ဆီးရီးယားအေ႐ွ႕ေျမာက္ ေရနံေျမ ကန္တပ္ဖြဲ႕ ဆက္လက္ထား႐ွိ

Zawgyi
ဆီးရီးယား ႏုိင္ငံ အေရွ႕ေျမာက္ပိုင္းက ေရနံ လုပ္ကြက္ေတြကို အစၥလာမၼစ္ အစြန္းေရာက္ IS စစ္ေသြးၾကြေတြ သိမ္းယူသြားမယ့္ အေရးကေန ကာကြယ္ေပးဖို႔ အတြက္ အဲဒီ အနီးတ၀ိုက္မွာ အေမရိကန္ တပ္ဖြဲ႔ တခ်ိဳ႕ ဆက္လက္ တပ္ခ်ထားေၾကာင္း ကာကြယ္ေရး ၀န္ႀကီး Mark Esper က တနလာၤေန႔မွာ ေျပာပါတယ္။

အေမရိကန္ သမၼတ Donald Trump ရဲ႕ ညႊန္ၾကားခ်က္နဲ႔ ဆီးရီးယား ႏုိင္ငံ ေျမာက္ပိုင္းကေန အေမရိကန္တပ္ဖြဲ႔ေတြ ျပန္လည္ ရုပ္သိမ္းေနတာမွာ တနလာၤေန႔ကေတာ့ ကား အစီး ၁၀၀ ေက်ာ္ပါတဲ႔ ယာဥ္တန္းနဲ႔ အေမရိကန္ တပ္ဖြဲ႔ေတြ ဆီးရီးယားကေန အီရတ္ဘက္ကို ျဖတ္ေက်ာ္လာခဲ႔ပါတယ္။

ဒါေပမယ့္လည္း ေရနံတြင္းေတြ အနီးမွာေတာ့ ကာဒ္႔ေတြ ဦးေဆာင္တဲ႔ ဆီးရီးယား ဒီမိုကရက္တစ္ တပ္ဖြဲ႔ေတြနဲ႔ အတူ အေမရိကန္ တပ္ဖြဲ႔ တခ်ိဳ႕ ကင္းလွည့္ေနဆဲ ျဖစ္ပါတယ္လို႔ ကာကြယ္ေရး ၀န္ႀကီး Esper က ေျပာပါတယ္။ တပ္ဖြဲ႔၀င္ အေရအတြက္နဲ႔ ပတ္သက္ၿပီးေတာ့ ေရရွည္အတြက္ ဆံုးျဖတ္ခ်က္ မရွိေသးသလို သမၼတ Trump တင္ျပထားတဲ႔ အစီအစဥ္လည္း မရွိဘူးလို႔ ကာကြယ္ေရး ၀န္ႀကီးက ေျပာပါတယ္။

သမၼတ Trump ကေတာ့ ေရနံ လုပ္ငန္းေတြကို ကာကြယ္ေပးထားတယ္လို႔ တနဂၤေႏြေန႔က တြစ္တာမွာ ေရးပါတယ္။ ေဒသအနီးက ၿမိဳ႕ ၂ ၿမိဳ႕မွာ အေမရိကန္ တပ္ဖြဲ႔ေတြ ရွိေနေၾကာင္း ၀န္ႀကီး Esper က ေျပာပါတယ္။ အထူးသျဖင့္ေတာ့ အဖ်က္အေမွာင့္လုပ္ရပ္ေတြ အတြက္ ေငြရွာေနတဲ႔ တျခား အဖြဲ႔အစည္းေတြနဲ႔ အစၥလာမၼစ္ အစြန္းေရာက္ IS အဖြဲ႔ တို႔ ဘ႑ာေငြေၾကး မရဖို႔ ရည္ရြယ္တာ ျဖစ္ေၾကာင္းလည္း ၀န္ႀကီးက ေျပာပါတယ္။

.....................

