုိမဟုတ္ရင္ေတာ့ စုံစမ္းစစ္ေဆးတဲ့အဖြဲ႔ေတြ ကုိယ္ႏႈိက္က လြတ္လြတ္လပ္လပ္ ထိထိေရာက္ေရာက္ စုံစမ္းႏုိင္မယ္ မဟုတ္ဘူးလို႔ က်ေနာ္ကေတာ့ သုံးသပ္ပါတယ္။”

လတ္တေလာအေျခအေနမွာေတာ့ တုိင္းရင္းသား လက္နက္ကိုင္တပ္ ညီေနာင္မဟာမိတ္ အဖြဲ႔ဘက္ကလည္း ႏွစ္ကုန္တဲ့အထိ တဖက္သတ္ အပစ္ရပ္မယ္လို႔ ေၾကညာခ်က္ထုတ္ျပန္ၿပီး အစိုးရ ၿငိမ္းခ်မ္းေရးကိုယ္စားလွယ္ေတြနဲ႔ ၿငိမ္းခ်မ္းေရးစကားဝုိင္းေတြျဖစ္ဖို႔၊ ေတြ႔ဆံုေဆြးေႏြးဖို႔ ျပင္ဆင္ေနခ်ိန္မွာပဲ တုိင္းရင္းေဒသေတြမွာ တိုက္ပြဲေတြ အျပင္းထန္ ျဖစ္ပြားေနပါတယ္။

-------------------------------

(Unicode)

ကွတ်ခိုင်တိုက်ပွဲ အရပ်သား ထိခိုက်မှုရှိ

တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အစိုးရတပ်တို့ကြား တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်ဘက်မှာ ရွာထဲက နေအိမ်တွေပေါ် လက်နက်ကြီးကျည်ကျလို့ ကလေးငယ်လေးတွေ အပါအဝင် ဒေသခံတချို့ ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။ ဆက်တိုက်ဆိုသလို ဖြစ်နေတဲ့ တိုက်ပွဲတွေကြား ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ အပါအဝင် အရပ်သားတွေ ထိခိုက်ဒဏ်ရာရမှုတွေအပေါ် အရပ်သားတွေကို ပစ်မှတ်ထား မတိုက်ခိုက်ဖို့နဲ့ နစ်နာခဲ့ရသူတွေအတွက် တရားမျှတမှုရဖို့ ဘယ်သူ့လက်ချက်ဆိုတာ စုံစမ်းဖော်ထုတ်ပေးဖို့ NLD အစိုးရကို တိုင်းရင်းဒေသတွေက စစ်မီးငြိမ်းရေး လှုပ်ရှားသူတွေ တောင်းဆိုပါတယ်။ အပြည့်အစုံကို မဆုမွန် စုစည်းတင်ပြထားပါတယ်။

ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA နဲ့ မြန်မာအစိုးရ စစ်တပ်တို့ကြား ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့၊ ကွတ်ခိုင်မြို့တွေမှာ ဒီသီတင်းပတ်တွင်း ရက်ဆက်တိုက်ဆိုသလို တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။ မနေ့က သိန္နီမြို့ထဲ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ အရပ်သားတွေ ထိခိုက်ဒဏ်ရာ ရခဲ့သလို ဒေသခံတွေ လုံခြုံရေး စိုးရိမ်မှုတွေနဲ့ အတော်လေးကို ထိတ်လန့်တုန်လှုပ် နေကြတာပါ။ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့မှာလည်း ဖယိုင်းအုပ်စု မန်အောင် (စုစည်း) ကျေးရွာထဲအထိ နေအိမ်တွေပေါ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ နေအိမ် ၆ လုံးထိမှန်ပြီး ကလေးငယ်လေးတွေ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ TNLA ဘက်က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

အခုလို ရှမ်းမြောက်ပိုင်းအတွင်း ကလေးငယ်လေးတွေ အပါအဝင် ကိုယ်ဝန်ဆောင်မိခင်တွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ဒေသခံ အရပ်သားတွေ ထိခိုက်ဒဏ်ရာရတာ၊ ကျေးရွာထဲက နေအိမ်တွေပေါ်အထိ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုတွေအပေါ် ရှုတ်ချကြောင်း တအာင်းအမျိုးသမီးအဖွဲ့က ပြောပါတယ်။

