ပဲခူးတုိင္းဝန္ႀကီးခ်ဳပ္ကုိ အေရးယူေပးဖုိ႔ ေတာင္းဆုိ

ပဲခူးတိုင္း နတ္တလင္းၿမိဳ႕နယ္ ဒမငယ္သစ္ခ်ိဳျခံ၊ လူထုေတြ႔ဆုံပြဲမွာ ၂ဝ၁၉ ခုႏွစ္ ေအာက္တိုဘာလ ၅ ရက္ေန႔က ပဲခူးတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ဦး၀င္းသိန္းကို ေတြ႔ရစဥ္
Photo: Nattalin Township Info Committee NLD
Zawgyi
ေက်ာင္းဆရာ၊ ဆရာမေတြနဲ႔ ပတ္သက္ၿပီး ပဲခူးတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ေျပာဆုိခဲ့တာကုိ အစိုးရက အခုအခ်ိန္ထိ တစ္စံုတစ္ရာ အေရးယူေဆာင္ရြက္ျခင္းမရွိတာကုိ ျပင္းျပင္းထန္ထန္ကန္႔ကြက္ေၾကာင္း အေျခခံႏွင့္ အဆင့္ျမင့္ ပညာေရးဆိုင္ရာ ပူးေပါင္းေဆာင္ရြက္မႈေကာ္မတီက မေန႔ကရက္စြဲနဲ႔ ေၾကညာခ်က္ ထုတ္ျပန္လုိက္ပါတယ္။

ပဲခူးတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္က ၿပီးခဲ့တဲ့ ရက္ပိုင္းအတြင္း ဆရာ၊ ဆရာမေတြနဲ႔ ပတ္သက္ၿပီး ေျပာဆိုခ်က္ကုိ အစိုးရက အခုအခ်ိန္ထိ အေရးယူေဆာင္ရြက္ျခင္းမရွိတာဟာ ျပည္သူေရြးခ်ယ္ထားတဲ့ အစိုးရအေနနဲ႔ ျပည္သူ ကိုျပန္ၿပီး ေစာ္ကားေနတဲ့ သေဘာေဆာင္ေနတာေၾကာင့္ ျပင္းျပင္းထန္ထန္ကန္႔ကြက္ေၾကာင္း မေန႔ကေန႔စြဲနဲ႔ ေၾကညာခ်က္ထုတ္ျပန္လုိုက္တာျဖစ္ပါတယ္။

ေအာက္တိုဘာလ ၅ ရက္ေန႔က ပဲခူးတိုင္း နတ္တလင္းၿမိဳ႕နယ္ ဒမငယ္သစ္ခ်ိဳျခံ၊ လူထုေတြ႔ဆုံပြဲမွာ ေက်းရြာေဒသ ခံေတြ တင္ျပတဲ့ ဆရာ/ဆရာမေတြ ေနထိုင္ေရးနဲ႔ပတ္သက္ၿပီး ပဲခူးတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ဦး၀င္းသိန္းက ဆရာ၊ ဆရာမေတြ ဒီကရြာသူ၊ ရြာသားေတြနဲ႔ အိမ္ေထာင္က်ေအာင္ လူငယ္ေလးေတြက ဆရာမေတြကို ရည္စားစကား လိုက္ေျပာၾကဆိုတဲ့ ေျပာဆုိခဲ့တာျဖစ္ပါတယ္။

ဒီေျပာဆိုမႈဟာ ဆရာ/ဆရာမေတြရဲ႕ ဘ၀လံုျခံဳမႈအေပၚ မထီမဲ့ျမင္ျပဳရာက်တဲ့အျပင္ လိင္အၾကမ္းဖက္မႈ သေဘာကိုပါ အားေပးအားေျမွာက္ျပဳတဲ့ စကားရပ္နဲ႔ ဆရာမထုတစ္ရပ္လံုးအေပၚ အထင္အျမင္ေသး ႏွိမ့္ခ်ေစာ္ကားခဲ့တာျဖစ္ တယ္လုိ႔ ဒီေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

