KIA နဲ႔ျမန္စစ္တပ္ တႏွစ္အတြင္း ပထမဆုံးအႀကိမ္ တိုက္ပြဲငယ္ျဖစ္ပြား

KIA နဲ႔ျမန္စစ္တပ္ တႏွစ္အတြင္း ပထမဆုံးအႀကိမ္ တိုက္ပြဲငယ္ျဖစ္ပြား
ကခ်င္ျပည္နယ္ ဆင္ဘိုၿမိဳ႔အနီးမွာ တနလၤာေန႔က တပ္မေတာ္နဲ႔ျဖစ္ပြားတဲ့ တုိက္ပဲြေၾကာင့္ အရပ္သား ၂ဦး မိုင္းထိၿပီး KIA ရဲေဘာ္ ၂ေယာက္ ေပ်ာက္ဆံုးေနေၾကာင္း KIA ေျပာခြင့္ရသူက ေျပာပါတယ္။ ဒါဟာ ဒီႏွစ္အတြင္း ကခ်င္ျပည္နယ္မွာ ပထမဆံုး ျဖစ္ပြားတဲ့ တုိက္ပဲြျဖစ္ၿပီး အဲဒီေနာက္မွာေတာ့ ဆက္လက္ ျဖစ္ပြားတာ မရိွေၾကာင္းလည္း ေျပာပါတယ္။ ဒီသတင္းကိုေတာ့ ဗြီအုိေအျမန္မာပိုင္းရဲ႕ သတင္းေထာက္ ကိုမုိးေဇာ္က တင္ျပထားပါတယ္။

အစိုးရတပ္မေတာ္က ၿပီးတဲ့ႏွစ္ ဒီဇင္ဘာလက စတင္ၿပီး အပစ္ရပ္ေၾကညာခဲ့တဲ့ေနာက္ ကခ်င္ျပည္နယ္ အတြင္းမွာ တုိက္ပဲြေတြၿငိမ္သက္ေနခဲ့ရာက ဒီလ ၁၄ရက္ေန႔မွာေတာ့ ပထမဆံုးအၾကိမ္ KIA ကခ်င္တပ္ဖဲြ႔နဲ႔ ထိေတြ႔မႈျဖစ္ပြားခဲ့တာပါ။

တိုက္ပဲြျဖစ္ပြားခဲ့တဲ့အေျခအေနကို KIA ရဲ့ ေျပာေရးဆိုခြင့္ရိွသူ ဗိုလ္မႈးၾကီးေနာ္ဘူက အခုလို ေျပာပါတယ္။

“ တပ္ရင္း၅ က်ေနာ္တုိ႔ လႈပ္ရွားနယ္ေျမထဲမွာ က်ေနာ္တုိ႔ တပ္ေတြကလည္း နယ္လွည့္သြားတဲ့အခ်ိန္မွာ ေပါ့ေနာ္။ က်ေနာ္တုိ႔ဘက္က ၀န္ထမ္းေတြ ဖ်ားေနလို႔ ေရွ႔တန္းကာကင္းေပါ့။ post အေဟာင္းထဲမွာ ခဏထားတယ္တဲ့ ။ ထားတဲ့အခ်ိန္မွာ ဆင္ဘိုကေလ တပ္မေတာ္က ခလရ ၁၄၁ေပါ့။သူက ရြာသားေတြကို လမ္းျပခိုင္းၿပီးမွ သြား၀ိုင္းၿပီးမွ ပစ္တယ္လို႔ သတင္းေတြက အဲလို ထြက္ပါတယ္။ က်ေနာ္တို႔ စံုစမ္းတာ အဲလို ရပါတယ္။ ဆုိေတာ့ ရြာသား ၂ဦးကေတာ့ က်ေနာ္တုိ႔ လံုၿခံဳေရးမုိင္းေပါ့ေနာ္။ ေပါက္ကဲြထိမွန္ၿပီးေတာ့ ခုေတာ့ ဟို ျမစ္ႀကီးနား မပခ ေဆးရံုမွာ ေဆးရံုတက္တယ္ဆုိတဲ့သတင္းလည္း ဆက္ၿပီးမွ စံုစမ္းရရိွပါတယ္ခင္ဗ်။”

