တိုက္ပြဲျပင္းထန္လို႔ ႏွစ္ဖက္အက်အဆံုး မ်ားေၾကာင္း AA ထုတ္ျပန္

ရခိုင္ျပည္နယ္ ေျမာက္ဦး၊ မင္းျပားနဲ႔ ပုဏၰားကၽြန္းၿမိဳ႕နယ္ ေျမပံုကို ေတြ႔ရစဥ္
Zawgyi
ေအာက္တိုဘာလ ၁၉ ရက္ေန႔ကေန ၂၁ ရက္အတြင္း  ေျမာက္ဦး၊ မင္းျပားနဲ႔ ပုဏၰားကၽြန္းၿမိဳ႕နယ္ ေတြမွာ တပ္မ ၅၅ လက္ေအာက္ခံစစ္ေၾကာင္းေတြနဲ႔ ရကၡိဳင့္တပ္ေတာ္ AA တို႔ တိုက္ပြဲေတြ ျပင္းျပင္းထန္ထန္ျဖစ္ပြားခဲ့ၿပီး ႏွစ္ဖက္လုံးက က်ဆုံးတာေတြ၊ ဒဏ္ရာရွိတာေတြရွိခဲ့တယ္လို႔ တပ္မေတာ္နဲ႔ AA ႏွစ္ဖက္လုံးက သတင္းထုတ္ျပန္ထားပါတယ္။

ဒီရက္ပိုင္းအတြင္း ျဖစ္ပြားခဲ့တဲ့ တိုက္ပြဲေတြကေန AA ဘက္က အားကစားအကၤ်ီ၊ ေဘာင္းဘီေတြ ဝတ္ဆင္ထားတဲ့ ႐ုပ္အေလာင္း ကိုးေလာင္း အပါအဝင္ လက္နက္နဲ႔က်ည္ေတြ သိမ္းပိုက္ရရွိခဲ့သလို တပ္မေတာ္ဘက္ကလည္း AA ဘက္က အရာရွိနဲ႔ စစ္သည္အခ်ိဳ႕ က်ဆုံးခဲ့တယ္လို႔ တပ္မေတာ္ျမဝတီသတင္းဌာနရဲ႕ ထုတ္ျပန္ခ်က္ေတြမွာ ေဖာ္ျပထားပါတယ္။

ဒီျဖစ္စဥ္ေတြနဲ႔ ပတ္သက္ၿပီး ရကၡိဳင့္တပ္ေတာ္ AA ဘက္က ႏွစ္ဦးက်ဆုံးခဲ့သလို တခ်ိဳ႕ဒဏ္ရရွိခဲ့ၿပီး တပ္မေတာ္ စစ္ေၾကာင္းဘက္က က်ဆုံးသူ ၃၅ ဦးအထက္ရွိတယ္လို႔  ေျပာေရးဆိုခြင့္ရွိသူ ခိုင္သုခက ေျပာပါတယ္။

"ကၽြန္ေတာ္တို႔ဘက္ေနၿပီးေတာ့ အာရကၡစစ္သည္ ႏွစ္ဦး က်ဆုံး တာရွိတယ္။ ေနာက္ၿပီးေတာ့ တခ်ိဳ႕ ဒဏ္ရာရတာရွိတယ္။ ဒဏ္ရာရတာကေတာ့ နည္းနည္းပါးပါးပါပဲ။ ရခိုင္ျပည္ မင္းျပားရယ္၊ ေနာက္ၿပီးေတာ့ ေျမာက္ဦးရယ္၊ ပုဏၰားကၽြန္းေပါ့ေနာ္ အဲဒီျဖစ္ စဥ္ေတြ အားလုံးေပါင္းလိုက္မယ္ဆိုရင္ ရန္သူဘက္က အနည္းဆုံး ၃၅ ေယာက္အထက္ က်ဆုံးတာရွိတယ္"

အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တိုင္းဦးစီး ဗိုလ္မွဴးႀကီး ဝင္းေဇာ္ဦး ကေတာ့ AA ဘက္က ထုတ္ျပန္ေျပာဆိုထားတာေတြနဲ႔ ပတ္သက္ၿပီး ဘာမွမွတ္ခ်က္မေပးလိုေၾကာင္းနဲ႔ ေအာက္တိုဘာလ ၂၀ ရက္နဲ႔ ၂၁ ေန႔ ညပိုင္းက လကၠာရြာအနီးမွာေတာ့ တိုက္ပြဲျဖစ္ပြားခဲ့ၿပီး AA ဘက္က ႐ုပ္အေလာင္းနဲ႔ လက္နက္ေတြရရွိခဲ့ၿပီး တပ္မေတာ္ဘက္က ဒဏ္ရာရရွိတာ အနည္းအက်ဥ္းရွိတယ္လို႔ ဗိုလ္မွဴးႀကီး ဝင္းေဇာ္ဦး က RFA ကို ေျပာပါတယ္။

"ထုတ္ျပန္ျခင္း၊ မထုတ္ျပန္ျခင္းေတာ့ ကၽြန္ေတာ္ဘာမွေတာ့ မွတ္ခ်က္မေပးလိုေတာ့ဘူး။ ျဖစ္တာကေတာ့ မေန႔ည ၂၀ ရက္ေန႔၊ ၂၁ ရက္ေန႔ကေတာ့ လကၠာနားမွာျဖစ္တဲ့ တိုက္ပြဲေတာ့ရွိတယ္။ အဲဒီမွာလည္း ကၽြန္ေတာ္တို႔ အေလာင္းလက္နက္ရတာေတြရွိတယ္။ ဒါကေတာ့ ကၽြန္ေတာ္ေျပာထားၿပီးသားေပါ့ေနာ္။ ကၽြန္ေတာ္တို႔ဆီက ဒဏ္ရာရတာ အနည္းအက်ဥ္းရွိတယ္။ ဒါကလြဲလို႔ ကၽြန္ေတာ္တို႔ဆီက လက္နက္ေတြ ပစၥည္းေတြပါတယ္ဆိုတာ မရွိဘူးဗ်"

လကၠာရြာမွာ ျဖစ္ပြားခဲ့တဲ့ တိုက္ပြဲေတြေၾကာင့္ ရြာလုံးကၽြတ္ ထြက္ေျပးတိမ္းေရွာင္ေနၾကရတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

ေဒသခံေတြအေနနဲ႔ သူတို႔ေနအိမ္ေတြ နဲ႔ လယ္ေတြ စိုက္ပ်ိဳးထားတာ ရိတ္သိမ္းရေတာ့မွာျဖစ္တဲ့အတြက္ သြားေရာက္ၾကည့္ခ်င္ေပမယ့္ မၾကည့္ရဲဘူးလို႔ လုံျခံဳေရးအရ အမည္မေဖာ္လိုတဲ့ လကၠာရြာသူ တစ္ဦးက ေျပာပါတယ္။

    ရြာကိုေတာ့သြားခ်င္တယ္ သူတို႔ရွိေနေတာ့ ကၽြန္မတို႔ မသြားရဲဘူး

"လကၠာရြာမွာ တပ္မေတာ္က တပ္စြဲၿပီးေနေနတယ္။ ရြာထဲ ကေန လက္နက္ႀကီးေတြနဲ႔ ပစ္ေနတယ္။ ရြာမွာ လူတစ္ေယာက္မွ မရွိတာက တပတ္ေလာက္ရွိၿပီ။ သူတို႔က ဝင္ေနတာကေတာ့ ေလး၊ ငါးရက္ေလာက္ရွိၿပီ တပ္မေတာ္က။ ကၽြန္မတို႔က ကိုယ့္အိမ္ ကိုယ့္ရြာကို ပ်က္စီးတယ္ မပ်က္စီး ဘူးဆိုတာ သြားၾကည့္ခ်င္တယ္။ အဲဒီမွာ လယ္ေတြ ဘာေတြလုပ္ထားတယ္။ စပါးေတြ ဘာေတြကို ကၽြန္မတို႔က သိမ္းရေတာ့မယ္။ ရြာကိုေတာ့သြားခ်င္တယ္၊ သူတို႔ရွိေနေတာ့ ကၽြန္မတို႔ မသြားရဲဘူး"

ေျမာက္ဦးၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးထြန္းသာစိန္ ကေတာ့ အခုလို တိုက္ပြဲေတြေၾကာင့္ ေဒသခံေတြဟာ ေျမစာပင္ ျဖစ္ေနရတဲ့အေၾကာင္းနဲ႔ ႏွစ္ဖက္အဖြဲ႕အစည္းေတြက သေဘာထားႀကီးၿပီး အပစ္အခတ္ရပ္မယ္ဆိုရင္ေတာ့ ေဒသခံေတြအေနနဲ႔ ကိုယ့္အိမ္၊ ကိုယ့္ယာမွာ မိသားစုနဲ႔အတူ ေနႏိုင္မယ္လို႔ ေျပာပါတယ္။

