ေျမာင္းျမၿမိဳ႕၌ ခရီးသည္တင္ေရယာဥ္တစ္စင္း မီးေလာင္မႈျဖစ္ကာ တစ္ဦးေသ သုံးဦး ဒဏ္ရာရ


ေျမာင္းျမ ေအာက္တိုဘာ ၁၀

ေျမာင္းျမၿမိဳ႕ အမွတ္၅ ရပ္ကြက္ လယ္ယာသုံးေဈး (သဲပုံဆိပ္ )ဆိပ္ကမ္းတြင္ ဆိုက္ကပ္ထားေသာ လူေတာ္-ေျမာင္းျမ ေျပးဆြဲသည့္ ေအာင္ခ်မ္းသာခရီးသည္တင္ ေရယာဥ္တစ္စင္းသည္ ၊ ဆိုက္ကပ္ ထားေသာ ဆိပ္ကမ္းတြင္ ေအာက္တိုဘာ ၁၀ ရက္ နံနက္ ၇ နာရီ ၄၅ မိနစ္ခန္႔က မီးေလာင္မႈျဖစ္ကာတစ္ဦး ေသဆုံးေၾကာင္း သိရသည္။

အဆိုပါ ေအာင္ခ်မ္းသာေရယာဥ္သည္ လူေတာ္ေက်း႐ြာမွ ယမန္ေန႔ ည ၈ နာရီခန႔္က ေျမာင္းျမၿမိဳ႕သို႔ေရာက္ရွိလာၿပီး ညအိပ္ရပ္နားကာ ယေန႔နံနက္ ၁၀ နာရီတြင္ လူေတာ္ေက်း႐ြာသို႔ ျပန္လည္ မထြက္ခြာမီ ေရယာဥ္ေပၚပါ ေရစုပ္စက္ကို ျပင္ဆင္ရာမွ မီးေလာင္ခဲ့ျခင္းျဖစ္ေၾကာင္း၊ ေရယာဥ္ မီးေလာင္မႈျဖစ္ရာသို႔ ေျမာင္းျမၿမိဳ႕နယ္မီးသတ္တပ္ဖြဲ႕က မီးသတ္ယာဥ္ေလး စီးေရသယ္ယာဥ္ႏွစ္စီးျဖင့္ မီးျငႇိမ္းသတ္မႈေၾကာင့္ နံနက္ ၈ နာရီ ၁၅မိနစ္ခန႔္တြင္ လုံးဝၿငိမ္းသတ္ႏိုင္ခဲ့ေၾကာင္းသိရၿပီး မီးေလာင္ရာသို႔ ေျမာင္းျမခ႐ိုင္ အုပ္ခ်ဳပ္ေရးမႉးဦးေသာင္းတင္ေထြး၊ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးဦးေက်ာ္ေဆြ ၊ ဒုခ႐ိုင္ရဲတပ္ဖြဲ႕မႉးရဲမႉး ေက်ာ္သက္ထြန္းတို႔က ႀကီးၾကပ္ ေဆာင္႐ြက္ခဲ့ ေၾကာင္းသိရသည္။

မီးေလာင္မႈေၾကာင့္ ေရယာဥ္လုပ္သားျဖစ္သူ မ်ိဳးထက္ေက်ာ္(ခ) အႀကီးေကာင္ (၂၀ႏွစ္)မွာ မီးေလာင္ေသ ဆုံးသြားၿပီး အိမ္မဲၿမိဳ႕နယ္ ေ႐ႊဘိုစု႐ြာေန ေဒၚတူးတူးမာ (၅၅ႏွစ္)၊ ေျမာင္းျမၿမိဳ႕နယ္ လူေတာ္ ေက်း႐ြာေန ေဒၚဝင္းဝင္း(၄၀)ႏွစ္ႏွင့္ ေျမာင္းျမၿမိဳ႕နယ္ ကြၽန္းကေလး ေက်း႐ြာ ေနသူ ေမာင္ရႈိင္းကိုကို (၂၀)ႏွစ္ တို႔ မီးသင့္ဒဏ္ရာမ်ား ရရွိမႈေၾကာင့္ ေျမာင္းျမျပည္သူ႔ေဆး႐ုံႀကီးတြင္ ေဆးကုသမႈခံယူလွ်က္ ရွိသည္။ အဆိုပါ မီးေလာင္မႈျဖစ္စဥ္ အတြက္ ေျမာင္းျမၿမိဳ႕မ ရဲစခန္းမွ အမႈဖြင့္ အေရးယူထားရွိေၾကာင္း ေခတၱစခန္းမႉး ဒုတိယရဲမႉး သန္းေထြးထံမွ သိရသည္။