ဆက္လက္ၿပီး KIA ရဲေဘာ္ေတြ ေပ်ာက္ဆံုးေနေၾကာင္းလည္း အခုလုိ ေျပာပါတယ္။

“ က်ေနာ္တို႔ ဘက္က ဖ်ားေနတဲ့ တစ္ေယာက္ကေတာ့ လြတ္ေျမာက္သြားၿပီးမွ သူ႔ကို ၾကည့္ေနတဲ့ ရဲေဘာ္ ၂ဦးကေတာ့ အခုထက္ထိ ထြက္မလာဘူးလုိ႔ သတင္းက အဲလို ရပါတယ္။ ဒါေပမဲ့ အဲဒီ ၂ေယာက္ ဘယ္ေရာက္သြားလဲ လြတ္ေျမာက္သြားၿပီလား။ တပ္မေတာ္ သူတို႔ လက္ထဲမွာ ေရာက္သြားသလား ဆိုတာကေတာ့ အတိအက်ခဲြျခားလုိ႔ မရေသးဘူးခင္ဗ်။”

၁၄ရက္ေန႔ ေနာက္ပိုင္းတိုက္ပဲြမရိွေၾကာင္းနဲ႔ တုိက္ပဲြျဖစ္ပြားတာနဲ႔ ပတ္သက္ၿပီး လုိအပ္ရင္ ႏွစ္ဘက္ ေဆြးေႏြးသြားမွာျဖစ္ေၾကာင္းဗိုလ္မႈးၾကီးေနာ္ဘူက ေျပာပါတယ္။

“ ဘာမွ မျဖစ္ဘူး။ အားလံုးက တည္တည္ၿငိမ္ၿငိမ္ပဲ ျဖစ္ပါတယ္။ အခု ဒီမနက္ပိုင္းမွ ေအာက္ေျခက သတင္းေတြ ဒီမနက္ပိုင္းမွ တက္လာလို႔ ေလ။ အခုဆက္ၿပီးေတာ့ လိုအပ္လုိရိွရင္ေတာ့ ေဆြးေႏြးမွာေပါ့။ အခုေလာေလာဆည္ေတာ့ မရိွေသးဘူးခင္ဗ်။”

တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖဲြ႔ အတြင္းေရးမႈး ဗုိလ္မႈးခ်ဳပ္ ေဇာ္မင္းထြန္းကေတာ့ ထိေတြ႔မႈသာ ျဖစ္ပြားေၾကာင္း ေနာက္ပိုင္း ထပ္မံမျဖစ္ေၾကာင္းအခုလုိ ေျပာပါတယ္။

“က်ေနာ္တို႔ ၁၄ရက္ေန႔တုန္း ကလားမသိဘူး။ အဲဒီတုန္းက တစ္ရက္။ အဲဒီတစ္ခါပဲ ရိွတယ္။ အဲဒီျဖစ္စဥ္ တစ္ခုပဲ ရိွပါတယ္။ က်န္တဲ့ဟာေတြ မရိွပါဘူး။ အဲဒီ KIA ဆီက ၅ေယာက္နဲ႔ တပ္နဲ႔ ထိေတြ႔မႈျဖစ္တယ္။ သူတုိ႔ ဆီက ၅ေယာက္က တပ္က စစ္ေၾကာင္းလာတာကို ပစ္ခတ္တာရိွတယ္။ ၁၀မိနစ္ေလာက္ ထိေတြ႔မႈျဖစ္ပြားတာရိွတယ္။ တိုက္ပဲြလုိ႔ေတာင္ ေခၚလို႔ မရပါဘူး။ ထိေတြ႔မႈေခၚတယ္။ ခဏပဲ ျဖစ္ပြားတာရိွတယ္။ က်န္တဲ့ရက္ေတြမွာ ျဖစ္ပြားတာမရိွပါဘူး။”

ဒီလအတြင္းမွာေတာ့ KIA အပါအ၀င္ျဖစ္တဲ့ ေျမာက္ပိုင္းမဟာမိတ္၄ဖဲြ႔ နဲ႔ အစိုးရအၾကားမွာ ႏွစ္ဘက္ အပစ္ရပ္ေရးအတြက္ ဆက္လက္ေဆြးေႏြးဖုိ႔ ရိွေနပါတယ္။

ဒီရက္ေတြအတြင္းမွာေတာ့ ရွမ္းျပည္နယ္ ေျမာက္ပိုင္းနဲ႔ ရခိုင္ျပည္နယ္အတြင္းမွာ တုိက္ပဲြေတြ ဆက္လက္ ျဖစ္ပြားေနဆဲ ရိွေနပါတယ္။

..........................

