ရခိုင္တိုက္ပြဲ - ဘူးသီးေတာင္ၿမိဳ႕ NLD ႐ုံးအနီး မိုင္းေပါက္ကြဲမႈျဖစ္

 ဘူးသီးေတာင္က စစ္တပ္ တပ္မကို သြားတဲ့ လမ္းမေပၚမွာ မိုင္းေပါက္ကြဲမႈ ျဖစ္ခဲ့

Zawgyi

ရခိုင္ျပည္နယ္ေျမာက္ပိုင္းေဒသက ဘူးသီးေတာင္ၿမိဳ႕ေပၚမွာ ေအာက္တိုဘာ ၁၀ ရက္ ဒီကေန႔မနက္ ၉ နာရီဝန္းက်င္ေလာက္က မိုင္းေပါက္ကြဲမႈ တစ္ခုျဖစ္ပြားခဲ့တယ္လို႔ ဘူးသီးေတာင္ေဒသခံေတြကတဆင့္ သိရပါတယ္။

အဲ့ဒီမိုင္းေပါက္ကြဲတဲ့ေနရာဟာ ပန္ဇင္းေခ်ာင္းတံတား အေရွ႕ဘက္ ဘူးသီးေတာင္ၿမိဳ႕ေပၚနဲ႔ တစ္မိုင္ေလာက္ပဲေဝးတဲ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD) ႐ုံးေဆာက္လုပ္ေနတဲ့ ေနရာအနီး လမ္းမေပၚမွာ ေပါက္ကြဲခဲ့တာျဖစ္ၿပီး အဲ့ဒီလမ္းမဟာ ဘူးသီးေတာင္ရွိ တပ္မ စကခ ၁၅ ကိုသြားတဲ့ လမ္းတစ္လမ္းလည္းျဖစ္ပါတယ္။

ေပါက္ကြဲမႈျဖစ္စဥ္နဲ႔ပတ္သက္လို႔ အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တိုင္းဦးစီး ဗိုလ္မႉးႀကီးဝင္းေဇာ္ဦးကို ဆက္သြယ္ခဲ့ေပမယ့္ အဆက္အသြယ္မရရွိခဲ့တဲ့အတြက္ ဘာေတြေဆာင္႐ြက္ေနတယ္ဆိုတာကို မသိရေသးပါဘူး။

ေပါက္ကြဲမႈ ျဖစ္စဥ္ အေသးစိတ္နဲ႔ ဘယ္အဖြဲ႕အစည္း လက္ခ်က္ ဆိုတာကိုေတာ့ အခုေလာေလာဆယ္မွာ သက္ဆိုင္ရာ အာဏာပိုင္ေတြဘက္က အတည္ျပဳ သတင္းထုတ္ျပန္တာမ်ိဳးလည္း မရွိေသးပါဘူး။

ေပါက္ကြဲမႈျဖစ္ပြားခဲ့တာကို ဘူးသီးေတာင္ၿမိဳ႕ေပၚကေန အသံၾကားလိုက္ရၿပီး တပ္မကိုသြားတဲ့လမ္းမွာရွိတဲ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕အခ်ဳပ္ NLD ပါတီ႐ုံးအနီးမွာ ေပါက္ကြဲခဲ့တာျဖစ္တယ္လို႔ ဘူးသီးေတာင္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေအာင္ေသာင္းေ႐ႊကေတာ့ ဘီဘီစီကို အတည္ျပဳေျပာၾကားပါတယ္။

"တပ္ကိုသြားတဲ့လမ္းမွာ ေပါက္ကြဲမႈျဖစ္ခဲ့တယ္၊ မနက္ ၈ နာရီေက်ာ္ေလာက္ရွိမယ္ထင္တယ္၊ ေပါက္ကြဲသံကိုေတာ့ ၾကားလိုက္ရတယ္၊ နန္းရာကုန္း ႐ြာနားမွာ လမ္းမနားမွာေပါက္တာပါ၊ ထိခိုက္မႈေတာ့မရွိဘူး" လို႔ ဦးေအာင္ေသာင္းေ႐ႊကေျပာပါတယ္။

