တုိက္ပြဲထပ္မျဖစ္ေရး KNU နဲ႔ မြန္ျပည္သစ္ ေဆြးေႏြး

ေကအဲန္ယူ တပ္မဟာ(၇)ဌာနခ်ဳပ္မွာ ၂ဝ၁၆ ခုႏွစ္ကက်င္းပတဲ့ ၆၇ ႏွစ္ေျမာက္ ကရင့္ေတာ္လွန္ေရးေန႔ အခမ္းအနားမွာ KNLA တပ္သားေတြကို ေတြ႕ရစဥ္
Zawgyi
ၿပီးခဲ့တဲ့ေအာက္တုိဘာလ ၁၇ ရက္ေန႔တုန္းက ကရင္နဲ႔ မြန္ျပည္နယ္အစပ္ ဘုရားသံုးဆူၿမိဳ႕နယ္ ဗလဲ့ဒြန္ဖိုက္ရြာနဲ႔ မရမ္းေခ်ာင္းဘက္မွာ ကရင္အမ်ိဳးသားအစည္းအရံုး KNUနဲ႔ မြန္ျပည္သစ္ပါတီ NMSP တို႔  တိုက္ပြဲေတြျဖစ္ပြားခဲ့ၿပီး မြန္ျပည္သစ္ပါတီဘက္က ဗိုလ္အဆင့္ရွိ အရာရွိတစ္ေယာက္ က်ဆံုးခဲ့ပါ တယ္။

ၿပီးခဲ့တဲ့ ေအာက္တိုဘာ ၁၅ ရက္ေန႔က KNU ဂိတ္နံပါတ္ ၄ မွာထားရွိတဲ့ အလံတိုင္ကို လာႏုတ္ခဲ့တာေၾကာင့္ အခုလိုျဖစ္တာလို႔ KNU ဘက္ကေျပာဆိုတာေတြရွိၿပီး မြန္ျပည္သစ္ပါတီဘက္ကေတာ့ ျငင္းဆိုထားၿပီး KNU က သူတို႔နယ္ေျမထဲ ဝင္ေရာက္ပစ္ခတ္တာလို႔ RFA ကို ေျပာဆိုထားပါတယ္။

ဒါေၾကာင့္ တပ္ေတြတိုက္ပြဲမျဖစ္ေအာင္ ႏွစ္ဘက္ထိပ္ပိုင္းေခါင္းေဆာင္ေတြ ေတြဆံုေဆြးေႏြးတာေတြ ျပဳလုပ္ခဲ့ ၾကပါတယ္။

ဒီေန႔မွာ ႏွစ္ဘက္တပ္ေတြ ထပ္ၿပီးထိေတြတာေတြမျဖစ္ေအာင္ ၿမိဳ႔နယ္အဆင့္တာဝန္ရွိသူေတြ တိုက္ပြဲျဖစ္ခဲ့ တဲ့ေနရာေတြကို သြားေရာက္ၿပီး တပ္ေနရာခ်ထားေရးေတြလုပ္ဖို႔ရွိတယ္လို႔ KNU ဒုတိယဥကၠ႒ ပဒိုေစာကြယ္ထူးဝင္းက ေျပာပါတယ္။

“အဓိကကေတာ့ အဲမွာသက္ဆိုင္ရာ ၿမိဳ႕နယ္ဥကၠ႒နဲ႔ သက္ဆိုရာ မြန္ျပည္သစ္ပါတီကလည္း ၿမဳိ႔နယ္ဥကၠ႒နဲ႔ တပ္ရင္းမွဴး၊ က်ေနာ္တို႔ ဘက္ကလည္း သက္ဆိုင္ရာၿမိဳ႕နယ္ဥကၠ႒နဲ႔ တပ္ရင္းမွဴး အဲမွာ သူတို႔အတူတကြ သြား ၿပီးေတာ့ အခင္းျဖစ္တဲ့ေနရာကို သြားၿပီး စိစစ္ၿပီးေတာ့တပ္ေတြကို ေနာက္ထပ္မျဖစ္ေရးအတြက္ သြားၿပီးေတာ့ ေနရာျပန္လည္ခ်ထားဖို႔ အဲတာေတာ့ရွိမယ္”