၀န္ႀကီးခ်ဳပ္အဆင့္အတန္းနဲ႔ ေလ်ာ္ညီမႈမရွိတဲ့ ဦး၀င္းသိန္းကို လက္ရွိရာထူးက အျမန္ဆံုးဖယ္ရွားၿပီး အေရးယူ မႈေတြလုပ္ေပးဖို႔နဲ႔ ဆရာ/ဆရာမေတြကိုအေပၚ ေစာ္ကားမႈေတြအတြက္ တရား၀င္၀န္ခ်ေတာင္းပန္မႈကို အစိုးရအဖြဲ႔က အျမန္ဆံုးေဆာင္ရြက္ေပးဖို႔ ေတာင္းဆိုတယ္လို႔ ေၾကညာခ်က္မွာ ပါရွိပါတယ္။

ဒါေပမဲ့ အစိုးရအဖြဲ႔အေနနဲ႔ တာ၀န္ခံေဆာင္ရြက္မႈ ပ်က္ကြက္ခဲ့ရင္ေတာ့ မိတ္ဖက္ဆရာ/ဆရာမသမဂၢေတြ၊ ေက်ာင္းသားသမဂၢေတြနဲ႔လက္တြဲၿပီး ဆရာ/ဆရာမေတြရဲ႕ တရားမွ်တမႈအတြက္ ဆက္လက္ေဆာင္ရြက္သြားမယ္လို႔ ထည့္သြင္းေၾကညာထားပါတယ္။

ဒီေတာင္းဆုိခ်က္နဲ႔ ပတ္သက္ၿပီး အစုိးရအဖြဲ႔ ေျပာေရးဆုိခြင့္ရွိသူေတြကုိ RFA က ဆက္သြယ္ေမးျမန္းဖုိ႔ ႀကိဳးစားေနပါတယ္။

အေျခခံပညာ ပညာေရးလုပ္သားသမဂၢမ်ား ဗဟိုအလုပ္အမႈေဆာင္ေကာ္မတီကလည္း အစိုးရအေနနဲ႔ ၀န္ႀကီးခ်ဳပ္ကို အျမန္ဆံုးအေရးယူေပးဖို႔ ၿပီးခဲ့တဲ့ ေအာက္တိုဘာ ၁၁ ရက္ေန႔က ေၾကညာခ်က္ထုတ္ျပန္ ေတာင္းဆိုးထားသလို ဒီကေန႔မွာလည္း ႏုိင္ငံေတာ္သမၼတ အပါအ၀င္ သက္ဆုိင္ရာ၀န္ႀကီးဌာနနဲ႔ တာ၀န္ရွိသူအဆင့္ဆင့္ကို တိုင္ၾကား စာေပးပို႔မယ္လို႔ သိရပါတယ္။

ပဲခူးတိုင္း၀န္ႀကီးခ်ဳပ္ ဦး၀င္းသိန္းကေတာ့ သူ႔အေနနဲ႔ ေပ့ါေပါ့ပါးပါးေျပာခဲ့တာျဖစ္ေပမယ့္ နစ္နာတယ္လို႔ယူဆရင္ ေတာင္းပန္တယ္လို႔ RFA ကို ၁၂ ရက္ေန႔က ေျပာဆိုထားပါတယ္။

RFA Burmese
https://www.rfa.org
-------------
Unicode
ပဲခူးတိုင်းဝန်ကြီးချုပ်ကို အရေးယူပေးဖို့ တောင်းဆို

ပဲခူးတိုင်း နတ်တလင်းမြို့နယ် ဒမငယ်သစ်ချိုခြံ၊ လူထုတွေ့ဆုံပွဲမှာ ၂ဝ၁၉ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့က ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းကို တွေ့ရစဉ်
Photo: Nattalin Township Info Committee NLD

ကျောင်းဆရာ၊ ဆရာမတွေနဲ့ ပတ်သက်ပြီး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ပြောဆိုခဲ့တာကို အစိုးရက အခုအချိန်ထိ တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ခြင်းမရှိတာကို ပြင်းပြင်းထန်ထန်ကန့်ကွက်ကြောင်း အခြေခံနှင့် အဆင့်မြင့် ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကော်မတီက မနေ့ကရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဆရာ၊ ဆရာမတွေနဲ့ ပတ်သက်ပြီး ပြောဆိုချက်ကို အစိုးရက အခုအချိန်ထိ အရေးယူဆောင်ရွက်ခြင်းမရှိတာဟာ ပြည်သူရွေးချယ်ထားတဲ့ အစိုးရအနေနဲ့ ပြည်သူ ကိုပြန်ပြီး စော်ကားနေတဲ့ သဘောဆောင်နေတာကြောင့် ပြင်းပြင်းထန်ထန်ကန့်ကွက်ကြောင်း မနေ့ကနေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