အဲ့ဒီေပါက္ကြဲမႈျဖစ္ပြားခဲ့တဲ့ေနရာအနီးမွာ နန္းရာကုန္း မြတ္ဆလင္ေက်း႐ြာရွိၿပီး တစ္ဖက္မွာ ဘူးသီးေတာင္ၿမိဳ႕ျဖစ္ကာ အဲ့ဒီလမ္းဟာ ဘူးသီးေတာင္-ပုဏၰားကြၽန္း အေဝးေျပးလမ္းမ ျဖစ္တယ္လို႔ သူကေျပာပါတယ္။

နန္းရာကုန္း မြတ္ဆလင္ေက်း႐ြာအလြန္မွာေတာ့ ၾကက္ေမာက္ေတာင္႐ြာနဲ႔ စစ္တပ္တို႔ရွိၿပီး အခုေပါက္ကြဲခဲ့တဲ့ေနရာနဲ႔ တပ္မနဲ႔ ႏွစ္မိုင္ဝန္းက်င္ေလာက္ကြာေဝးတယ္လို႔ ေဒသခံေတြကေျပာပါတယ္။

တပ္မေတာ္နဲ႔ ရကၡိဳင့္တပ္ေတာ္ (ေအေအ) တို႔ၾကား တိုက္ပြဲေတြ ျဖစ္ပြားေနတဲ့ ရခိုင္ျပည္နယ္ ေျမာက္ပိုင္းရဲ႕ ေနရာတိုင္းလိုလိုမွာ ေပါက္ကြဲမႈေတြျဖစ္ေနတာ ျဖစ္တဲ့အတြက္ ပါတီ႐ုံးအနီးမွာ ေပါက္ကြဲမႈျဖစ္ပြားျခင္းဟာ ပါတီအေပၚမွာ ႏိုင္ငံေရးအရ တိုက္ခိုက္တာမ်ိဳးလို႔ မယူဆေၾကာင္း ရခိုင္ျပည္နယ္အစိုးရအဖြဲ႕ ေျပာခြင့္ရသူ စည္ပင္သာယာေရးဝန္ႀကီး ဦးဝင္းျမင့္က မွတ္ခ်က္ျပဳပါတယ္။

"ဒါကေတာ့ ႏိုင္ငံေရးအရလို႔ေျပာဖို႔ထက္ ေပါက္ကြဲမႈဟာ NLD ႐ုံးေရွ႕လို႔မဟုတ္ဘူး၊ ဘုန္းႀကီးေက်ာင္းေတြမွာလည္း ေပါက္ေနတယ္၊ ဒါကို ႏိုင္ငံေရးအရ ေျပာဖို႔ခက္ပါတယ္၊ ဒါကေတာ့ ျဖစ္႐ိုးျဖစ္စဥ္တစ္ခုလို႔ပဲ သုံးသပ္တယ္၊ ေထာင္တဲ့ေနရာမွာ ေပါက္တာပဲ" လို႔ ဝန္ႀကီးဦးဝင္းျမင့္က ေျပာပါတယ္။

လက္ရွိမွာေတာ့ ဘူးသီးေတာင္ၿမိဳ႕နယ္ ေျမာက္ပိုင္းေဒသမွာ ျမန္မာ့တပ္မေတာ္နဲ႔ ရကၡိဳင့္တပ္မေတာ္ တို႔အၾကား တိုက္ပြဲေတြ အျပင္းအထန္ျဖစ္ပြားေနၿပီး ေဒသခံ ေက်း႐ြာ အမ်ားအျပားက ေက်း႐ြာသားေတြဟာ ဘူးသီးေတာင္ ၿမိဳ႕ေပၚနဲ႔ နီးစပ္ရာေက်း႐ြာေတြကို ထြက္ေျပးခိုလႈံေနၾကရပါတယ္။

တိုက္ပြဲေတြျဖစ္ပြားေနတဲ့အခ်ိန္ ေအာက္တိုဘာ ၈ ရက္ေန႔ မနက္ပိုင္းကလည္း ဘူးသီးေတာင္ၿမိဳ႕နယ္ ဆင္ေသျပင္ေက်း႐ြာသား အသက္ ၆၅ ႏွစ္အ႐ြယ္ မြတ္ဆလင္တစ္ဦးဟာ ေက်း႐ြာအနီးငါးရွာထြက္ေနစဥ္ တပ္မေတာ္စစ္ေၾကာင္းက ပစ္ခတ္မႈေတြအတြင္း ဦးေခါင္းက်ည္ထိမွန္ၿပီး ေသဆုံးခဲ့တဲ့ ျဖစ္စဥ္ ျဖစ္ပြားခဲ့ပါေသးတယ္။