ဒီေန႔ၿမိဳ႕႔နယ္အဆင့္ႏွစ္ဖက္ တပ္ရင္းမွဴးေတြ၊ အုပ္ခ်ဳပ္ေရးမွဴးေတြ ေတြဆံုပြဲအေျခအေနနဲ႔ ပတ္သက္ၿပီး KNU နဲ႔ မြန္ျပည္သစ္ပါတီ တာဝန္ရွိသူေတြကို ဆက္သြယ္ေပမယ့္ ဆက္သြယ္လို႔္မရခဲ့ပါဘူး။

ဒီလို႔ႏွစ္ဘက္ေခါင္းေဆာင္ေတြ တိုက္ပြဲေတြမျဖစ္ဖို႔ ေဆြးေႏြးေနေပမယ့္ မေန႔တုန္းက ၾကာအင္းဆိပ္ႀကီး ၿမိဳ႕နယ္ထဲက ဗလဲ့ဒြန္ဖိုက္ (မြန္) ရြာနဲ႔ ထီးဝါးဒို႔ (ကရင္) ရြာေတြမွာ ပစ္ခတ္မႈေတြရွိခဲ့တယ္လို႔ KNU တပ္မဟာ ၆ တာဝန္ရွိသူတစ္ဦးက ေျပာပါတယ္။

“က်ေနာ္ဟုိတခါေျပာသလို႔ ထီးဝါးဒိုနားမွာေပါ့ အဲနားမွာပဲခင္ဗ်၊ မေန႔တုန္းပစ္ခတ္မႈကေတာ့ က်ေနာ္လည္း အတိအက် မသိရေသးဘူးေနာ္”

လက္ရွိအခ်ိန္မွာ မြန္နဲ႔ကရင္နယ္စပ္က ေက်းရြာေတြအပါအဝင္ မြန္ျပည္သစ္နဲ႔ KNU တပ္ေတြထိစပ္ေနတဲ့ေနရာေတြ မွာ ပဋိပကၡေတြထပ္ျဖစ္မလားဆိုၿပီး  စိုးရိမ္ေၾကာက္လန္႔ေနတာေတြရွိတယ္လို႔ ေဒသခံေတြကေျပာၾကပါတယ္။

ဘုရားသံုးဆူၿမိဳ႕နယ္နဲ႔ တစ္ဆက္တည္းျဖစ္တဲ့ က်ိဳက္မေရာၿမိဳ႕နယ္ မယ္တီရိုေက်းရြာသားေတြဟာဆိုရင္လည္း ညဘက္မွာ ကိုယ့္အိမ္ကို မအိပ္ရဲၾကဘဲ သူမ်ားေနအိမ္ေတြကို သြားေရာက္အိပ္ေနရတာေတြရွိတယ္လို႔ မယ္တီရိုေက်းရြာက ဆရာေတာ္ကမိန္႔ပါတယ္။

“အေျခအေနကေတာ့ ဒါယကာ ဒါယကာမာေတြကေတာ့ ေၾကာက္ေနၾကတာေပါ့၊ သူတို႔အိပ္တဲ့အခ်ိန္မွာ တျခားအိမ္ေတြဆီ ေျပာင္းအိပ္တယ္ေပါ့ေလ”

မြန္ျပည္သစ္ပါတီနဲ႔႔ KNU အဖြဲ႔ေတြဟာ နယ္ေျမအျငင္းပြားေနတာေၾကာင့္ မြန္ကရင္နယ္စပ္အပါအဝင္ တနသၤာတိုင္းမွာပါ မၾကာခဏ ပစ္ခတ္တာေတြ၊ တိုက္ပြဲေတြျဖစ္ပြားခဲ့ပါတယ္။