"ေဒသခံေတြဟာ ေျမစာပင္ျဖစ္ေနရတဲ့ အေနအထားမွာ ရွိပါတယ္။ ႏွစ္ဖက္အဖြဲ႕အစည္းေတြက သေဘာထားႀကီးၿပီးေတာ့ အပစ္အခတ္ ရပ္စဲမယ္ဆိုရင္ေတာ့ ကၽြန္ေတာ္တို႔ ေဒသခံေတြအေနနဲ႔ ကိုယ့္ လယ္ယာလုပ္ငန္းခြင္ကိုလည္း စိတ္ခ်လက္ခ်ဝင္လို႔ရမယ္။ ၿပီးေတာ့ ကိုယ့္အိမ္၊ ကိုယ့္ယာမွာလည္း ကိုယ့္မိသားစုနဲ႔ အတူတကြေနႏိုင္ မယ္ေပါ့ေနာ္"

ေအာက္တိုဘာလ ၁၉ ရက္ေန႔ကလည္း အဲဒီရြာအနီးမွာ ႏွစ္ဖက္တိုက္ ပြဲေတြ ျပင္းထန္ခဲ့တာေၾကာင့္ ထြက္ေျပးရင္းနဲ႔ စက္ေလွေမွာက္ၿပီး ေဝသာလီရြာက ၁၃ ႏွစ္အရြယ္ ကိုးတန္းေက်ာင္းသူတစ္ဦးနဲ႔ သံုးႏွစ္အရြယ္ ကေလးတစ္ေယာက္ ေရနစ္ေသဆုံးခဲ့ပါတယ္။

ဒါ့အျပင္ မေန႔က ေအာက္တုိဘာလ ၂၁ ရက္ေန႔ကလည္း ရေသ့ေတာင္၊ ဘူးသီးေတာင္နဲ႔ မင္းျပားၿမိဳ႕နယ္တို႔က ရြာတခ်ဳိ႕ကို လက္နက္ႀကီးက်ည္ဆံ က်ေရာက္ေပါက္ကြဲ ခဲ့တာေၾကာင့္ ကေလးေတြအပါအဝင္ ေဒသခံအရပ္သားတခ်ိဳ႕ ထိခိုက္ဒဏ္ရာရရွိမႈေတြရွိခဲ့ပါတယ္။

ရခိုင္ျပည္နယ္မွာ ၿပီးခဲ့တဲ့ဒီဇင္ဘာလေလာက္ကေန ဒီေန႔အထိ တိုက္ပြဲကာလအတြင္း အရပ္သားေသဆံုးသူ ၉၀ ေက်ာ္နဲ႔ ထိခိုက္ဒဏ္ရာရတာ ၁၃၀ ေက်ာ္အထိ ရိွလာေနၿပီလို႔ ေဒသခံေတြ ေျပာပါတယ္။

RFA Burmese
https://www.rfa.org
--------------
Unicode
တိုက်ပွဲပြင်းထန်လို့ နှစ်ဖက်အကျအဆုံး များကြောင်း AA ထုတ်ပြန်

ရခိုင်ပြည်နယ် မြောက်ဦး၊ မင်းပြားနဲ့ ပုဏ္ဏားကျွန်းမြို့နယ် မြေပုံကို တွေ့ရစဉ်
Photo: Google Map

အောက်တိုဘာလ ၁၉ ရက်နေ့ကနေ ၂၁ ရက်အတွင်း  မြောက်ဦး၊ မင်းပြားနဲ့ ပုဏ္ဏားကျွန်းမြို့နယ် တွေမှာ တပ်မ ၅၅ လက်အောက်ခံစစ်ကြောင်းတွေနဲ့ ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီး နှစ်ဖက်လုံးက ကျဆုံးတာတွေ၊ ဒဏ်ရာရှိတာတွေရှိခဲ့တယ်လို့ တပ်မတော်နဲ့ AA နှစ်ဖက်လုံးက သတင်းထုတ်ပြန်ထားပါတယ်။

ဒီရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကနေ AA ဘက်က အားကစားအင်္ကျီ၊ ဘောင်းဘီတွေ ဝတ်ဆင်ထားတဲ့ ရုပ်အလောင်း ကိုးလောင်း အပါအဝင် လက်နက်နဲ့ကျည်တွေ သိမ်းပိုက်ရရှိခဲ့သလို တပ်မတော်ဘက်ကလည်း AA ဘက်က အရာရှိနဲ့ စစ်သည်အချို့ ကျဆုံးခဲ့တယ်လို့ တပ်မတော်မြဝတီသတင်းဌာနရဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။

ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး ရက္ခိုင့်တပ်တော် AA ဘက်က နှစ်ဦးကျဆုံးခဲ့သလို တချို့ဒဏ်ရရှိခဲ့ပြီး တပ်မတော် စစ်ကြောင်းဘက်က ကျဆုံးသူ ၃၅ ဦးအထက်ရှိတယ်လို့  ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောပါတယ်။

"ကျွန်တော်တို့ဘက်နေပြီးတော့ အာရက္ခစစ်သည် နှစ်ဦး ကျဆုံး တာရှိတယ်။ နောက်ပြီးတော့ တချို့ ဒဏ်ရာရတာရှိတယ်။ ဒဏ်ရာရတာကတော့ နည်းနည်းပါးပါးပါပဲ။ ရခိုင်ပြည် မင်းပြားရယ်၊ နောက်ပြီးတော့ မြောက်ဦးရယ်၊ ပုဏ္ဏားကျွန်းပေါ့နော် အဲဒီဖြစ် စဉ်တွေ အားလုံးပေါင်းလိုက်မယ်ဆိုရင် ရန်သူဘက်က အနည်းဆုံး ၃၅ ယောက်အထက် ကျဆုံးတာရှိတယ်"

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦး ကတော့ AA ဘက်က ထုတ်ပြန်ပြောဆိုထားတာတွေနဲ့ ပတ်သက်ပြီး ဘာမှမှတ်ချက်မပေးလိုကြောင်းနဲ့ အောက်တိုဘာလ ၂၀ ရက်နဲ့ ၂၁ နေ့ ညပိုင်းက လက္ကာရွာအနီးမှာတော့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး AA ဘက်က ရုပ်အလောင်းနဲ့ လက်နက်တွေရရှိခဲ့ပြီး တပ်မတော်ဘက်က ဒဏ်ရာရရှိတာ အနည်းအကျဉ်းရှိတယ်လို့ ဗိုလ်မှူးကြီး ဝင်းဇော်ဦး က RFA ကို ပြောပါတယ်။

"ထုတ်ပြန်ခြင်း၊ မထုတ်ပြန်ခြင်းတော့ ကျွန်တော်ဘာမှတော့ မှတ်ချက်မပေးလိုတော့ဘူး။ ဖြစ်တာကတော့ မနေ့ည ၂၀ ရက်နေ့၊ ၂၁ ရက်နေ့ကတော့ လက္ကာနားမှာဖြစ်တဲ့ တိုက်ပွဲတော့ရှိတယ်။ အဲဒီမှာလည်း ကျွန်တော်တို့ အလောင်းလက်နက်ရတာတွေရှိတယ်။ ဒါကတော့ ကျွန်တော်ပြောထားပြီးသားပေါ့နော်။ ကျွန်တော်တို့ဆီက ဒဏ်ရာရတာ အနည်းအကျဉ်းရှိတယ်။ ဒါကလွဲလို့ ကျွန်တော်တို့ဆီက လက်နက်တွေ ပစ္စည်းတွေပါတယ်ဆိုတာ မရှိဘူးဗျ"

လက္ကာရွာမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတွေအနေနဲ့ သူတို့နေအိမ်တွေ နဲ့ လယ်တွေ စိုက်ပျိုးထားတာ ရိတ်သိမ်းရတော့မှာဖြစ်တဲ့အတွက် သွားရောက်ကြည့်ချင်ပေမယ့် မကြည့်ရဲဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လက္ကာရွာသူ တစ်ဦးက ပြောပါတယ်။