{Unicode}

ဆီးရီးယားအရှေ့မြောက် ရေနံမြေ ကန်တပ်ဖွဲ့ ဆက်လက်ထားရှိ

ဆီးရီးယား နိုင်ငံ အရှေ့မြောက်ပိုင်းက ရေနံ လုပ်ကွက်တွေကို အစ္စလာမ္မစ် အစွန်းရောက် IS စစ်သွေးကြွတွေ သိမ်းယူသွားမယ့် အရေးကနေ ကာကွယ်ပေးဖို့ အတွက် အဲဒီ အနီးတဝိုက်မှာ အမေရိကန် တပ်ဖွဲ့ တချို့ ဆက်လက် တပ်ချထားကြောင်း ကာကွယ်ရေး ဝန်ကြီး Mark Esper က တနလာၤနေ့မှာ ပြောပါတယ်။

အမေရိကန် သမ္မတ Donald Trump ရဲ့ ညွှန်ကြားချက်နဲ့ ဆီးရီးယား နိုင်ငံ မြောက်ပိုင်းကနေ အမေရိကန်တပ်ဖွဲ့တွေ ပြန်လည် ရုပ်သိမ်းနေတာမှာ တနလာၤနေ့ကတော့ ကား အစီး ၁၀၀ ကျော်ပါတဲ့ ယာဉ်တန်းနဲ့ အမေရိကန် တပ်ဖွဲ့တွေ ဆီးရီးယားကနေ အီရတ်ဘက်ကို ဖြတ်ကျော်လာခဲ့ပါတယ်။

ဒါပေမယ့်လည်း ရေနံတွင်းတွေ အနီးမှာတော့ ကာဒ့်တွေ ဦးဆောင်တဲ့ ဆီးရီးယား ဒီမိုကရက်တစ် တပ်ဖွဲ့တွေနဲ့ အတူ အမေရိကန် တပ်ဖွဲ့ တချို့ ကင်းလှည့်နေဆဲ ဖြစ်ပါတယ်လို့ ကာကွယ်ရေး ဝန်ကြီး Esper က ပြောပါတယ်။ တပ်ဖွဲ့ဝင် အရေအတွက်နဲ့ ပတ်သက်ပြီးတော့ ရေရှည်အတွက် ဆုံးဖြတ်ချက် မရှိသေးသလို သမ္မတ Trump တင်ပြထားတဲ့ အစီအစဉ်လည်း မရှိဘူးလို့ ကာကွယ်ရေး ဝန်ကြီးက ပြောပါတယ်။

သမ္မတ Trump ကတော့ ရေနံ လုပ်ငန်းတွေကို ကာကွယ်ပေးထားတယ်လို့ တနင်္ဂနွေနေ့က တွစ်တာမှာ ရေးပါတယ်။ ဒေသအနီးက မြို့ ၂ မြို့မှာ အမေရိကန် တပ်ဖွဲ့တွေ ရှိနေကြောင်း ဝန်ကြီး Esper က ပြောပါတယ်။ အထူးသဖြင့်တော့ အဖျက်အမှောင့်လုပ်ရပ်တွေ အတွက် ငွေရှာနေတဲ့ တခြား အဖွဲ့အစည်းတွေနဲ့ အစ္စလာမ္မစ် အစွန်းရောက် IS အဖွဲ့ တို့ ဘဏ္ဍာငွေကြေး မရဖို့ ရည်ရွယ်တာ ဖြစ်ကြောင်းလည်း ဝန်ကြီးက ပြောပါတယ်။

ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
ဆီးရီးယားအေ႐ွ႕ေျမာက္ ေရနံေျမ ကန္တပ္ဖြဲ႕ ဆက္လက္ထား႐ွိ ဆီးရီးယားအေ႐ွ႕ေျမာက္ ေရနံေျမ ကန္တပ္ဖြဲ႕ ဆက္လက္ထား႐ွိ Reviewed by THITHTOOLWIN on 09:52 Rating: 5
Powered by Blogger.