မြန္နဲ႔ကရင္တပ္ေတြ ထိေတြ႔တာေတြဟာ နယ္ေျမအျငင္း ပြားရာကေန လူမ်ိဳးေရးအဆင့္အထိ ျဖစ္ႏိုင္တာေၾကာင့္ ႏွစ္ဖက္ေခါင္းေဆာင္ေတြနဲ႔ အစိုးရဟာ အျမန္ဆံုးေျဖ ရွင္းသင့္တယ္လို႔ မြန္ျပည္နယ္အေျခစိုက္ ၿငိမ္းေဖာင္ေဒး ရွင္းအဖြဲ႔က မင္းေအာင္ထူး က ေျပာပါတယ္။

“မြန္ကရင္နယ္ အဲလိုနယ္ေျမေတြ ထပ္တဲ့ေနရာေတြမွာ ပဋိပကၡေတြက ခဏခဏျဖစ္တယ္၊ ဟို ၁၉၈၇၊ ၁၉၈၈ ေလာက္ကလည္း အဲလိုမ်ိဳးအႀကီးအက်ယ္ျဖစ္ခဲ့ဖူးတာ ရွိတယ္၊ ဒီကိစၥဟာ အျမန္မထိန္းသိမ္းႏိုင္ဘူးဆိုရင္ အဲလိုမ်ိဳးအရင္တုန္းကလို ေပါက္ကြဲတာမ်ိဳးျဖစ္သြားခဲ့ရင္ ၿငိမ္းခ်မ္းေရးျဖစ္စဥ္ကိုလည္း တိုက္ရိုက္ထိခိုက္တယ္၊ လူထုအတြက္လည္း အက်ိဳးယုတ္တာေတြျဖစ္ေစမယ္၊ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေတြအားလံုး သေဘာ ထားႀကီးၾကဖိ႔ုလိုမယ္၊ အစိုးရကလည္း ဒီကိစၥကိုအျမန္ဆံုး ထိန္းသိမ္းဖို႔လုိတယ္လို႔ ေျပာခ်င္တယ္”

ကရင္ျပည္နယ္ ၾကာအင္းဆိပ္ႀကီးၿမိဳ႔နယ္မွာ KNU နဲ႔ မြန္ျပည္သစ္ပါတီတို႔ တိုက္ပြဲေတြျဖစ္တာနဲ႔ ပတ္ သက္ၿပီး ကရင္ျပည္နယ္အစိုးရအဖြဲ႔ မြန္တိုင္းရင္းသားေရးရာဝန္ႀကီး မင္းတင္ဝင္းကို RFA က ေမးၾကည့္ရာမွာေတာ့ လံုျခံဳေရးနဲ႔ နယ္စပ္ေရးရာဝန္ႀကီးက ေဆာင္ရြက္ဖို႔ မနက္ျဖန္ အစည္းအေဝးမွာ တင္ျပဖို႔ရွိတယ္လုိ႔ ေျပာပါတယ္။

KNU နဲ႔ မြန္ျပည္သစ္ဟာ မြန္နဲ႔ကရင္လူမ်ိဳးအားလံုးကို ကိုယ္စားမျပဳႏိုင္တာေၾကာင့္ ေနာက္ဆက္တြဲ ျပႆနာေတြ မရွိႏိုင္ဘူးလို႔ မြန္တိုင္းရင္းသားေရးရာဝန္ႀကီး မင္းတင္ဝင္း ကေျပာပါတယ္။

“အဲဒီမြန္ေတြနဲ႔ အဲဒီကရင္ေတြ ခဏခဏထိေတြ႔မႈေတြျဖစ္ေနၾကတာ၊ ကရင္ကလည္း ကရင္အားလံုးကို ကိုယ္ စားျပဳတာ မဟုတ္ပါဘူး၊ မြန္ကလည္း မြန္အားလံုးကို ကိုယ္စားျပဳတာမဟုတ္ပါဘူး၊ သူတို႔ျဖစ္ေနတာေတြဟာ လူမ်ိဳးကိုရိုက္ခတ္မယ္ေတာ့ က်ေနာ္မထင္ပါဘူး”

