ဂ်ပန္ ဧကရာဇ္ဘုရင္သစ္ Naruhito နန္းတက္

ဘိသိတ္ခံ အခမ္းအနားမွာ ေတြ႔ရတဲ့ ဘုရင္ Naruhito
Zawgyi
ဂ်ပန္ႏိုင္ငံ တိုက်ဳိၿမဳိ႕ေတာ္မွာ ဧကရာဇ္ဘုရင္သစ္ ဒီကေန႔ ဘိသိတ္ခံနန္းတက္ပြဲ က်င္းပခဲ့ပါတယ္။

ဧကရာဇ္ နန္းေတာ္မွာ က်င္းပတဲ့ ဘိသိတ္ခံအခမ္းအနားမွာ ဘုရင္ Naruhito က မင္းတို႔ရဲ႕ ကတိကဝတ္ေတြကို ဖတ္ၾကားခဲ့ၿပီး ႏိုင္ငံရဲ႕ ျပယုတ္အျဖစ္ေရာ ျပည္သူေတြရဲ႔ စည္းလံုးမႈအတြက္ေရာ သူလိုက္နာရမယ့္ တာဝန္ေတြကို ေက်ပြန္ေစရမယ္လို႔ ကတိျပဳသြားခဲ့ပါတယ္။

ခပ္တိုတိုပဲ က်င္းပခဲ့တဲ့ ဘိသိတ္ခံအခမ္အနားကို ဝန္ႀကီးခ်ဳပ္ Shinzo Abe က ဂုဏ္ျပဳစကားေျပာၾကားၿပီး သက္ေတာ္ တေသာင္းရွည္ပါေစလို႔ အဓိပၸာယ္ရတဲ့ Benzai ဆိုတဲ့ စကားကို ဝန္ႀကီးခ်ဳပ္ဦးေဆာင္ၿပီး ပရိတ္သတ္က သံုး ႀကိမ္ ဟစ္ေအာ္ ဆုေတာင္ေပးၿပီး အဆံုးသတ္ခဲ့ပါတယ္။

ၿဗိတိသွ်အိမ္ေရွ႕စံ ေဝလမင္းသား Charles အပါအဝင္ ႏိုင္ငံတကာက အႀကီးအကဲေတြ ေတာ္ေတာ္မ်ားမ်ား ဒီအခမ္းအနားကို တက္ေရာက္ခဲ့ၾကၿပီး ျမန္မာႏိုင္ငံက အတိုင္ပင္ခံပုဂၢဳိလ္ ေဒၚေအာင္ဆန္းစုၾကည္ကိုလည္း ဒီအခမ္းအနားမွာ ေတြ႔ရပါတယ္။

ဒီဂ်ပန္ႏိုင္ငံမွာ ဧကရာဇ္ဘုရင္သစ္ နဲ႔ မိဖုရား နန္းတက္တဲ့ အထိမ္းအမွတ္အျဖစ္ ဂ်ပန္လူထုအတြက္ ဂုဏ္ယူပါေၾကာင္း အေမရိကန္သမၼတ Donald Trump က သဝဏ္လႊာေပးပို႔ပါတယ္။

အေမရိကန္နဲ႔ ဂ်ပန္ ျပည္သူ အခ်င္းခ်င္းၾကား ရင္းႏွီးခ်စ္ၾကည္မႈက အခိုင္မာဆံုးျဖစ္ေနခ်ိန္က ဒီအခမ္းအနား က်င္းပခ်ိန္လည္း ျဖစ္ေနတယ္လို႔လည္း သူ ေပးပို႔တဲ့စာထဲမွာ ပါရွိပါတယ္။

ဂ်ပန္မွာက ႏွစ္ေပါင္း ၄၀ မင္းလုပ္အုပ္ခ်ဳပ္လာခဲ့တဲ့ ဘုရင္မင္းျမတ္ Akihito အသက္အရြယ္ႀကီးရင့္လာၿပီး နာမက်န္း ျဖစ္လာလို႔ သက္ေတာ္ ၈၅ ႏွစ္မွာ နန္းစြန္႔လိုက္တာမို႔လို႔ ဘုရင္ Naruhito က ေမလကတည္းက ဘုရင္ အ႐ုိက္အရာ ဆက္ခံခဲ့တာျဖစ္ပါတယ္။

