ကေနဒါေရြးေကာက္ပဲြ ၀န္ႀကီးခ်ဳပ္ Trudeau ျပန္အႏုိင္ရ

Zawgyi
ကေနဒါႏုိင္ငံ အေထြေထြေရြးေကာက္ပြဲမွာ လက္ရွိအာဏာရ လစ္ဘရယ္ပါတီက အမတ္ေနရာ လံုလံုေလာက္ေလာက္ ရလိုက္ျပီးေနာက္မွာေတာ့ လက္ရွိ ၀န္ႀကီးခ်ဳပ္ Justin Trudeau အေနနဲ႔ ဒုတိယသက္တမ္း ဆက္အုပ္ခ်ဳပ္ခြင့္ ရသြားပါတယ္။

ေရြးေကာက္ပြဲ အႏုိင္ရေၾကာင္းကိုေတာ့ ၀န္ႀကီးခ်ဳပ္ Trudeau က ဒီကေန႔အေစာပိုင္းမွာ ေၾကညာပါတယ္။ ကေနဒါ ႐ုပ္သံဌာန Canadian Broadcasting Corporation ရဲ႕ ေၾကညာခ်က္အရ ၀န္ႀကီးခ်ဳပ္ Trudeau ရဲ႕ လစ္ဘရယ္ပါတီက အမတ္ေနရာ ၃၃၈ ေနရာရွိတဲ့ လႊတ္ေတာ္မွာ ၁၅၇ ေနရာ အႏုိင္ရျပီး အျပတ္အသတ္ အႏုိင္ရတာေတာ့ မဟုတ္ပါဘူး။

လႊတ္ေတာ္ေနရာအမ်ားစုနဲ႔ အျပတ္အသတ္ အႏိုင္ရဖို႔အတြက္ဆိုရင္ေတာ့ အမတ္ေနရာ ၁၇၀ ရဖုိ႔လိုပါတယ္။ ဒါေၾကာင့္ လက္ရွိရလဒ္အရ ၀န္ႀကီးခ်ဳပ္ Trudeau အေနနဲ႔ အမတ္ေနရာ ၂၄ ေနရာ ရထားတဲ့ ျပဳျပင္ေျပာင္းလဲေရး လိုလားတဲ့ New Democrats ပါတီနဲ႔ ညႊန္႔ေပါင္းအစိုးရ ဖြဲ႔ရမွာ ျဖစ္ပါတယ္။

ကေနဒါျပည္သူေတြဟာ အကြဲကြဲအျပားျပား ျဖစ္မႈေတြ၊ အဆိုးျမင္မႈေတြကို လက္ခံသူေတြ မဟုတ္တဲ့အေၾကာင္း ၀န္ႀကီးခ်ဳပ္ Trudeau က Montreal ျမိဳ႕က ေရြးေကာက္ပြဲဌာနခ်ဳပ္မွာ ေအာင္ပြဲခံေနၾကတဲ့ သူ႔အေပၚ ေထာက္ခံသူေတြကို ေျပာဆိုသြားပါတယ္။

ကမၻာ့ရာသီဥတု ေဖာက္ျပန္ ေျပာင္းလဲမႈ ျပႆနာကို တုိးတက္တဲ့ အေျပာင္းအလဲ လုိလားတဲ့ အယူအဆေတြ၊ ခုိင္မာအားေကာင္းတဲ့ လုပ္ေဆာင္ခ်က္ေတြ ကိုင္တြယ္သြားဖို႔ လုိလားျပီး ခုလို ျပည္သူေတြ မဲေပးခဲ့တာျဖစ္ေၾကာင္းလည္း ၀န္ႀကီးခ်ဳပ္က ေျပာပါတယ္။

ဥတုရာသီေျပာင္းလဲမႈ ျပႆနာနဲ႔ ကုန္သြယ္ေရးကိစၥေတြမွာ သေဘာထား ကြဲလြဲမႈေတြရွိေနတဲ့ အေမရိကန္သမၼတ Donald Trump ကလည္း အခုလုိ ၀န္ႀကီးခ်ဳပ္ Trudeau ေရြးေကာက္ပြဲမွာ အႏုိင္ရတဲ့အတြက္ ၀မ္းသာ ဂုဏ္ယူေၾကာင္း တြီတာလူမႈ ကြန္ရက္ေပၚကေန ေရးသား ေျပာဆုိခဲ့ပါတယ္။