ေအာင္မင္း ( ေျမာင္းျမ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
-------------
Unicode
မြောင်းမြမြို့၌ ခရီးသည်တင်ရေယာဉ်တစ်စင်း မီးလောင်မှုဖြစ်ကာ တစ်ဦးသေ သုံးဦး ဒဏ်ရာရ

မြောင်းမြ အောက်တိုဘာ ၁၀
မြောင်းမြမြို့ အမှတ်၅ ရပ်ကွက် လယ်ယာသုံးဈေး (သဲပုံဆိပ် )ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော လူတော်-မြောင်းမြ ပြေးဆွဲသည့် အောင်ချမ်းသာခရီးသည်တင် ရေယာဉ်တစ်စင်းသည် ၊ ဆိုက်ကပ် ထားသော ဆိပ်ကမ်းတွင် အောက်တိုဘာ ၁၀ ရက် နံနက် ၇ နာရီ ၄၅ မိနစ်ခန့်က မီးလောင်မှုဖြစ်ကာတစ်ဦး သေဆုံးကြောင်း သိရသည်။

အဆိုပါ အောင်ချမ်းသာရေယာဉ်သည် လူတော်ကျေးရွာမှ ယမန်နေ့ ည ၈ နာရီခန့်က မြောင်းမြမြို့သို့ရောက်ရှိလာပြီး ညအိပ်ရပ်နားကာ ယနေ့နံနက် ၁၀ နာရီတွင် လူတော်ကျေးရွာသို့ ပြန်လည် မထွက်ခွာမီ ရေယာဉ်ပေါ်ပါ ရေစုပ်စက်ကို ပြင်ဆင်ရာမှ မီးလောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ရေယာဉ် မီးလောင်မှုဖြစ်ရာသို့ မြောင်းမြမြို့နယ်မီးသတ်တပ်ဖွဲ့က မီးသတ်ယာဉ်လေး စီးရေသယ်ယာဉ်နှစ်စီးဖြင့် မီးငြှိမ်းသတ်မှုကြောင့် နံနက် ၈ နာရီ ၁၅မိနစ်ခန့်တွင် လုံးဝငြိမ်းသတ်နိုင်ခဲ့ကြောင်းသိရပြီး မီးလောင်ရာသို့ မြောင်းမြခရိုင် အုပ်ချုပ်ရေးမှူးဦးသောင်းတင်ထွေး၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်ဆွေ ၊ ဒုခရိုင်ရဲတပ်ဖွဲ့မှူးရဲမှူး ကျော်သက်ထွန်းတို့က ကြီးကြပ် ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။

မီးလောင်မှုကြောင့် ရေယာဉ်လုပ်သားဖြစ်သူ မျိုးထက်ကျော်(ခ) အကြီးကောင် (၂၀နှစ်)မှာ မီးလောင်သေ ဆုံးသွားပြီး အိမ်မဲမြို့နယ် ရွှေဘိုစုရွာနေ ဒေါ်တူးတူးမာ (၅၅နှစ်)၊ မြောင်းမြမြို့နယ် လူတော် ကျေးရွာနေ ဒေါ်ဝင်းဝင်း(၄၀)နှစ်နှင့် မြောင်းမြမြို့နယ် ကျွန်းကလေး ကျေးရွာ နေသူ မောင်ရှိုင်းကိုကို (၂၀)နှစ် တို့ မီးသင့်ဒဏ်ရာများ ရရှိမှုကြောင့် မြောင်းမြပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျှက် ရှိသည်။ အဆိုပါ မီးလောင်မှုဖြစ်စဉ် အတွက် မြောင်းမြမြို့မ ရဲစခန်းမှ အမှုဖွင့် အရေးယူထားရှိကြောင်း ခေတ္တစခန်းမှူး ဒုတိယရဲမှူး သန်းထွေးထံမှ သိရသည်။

အောင်မင်း ( မြောင်းမြ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ေျမာင္းျမၿမိဳ႕၌ ခရီးသည္တင္ေရယာဥ္တစ္စင္း မီးေလာင္မႈျဖစ္ကာ တစ္ဦးေသ သုံးဦး ဒဏ္ရာရ ေျမာင္းျမၿမိဳ႕၌ ခရီးသည္တင္ေရယာဥ္တစ္စင္း မီးေလာင္မႈျဖစ္ကာ တစ္ဦးေသ သုံးဦး ဒဏ္ရာရ Reviewed by THITHTOOLWIN on 00:46 Rating: 5
Powered by Blogger.