ေအေအနဲ႔ ပတ္သက္တဲ့ စကၤာပူအစိုးရ ထုတ္ျပန္ခ်က္ကို ျမန္မာတရား႐ုံး သက္ေသအျဖစ္ လက္ခံ

 ေအေအကို အၾကမ္းဖက္အျဖစ္ သတ္မွတ္ထားလား
Zawgyi
ရခိုင္အသင္း စကၤာပူ အျဖစ္ လႈပ္ရွားခဲ့သူေတြကို ဖမ္းဆီး တရားစြဲထားတဲ့ အမႈမွာ စကၤာပူ ျပည္ထဲေရးဌာနရဲ႕ ဇူလိုင္လ သတင္း ထုတ္ျပန္ခ်က္တစ္ရပ္ကို သက္ေသခံ အျဖစ္လက္ခံဖို႔ ရန္ကုန္ အေနာက္ပိုင္းခ႐ိုင္ တရား႐ုံးက ဒီကေန႔ ေအာက္တိုဘာ ၁၈ ရက္၊ ေသာၾကာေန႔မွာ ဆုံးျဖတ္လိုက္ပါတယ္။

ဒီအမႈမွာ တရားလိုျဖစ္တဲ့ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕က ဒုရဲမႉးတင့္ေ႐ႊက စကၤာပူ အစိုးရရဲ႕ ထုတ္ျပန္ခ်က္ကို သက္ေသအေနနဲ႔ တင္သြင္းထားခဲ့ပါတယ္။

တရားခံ ေရွ႕ေနေတြဘက္ကေတာ့ ဒုရဲမႉးတင္သြင္းတာ မူရင္းစာ႐ြက္ မဟုတ္ဘူး၊ The Straits Times ရဲ႕ သတင္းေဖာ္ျပခ်က္ပါ အခ်က္အလက္သာ ျဖစ္တယ္ဆိုၿပီး ကန္႔ကြက္ခဲ့တဲ့ အတြက္၊ သက္ေသခံ ဥပေဒနဲ႔ ညီ မညီ ဆိုတာကို တရား႐ုံးက ဆုံးျဖတ္ေပးတာ ျဖစ္ပါတယ္။

မူရင္းစာ႐ြက္ မဟုတ္ေပမယ့္လည္း စာပါ အေၾကာင္းအရာ အခ်က္အလက္ေတြဟာ စကၤာပူအစိုးရရဲ႕ မူရင္းထုတ္ျပန္ခ်က္နဲ႔ ကြဲလြဲမႈ မရွိေၾကာင္း တရား႐ုံးက ေတြ႕ရွိခဲ့တဲ့ ေနာက္မွာေတာ့ အခုလို သက္ေသ အျဖစ္ လက္ခံလိုက္ပါတယ္။

 စကၤာပူျပည္ထဲေရးရဲ႕ ထုတ္ျပန္ခ်က္
စကၤာပူျပည္ထဲေရးရဲ႕ ထုတ္ျပန္ခ်က္

စကၤာပူ ျပည္ထဲေရး ဌာနရဲ႕ ဝက္ဘ္ဆိုက္ စာမ်က္ႏွာမွာ "လက္နက္ကိုင္ အၾကမ္းဖက္မႈကို ေထာက္ပံ့ေရး စကၤာပူမွာ လႈပ္ရွားေနတဲ့ ျမန္မာႏိုင္ငံသားေတြကို လုံၿခဳံေရးဆိုင္ရာ အေရးယူျခင္း" ဆိုတဲ့ ေခါင္းစဥ္နဲ႔ ဇူလိုင္လ ၁ဝ ရက္ေန႔ ရက္စြဲနဲ႔ ထုတ္ျပန္ခ်က္ တစ္ရပ္ တင္ထားပါတယ္။

စကၤာပူ အစိုးရရဲ႕ အဲဒီ ထုတ္ျပန္ခ်က္ထဲမွာ အဲဒီသူေတြဟာ ေအေအ အဖြဲ႕ကို ေထာက္ပံ့ေနသူေတြလို႔ ေျပာဆိုထားၿပီး၊ ေအေအ ဆိုတာလည္း ျမန္မာအစိုးရက အၾကမ္းဖက္ အဖြဲ႕အျဖစ္ သတ္မွတ္ ထားတဲ့ အုပ္စုျဖစ္တယ္လို႔ ဆိုထားပါတယ္။

စကၤာပူအစိုးရက ျပည္ႏွင္ဒဏ္ေပးလိုက္တဲ့ ရခိုင္အသင္း စကၤာပူ အဖြဲ႕ဝင္ ၇ ေယာက္ဟာ ျမန္မာျပည္ ျပန္ေရာက္ၿပီး ေနာက္မွာေတာ့ ရန္ကုန္ေလဆိပ္မွာတင္ အဖမ္းခံရသူ ရွိသလို ၊ တခ်ိဳ႕လည္းေနအိမ္မွာ အဖမ္းခံရ၊ တခ်ိဳ႕ကေတာ့ ရန္ကုန္-မႏၲေလး အျမန္လမ္းေပၚ အဖမ္းခံ ခဲ့ရ ခဲ့တာ ျဖစ္ပါတယ္။

