
Zawgyi



ကိုကိုမောင်( ပြန်/ဆက် )
Myanmaalinn
----------------
Unicode
ငါးဖမ်းရေယဉ်အား အပျော်စီးရေယဉ်မှ ဝင်တိုက်၍ တစ်ဦးသေ သုံးဦးဒဏ်ရာရ

ချောင်းသာ အောက်တိုဘာ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်မြို့နယ်၊ချောင်းသာ ကမ်းခြေတွင်ယမန်နေ့ နံနက်(၁၀)နာရီ၅၀ မိနစ်ခန့်ကချောင်းသာမြို့အမှတ် (၁)ရပ်ကွက် အုန်းတောအငူစွန်းပင်လယ်ကမ်းခြေတွင်ရေယာဉ်နှစ်စီးတိုက်မိကြောင်း သတင်းအရ သွား‌ရောက်စစ်‌ဆေးရာကမ်းခြေနှင့်နှစ်ဖါလုံခန့် အကွာပင်လယ်ပြင်တွင်ရွှေသောင်ယံဘက်မှမောင်းနှင်လာသောငါးဖမ်း ရေယာဉ်အားချောင်းသာကမ်းခြေမှသဲဖြူကျွန်းသို့မောင်းနှင်သွား‌သော အ‌ပျော်စီး‌ရေယာဉ်မှဝင်ရောက်တိုက်မိသဖြင့် အပျော်စီးရေယာဉ်ပေါ်တွင် လိုက်ပါလာသောခရီးသည်များဖြစ်သည့်မရွှေရည်မွန်၊ မစန်းနုဝေ၊ မကြယ်စင်ရှင်းသန့်တို့သုံးဦးနှင့် ရေယာဉ်မောင်း သူရအောင်တို့တွင် ဒဏ်ရာများအသီးသီးရရှိကာ ချောင်းသာတိုက်နယ်ဆေးရုံသို့ပို့ဆောင်၍ ထိုဆေးရုံမှတစ်ဆင့်ပုသိမ်ပြည်သူ့ဆေးရုံကြီးသို့လွှဲ ပြောင်းပေးအပ်စဉ် (၁၁) နာရီ၅၀ မိနစ်ခန့်၌ ဒဏ်ရာရရှိသူ မစန်းနုဝေမှာ သေဆုံးသွားကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

ထို့ကြောင့်ရေယာဉ်အားမဆင်မခြင်မောင်းနှင့်သူ‌ရေယာဉ်‌မောင်း သူရအောင်အား ဒုရဲအုပ်အိမြတ်စန္ဒီအောင်မှဥပဒေအရအရေးယူနိုင်ရန် တိုင်တန်းထားကြောင်းသိရသည်။

ကိုကိုမောင်( ပြန်/ဆက် )
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ငါးဖမ်းရေယဉ်အား အပျော်စီးရေယဉ်မှ ဝင်တိုက်၍ တစ်ဦးသေ သုံးဦးဒဏ်ရာရ ငါးဖမ်းရေယဉ်အား အပျော်စီးရေယဉ်မှ ဝင်တိုက်၍ တစ်ဦးသေ သုံးဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 00:38 Rating: 5
Powered by Blogger.