အဆိုေတာ္ ၿဖိဳးျပည့္စုံဆီက မိတာ သၾကားလုံးလား

"ဖမ္းမိတဲ့ ပစၥည္း ေတြက မူးယစ္ေဆးဝါးမဟုတ္ပါ" - ရဲမႉးသိန္းဝင္း
Zawgyi

အဆိုေတာ္ ၿဖိဳးျပည့္စုံ နဲ႔ လူငယ္ႏွစ္ဦးကို ျမန္မာပလာဇာမွာ ရဲတပ္ဖြဲ႕က ေအာက္တိုဘာ လ ၇ ရက္က ဝင္ေရာက္ဖမ္းဆီးခဲ့ၿပီး ဖမ္းမိတဲ့ ပစၥည္းေတြက မူးယစ္ေဆးဝါးမဟုတ္တာေၾကာင့္ ေအာက္တိုဘာလ ၉ရက္ေန႔ မွာ ျပန္လႊတ္လိုက္တယ္လို႔ ဗဟန္းၿမိဳ႕မရဲစခန္းက ရဲမႉးသိန္းဝင္းက သတင္းေထာက္ေတြကို ေျပာပါတယ္။

သူတို႔ကို ျမန္မာႏိုင္ငံ မူးယစ္ရဲတပ္ဖြဲ႕က ဖမ္းဆီးခဲ့တာ ျဖစ္ၿပီးေတာ့ ဗဟန္းရဲစခန္းမွာ ေအာက္တိုဘာလ ၇ ရက္ကလာၿပီး အမႈဖြင့္ခဲ့တာလည္း ျဖစ္ပါတယ္။

"ဖမ္းမိတဲ့ပစၥည္းေတြက မူးယစ္ေဆးဝါး မဟုတ္ပါ။ ဒါေၾကာင့္ တရားစြဲဆိုဖို႔ မသင့္ပါလို႔ ဥပေဒအႀကံျပဳခ်က္က ျပန္ၾကားပါတယ္ "လို႔ ၿဖိဳးျပည့္စုံကို ျပန္လႊတ္ေပးခဲ့တာနဲ႔ ပတ္သက္လို႔ ဗဟန္းၿမိဳ႕မရဲစခန္းက ရဲမႉးသိန္းဝင္းက သတင္းေထာက္ေတြကို ေျပာခဲ့တာ ျဖစ္ပါတယ္။

ေအာက္တိုဘာ ၇ ရက္ ညေနပိုင္းက ျမန္မာပလာဇာက ေကာ္ဖီဆိုင္တစ္ဆိုင္မွာ ရွိေနတဲ့ ၿဖိဳးျပည့္စုံနဲ႔ ေတးေရးႏွစ္ဦးကို မူးယစ္ရဲတပ္ဖြဲ႕က ဖမ္းဆီးခဲ့တာျဖစ္ၿပီး က်ပ္တစ္ေသာင္းေက်ာ္တန္ဖိုးရွိ ကက္တမင္းေဆးျပား ၁၀ျပားနဲ႔အတူ ဖမ္းမိတာျဖစ္တယ္လို႔ မူးယစ္ဗဟိုတပ္ဖြဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာက ေအာက္တိုဘာ ၈ ရက္မနက္ပိုင္းက ထုတ္ျပန္ခဲ့ပါတယ္။

 ၿဖိဳးျပည့္စုံ ဆီကမိတာ နဲ႔တူတဲ့ ငုံေဆးျပား
အဆိုေတာ္ ၿဖိဳးျပည့္စုံ၊ ေတးေရး ၿငိမ္းခ်မ္းကို နဲ႔ ေရာ္နီစန္းလြင္တို႔ဟာ ေက်ာပိုးအိတ္အတြင္းမွာ ပလတ္စတစ္ဘူးနဲ႔ ထည့္ထားတဲ့ ကတ္တမင္းေဆးျပား ၁၀ ျပား လို႔ ယူဆရတဲ့ ေဆးျပားနဲ႔ လက္ကိုင္ဖုန္း ၃ လုံးတို႔နဲ႔အတူေတြ႕ရွိ သိမ္းဆည္းရမိခဲ့လို႔ ဗဟန္းၿမိဳ႕မရဲစခန္းမွာ မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲ ေစေသာ ေဆးဝါးမ်ားဆိုင္ရာ ဥပေဒနဲ႔ အမႈဖြင့္အေရးယူၿပီး ေဖာ္ထုတ္စစ္ေဆးခဲ့တာ ျဖစ္ပါတယ္။