{Unicode}

KIA နဲ့မြန်စစ်တပ် တနှစ်အတွင်း ပထမဆုံးအကြိမ် တိုက်ပွဲငယ်ဖြစ်ပွား

ကချင်ပြည်နယ် ဆင်ဘိုမြို့အနီးမှာ တနင်္လာနေ့က တပ်မတော်နဲ့ဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် အရပ်သား ၂ဦး မိုင်းထိပြီး KIA ရဲဘော် ၂ယောက် ပျောက်ဆုံးနေကြောင်း KIA ပြောခွင့်ရသူက ပြောပါတယ်။ ဒါဟာ ဒီနှစ်အတွင်း ကချင်ပြည်နယ်မှာ ပထမဆုံး ဖြစ်ပွားတဲ့ တိုက်ပွဲဖြစ်ပြီး အဲဒီနောက်မှာတော့ ဆက်လက် ဖြစ်ပွားတာ မရှိကြောင်းလည်း ပြောပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

အစိုးရတပ်မတော်က ပြီးတဲ့နှစ် ဒီဇင်ဘာလက စတင်ပြီး အပစ်ရပ်ကြေညာခဲ့တဲ့နောက် ကချင်ပြည်နယ် အတွင်းမှာ တိုက်ပွဲတွေငြိမ်သက်နေခဲ့ရာက ဒီလ ၁၄ရက်နေ့မှာတော့ ပထမဆုံးအကြိမ် KIA ကချင်တပ်ဖွဲ့နဲ့ ထိတွေ့မှုဖြစ်ပွားခဲ့တာပါ။

တိုက်ပွဲဖြစ်ပွားခဲ့တဲ့အခြေအနေကို KIA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီးနော်ဘူက အခုလို ပြောပါတယ်။

“ တပ်ရင်း၅ ကျနော်တို့ လှုပ်ရှားနယ်မြေထဲမှာ ကျနော်တို့ တပ်တွေကလည်း နယ်လှည့်သွားတဲ့အချိန်မှာ ပေါ့နော်။ ကျနော်တို့ဘက်က ဝန်ထမ်းတွေ ဖျားနေလို့ ရှေ့တန်းကာကင်းပေါ့။ post အဟောင်းထဲမှာ ခဏထားတယ်တဲ့ ။ ထားတဲ့အချိန်မှာ ဆင်ဘိုကလေ တပ်မတော်က ခလရ ၁၄၁ပေါ့။သူက ရွာသားတွေကို လမ်းပြခိုင်းပြီးမှ သွားဝိုင်းပြီးမှ ပစ်တယ်လို့ သတင်းတွေက အဲလို ထွက်ပါတယ်။ ကျနော်တို့ စုံစမ်းတာ အဲလို ရပါတယ်။ ဆိုတော့ ရွာသား ၂ဦးကတော့ ကျနော်တို့ လုံခြုံရေးမိုင်းပေါ့နော်။ ပေါက်ကွဲထိမှန်ပြီးတော့ ခုတော့ ဟို မြစ်ကြီးနား မပခ ဆေးရုံမှာ ဆေးရုံတက်တယ်ဆိုတဲ့သတင်းလည်း ဆက်ပြီးမှ စုံစမ်းရရှိပါတယ်ခင်ဗျ။”