ဒါ့အျပင္ ရေသ့ေတာင္ၿမိဳ႕နယ္ ေက်ာက္တန္းေက်း႐ြာမွာလည္း ေအာက္တိုဘာ ၈ ရက္ေန႔ညက တပ္မေတာ္နဲ႔ ရကၡိဳင့္တပ္မေတာ္ ေအေအတို႔ တိုက္ပြဲေတြ အျပင္းအထန္ျဖစ္ပြားခဲ့ၾကၿပီး အသက္ ၈၀ ဝန္းက်င္ အဘြားတစ္ဦးနဲ႔ အသက္ ၁၇ ႏွစ္အ႐ြယ္ မသန္စြမ္းသူတစ္ဦးတို႔ ေသဆုံးခဲ့တဲ့ ျဖစ္စဥ္ ျဖစ္ပြားခဲ့ပါတယ္။

ဘူးသီးေတာင္နဲ႔ ရေသ့ေတာင္ၿမိဳ႕နယ္ေတြမွာ အခုလတ္တေလာ ေအာက္တိုဘာ ပထမအပတ္ကေန စတဲ့ တိုက္ပြဲေတြအတြင္းမွာ ေနရပ္စြန႔္ခြာ ထြက္ေျပးရသူ ေထာင္နဲ႔ခ်ီ ရွိေနၿပီလို႔ ေဒသခံ ကူညီကယ္ဆယ္ေရး ေဆာင္႐ြက္ေနသူေတြက ေျပာပါတယ္။

ရခိုင္ ေျမာက္ပိုင္းက တိုက္ပြဲျဖစ္ပြားမႈ တစ္ႏွစ္ဝန္းက်င္ကာလ အတြင္းမွာလည္း ေနရပ္စြန႔္ခြာ ထြက္ေျပးၾကရတဲ့ စစ္ေဘး ဒုကၡသည္ ဦးေရ ၇ ေသာင္းနီးပါးရွိလာေနၿပီ ျဖစ္တဲ့အျပင္ အရပ္သား ထိခိုက္ ေသဆုံးမႈေတြ တျဖည္းျဖည္းျမင့္တက္လာေနၿပီး ဒဏ္ရာရရွိသူ ၁၃၀ ေက်ာ္၊ ေသဆုံးသူ ၈၀ ေက်ာ္ အထိ ရွိလာေနၿပီလို႔ အရပ္ဘက္အဖြဲ႕ အစည္းေတြရဲ႕ စာရင္းဇယားေတြအရ သိရပါတယ္။

ရခိုင္စစ္ပြဲအတြင္း အရပ္သား ထိခိုက္ေသဆုံးမႈေတြအတြက္ ရခိုင္ျပည္နယ္လႊတ္ေတာ္နဲ႔ ရခိုင္ႏိုင္ငံေရးပါတီေတြက အစိုးရ၊ တပ္မေတာ္နဲ႔ ရကၡိဳင့္တပ္မေတာ္ အပါအဝင္ သက္ဆိုင္ရာ အဖြဲ႕အစည္းေတြကို ေတာင္းဆိုပန္ၾကားမႈေတြ လုပ္ေဆာင္ခဲ့ၾကေပမယ့္ လူေန ေဒသေတြ အနီး တိုက္ပြဲေတြ ျဖစ္ပြားမႈနဲ႔ အရပ္သားထိခိုက္ေသဆုံးမႈေတြက ေန႔စဥ္ ျဖစ္ေပၚေနတာ ျဖစ္ပါတယ္။

BBC Burmese
https://www.bbc.com/
-------------
Unicode

ရခိုင်တိုက်ပွဲ - ဘူးသီးတောင်မြို့ NLD ရုံးအနီး မိုင်းပေါက်ကွဲမှုဖြစ်

ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသက ဘူးသီးတောင်မြို့ပေါ်မှာ အောက်တိုဘာ ၁၀ ရက် ဒီကနေ့မနက် ၉ နာရီဝန်းကျင်လောက်က မိုင်းပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့တယ်လို့ ဘူးသီးတောင်ဒေသခံတွေကတဆင့် သိရပါတယ်။