အခုလို လက်နက်ကိုင်တပ်တွေဘက်က အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေကို ရပ်တန်းကရပ်ဖို့နဲ့ နစ်နာခဲ့ရသူတွေအတွက် တရားမျှတမှုပေးဖို့ တအာင်းအမျိုးသမီးအဖွဲ့ အကြံပေး လွေးပိုးညှင်းက ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“တပ်မတော်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်တဲ့ဟာပေါ့၊ သူတို့ ရန်သူဖြစ်တဲ့ TNLA နေတဲ့နေရာကို သိပြီးမှ ပစ်တာမဟုတ်ဘူး။ ဘယ်နားနေလို့ နေမှန်းလည်းမသိဘူး၊ ရွာထဲကို ပစ်ပစ်ချတာလေ လက်နက်ကြီးတွေ။ အဲလိုပစ်တဲ့အတွက်ကြောင့်မို့ ဒီလိုမျိုး ကလေးတွေ၊ အဘိုးကြီး၊ အဘွားကြီးတွေ၊ အိမ်ထဲမှာအိပ်နေတဲ့လူတွေကို ထိသွားတဲ့ ဟာမျိုးတွေက ဒါ အများကြီး ရှမ်းပြည်မြောက်ပိုင်းမှာ ဖြစ်နေတဲ့ဟာတွေ ကျမတို့ တွေ့ရတယ်။

“မနေ့တုန်းကလည်း ထိသွားတဲ့အခါမှာ ဒါသည်လည်း လက်နက်ကြီးကြောင့် ဖြစ်သွားတဲ့ဟာမျိုး ဖြစ်တယ်။ ဆိုတော့ ကျမတို့ကတော့ ဒီလက်နက်ကြီးတွေကို အလွန်အကျွံ အသုံးပြုတာသည် နိုင်ငံတကာ ဥပဒေအရလည်း သတ်မှတ်ထားတာရှိတယ်၊ စစ်ရာဇဝတ်မှုဖြစ်တယ်။ ပြီးရင် ရွာတွင်းတို့ ပြည်သူလူထုနေတဲ့နေရာမှာ ပစ်လို့မရဘူးလို့ နိုင်ငံတကာဥပဒေအရ တားမြစ်ထားတဲ့ဟာတွေ ရှိတယ်။ အဲလိုဖြစ်တာသည် ဘယ်သူ့အတွက်မှ မကောင်းဘူး။ စစ်တပ်အတွက် မကောင်းသလို သူပုန်လို့ သူတို့သတ်မှတ်တဲ့ သူပုန်တွေအတွက်လည်း မကောင်းဘူး။ ရွာသားတွေကိုပဲ ထိခိုက်တဲ့ဟာမျိုး ဖြစ်နေတယ်။”

အထူးသဖြင့် ငြိမ်းချမ်းရေးဖော်ဆောင်မယ်ဆိုတဲ့ အရပ်သားအစိုးရလက်ထက် တိုင်းရင်းဒေသတွေက တိုင်းရင်းသား ပြည်သူလူထုကို နိုင်ငံသားတို့ရဲ့ အခွင့်အရေးနဲ့အညီ လုံခြုံစိတ်ချမှုရှိအောင် ဖန်တီးဆောင်ရွက်ပေးဖို့ကိုလည်း တအာင်းအမျိုးသမီး လွေးပိုးညှင်းက တောင်းဆိုပါတယ်။

“တပ်မတော်က အမြဲတမ်းပြောတယ်လေ။ သမ္မတကိုယ်တိုင် ကျနော်တို့ကို ထိုးစစ်ဆင်တဲ့ဟာတွေ မရပ်ခိုင်းဘူး၊ နိုင်ငံတော်အကြံပေးကိုယ်တိုင်တောင်မှ ကျနော်တို့ကို မရပ်ခိုင်းဘူးလို့ အမြဲတမ်းပြောတယ်။ အဲဒီတော့ အစိုးရလို့ ပြောတဲ့အခါမှာ ပြည်သူလူထုကို ကာကွယ်ဖို့ တာဝန်ရှိတယ်။ ဘယ်ပြည်သူလူထုမဆို။ ကျမတို့က အတူတကွ ယှဉ်တွဲနေထိုင်ရေးကို စဉ်းစားတယ်ဆိုရင် ဘယ်အစိုးရတက်တက် ပြည်သူလူထုကို ကာကွယ်ရမယ့်တာဝန်ရှိတယ်။ အဲလိုဖြစ်တဲ့အတွက်ကြောင့်မို့ အခုဖြစ်ပျက်နေတဲ့အပေါ်မှာ အစိုးရအနေနဲ့ ဘယ်လိုတာဝန်ယူ ဖြေရှင်းပေးမလဲဆိုတဲ့ဟာကို ကျမက ပြန်ပြီး မေးခွန်းမေးချင်ပါတယ်။”