ဆက်လက်ပြီး KIA ရဲဘော်တွေ ပျောက်ဆုံးနေကြောင်းလည်း အခုလို ပြောပါတယ်။

“ ကျနော်တို့ ဘက်က ဖျားနေတဲ့ တစ်ယောက်ကတော့ လွတ်မြောက်သွားပြီးမှ သူ့ကို ကြည့်နေတဲ့ ရဲဘော် ၂ဦးကတော့ အခုထက်ထိ ထွက်မလာဘူးလို့ သတင်းက အဲလို ရပါတယ်။ ဒါပေမဲ့ အဲဒီ ၂ယောက် ဘယ်ရောက်သွားလဲ လွတ်မြောက်သွားပြီလား။ တပ်မတော် သူတို့ လက်ထဲမှာ ရောက်သွားသလား ဆိုတာကတော့ အတိအကျခွဲခြားလို့ မရသေးဘူးခင်ဗျ။”

၁၄ရက်နေ့ နောက်ပိုင်းတိုက်ပွဲမရှိကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားတာနဲ့ ပတ်သက်ပြီး လိုအပ်ရင် နှစ်ဘက် ဆွေးနွေးသွားမှာဖြစ်ကြောင်းဗိုလ်မှုးကြီးနော်ဘူက ပြောပါတယ်။

“ ဘာမှ မဖြစ်ဘူး။ အားလုံးက တည်တည်ငြိမ်ငြိမ်ပဲ ဖြစ်ပါတယ်။ အခု ဒီမနက်ပိုင်းမှ အောက်ခြေက သတင်းတွေ ဒီမနက်ပိုင်းမှ တက်လာလို့ လေ။ အခုဆက်ပြီးတော့ လိုအပ်လိုရှိရင်တော့ ဆွေးနွေးမှာပေါ့။ အခုလောလောဆည်တော့ မရှိသေးဘူးခင်ဗျ။”

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှုး ဗိုလ်မှုးချုပ် ဇော်မင်းထွန်းကတော့ ထိတွေ့မှုသာ ဖြစ်ပွားကြောင်း နောက်ပိုင်း ထပ်မံမဖြစ်ကြောင်းအခုလို ပြောပါတယ်။

“ကျနော်တို့ ၁၄ရက်နေ့တုန်း ကလားမသိဘူး။ အဲဒီတုန်းက တစ်ရက်။ အဲဒီတစ်ခါပဲ ရှိတယ်။ အဲဒီဖြစ်စဉ် တစ်ခုပဲ ရှိပါတယ်။ ကျန်တဲ့ဟာတွေ မရှိပါဘူး။ အဲဒီ KIA ဆီက ၅ယောက်နဲ့ တပ်နဲ့ ထိတွေ့မှုဖြစ်တယ်။ သူတို့ ဆီက ၅ယောက်က တပ်က စစ်ကြောင်းလာတာကို ပစ်ခတ်တာရှိတယ်။ ၁၀မိနစ်လောက် ထိတွေ့မှုဖြစ်ပွားတာရှိတယ်။ တိုက်ပွဲလို့တောင် ခေါ်လို့ မရပါဘူး။ ထိတွေ့မှုခေါ်တယ်။ ခဏပဲ ဖြစ်ပွားတာရှိတယ်။ ကျန်တဲ့ရက်တွေမှာ ဖြစ်ပွားတာမရှိပါဘူး။”

ဒီလအတွင်းမှာတော့ KIA အပါအဝင်ဖြစ်တဲ့ မြောက်ပိုင်းမဟာမိတ်၄ဖွဲ့ နဲ့ အစိုးရအကြားမှာ နှစ်ဘက် အပစ်ရပ်ရေးအတွက် ဆက်လက်ဆွေးနွေးဖို့ ရှိနေပါတယ်။

ဒီရက်တွေအတွင်းမှာတော့ ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ ရခိုင်ပြည်နယ်အတွင်းမှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေဆဲ ရှိနေပါတယ်။

ကိုမိုးေဇာ္  / ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
KIA နဲ႔ျမန္စစ္တပ္ တႏွစ္အတြင္း ပထမဆုံးအႀကိမ္ တိုက္ပြဲငယ္ျဖစ္ပြား KIA နဲ႔ျမန္စစ္တပ္ တႏွစ္အတြင္း ပထမဆုံးအႀကိမ္ တိုက္ပြဲငယ္ျဖစ္ပြား Reviewed by THITHTOOLWIN on 00:49 Rating: 5
Powered by Blogger.