၉ ႀကိမ္ေျမာက္ ၁၀၀၀ က်ပ္တန္ ေအာင္ဘာေလ သိန္းဆု ဖြင့္ပြဲတြင္ ထီဆုေငြ က်ပ္သန္း ၁၈၁၆၃ ဒသမ ၅၉၆ ခြဲေဝ ခ်ီးျမႇင့္မည္


    ရန္ကုန္ ၊ ေအာက္တိုဘာ ၂၈ ရက္(ဆင္ဟြာ)

ႏိုဝင္ဘာ ၁ ရက္တြင္ က်င္းပမည့္ ၉ ႀကိမ္ေျမာက္ ၁၀၀၀ က်ပ္တန္ ေအာင္ဘာေလ သိန္းဆု ဖြင့္ပြဲ အတြက္ ထီ လက္မွတ္မ်ား ေရာင္းခ်ရေငြမွာ က်ပ္သန္း ၃၀၂၇၂ ဒသမ ၆၆၀ ျဖစ္သျဖင့္ ၆၀ ရာခိုင္ႏႈန္း ျဖစ္ေသာ ထီဆုေငြ က်ပ္သန္း ၁၈၁၆၃ ဒသမ ၅၉၆ ခြဲေဝ ခ်ီးျမႇင့္မည္ ျဖစ္ေၾကာင္း ေအာင္ဘာေလ သိန္းဆု ဌာနခြဲထံမွ သိရသည္။

အဆိုပါ ခြဲေဝ ခ်ီးျမႇင့္ေပးမည့္ ထီဆုေငြမ်ားမွ အထူးဆုႀကီး စနစ္ ၊ ဆုတစ္ဆုခ်င္း စနစ္ ႏွင့္ ေဝေဝဆာဆာ ပေဒသာဆုမဲ စနစ္တို႔ျဖင့္ ဆုမဲမ်ား ခ်ီးျမႇင့္သြားမည္ ျဖစ္ေၾကာင္း သိရသည္။ထို႔ျပင္ သတ္မွတ္ကာလ အတြင္း လာေရာက္ ထုတ္ယူျခင္း မရွိေသာ ဆုမဲမ်ား၏ ဘ႑ာသိမ္း ရေငြမွ က်ပ္သန္း ၂၅၀ အား တစ္ဆုခ်င္း ဆုမဲ က်ပ္ ၁၀ သိန္း ၄ ဆု ႏွင့္ ေဝေဝဆာဆာ ဆုမဲမ်ား ျဖစ္သည့္ က်ပ္ ၃ သိန္း (၂၀)ဆု ၊ က်ပ္ ၂ သိန္း (၂၀၀)ဆု ၊ က်ပ္ ၁ သိန္း (၂၀၀၀)ဆု စုစုေပါင္း (၂၂၂၄) ဆုကိုလည္း ထပ္မံ ခ်ီးျမႇင့္ေပးမည္ ျဖစ္ေၾကာင္း သိရသည္။၉ ႀကိမ္ေျမာက္ ၁၀၀၀ က်ပ္တန္ ေအာင္ဘာေလ သိန္းဆု ဖြင့္ပြဲအား ရန္ကုန္ၿမိဳ႕ ေက်ာက္တံတား ၿမိဳ႕နယ္ရွိ ေအာင္ဘာေလ သိန္းဆုဌာနခြဲ ၊ ထီဖြင့္ပြဲ ခန္းမ၌ ႏိုဝင္ဘာ ၁ ရက္တြင္ က်င္းပ သြားမည္ ျဖစ္သည္။

(Xinhua)
http://www.xinhuamyanmar.com
-------------
unicode
၉ ကြိမ်မြောက် ၁၀၀၀ ကျပ်တန် အောင်ဘာလေ သိန်းဆု ဖွင့်ပွဲတွင် ထီဆုငွေ ကျပ်သန်း ၁၈၁၆၃ ဒသမ ၅၉၆ ခွဲဝေ ချီးမြှင့်မည်