အဲ့ဒီမိုင်းပေါက်ကွဲတဲ့နေရာဟာ ပန်ဇင်းချောင်းတံတား အရှေ့ဘက် ဘူးသီးတောင်မြို့ပေါ်နဲ့ တစ်မိုင်လောက်ပဲဝေးတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရုံးဆောက်လုပ်နေတဲ့ နေရာအနီး လမ်းမပေါ်မှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး အဲ့ဒီလမ်းမဟာ ဘူးသီးတောင်ရှိ တပ်မ စကခ ၁၅ ကိုသွားတဲ့ လမ်းတစ်လမ်းလည်းဖြစ်ပါတယ်။

ပေါက်ကွဲမှုဖြစ်စဉ်နဲ့ပတ်သက်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးကို ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ်မရရှိခဲ့တဲ့အတွက် ဘာတွေဆောင်ရွက်နေတယ်ဆိုတာကို မသိရသေးပါဘူး။

ပေါက်ကွဲမှု ဖြစ်စဉ် အသေးစိတ်နဲ့ ဘယ်အဖွဲ့အစည်း လက်ချက် ဆိုတာကိုတော့ အခုလောလောဆယ်မှာ သက်ဆိုင်ရာ အာဏာပိုင်တွေဘက်က အတည်ပြု သတင်းထုတ်ပြန်တာမျိုးလည်း မရှိသေးပါဘူး။

ပေါက်ကွဲမှုဖြစ်ပွားခဲ့တာကို ဘူးသီးတောင်မြို့ပေါ်ကနေ အသံကြားလိုက်ရပြီး တပ်မကိုသွားတဲ့လမ်းမှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့အချုပ် NLD ပါတီရုံးအနီးမှာ ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေကတော့ ဘီဘီစီကို အတည်ပြုပြောကြားပါတယ်။

"တပ်ကိုသွားတဲ့လမ်းမှာ ပေါက်ကွဲမှုဖြစ်ခဲ့တယ်၊ မနက် ၈ နာရီကျော်လောက်ရှိမယ်ထင်တယ်၊ ပေါက်ကွဲသံကိုတော့ ကြားလိုက်ရတယ်၊ နန်းရာကုန်း ရွာနားမှာ လမ်းမနားမှာပေါက်တာပါ၊ ထိခိုက်မှုတော့မရှိဘူး" လို့ ဦးအောင်သောင်းရွှေကပြောပါတယ်။

အဲ့ဒီပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့နေရာအနီးမှာ နန်းရာကုန်း မွတ်ဆလင်ကျေးရွာရှိပြီး တစ်ဖက်မှာ ဘူးသီးတောင်မြို့ဖြစ်ကာ အဲ့ဒီလမ်းဟာ ဘူးသီးတောင်-ပုဏ္ဏားကျွန်း အဝေးပြေးလမ်းမ ဖြစ်တယ်လို့ သူကပြောပါတယ်။

နန်းရာကုန်း မွတ်ဆလင်ကျေးရွာအလွန်မှာတော့ ကြက်မောက်တောင်ရွာနဲ့ စစ်တပ်တို့ရှိပြီး အခုပေါက်ကွဲခဲ့တဲ့နေရာနဲ့ တပ်မနဲ့ နှစ်မိုင်ဝန်းကျင်လောက်ကွာဝေးတယ်လို့ ဒေသခံတွေကပြောပါတယ်။

တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့ကြား တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းရဲ့ နေရာတိုင်းလိုလိုမှာ ပေါက်ကွဲမှုတွေဖြစ်နေတာ ဖြစ်တဲ့အတွက် ပါတီရုံးအနီးမှာ ပေါက်ကွဲမှုဖြစ်ပွားခြင်းဟာ ပါတီအပေါ်မှာ နိုင်ငံရေးအရ တိုက်ခိုက်တာမျိုးလို့ မယူဆကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရသူ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်က မှတ်ချက်ပြုပါတယ်။

"ဒါကတော့ နိုင်ငံရေးအရလို့ပြောဖို့ထက် ပေါက်ကွဲမှုဟာ NLD ရုံးရှေ့လို့မဟုတ်ဘူး၊ ဘုန်းကြီးကျောင်းတွေမှာလည်း ပေါက်နေတယ်၊ ဒါကို နိုင်ငံရေးအရ ပြောဖို့ခက်ပါတယ်၊ ဒါကတော့ ဖြစ်ရိုးဖြစ်စဉ်တစ်ခုလို့ပဲ သုံးသပ်တယ်၊ ထောင်တဲ့နေရာမှာ ပေါက်တာပဲ" လို့ ဝန်ကြီးဦးဝင်းမြင့်က ပြောပါတယ်။