အခုအဖမ္းခံရတဲ့ အေျခအေနနဲ႔ပတ္သက္လို႔ ေအာက္တိုဘာလ ၁၀ရက္ေန႔မွာ အဆိုေတာ္ ၿဖိဳးျပည့္စုံ က ရန္ကုန္မွာ စာနယ္ဇင္းရွင္းလင္းပြဲ လုပ္သြားမယ္လို႔ အဆိုေတာ္ ၿဖိဳးျပည့္စုံနဲ႔ နီးစပ္သူတစ္ဦးက ဘီဘီစီကို ေျပာပါတယ္။

ၿဖိဳးျပည့္စုံတို႔ဆီက ဖမ္းမိတာဟာ ထိုင္းႏိုင္ငံထုတ္ ငုံေဆးျပား သၾကားလုံးနဲဆင္တူတဲ့ ေဆးျပားေတြျဖစ္ၿပီးေတာ့ ဗဟန္းၿမိဳ႕မရဲစခန္းက ရဲမႉးသိန္းဝင္းကေတာ့ သူကိုယ္တိုင္ ဒီေဆးျပားေတြကို မျမင္ဖူးဘူးလို႔လည္း သတင္းေထာက္ေတြကို ေျပာပါတယ္။

မူးယစ္ေဆးဝါးေတြအမ်ားႀကီးကြၽန္ေတာ္ဖမ္းဖူးပါတယ္။ ဒီလိုပုံစံ ေဆးျပားေတာ့မေတြ႕ဖူးပါဘူးလို႔လည္း ရဲမႉးသိန္းဝင္း ကေျပာခဲ့ပါတယ္

ၿဖိဳးျပည့္စုံ ကိုယ္တိုင္ကလည္း ဒီဟာေတြကို ထိုင္းက သူကိုယ္တိုင္ ဝယ္လာတာလို႔ ေျပာပါတယ္ ။

ဗဟန္းၿမိဳ႕မရဲစခန္းကေတာ့ ေအာက္တိုဘာလ ၇ရက္က မူးယစ္ရဲတပ္ဖြဲ႕ရဲ႕ တိုင္ၾကားခ်က္အရ ပုဒ္မ ၁၉ က /၂၁ နဲ႔ အမႈဖြင့္ခဲ့တာ ျဖစ္ပါတယ္။

အမႈဖြင့္ထားတဲ့ ေတးသံရွင္ ၿဖိဳးျပည့္စုံအပါအဝင္ သုံးဦးကို ျပန္လႊတ္တဲ့ အေၾကာင္းနဲ႔ပတ္သက္ၿပီး ဓာတုေဗဒဝန္႐ုံးက ျပန္ၾကားခ်က္အရ မူးယစ္ေဆးဝါး မဟုတ္ျခင္း အရေသာ္လည္းေကာင္း၊ ဥပေဒ႐ုံးက တရားစြဲဆိုရန္ မသင့္ေၾကာင္း အႀကံျပဳခ်က္အရလည္းေကာင္း ေအာက္တိုဘာ လ ၉ ရက္ ညေန ၄ နာရီေလာက္က အခ်ဳပ္က လႊတ္လိုက္ၿပီ လို႔လည္း ရဲတပ္ဖြဲ႕က ေျပာပါတယ္။

အဆိုေတာ္ ၿဖိဳးျပည့္စုံဆီက ရဲေတြမိတာဟာ မူးယစ္ေဆးဝါးမဟုတ္ဘူးလို႔သာ ေျပာၿပီး ဆင္တူတဲ့ ထိုင္းႏိုင္ငံထုတ္ သၾကားလုံး ဟုတ္မဟုတ္ကိုေတာ့ ရဲတပ္ဖြဲ႕က မေျပာခဲ့ပါဘူး။