အခုလို ရှမ်းမြောက်အပါအဝင် တိုင်းရင်းဒေသတွေက တိုက်ပွဲတွေဖြစ်ပွားတိုင်း အရပ်သား ထိခိုက်သေဆုံးမှုတွေ ဖြစ်လာတဲ့အခါ စစ်တပ်ဘက်က သတင်းစာရှင်းလင်းပွဲတွေလုပ်ပြီး ငြင်းချက်ထုတ်တာ လုပ်သလို တိုင်းရင်းသား လက်နက်ကိုင်တပ်တွေဘက်ကလည်း စစ်တပ်ရဲ့လက်ချက် ဖြစ်တယ်ဆိုပြီး ထုတ်ပြန်ချက်တွေ ထုတ်ပြန်နေတာ ရှိပါတယ်။

အခုလို အပြန်အလှန် စွပ်စွဲမှုတွေကြားက အရပ်သား ထိခိုက်သေဆုံးမှုတွေ အပေါ်မှာတော့ ထိရောက်တဲ့ စုံစမ်းစစ်ဆေးမှုတွေကို သေချာလုပ်ဆောင်သင့်တယ်လို့ မြန်မာ့နိုင်ငံရေးအကဲခတ် ရှမ်းပြည်နယ် သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းကလည်း အကြံပြုပါတယ်။

“အဓိကအားဖြင့်တော့ ပါဝင်ပတ်သက်တဲ့ ကာယကံရှင် လက်နက်ကိုင် အဖွဲ့အစည်းတွေ ကိုယ်နှိုက်က အသိရှိရှိနဲ့ စောင့်ထိန်းမှ၊ အသိရှိရှိ စောင့်ထိန်းတယ်ဆိုတာက တကယ်လို့ အဲဒီလို ကျူးလွန်ခဲ့တယ်ဆိုရင်လည်း ကိုယ့်အဖွဲ့အစည်း အတွင်းမှာ အရေးယူမှုတွေ လုပ်ဖို့ပေါ့လေ။ အဲဒီလိုလုပ်မှသာလျှင် ထိရောက်လိမ့်မယ်လို့ ကျနော်ကတော့ ထင်တယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့နိုင်ငံမှာ အခု ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်က လုပ်ဆောင်တဲ့ကိစ္စတွေကို အရပ်သားအစိုးရက ဘာမှထိန်းကျောင်းလို့ မရဘူးဖြစ်နေတယ်။ ဆိုတော့ ကျနော်ပြောချင်တာ နှစ်ဖက်က သဘောတူတဲ့၊ ဥပမာ ဒိုင်လူကြီးလို အဖွဲ့မျိုးကနေပြီးတော့ စုံစမ်းစစ်ဆေးပြီးတော့ ဒါကို ဖော်ထုတ်စုံစမ်းတာကို လက်ခံပါမယ်ဆိုတဲ့ အခြေအနေမျိုးရောက်အောင် ကျနော်တို့က စောင့်ကြည့်တဲ့အဖွဲ့တွေ ဖွဲ့နိုင်ခဲ့ရင်တော့ ထိရောက်တယ်။ အဲလိုမဟုတ်ရင်တော့ စုံစမ်းစစ်ဆေးတဲ့အဖွဲ့တွေ ကိုယ်နှိုက်က လွတ်လွတ်လပ်လပ် ထိထိရောက်ရောက် စုံစမ်းနိုင်မယ် မဟုတ်ဘူးလို့ ကျနော်ကတော့ သုံးသပ်ပါတယ်။”

လတ်တလောအခြေအနေမှာတော့ တိုင်းရင်းသား လက်နက်ကိုင်တပ် ညီနောင်မဟာမိတ် အဖွဲ့ဘက်ကလည်း နှစ်ကုန်တဲ့အထိ တဖက်သတ် အပစ်ရပ်မယ်လို့ ကြေညာချက်ထုတ်ပြန်ပြီး အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်တွေနဲ့ ငြိမ်းချမ်းရေးစကားဝိုင်းတွေဖြစ်ဖို့၊ တွေ့ဆုံဆွေးနွေးဖို့ ပြင်ဆင်နေချိန်မှာပဲ တိုင်းရင်းဒေသတွေမှာ တိုက်ပွဲတွေ အပြင်းထန် ဖြစ်ပွားနေပါတယ်။

မဆုမြန္ / ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
ကြတ္ခိုင္တိုက္ပြဲ အရပ္သား ထိခိုက္မႈရွိ ကြတ္ခိုင္တိုက္ပြဲ အရပ္သား ထိခိုက္မႈရွိ Reviewed by THITHTOOLWIN on 02:03 Rating: 5
Powered by Blogger.