ေတာင္ႀကီး ခ႐ိုင္ ႐ြာငံမွာ ကားေမွာက္လို႔ လူ အနည္းဆုံး ၁၅ ဦး ေသဆုံး

ဒဏ္ရာ ရရွိ ခဲ့သူေတြ ထဲမွာ ၃ ဦး ရဲ႕ အေျခအေန ဟာ စိုးရိမ္ ရတဲ့ အတြက္ မႏၲေလး ေဆး႐ုံ ကို တင္ပို႔ ကုသ ထား
Zawgyi
ေတာင္ႀကီး ခ႐ိုင္၊ ႐ြာငံ ၿမိဳ႕နယ္၊ ဟန္ျမင့္မိုရ္ ကားသြားလမ္း ယုန္ေတာင္ ေက်း႐ြာ အနီးမွာ ခရီးသည္တင္ ကား တိမ္းေမွာက္မႈ ျဖစ္ပြား ခဲ့လို႔ ရဟန္းေတာ္ တစ္ပါး အပါအဝင္ ေသဆုံး သူ ၁၅ ဦး အထိ ရွိခဲ့ပါတယ္။

ဒါ့အျပင္ ေမာ္ေတာ္ယာဥ္ မေတာ္တဆမႈေၾကာင့္ လူ အနည္းဆုံး ၁၀ ဦး ထိခိုက္ ဒဏ္ရာ ရရွိမႈလည္း ျဖစ္ပြား ခဲ့ပါတယ္။

ေအာက္တိုဘာလ ၂၈ ရက္ ညေန ေျခာက္နာရီေလာက္မွာ ေတာင္ႀကီးဘက္ ကေန ေမာင္းႏွင္ လာတဲ့ Light Truck အမ်ိဳးအစား အျဖဴေရာင္ ကားဟာ မိုင္တိုင္ အမွတ္ (၂၈/၃) မွာ အရွိန္ မထိန္း ႏိုင္ဘဲ ေခ်ာက္ ထဲ ကို ထိုးက် သြားခဲ့တာ ျဖစ္ပါတယ္။

ဒဏ္ရာ ရရွိ ခဲ့သူေတြ ထဲမွာ ၃ ဦး ရဲ႕ အေျခအေန ဟာ စိုးရိမ္ ရတဲ့ အတြက္ မႏၲေလး ေဆး႐ုံ ကို တင္ပို႔ ကုသ ထားရတယ္လို႔ ႐ြာငံ ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေအာင္စိုးမင္း က ဘီဘီစီ ကို ေျပာပါတယ္။

 ေတာင္ႀကီးဘက္ ကေန ေမာင္းႏွင္ လာတဲ့ Light Truck အမ်ိဳးအစား အျဖဴေရာင္ ကားဟာ မိုင္တိုင္ အမွတ္ (၂၈/၃) မွာ အရွိန္ မထိန္း ႏိုင္ဘဲ ေခ်ာက္ ထဲ ကို ထိုးက် သြား
တိမ္းေမွာက္ ခဲ့တဲ့ ကားဟာ ေ႐ႊဘိုၿမိဳ႕နယ္၊ ပင္ေလာင္ႀကီး ေက်း႐ြာ ကေန ဘုရားဖူး လာတဲ့ ကားျဖစ္တယ္လို႔လည္း သူက အတည္ျပဳ ေျပာဆို ပါတယ္။

႐ြာငံ ဘက္ကေန ေက်ာက္ဆည္ ကို ဆင္းတဲ့ အဆင္းလမ္းမွာ ကားေမွာက္မႈ ျဖစ္ပြား ခဲ့တာပါ။

ေတာင္ဆင္း ေတာင္တက္ လမ္းေတြမွာ အရွိန္ျမႇင့္တင္ ေမာင္းႏွင္ ခဲ့တဲ့ အတြက္ ေၾကာင့္ အခုလို မေတာ္တဆမႈ ျဖစ္ပြား ခဲ့တာလို႔ ယူဆ ႏိုင္ေၾကာင္း ျပည္နယ္ လႊတ္ေတာ္ ကိုယ္စားလွယ္ က ဆိုပါတယ္။

ေအာက္တိုဘာ ၂၈ ရက္၊ တနလၤာေန႔ ညပိုင္းမွာ ရဲတပ္ဖြဲ႕ဝင္ေတြ၊ မီးသတ္ တပ္ဖြဲ႕ဝင္ေတြ နဲ႔ အတူ ေဒသခံ လူမႈကူညီေရး အသင္း ေတြက ေမာ္ေတာ္ယာဥ္ တိမ္းေမွာက္မႈ ကို သြားေရာက္ ကူညီ ေပးခဲ့ၾကပါတယ္။

ထိခိုက္ဒဏ္ရာ ရရွိခဲ့သူေတြ သူတို႔ ေနထိုင္ရာ ရပ္႐ြာေတြမွာ ေဆးကုသမႈ ခံယူခ်င္တယ္ဆိုရင္လည္း ျပန္လည္ ပို႔ေဆာင္ ေပးသြားမယ္လို႔ လည္း ကူညီ ေပးခဲ့သူေတြက ေျပာပါတယ္။