အဆိုေတာ္ၿဖိဳးျပည့္စုံ ဟာ လူငယ္ေတြ အၾကားမွာ လူသိမ်ားတဲ့ ဆရာဝန္ အဆိုေတာ္တစ္ဦးျဖစ္ၿပီး မယ္လိုဒီေဝါ အစီစဥ္မွာ လူသိမ်ားတဲ့ အစီစဥ္တင္ဆက္သူတစ္ဦးလည္းျဖစ္ပါတယ္။

BBC Burmese
https://www.bbc.com
---------------
Unicode

အဆိုတော် ဖြိုးပြည့်စုံဆီက မိတာ သကြားလုံးလား

အဆိုတော် ဖြိုးပြည့်စုံ နဲ့ လူငယ်နှစ်ဦးကို မြန်မာပလာဇာမှာ ရဲတပ်ဖွဲ့က အောက်တိုဘာ လ ၇ ရက်က ဝင်ရောက်ဖမ်းဆီးခဲ့ပြီး ဖမ်းမိတဲ့ ပစ္စည်းတွေက မူးယစ်ဆေးဝါးမဟုတ်တာကြောင့် အောက်တိုဘာလ ၉ရက်နေ့ မှာ ပြန်လွှတ်လိုက်တယ်လို့ ဗဟန်းမြို့မရဲစခန်းက ရဲမှူးသိန်းဝင်းက သတင်းထောက်တွေကို ပြောပါတယ်။

သူတို့ကို မြန်မာနိုင်ငံ မူးယစ်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာ ဖြစ်ပြီးတော့ ဗဟန်းရဲစခန်းမှာ အောက်တိုဘာလ ၇ ရက်ကလာပြီး အမှုဖွင့်ခဲ့တာလည်း ဖြစ်ပါတယ်။

"ဖမ်းမိတဲ့ပစ္စည်းတွေက မူးယစ်ဆေးဝါး မဟုတ်ပါ။ ဒါကြောင့် တရားစွဲဆိုဖို့ မသင့်ပါလို့ ဥပဒေအကြံပြုချက်က ပြန်ကြားပါတယ် "လို့ ဖြိုးပြည့်စုံကို ပြန်လွှတ်ပေးခဲ့တာနဲ့ ပတ်သက်လို့ ဗဟန်းမြို့မရဲစခန်းက ရဲမှူးသိန်းဝင်းက သတင်းထောက်တွေကို ပြောခဲ့တာ ဖြစ်ပါတယ်။

အောက်တိုဘာ ၇ ရက် ညနေပိုင်းက မြန်မာပလာဇာက ကော်ဖီဆိုင်တစ်ဆိုင်မှာ ရှိနေတဲ့ ဖြိုးပြည့်စုံနဲ့ တေးရေးနှစ်ဦးကို မူးယစ်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာဖြစ်ပြီး ကျပ်တစ်သောင်းကျော်တန်ဖိုးရှိ ကက်တမင်းဆေးပြား ၁၀ပြားနဲ့အတူ ဖမ်းမိတာဖြစ်တယ်လို့ မူးယစ်ဗဟိုတပ်ဖွဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်တိုဘာ ၈ ရက်မနက်ပိုင်းက ထုတ်ပြန်ခဲ့ပါတယ်။

အဆိုတော် ဖြိုးပြည့်စုံ၊ တေးရေး ငြိမ်းချမ်းကို နဲ့ ရော်နီစန်းလွင်တို့ဟာ ကျောပိုးအိတ်အတွင်းမှာ ပလတ်စတစ်ဘူးနဲ့ ထည့်ထားတဲ့ ကတ်တမင်းဆေးပြား ၁၀ ပြား လို့ ယူဆရတဲ့ ဆေးပြားနဲ့ လက်ကိုင်ဖုန်း ၃ လုံးတို့နဲ့အတူတွေ့ရှိ သိမ်းဆည်းရမိခဲ့လို့ ဗဟန်းမြို့မရဲစခန်းမှာ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာ ဥပဒေနဲ့ အမှုဖွင့်အရေးယူပြီး ဖော်ထုတ်စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