    ရွာကိုတော့သွားချင်တယ် သူတို့ရှိနေတော့ ကျွန်မတို့ မသွားရဲဘူး

"လက္ကာရွာမှာ တပ်မတော်က တပ်စွဲပြီးနေနေတယ်။ ရွာထဲ ကနေ လက်နက်ကြီးတွေနဲ့ ပစ်နေတယ်။ ရွာမှာ လူတစ်ယောက်မှ မရှိတာက တပတ်လောက်ရှိပြီ။ သူတို့က ဝင်နေတာကတော့ လေး၊ ငါးရက်လောက်ရှိပြီ တပ်မတော်က။ ကျွန်မတို့က ကိုယ့်အိမ် ကိုယ့်ရွာကို ပျက်စီးတယ် မပျက်စီး ဘူးဆိုတာ သွားကြည့်ချင်တယ်။ အဲဒီမှာ လယ်တွေ ဘာတွေလုပ်ထားတယ်။ စပါးတွေ ဘာတွေကို ကျွန်မတို့က သိမ်းရတော့မယ်။ ရွာကိုတော့သွားချင်တယ်၊ သူတို့ရှိနေတော့ ကျွန်မတို့ မသွားရဲဘူး"

မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန် ကတော့ အခုလို တိုက်ပွဲတွေကြောင့် ဒေသခံတွေဟာ မြေစာပင် ဖြစ်နေရတဲ့အကြောင်းနဲ့ နှစ်ဖက်အဖွဲ့အစည်းတွေက သဘောထားကြီးပြီး အပစ်အခတ်ရပ်မယ်ဆိုရင်တော့ ဒေသခံတွေအနေနဲ့ ကိုယ့်အိမ်၊ ကိုယ့်ယာမှာ မိသားစုနဲ့အတူ နေနိုင်မယ်လို့ ပြောပါတယ်။

"ဒေသခံတွေဟာ မြေစာပင်ဖြစ်နေရတဲ့ အနေအထားမှာ ရှိပါတယ်။ နှစ်ဖက်အဖွဲ့အစည်းတွေက သဘောထားကြီးပြီးတော့ အပစ်အခတ် ရပ်စဲမယ်ဆိုရင်တော့ ကျွန်တော်တို့ ဒေသခံတွေအနေနဲ့ ကိုယ့် လယ်ယာလုပ်ငန်းခွင်ကိုလည်း စိတ်ချလက်ချဝင်လို့ရမယ်။ ပြီးတော့ ကိုယ့်အိမ်၊ ကိုယ့်ယာမှာလည်း ကိုယ့်မိသားစုနဲ့ အတူတကွနေနိုင် မယ်ပေါ့နော်"

အောက်တိုဘာလ ၁၉ ရက်နေ့ကလည်း အဲဒီရွာအနီးမှာ နှစ်ဖက်တိုက် ပွဲတွေ ပြင်းထန်ခဲ့တာကြောင့် ထွက်ပြေးရင်းနဲ့ စက်လှေမှောက်ပြီး ဝေသာလီရွာက ၁၃ နှစ်အရွယ် ကိုးတန်းကျောင်းသူတစ်ဦးနဲ့ သုံးနှစ်အရွယ် ကလေးတစ်ယောက် ရေနစ်သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် မနေ့က အောက်တိုဘာလ ၂၁ ရက်နေ့ကလည်း ရသေ့တောင်၊ ဘူးသီးတောင်နဲ့ မင်းပြားမြို့နယ်တို့က ရွာတချို့ကို လက်နက်ကြီးကျည်ဆံ ကျရောက်ပေါက်ကွဲ ခဲ့တာကြောင့် ကလေးတွေအပါအဝင် ဒေသခံအရပ်သားတချို့ ထိခိုက်ဒဏ်ရာရရှိမှုတွေရှိခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ဒီဇင်ဘာလလောက်ကနေ ဒီနေ့အထိ တိုက်ပွဲကာလအတွင်း အရပ်သားသေဆုံးသူ ၉၀ ကျော်နဲ့ ထိခိုက်ဒဏ်ရာရတာ ၁၃၀ ကျော်အထိ ရှိလာနေပြီလို့ ဒေသခံတွေ ပြောပါတယ်။

RFA Burmese
https://www.rfa.org
တိုက္ပြဲျပင္းထန္လို႔ ႏွစ္ဖက္အက်အဆံုး မ်ားေၾကာင္း AA ထုတ္ျပန္ တိုက္ပြဲျပင္းထန္လို႔ ႏွစ္ဖက္အက်အဆံုး မ်ားေၾကာင္း AA ထုတ္ျပန္ Reviewed by THITHTOOLWIN on 00:27 Rating: 5
Powered by Blogger.