ထီအရောင်းဆိုင်တွင် ထီထိုးနေကြသူများအား တွေ့ရစဉ်(ဆင်ဟွာ) Social

    ရန်ကုန် ၊ အောက်တိုဘာ ၂၈ ရက်(ဆင်ဟွာ)

နိုဝင်ဘာ ၁ ရက်တွင် ကျင်းပမည့် ၉ ကြိမ်မြောက် ၁၀၀၀ ကျပ်တန် အောင်ဘာလေ သိန်းဆု ဖွင့်ပွဲ အတွက် ထီ လက်မှတ်များ ရောင်းချရငွေမှာ ကျပ်သန်း ၃၀၂၇၂ ဒသမ ၆၆၀ ဖြစ်သဖြင့် ၆၀ ရာခိုင်နှုန်း ဖြစ်သော ထီဆုငွေ ကျပ်သန်း ၁၈၁၆၃ ဒသမ ၅၉၆ ခွဲဝေ ချီးမြှင့်မည် ဖြစ်ကြောင်း အောင်ဘာလေ သိန်းဆု ဌာနခွဲထံမှ သိရသည်။

အဆိုပါ ခွဲဝေ ချီးမြှင့်ပေးမည့် ထီဆုငွေများမှ အထူးဆုကြီး စနစ် ၊ ဆုတစ်ဆုချင်း စနစ် နှင့် ဝေဝေဆာဆာ ပဒေသာဆုမဲ စနစ်တို့ဖြင့် ဆုမဲများ ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။ထို့ပြင် သတ်မှတ်ကာလ အတွင်း လာရောက် ထုတ်ယူခြင်း မရှိသော ဆုမဲများ၏ ဘဏ္ဍာသိမ်း ရငွေမှ ကျပ်သန်း ၂၅၀ အား တစ်ဆုချင်း ဆုမဲ ကျပ် ၁၀ သိန်း ၄ ဆု နှင့် ဝေဝေဆာဆာ ဆုမဲများ ဖြစ်သည့် ကျပ် ၃ သိန်း (၂၀)ဆု ၊ ကျပ် ၂ သိန်း (၂၀၀)ဆု ၊ ကျပ် ၁ သိန်း (၂၀၀၀)ဆု စုစုပေါင်း (၂၂၂၄) ဆုကိုလည်း ထပ်မံ ချီးမြှင့်ပေးမည် ဖြစ်ကြောင်း သိရသည်။၉ ကြိမ်မြောက် ၁၀၀၀ ကျပ်တန် အောင်ဘာလေ သိန်းဆု ဖွင့်ပွဲအား ရန်ကုန်မြို့ ကျောက်တံတား မြို့နယ်ရှိ အောင်ဘာလေ သိန်းဆုဌာနခွဲ ၊ ထီဖွင့်ပွဲ ခန်းမ၌ နိုဝင်ဘာ ၁ ရက်တွင် ကျင်းပ သွားမည် ဖြစ်သည်။

(Xinhua)
http://www.xinhuamyanmar.com
၉ ႀကိမ္ေျမာက္ ၁၀၀၀ က်ပ္တန္ ေအာင္ဘာေလ သိန္းဆု ဖြင့္ပြဲတြင္ ထီဆုေငြ က်ပ္သန္း ၁၈၁၆၃ ဒသမ ၅၉၆ ခြဲေဝ ခ်ီးျမႇင့္မည္ ၉ ႀကိမ္ေျမာက္ ၁၀၀၀ က်ပ္တန္ ေအာင္ဘာေလ သိန္းဆု ဖြင့္ပြဲတြင္ ထီဆုေငြ က်ပ္သန္း ၁၈၁၆၃ ဒသမ ၅၉၆ ခြဲေဝ ခ်ီးျမႇင့္မည္ Reviewed by THITHTOOLWIN on 06:46 Rating: 5
Powered by Blogger.