KNU ဟာ ၂၀၁၃ ခုႏွစ္ကတည္းက အစိုးရနဲ႔ NCA လက္မွတ္ေရးထိုးထားတဲ့အဖြဲ႔ျဖစ္ၿပီး မြန္ျပည္သစ္ပါတီက ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလ ၁၃ရက္ေန႔က NCA လက္မွတ္ေရးထိုးထားတဲ့အဖြဲ႔ေတြ ျဖစ္ၾကပါတယ္။

RFA Burmese
https://www.rfa.org
-----------------
Unicode
တိုက်ပွဲထပ်မဖြစ်ရေး KNU နဲ့ မွန်ပြည်သစ် ဆွေးနွေး

ကေအဲန်ယူ တပ်မဟာ(၇)ဌာနချုပ်မှာ ၂ဝ၁၆ ခုနှစ်ကကျင်းပတဲ့ ၆၇ နှစ်မြောက် ကရင့်တော်လှန်ရေးနေ့ အခမ်းအနားမှာ KNLA တပ်သားတွေကို တွေ့ရစဉ်
Photo: RFA

ပြီးခဲ့တဲ့အောက်တိုဘာလ ၁၇ ရက်နေ့တုန်းက ကရင်နဲ့ မွန်ပြည်နယ်အစပ် ဘုရားသုံးဆူမြို့နယ် ဗလဲ့ဒွန်ဖိုက်ရွာနဲ့ မရမ်းချောင်းဘက်မှာ ကရင်အမျိုးသားအစည်းအရုံး KNUနဲ့ မွန်ပြည်သစ်ပါတီ NMSP တို့  တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး မွန်ပြည်သစ်ပါတီဘက်က ဗိုလ်အဆင့်ရှိ အရာရှိတစ်ယောက် ကျဆုံးခဲ့ပါ တယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ ရက်နေ့က KNU ဂိတ်နံပါတ် ၄ မှာထားရှိတဲ့ အလံတိုင်ကို လာနုတ်ခဲ့တာကြောင့် အခုလိုဖြစ်တာလို့ KNU ဘက်ကပြောဆိုတာတွေရှိပြီး မွန်ပြည်သစ်ပါတီဘက်ကတော့ ငြင်းဆိုထားပြီး KNU က သူတို့နယ်မြေထဲ ဝင်ရောက်ပစ်ခတ်တာလို့ RFA ကို ပြောဆိုထားပါတယ်။

ဒါကြောင့် တပ်တွေတိုက်ပွဲမဖြစ်အောင် နှစ်ဘက်ထိပ်ပိုင်းခေါင်းဆောင်တွေ တွေဆုံဆွေးနွေးတာတွေ ပြုလုပ်ခဲ့ ကြပါတယ်။pado-kwehtoowin-350.jpg

ဒီနေ့မှာ နှစ်ဘက်တပ်တွေ ထပ်ပြီးထိတွေတာတွေမဖြစ်အောင် မြို့နယ်အဆင့်တာဝန်ရှိသူတွေ တိုက်ပွဲဖြစ်ခဲ့ တဲ့နေရာတွေကို သွားရောက်ပြီး တပ်နေရာချထားရေးတွေလုပ်ဖို့ရှိတယ်လို့ KNU ဒုတိယဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

“အဓိကကတော့ အဲမှာသက်ဆိုင်ရာ မြို့နယ်ဥက္ကဋ္ဌနဲ့ သက်ဆိုရာ မွန်ပြည်သစ်ပါတီကလည်း မြို့နယ်ဥက္ကဋ္ဌနဲ့ တပ်ရင်းမှူး၊ ကျနော်တို့ ဘက်ကလည်း သက်ဆိုင်ရာမြို့နယ်ဥက္ကဋ္ဌနဲ့ တပ်ရင်းမှူး အဲမှာ သူတို့အတူတကွ သွား ပြီးတော့ အခင်းဖြစ်တဲ့နေရာကို သွားပြီး စိစစ်ပြီးတော့တပ်တွေကို နောက်ထပ်မဖြစ်ရေးအတွက် သွားပြီးတော့ နေရာပြန်လည်ချထားဖို့ အဲတာတော့ရှိမယ်”