အောက်တိုဘာလ ၅ ရက်နေ့က ပဲခူးတိုင်း နတ်တလင်းမြို့နယ် ဒမငယ်သစ်ချိုခြံ၊ လူထုတွေ့ဆုံပွဲမှာ ကျေးရွာဒေသ ခံတွေ တင်ပြတဲ့ ဆရာ/ဆရာမတွေ နေထိုင်ရေးနဲ့ပတ်သက်ပြီး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက ဆရာ၊ ဆရာမတွေ ဒီကရွာသူ၊ ရွာသားတွေနဲ့ အိမ်ထောင်ကျအောင် လူငယ်လေးတွေက ဆရာမတွေကို ရည်စားစကား လိုက်ပြောကြဆိုတဲ့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဒီပြောဆိုမှုဟာ ဆရာ/ဆရာမတွေရဲ့ ဘဝလုံခြုံမှုအပေါ် မထီမဲ့မြင်ပြုရာကျတဲ့အပြင် လိင်အကြမ်းဖက်မှု သဘောကိုပါ အားပေးအားမြှောက်ပြုတဲ့ စကားရပ်နဲ့ ဆရာမထုတစ်ရပ်လုံးအပေါ် အထင်အမြင်သေး နှိမ့်ချစော်ကားခဲ့တာဖြစ် တယ်လို့ ဒီကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဝန်ကြီးချုပ်အဆင့်အတန်းနဲ့ လျော်ညီမှုမရှိတဲ့ ဦးဝင်းသိန်းကို လက်ရှိရာထူးက အမြန်ဆုံးဖယ်ရှားပြီး အရေးယူ မှုတွေလုပ်ပေးဖို့နဲ့ ဆရာ/ဆရာမတွေကိုအပေါ် စော်ကားမှုတွေအတွက် တရားဝင်ဝန်ချတောင်းပန်မှုကို အစိုးရအဖွဲ့က အမြန်ဆုံးဆောင်ရွက်ပေးဖို့ တောင်းဆိုတယ်လို့ ကြေညာချက်မှာ ပါရှိပါတယ်။

ဒါပေမဲ့ အစိုးရအဖွဲ့အနေနဲ့ တာဝန်ခံဆောင်ရွက်မှု ပျက်ကွက်ခဲ့ရင်တော့ မိတ်ဖက်ဆရာ/ဆရာမသမဂ္ဂတွေ၊ ကျောင်းသားသမဂ္ဂတွေနဲ့လက်တွဲပြီး ဆရာ/ဆရာမတွေရဲ့ တရားမျှတမှုအတွက် ဆက်လက်ဆောင်ရွက်သွားမယ်လို့ ထည့်သွင်းကြေညာထားပါတယ်။

ဒီတောင်းဆိုချက်နဲ့ ပတ်သက်ပြီး အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူတွေကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။

အခြေခံပညာ ပညာရေးလုပ်သားသမဂ္ဂများ ဗဟိုအလုပ်အမှုဆောင်ကော်မတီကလည်း အစိုးရအနေနဲ့ ဝန်ကြီးချုပ်ကို အမြန်ဆုံးအရေးယူပေးဖို့ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၁ ရက်နေ့က ကြေညာချက်ထုတ်ပြန် တောင်းဆိုးထားသလို ဒီကနေ့မှာလည်း နိုင်ငံတော်သမ္မတ အပါအဝင် သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ တာဝန်ရှိသူအဆင့်ဆင့်ကို တိုင်ကြား စာပေးပို့မယ်လို့ သိရပါတယ်။

ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းကတော့ သူ့အနေနဲ့ ပေ့ါပေါ့ပါးပါးပြောခဲ့တာဖြစ်ပေမယ့် နစ်နာတယ်လို့ယူဆရင် တောင်းပန်တယ်လို့ RFA ကို ၁၂ ရက်နေ့က ပြောဆိုထားပါတယ်။

RFA Burmese
https://www.rfa.org
ပဲခူးတုိင္းဝန္ႀကီးခ်ဳပ္ကုိ အေရးယူေပးဖုိ႔ ေတာင္းဆုိ ပဲခူးတုိင္းဝန္ႀကီးခ်ဳပ္ကုိ အေရးယူေပးဖုိ႔ ေတာင္းဆုိ Reviewed by THITHTOOLWIN on 00:47 Rating: 5
Powered by Blogger.