အခုအဖမ်းခံရတဲ့ အခြေအနေနဲ့ပတ်သက်လို့ အောက်တိုဘာလ ၁၀ရက်နေ့မှာ အဆိုတော် ဖြိုးပြည့်စုံ က ရန်ကုန်မှာ စာနယ်ဇင်းရှင်းလင်းပွဲ လုပ်သွားမယ်လို့ အဆိုတော် ဖြိုးပြည့်စုံနဲ့ နီးစပ်သူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ဖြိုးပြည့်စုံတို့ဆီက ဖမ်းမိတာဟာ ထိုင်းနိုင်ငံထုတ် ငုံဆေးပြား သကြားလုံးနဲဆင်တူတဲ့ ဆေးပြားတွေဖြစ်ပြီးတော့ ဗဟန်းမြို့မရဲစခန်းက ရဲမှူးသိန်းဝင်းကတော့ သူကိုယ်တိုင် ဒီဆေးပြားတွေကို မမြင်ဖူးဘူးလို့လည်း သတင်းထောက်တွေကို ပြောပါတယ်။

မူးယစ်ဆေးဝါးတွေအများကြီးကျွန်တော်ဖမ်းဖူးပါတယ်။ ဒီလိုပုံစံ ဆေးပြားတော့မတွေ့ဖူးပါဘူးလို့လည်း ရဲမှူးသိန်းဝင်း ကပြောခဲ့ပါတယ်

ဖြိုးပြည့်စုံ ကိုယ်တိုင်ကလည်း ဒီဟာတွေကို ထိုင်းက သူကိုယ်တိုင် ဝယ်လာတာလို့ ပြောပါတယ် ။

ဗဟန်းမြို့မရဲစခန်းကတော့ အောက်တိုဘာလ ၇ရက်က မူးယစ်ရဲတပ်ဖွဲ့ရဲ့ တိုင်ကြားချက်အရ ပုဒ်မ ၁၉ က /၂၁ နဲ့ အမှုဖွင့်ခဲ့တာ ဖြစ်ပါတယ်။

အမှုဖွင့်ထားတဲ့ တေးသံရှင် ဖြိုးပြည့်စုံအပါအဝင် သုံးဦးကို ပြန်လွှတ်တဲ့ အကြောင်းနဲ့ပတ်သက်ပြီး ဓာတုဗေဒဝန်ရုံးက ပြန်ကြားချက်အရ မူးယစ်ဆေးဝါး မဟုတ်ခြင်း အရသော်လည်းကောင်း၊ ဥပဒေရုံးက တရားစွဲဆိုရန် မသင့်ကြောင်း အကြံပြုချက်အရလည်းကောင်း အောက်တိုဘာ လ ၉ ရက် ညနေ ၄ နာရီလောက်က အချုပ်က လွှတ်လိုက်ပြီ လို့လည်း ရဲတပ်ဖွဲ့က ပြောပါတယ်။

အဆိုတော် ဖြိုးပြည့်စုံဆီက ရဲတွေမိတာဟာ မူးယစ်ဆေးဝါးမဟုတ်ဘူးလို့သာ ပြောပြီး ဆင်တူတဲ့ ထိုင်းနိုင်ငံထုတ် သကြားလုံး ဟုတ်မဟုတ်ကိုတော့ ရဲတပ်ဖွဲ့က မပြောခဲ့ပါဘူး။

အဆိုတော်ဖြိုးပြည့်စုံ ဟာ လူငယ်တွေ အကြားမှာ လူသိများတဲ့ ဆရာဝန် အဆိုတော်တစ်ဦးဖြစ်ပြီး မယ်လိုဒီဝေါ အစီစဉ်မှာ လူသိများတဲ့ အစီစဉ်တင်ဆက်သူတစ်ဦးလည်းဖြစ်ပါတယ်။

BBC Burmese
https://www.bbc.com
အဆိုေတာ္ ၿဖိဳးျပည့္စုံဆီက မိတာ သၾကားလုံးလား အဆိုေတာ္ ၿဖိဳးျပည့္စုံဆီက မိတာ သၾကားလုံးလား Reviewed by THITHTOOLWIN on 20:38 Rating: 5
Powered by Blogger.