ဒီနေ့မြို့နယ်အဆင့်နှစ်ဖက် တပ်ရင်းမှူးတွေ၊ အုပ်ချုပ်ရေးမှူးတွေ တွေဆုံပွဲအခြေအနေနဲ့ ပတ်သက်ပြီး KNU နဲ့ မွန်ပြည်သစ်ပါတီ တာဝန်ရှိသူတွေကို ဆက်သွယ်ပေမယ့် ဆက်သွယ်လို့်မရခဲ့ပါဘူး။

ဒီလို့နှစ်ဘက်ခေါင်းဆောင်တွေ တိုက်ပွဲတွေမဖြစ်ဖို့ ဆွေးနွေးနေပေမယ့် မနေ့တုန်းက ကြာအင်းဆိပ်ကြီး မြို့နယ်ထဲက ဗလဲ့ဒွန်ဖိုက် (မွန်) ရွာနဲ့ ထီးဝါးဒို့ (ကရင်) ရွာတွေမှာ ပစ်ခတ်မှုတွေရှိခဲ့တယ်လို့ KNU တပ်မဟာ ၆ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ကျနော်ဟိုတခါပြောသလို့ ထီးဝါးဒိုနားမှာပေါ့ အဲနားမှာပဲခင်ဗျ၊ မနေ့တုန်းပစ်ခတ်မှုကတော့ ကျနော်လည်း အတိအကျ မသိရသေးဘူးနော်”

လက်ရှိအချိန်မှာ မွန်နဲ့ကရင်နယ်စပ်က ကျေးရွာတွေအပါအဝင် မွန်ပြည်သစ်နဲ့ KNU တပ်တွေထိစပ်နေတဲ့နေရာတွေ မှာ ပဋိပက္ခတွေထပ်ဖြစ်မလားဆိုပြီး  စိုးရိမ်ကြောက်လန့်နေတာတွေရှိတယ်လို့ ဒေသခံတွေကပြောကြပါတယ်။

ဘုရားသုံးဆူမြို့နယ်နဲ့ တစ်ဆက်တည်းဖြစ်တဲ့ ကျိုက်မရောမြို့နယ် မယ်တီရိုကျေးရွာသားတွေဟာဆိုရင်လည်း ညဘက်မှာ ကိုယ့်အိမ်ကို မအိပ်ရဲကြဘဲ သူများနေအိမ်တွေကို သွားရောက်အိပ်နေရတာတွေရှိတယ်လို့ မယ်တီရိုကျေးရွာက ဆရာတော်ကမိန့်ပါတယ်။

“အခြေအနေကတော့ ဒါယကာ ဒါယကာမာတွေကတော့ ကြောက်နေကြတာပေါ့၊ သူတို့အိပ်တဲ့အချိန်မှာ တခြားအိမ်တွေဆီ ပြောင်းအိပ်တယ်ပေါ့လေ”

မွန်ပြည်သစ်ပါတီနဲ့ KNU အဖွဲ့တွေဟာ နယ်မြေအငြင်းပွားနေတာကြောင့် မွန်ကရင်နယ်စပ်အပါအဝင် တနင်္သာတိုင်းမှာပါ မကြာခဏ ပစ်ခတ်တာတွေ၊ တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။

    တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အားလုံး သဘောထားကြီးကြဖိ့ု လိုမယ်

မွန်နဲ့ကရင်တပ်တွေ ထိတွေ့တာတွေဟာ နယ်မြေအငြင်း ပွားရာကနေ လူမျိုးရေးအဆင့်အထိ ဖြစ်နိုင်တာကြောင့် နှစ်ဖက်ခေါင်းဆောင်တွေနဲ့ အစိုးရဟာ အမြန်ဆုံးဖြေ ရှင်းသင့်တယ်လို့ မွန်ပြည်နယ်အခြေစိုက် ငြိမ်းဖောင်ဒေး ရှင်းအဖွဲ့က မင်းအောင်ထူး က ပြောပါတယ်။