[Unicode Version]

ကနေဒါနိုင်ငံ အထွေထွေရွေးကောက်ပွဲမှာ လက်ရှိအာဏာရ လစ်ဘရယ်ပါတီက အမတ်နေရာ လုံလုံလောက်လောက် ရလိုက်ပြီးနောက်မှာတော့ လက်ရှိ ဝန်ကြီးချုပ် Justin Trudeau အနေနဲ့ ဒုတိယသက်တမ်း ဆက်အုပ်ချုပ်ခွင့် ရသွားပါတယ်။

ရွေးကောက်ပွဲ အနိုင်ရကြောင်းကိုတော့ ဝန်ကြီးချုပ် Trudeau က ဒီကနေ့အစောပိုင်းမှာ ကြေညာပါတယ်။ ကနေဒါ ရုပ်သံဌာန Canadian Broadcasting Corporation ရဲ့ ကြေညာချက်အရ ဝန်ကြီးချုပ် Trudeau ရဲ့ လစ်ဘရယ်ပါတီက အမတ်နေရာ ၃၃၈ နေရာရှိတဲ့ လွှတ်တော်မှာ ၁၅၇ နေရာ အနိုင်ရပြီး အပြတ်အသတ် အနိုင်ရတာတော့ မဟုတ်ပါဘူး။

လွှတ်တော်နေရာအများစုနဲ့ အပြတ်အသတ် အနိုင်ရဖို့အတွက်ဆိုရင်တော့ အမတ်နေရာ ၁၇၀ ရဖို့လိုပါတယ်။ ဒါကြောင့် လက်ရှိရလဒ်အရ ဝန်ကြီးချုပ် Trudeau အနေနဲ့ အမတ်နေရာ ၂၄ နေရာ ရထားတဲ့ ပြုပြင်ပြောင်းလဲရေး လိုလားတဲ့ New Democrats ပါတီနဲ့ ညွှန့်ပေါင်းအစိုးရ ဖွဲ့ရမှာ ဖြစ်ပါတယ်။

ကနေဒါပြည်သူတွေဟာ အကွဲကွဲအပြားပြား ဖြစ်မှုတွေ၊ အဆိုးမြင်မှုတွေကို လက်ခံသူတွေ မဟုတ်တဲ့အကြောင်း ဝန်ကြီးချုပ် Trudeau က Montreal မြို့က ရွေးကောက်ပွဲဌာနချုပ်မှာ အောင်ပွဲခံနေကြတဲ့ သူ့အပေါ် ထောက်ခံသူတွေကို ပြောဆိုသွားပါတယ်။

ကမ္ဘာ့ရာသီဥတု ဖောက်ပြန် ပြောင်းလဲမှု ပြဿနာကို တိုးတက်တဲ့ အပြောင်းအလဲ လိုလားတဲ့ အယူအဆတွေ၊ ခိုင်မာအားကောင်းတဲ့ လုပ်ဆောင်ချက်တွေ ကိုင်တွယ်သွားဖို့ လိုလားပြီး ခုလို ပြည်သူတွေ မဲပေးခဲ့တာဖြစ်ကြောင်းလည်း ဝန်ကြီးချုပ်က ပြောပါတယ်။

ဥတုရာသီပြောင်းလဲမှု ပြဿနာနဲ့ ကုန်သွယ်ရေးကိစ္စတွေမှာ သဘောထား ကွဲလွဲမှုတွေရှိနေတဲ့ အမေရိကန်သမ္မတ Donald Trump ကလည်း အခုလို ဝန်ကြီးချုပ် Trudeau ရွေးကောက်ပွဲမှာ အနိုင်ရတဲ့အတွက် ဝမ်းသာ ဂုဏ်ယူကြောင်း တွီတာလူမှု ကွန်ရက်ပေါ်ကနေ ရေးသား ပြောဆိုခဲ့ပါတယ်။

ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
ကေနဒါေရြးေကာက္ပဲြ ၀န္ႀကီးခ်ဳပ္ Trudeau ျပန္အႏုိင္ရ ကေနဒါေရြးေကာက္ပဲြ ၀န္ႀကီးခ်ဳပ္ Trudeau ျပန္အႏုိင္ရ Reviewed by THITHTOOLWIN on 00:43 Rating: 5
Powered by Blogger.