ပါတီဝင္မဟုတ္သူေတြလည္း NLD အမတ္ေလာင္း ျဖစ္လာႏိုင္

(NLD အဖြဲ႔ခ်ဳပ္ ဗဟို၊ တိုင္း၊ ခရိုင္၊ ၿမိဳ႕နယ္ ေတြ႔ဆံုပြဲကို ျပည္ေထာင္စုနယ္ေျမ၊ ေနျပည္ေတာ္ခရိုင္မွာ ၂၀၁၉၊ ဇူလိုင္ ၂၁ ရက္ေန႔က က်င္းပစဥ္)
Zawgyi
လာမယ့္ႏွစ္ေရြးေကာက္ပြဲမွာ ပါတီဝင္မဟုတ္တဲ့သူေတြ ကိုယ္စားလွယ္ေလာင္း အဆိုျပဳလာရင္ လက္ခံစဥ္းစားမယ္လို႔ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ (NLD) ပါတီျပန္ၾကားေရးတာဝန္ခံ ေဒါက္တာ မ်ိဳးညြန္႔ က ေျပာပါတယ္။

ကိုယ္စားလွယ္ေလာင္းေရြးတဲ့ လုပ္ငန္းစဥ္မွာ ၿမိဳ႕နယ္အသီးသီးက NLD ပါတီကို အားေပးေထာက္ခံ သူ၊ အစဥ္တစိုက္ ဝန္းရံခဲ့ၾကသူေတြရဲ႕ ဆံုးျဖတ္ခ်က္က အေရးပါလာမွာ ျဖစ္တယ္လို႔ သိရပါတယ္။

ပါတီအလုပ္အမႈေဆာင္အဖြဲ႔ ၾသဇာလြမ္းမိုးမႈ မပါဝင္ေအာင္ သက္ဆိုင္ရာ ၿမိဳ႕မိၿမိဳ႕ဖေတြကို အဆိုျပဳေရြးခ်ယ္ေစမွာျဖစ္တယ္လို႔ ေဒါက္တာ မ်ိဳးညြန္႔က ေျပာပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၅ ေရြးေကာက္ပြဲမွာ NLD ပါတီအေနနဲ႔ လူကိုမၾကည့္ဘဲ ပါတီကိုသာၾကည့္ၿပီး မဲေပးဖို႔ စည္းရံုးခဲ့ရာကေန လႊတ္ေတာ္ထဲေရာက္ၿပီးေနာက္ ေမွ်ာ္လင့္သလို ျဖစ္မလာတဲ့ ကိုယ္စားလွယ္ အမ်ား အျပားကို ျပည္သူေတြစိတ္ပ်က္တဲ့အသံ ထြက္ေပၚေနပါတယ္။

ဒါေၾကာင့္ အခုလာမယ့္ ၂၀၂၀ ေရြးေကာက္ပြဲမွာ လူပုဂၢိဳလ္ေတြရဲ႕ လုပ္ႏိုင္စြမ္း၊ အရည္အခ်င္းေပၚမွာ အဓိကထား ေရြးခ်ယ္သြားမယ္လို႔ ပါတီက ထုတ္ေဖာ္ေျပာၾကားထားပါတယ္။

ၿပီးခဲ့တဲ့ ေရြးေကာက္ပြဲတုန္းက ပါတီဝင္ျဖစ္ၿပီးသားသူေတြကို လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းအျဖစ္ အဓိကထား ေရြးခ်ယ္ခဲ့ၿပီး ေရြးေကာက္ပြဲနီးမွ ပါတီထဲဝင္ၿပီး ကိုယ္စားလွယ္ေလာင္း ျဖစ္ခဲ့သူေတြလည္း ရွိခဲ့ပါတယ္။

RFA Burmese
https://www.facebook.com/rfaburmese
-----------------
Unicode
ပါတီဝင်မဟုတ်သူတွေလည်း NLD အမတ်လောင်း ဖြစ်လာနိုင်

 လာမယ့်နှစ်ရွေးကောက်ပွဲမှာ ပါတီဝင်မဟုတ်တဲ့သူတွေ ကိုယ်စားလှယ်လောင်း အဆိုပြုလာရင် လက်ခံစဉ်းစားမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီပြန်ကြားရေးတာဝန်ခံ ဒေါက်တာ မျိုးညွန့် က ပြောပါတယ်။

ကိုယ်စားလှယ်လောင်းရွေးတဲ့ လုပ်ငန်းစဉ်မှာ မြို့နယ်အသီးသီးက NLD ပါတီကို အားပေးထောက်ခံ သူ၊ အစဉ်တစိုက် ဝန်းရံခဲ့ကြသူတွေရဲ့ ဆုံးဖြတ်ချက်က အရေးပါလာမှာ ဖြစ်တယ်လို့ သိရပါတယ်။

ပါတီအလုပ်အမှုဆောင်အဖွဲ့ သြဇာလွမ်းမိုးမှု မပါဝင်အောင် သက်ဆိုင်ရာ မြို့မိမြို့ဖတွေကို အဆိုပြုရွေးချယ်စေမှာဖြစ်တယ်လို့ ဒေါက်တာ မျိုးညွန့်က ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ NLD ပါတီအနေနဲ့ လူကိုမကြည့်ဘဲ ပါတီကိုသာကြည့်ပြီး မဲပေးဖို့ စည်းရုံးခဲ့ရာကနေ လွှတ်တော်ထဲရောက်ပြီးနောက် မျှော်လင့်သလို ဖြစ်မလာတဲ့ ကိုယ်စားလှယ် အများ အပြားကို ပြည်သူတွေစိတ်ပျက်တဲ့အသံ ထွက်ပေါ်နေပါတယ်။

ဒါကြောင့် အခုလာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ လူပုဂ္ဂိုလ်တွေရဲ့ လုပ်နိုင်စွမ်း၊ အရည်အချင်းပေါ်မှာ အဓိကထား ရွေးချယ်သွားမယ်လို့ ပါတီက ထုတ်ဖော်ပြောကြားထားပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းက ပါတီဝင်ဖြစ်ပြီးသားသူတွေကို လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် အဓိကထား ရွေးချယ်ခဲ့ပြီး ရွေးကောက်ပွဲနီးမှ ပါတီထဲဝင်ပြီး ကိုယ်စားလှယ်လောင်း ဖြစ်ခဲ့သူတွေလည်း ရှိခဲ့ပါတယ်။

ဓါတ်ပုံ - သီဟထွန်း/ RFA

(NLD အဖွဲ့ချုပ် ဗဟို၊ တိုင်း၊ ခရိုင်၊ မြို့နယ် တွေ့ဆုံပွဲကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ခရိုင်မှာ ၂၀၁၉၊ ဇူလိုင် ၂၁ ရက်နေ့က ကျင်းပစဉ်)
RFA Burmese
https://www.facebook.com/rfaburmese
ပါတီဝင္မဟုတ္သူေတြလည္း NLD အမတ္ေလာင္း ျဖစ္လာႏိုင္ ပါတီဝင္မဟုတ္သူေတြလည္း NLD အမတ္ေလာင္း ျဖစ္လာႏိုင္ Reviewed by THITHTOOLWIN on 06:51 Rating: 5
Powered by Blogger.