BBC Burmese
https://www.bbc.com
----------------
Unicode
တောင်ကြီး ခရိုင် ရွာငံမှာ ကားမှောက်လို့ လူ အနည်းဆုံး ၁၅ ဦး သေဆုံး

ဓာတ်ပုံ မူပိုင် Myanmar Fire Service Department
Image caption ဒဏ်ရာ ရရှိ ခဲ့သူတွေ ထဲမှာ ၃ ဦး ရဲ့ အခြေအနေ ဟာ စိုးရိမ် ရတဲ့ အတွက် မန္တလေး ဆေးရုံ ကို တင်ပို့ ကုသ ထား

တောင်ကြီး ခရိုင်၊ ရွာငံ မြို့နယ်၊ ဟန်မြင့်မိုရ် ကားသွားလမ်း ယုန်တောင် ကျေးရွာ အနီးမှာ ခရီးသည်တင် ကား တိမ်းမှောက်မှု ဖြစ်ပွား ခဲ့လို့ ရဟန်းတော် တစ်ပါး အပါအဝင် သေဆုံး သူ ၁၅ ဦး အထိ ရှိခဲ့ပါတယ်။

ဒါ့အပြင် မော်တော်ယာဉ် မတော်တဆမှုကြောင့် လူ အနည်းဆုံး ၁၀ ဦး ထိခိုက် ဒဏ်ရာ ရရှိမှုလည်း ဖြစ်ပွား ခဲ့ပါတယ်။

အောက်တိုဘာလ ၂၈ ရက် ညနေ ခြောက်နာရီလောက်မှာ တောင်ကြီးဘက် ကနေ မောင်းနှင် လာတဲ့ Light Truck အမျိုးအစား အဖြူရောင် ကားဟာ မိုင်တိုင် အမှတ် (၂၈/၃) မှာ အရှိန် မထိန်း နိုင်ဘဲ ချောက် ထဲ ကို ထိုးကျ သွားခဲ့တာ ဖြစ်ပါတယ်။

ဒဏ်ရာ ရရှိ ခဲ့သူတွေ ထဲမှာ ၃ ဦး ရဲ့ အခြေအနေ ဟာ စိုးရိမ် ရတဲ့ အတွက် မန္တလေး ဆေးရုံ ကို တင်ပို့ ကုသ ထားရတယ်လို့ ရွာငံ မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်စိုးမင်း က ဘီဘီစီ ကို ပြောပါတယ်။
ဓာတ်ပုံ မူပိုင် Myanmar Fire Service department
Image caption တောင်ကြီးဘက် ကနေ မောင်းနှင် လာတဲ့ Light Truck အမျိုးအစား အဖြူရောင် ကားဟာ မိုင်တိုင် အမှတ် (၂၈/၃) မှာ အရှိန် မထိန်း နိုင်ဘဲ ချောက် ထဲ ကို ထိုးကျ သွား

တိမ်းမှောက် ခဲ့တဲ့ ကားဟာ ရွှေဘိုမြို့နယ်၊ ပင်လောင်ကြီး ကျေးရွာ ကနေ ဘုရားဖူး လာတဲ့ ကားဖြစ်တယ်လို့လည်း သူက အတည်ပြု ပြောဆို ပါတယ်။

ရွာငံ ဘက်ကနေ ကျောက်ဆည် ကို ဆင်းတဲ့ အဆင်းလမ်းမှာ ကားမှောက်မှု ဖြစ်ပွား ခဲ့တာပါ။

တောင်ဆင်း တောင်တက် လမ်းတွေမှာ အရှိန်မြှင့်တင် မောင်းနှင် ခဲ့တဲ့ အတွက် ကြောင့် အခုလို မတော်တဆမှု ဖြစ်ပွား ခဲ့တာလို့ ယူဆ နိုင်ကြောင်း ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် က ဆိုပါတယ်။

အောက်တိုဘာ ၂၈ ရက်၊ တနင်္လာနေ့ ညပိုင်းမှာ ရဲတပ်ဖွဲ့ဝင်တွေ၊ မီးသတ် တပ်ဖွဲ့ဝင်တွေ နဲ့ အတူ ဒေသခံ လူမှုကူညီရေး အသင်း တွေက မော်တော်ယာဉ် တိမ်းမှောက်မှု ကို သွားရောက် ကူညီ ပေးခဲ့ကြပါတယ်။

ထိခိုက်ဒဏ်ရာ ရရှိခဲ့သူတွေ သူတို့ နေထိုင်ရာ ရပ်ရွာတွေမှာ ဆေးကုသမှု ခံယူချင်တယ်ဆိုရင်လည်း ပြန်လည် ပို့ဆောင် ပေးသွားမယ်လို့ လည်း ကူညီ ပေးခဲ့သူတွေက ပြောပါတယ်။

BBC Burmese
https://www.bbc.com
ေတာင္ႀကီး ခ႐ိုင္ ႐ြာငံမွာ ကားေမွာက္လို႔ လူ အနည္းဆုံး ၁၅ ဦး ေသဆုံး ေတာင္ႀကီး ခ႐ိုင္ ႐ြာငံမွာ ကားေမွာက္လို႔ လူ အနည္းဆုံး ၁၅ ဦး ေသဆုံး Reviewed by THITHTOOLWIN on 01:23 Rating: 5
Powered by Blogger.