“မွန်ကရင်နယ် အဲလိုနယ်မြေတွေ ထပ်တဲ့နေရာတွေမှာ ပဋိပက္ခတွေက ခဏခဏဖြစ်တယ်၊ ဟို ၁၉၈၇၊ ၁၉၈၈ လောက်ကလည်း အဲလိုမျိုးအကြီးအကျယ်ဖြစ်ခဲ့ဖူးတာ ရှိတယ်၊ ဒီကိစ္စဟာ အမြန်မထိန်းသိမ်းနိုင်ဘူးဆိုရင် အဲလိုမျိုးအရင်တုန်းကလို ပေါက်ကွဲတာမျိုးဖြစ်သွားခဲ့ရင် ငြိမ်းချမ်းရေးဖြစ်စဉ်ကိုလည်း တိုက်ရိုက်ထိခိုက်တယ်၊ လူထုအတွက်လည်း အကျိုးယုတ်တာတွေဖြစ်စေမယ်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအားလုံး သဘော ထားကြီးကြဖိ့ုလိုမယ်၊ အစိုးရကလည်း ဒီကိစ္စကိုအမြန်ဆုံး ထိန်းသိမ်းဖို့လိုတယ်လို့ ပြောချင်တယ်”

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်မှာ KNU နဲ့ မွန်ပြည်သစ်ပါတီတို့ တိုက်ပွဲတွေဖြစ်တာနဲ့ ပတ် သက်ပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့ မွန်တိုင်းရင်းသားရေးရာဝန်ကြီး မင်းတင်ဝင်းကို RFA က မေးကြည့်ရာမှာတော့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးက ဆောင်ရွက်ဖို့ မနက်ဖြန် အစည်းအဝေးမှာ တင်ပြဖို့ရှိတယ်လို့ ပြောပါတယ်။

KNU နဲ့ မွန်ပြည်သစ်ဟာ မွန်နဲ့ကရင်လူမျိုးအားလုံးကို ကိုယ်စားမပြုနိုင်တာကြောင့် နောက်ဆက်တွဲ ပြဿနာတွေ မရှိနိုင်ဘူးလို့ မွန်တိုင်းရင်းသားရေးရာဝန်ကြီး မင်းတင်ဝင်း ကပြောပါတယ်။

“အဲဒီမွန်တွေနဲ့ အဲဒီကရင်တွေ ခဏခဏထိတွေ့မှုတွေဖြစ်နေကြတာ၊ ကရင်ကလည်း ကရင်အားလုံးကို ကိုယ် စားပြုတာ မဟုတ်ပါဘူး၊ မွန်ကလည်း မွန်အားလုံးကို ကိုယ်စားပြုတာမဟုတ်ပါဘူး၊ သူတို့ဖြစ်နေတာတွေဟာ လူမျိုးကိုရိုက်ခတ်မယ်တော့ ကျနော်မထင်ပါဘူး”

KNU ဟာ ၂၀၁၃ ခုနှစ်ကတည်းက အစိုးရနဲ့ NCA လက်မှတ်ရေးထိုးထားတဲ့အဖွဲ့ဖြစ်ပြီး မွန်ပြည်သစ်ပါတီက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၃ရက်နေ့က NCA လက်မှတ်ရေးထိုးထားတဲ့အဖွဲ့တွေ ဖြစ်ကြပါတယ်။

RFA Burmese
https://www.rfa.org
တုိက္ပြဲထပ္မျဖစ္ေရး KNU နဲ႔ မြန္ျပည္သစ္ ေဆြးေႏြး တုိက္ပြဲထပ္မျဖစ္ေရး KNU နဲ႔ မြန္ျပည္သစ္ ေဆြးေႏြး Reviewed by THITHTOOLWIN on 00:25 Rating: 5
Powered by Blogger.