အခု ဘုရင္ Naruhito က ဂ်ပန္သမိုင္းမွာ အခု ႏွစ္ေပါင္း ၂၀၀ အတြင္း ပထမဆံုး ဘိသိတ္ခံတဲ့ ဧကရာဇ္ဘုရင္ျဖစ္ပါတယ္ရွင္။

[Unicode Version]

ဂျပန်နိုင်ငံ တိုကျိုမြို့တော်မှာ ဧကရာဇ်ဘုရင်သစ် ဒီကနေ့ ဘိသိတ်ခံနန်းတက်ပွဲ ကျင်းပခဲ့ပါတယ်။

ဧကရာဇ် နန်းတော်မှာကျင်းပတဲ့ ဘိသိတ်ခံအခမ်းအနားမှာ ဘုရင် Naruhito က မင်းတို့ရဲ့ ကတိကဝတ်တွေကို ဖတ်ကြားခဲ့ပြီး နိုင်ငံရဲ့ ပြယုတ်အဖြစ်ရော ပြည်သူတွေရဲ့ စည်းလုံးမှုအတွက်ရော သူလိုက်နာရမယ့် တာဝန်တွေကို ကျေပွန်စေရမယ်လို့ ကတိပြုသွားခဲ့ပါတယ်။

ခပ်တိုတိုပဲ ကျင်းပခဲ့တဲ့ ဘိသိတ်ခံအခမ်အနားကို ဝန်ကြီးချုပ် Shinzo Abe က ဂုဏ်ပြုစကားပြောကြားပြီး သက်တော် တသောင်းရှည်ပါစေလို့ အဓိပ္ပာယ်ရတဲ့ Benzai ဆိုတဲ့ စကားကို ဝန်ကြီးချုပ်ဦးဆောင်ပြီး ပရိတ်သတ်က သုံး ကြိမ် ဟစ်အော် ဆုတောင်ပေးပြီး အဆုံးသတ်ခဲ့ပါတယ်။

ဗြိတိသျှအိမ်ရှေ့စံ ဝေလမင်းသား Charles အပါအဝင် နိုင်ငံတကာက အကြီးအကဲတွေ တော်တော်များများ ဒီအခမ်းအနားကို တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံက အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဒီအခမ်းအနားမှာ တွေ့ရပါတယ်။

ဒီဂျပန်နိုင်ငံမှာ ဧကရာဇ်ဘုရင်သစ် နဲ့ မိဖုရား နန်းတက်တဲ့ အထိမ်းအမှတ်အဖြစ် ဂျပန်လူထုအတွက် ဂုဏ်ယူပါကြောင်း အမေရိကန်သမ္မတ Donald Trump က သဝဏ်လွှာပေးပို့ပါတယ်။

အမေရိကန်နဲ့ ဂျပန် ပြည်သူ အချင်းချင်းကြား ရင်းနှီးချစ်ကြည်မှုက အခိုင်မာဆုံးဖြစ်နေချိန်က ဒီအခမ်းအနားကျင်းပချိန်လည်း ဖြစ်နေတယ်လို့လည်း သူ ပေးပို့တဲ့စာထဲမှာ ပါရှိပါတယ်။

ဂျပန်မှာက နှစ်ပေါင်း ၄၀ မင်းလုပ်အုပ်ချုပ်လာခဲ့တဲ့ ဘုရင်မင်းမြတ် Akihito အသက်အရွယ်ကြီးရင့်လာပြီး နာမကျန်းဖြစ်လာလို့ သက်တော် ၈၅ နှစ်မှာ နန်းစွန့်လိုက်တာမို့လို့ ဘုရင် Naruhito က မေလကတည်းက ဘုရင် အရိုက်အရာ ဆက်ခံခဲ့တာဖြစ်ပါတယ်။

အခု ဘုရင် Naruhito က ဂျပန်သမိုင်းမှာ အခု နှစ်ပေါင်း ၂၀၀ အတွင်း ပထမဆုံး ဘိသိတ်ခံတဲ့ ဧကရာဇ်ဘုရင်ဖြစ်ပါတယ်ရှင်။

ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
ဂ်ပန္ ဧကရာဇ္ဘုရင္သစ္ Naruhito နန္းတက္ ဂ်ပန္ ဧကရာဇ္ဘုရင္သစ္ Naruhito နန္းတက္ Reviewed by THITHTOOLWIN on 00:41 Rating: 5
Powered by Blogger.