လက်ရှိမှာတော့ ဘူးသီးတောင်မြို့နယ် မြောက်ပိုင်းဒေသမှာ မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် တို့အကြား တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေပြီး ဒေသခံ ကျေးရွာ အများအပြားက ကျေးရွာသားတွေဟာ ဘူးသီးတောင် မြို့ပေါ်နဲ့ နီးစပ်ရာကျေးရွာတွေကို ထွက်ပြေးခိုလှုံနေကြရပါတယ်။

တိုက်ပွဲတွေဖြစ်ပွားနေတဲ့အချိန် အောက်တိုဘာ ၈ ရက်နေ့ မနက်ပိုင်းကလည်း ဘူးသီးတောင်မြို့နယ် ဆင်သေပြင်ကျေးရွာသား အသက် ၆၅ နှစ်အရွယ် မွတ်ဆလင်တစ်ဦးဟာ ကျေးရွာအနီးငါးရှာထွက်နေစဉ် တပ်မတော်စစ်ကြောင်းက ပစ်ခတ်မှုတွေအတွင်း ဦးခေါင်းကျည်ထိမှန်ပြီး သေဆုံးခဲ့တဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပါသေးတယ်။

ဒါ့အပြင် ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာမှာလည်း အောက်တိုဘာ ၈ ရက်နေ့ညက တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် အေအေတို့ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့ကြပြီး အသက် ၈၀ ဝန်းကျင် အဘွားတစ်ဦးနဲ့ အသက် ၁၇ နှစ်အရွယ် မသန်စွမ်းသူတစ်ဦးတို့ သေဆုံးခဲ့တဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။

ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်တွေမှာ အခုလတ်တလော အောက်တိုဘာ ပထမအပတ်ကနေ စတဲ့ တိုက်ပွဲတွေအတွင်းမှာ နေရပ်စွန့်ခွာ ထွက်ပြေးရသူ ထောင်နဲ့ချီ ရှိနေပြီလို့ ဒေသခံ ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။

ရခိုင် မြောက်ပိုင်းက တိုက်ပွဲဖြစ်ပွားမှု တစ်နှစ်ဝန်းကျင်ကာလ အတွင်းမှာလည်း နေရပ်စွန့်ခွာ ထွက်ပြေးကြရတဲ့ စစ်ဘေး ဒုက္ခသည် ဦးရေ ၇ သောင်းနီးပါးရှိလာနေပြီ ဖြစ်တဲ့အပြင် အရပ်သား ထိခိုက် သေဆုံးမှုတွေ တဖြည်းဖြည်းမြင့်တက်လာနေပြီး ဒဏ်ရာရရှိသူ ၁၃၀ ကျော်၊ သေဆုံးသူ ၈၀ ကျော် အထိ ရှိလာနေပြီလို့ အရပ်ဘက်အဖွဲ့ အစည်းတွေရဲ့ စာရင်းဇယားတွေအရ သိရပါတယ်။

ရခိုင်စစ်ပွဲအတွင်း အရပ်သား ထိခိုက်သေဆုံးမှုတွေအတွက် ရခိုင်ပြည်နယ်လွှတ်တော်နဲ့ ရခိုင်နိုင်ငံရေးပါတီတွေက အစိုးရ၊ တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် အပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို တောင်းဆိုပန်ကြားမှုတွေ လုပ်ဆောင်ခဲ့ကြပေမယ့် လူနေ ဒေသတွေ အနီး တိုက်ပွဲတွေ ဖြစ်ပွားမှုနဲ့ အရပ်သားထိခိုက်သေဆုံးမှုတွေက နေ့စဉ် ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။

BBC Burmese
https://www.bbc.com
ရခိုင္တိုက္ပြဲ - ဘူးသီးေတာင္ၿမိဳ႕ NLD ႐ုံးအနီး မိုင္းေပါက္ကြဲမႈျဖစ္ ရခိုင္တိုက္ပြဲ - ဘူးသီးေတာင္ၿမိဳ႕ NLD ႐ုံးအနီး မိုင္းေပါက္ကြဲမႈျဖစ္ Reviewed by THITHTOOLWIN on 20:41 Rating: 5
Powered by Blogger.