အဲဒီ ၇ ေယာက္နဲ႔ အတူ ကားသမား တစ္ဦးလည္း ဖမ္းဆီးခံထားရတာေၾကာင့္ ဒီအမႈမွာ စုစုေပါင္း လူ ၈ ေယာက္ ဖမ္းဆီး တရားစြဲ ခံထားရပါတယ္။

အဖမ္းခံရသူေတြထဲ ေအေအေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ထြန္းျမတ္ႏိုင္ရဲ႕ ညီ ကိုေအာင္ျမတ္ေက်ာ္လည္း ပါဝင္ပါတယ္။

ဩဂုတ္လဆန္း ႐ုံးအထုတ္

ေအေအကို အၾကမ္းဖက္ အဖြဲ႕အျဖစ္ ေၾကညာထားလား

ကိုေအာင္ျမတ္ေက်ာ္ အပါအဝင္ ၃ ဦးရဲ႕ ေရွ႕ေနအျဖစ္ ေဆာင္႐ြက္ေနတဲ့ ဦးေအာင္ေက်ာ္စိန္ကေတာ့ အခုဖမ္းဆီး ခံထားရသူေတြဟာ ေအေအအဖြဲ႕နဲ႔ ပတ္သက္တယ္ ဆိုၿပီး အၾကမ္းဖက္တိုက္ဖ်က္ေရး ဥပေဒနဲ႔ တရားစြဲခံထားရတဲ့ အခ်က္အေပၚ ေမးခြန္း ထုတ္ပါတယ္။

ဥပေဒအရဆိုရင္ လူပုဂၢိဳလ္ တစ္ဦးတစ္ေယာက္ ဒါမွမဟုတ္ အဖြဲ႕တစ္ဖြဲ႕ကို အၾကမ္းဖက္ အျဖစ္ သတ္မွတ္ ေၾကညာဖို႔၊ ပယ္ဖ်က္ဖို႔ လုပ္ပိုင္ခြင့္ ရွိတာဟာ အၾကမ္းဖက္မႈ တိုက္ဖ်က္ေရး ဗဟို အဖြဲ႕ ျဖစ္တယ္လို႔ ဦးေအာင္ေက်ာ္စိန္က ဆိုပါတယ္။

ေအာက္တိုဘာ ၁၈ ရက္ေန႔ ႐ုံးခ်ိန္းမွာလည္း ေအေအကို အၾကမ္းဖက္ အျဖစ္ အၾကမ္းဖက္မႈ တိုက္ဖ်က္ေရး ဗဟို အဖြဲ႕ က ေၾကညာထားတာ ရွိသလား ဆိုတာကို ဒုရဲမႉးတင့္ေ႐ႊ အေပၚ ျပန္လွန္ ေမးခြန္း ေမးျမန္းခဲ့တာမွာ မရွိဘူးလို႔ ေျဖဆိုခဲ့တယ္လို႔ ဦးေအာင္ေက်ာ္စိန္က ဆိုပါတယ္။

တခါ၊ ေအေအဟာ အစိုးရ၊ တပ္မေတာ္တို႔နဲ႔ ႏွစ္ဘက္ အပစ္ရပ္ သေဘာတူမႈ ရေအာင္ ညႇိႏႈိင္း ေဆြးေႏြးေနတဲ့ အဖြဲ႕ ျဖစ္တယ္ ဆိုတာ မွန္လား ဆိုၿပီး ေမးခဲ့တာမွာလည္း တရားလို ဒုရဲမႉး တင့္ေ႐ႊက မွန္ေၾကာင္း ေျဖဆိုသြားတယ္လို႔ ဆိုပါတယ္။

က်ိဳင္းတုံေဆြးေႏြးပြဲတက္ၾကတဲ့ ေအေအ ကိုယ္စားလွယ္ေတြ

တပ္မေတာ္ရဲ႕ သေဘာထား ဘယ္လိုရွိလဲ

ရခိုင္ျပည္နယ္ တိုက္ပြဲသတင္းနဲ႔ ပတ္သက္ၿပီး တပ္မေတာ္ရဲ႕ ထုတ္ျပန္ခ်က္ေတြမွာ "ေအေအ အၾကမ္းဖက္ ေသာင္းက်န္းသူမ်ား" ဆိုၿပီး ေဖာ္ျပေလ့ရွိပါတယ္။

"ေအေအကို အၾကမ္းဖက္ အဖြဲ႕အေနနဲ႔ သတ္မွတ္သင့္တာ ၾကာပါၿပီ။ ၂ဝ၁၉ ဇန္နဝါရီလ ၄ ရက္ေန႔မွာ ရခိုင္ျပည္နယ္ထဲက ရဲစခန္းေတြကို တိုက္ခိုက္ခဲ့ကတည္းက ေအေအကို အၾကမ္းဖက္အဖြဲ႕ အျဖစ္ သတ္မွတ္သင့္တာပါ။" ဆိုၿပီး တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရး အဖြဲ႕ရဲ႕ အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက ဘီဘီစီကို ေျပာပါတယ္။

တပ္မေတာ္ အေနနဲ႔ ေအေအအဖြဲ႕ဝင္ေတြရဲ႕ လႈပ္ရွားတိုက္ခိုက္မႈေတြ အေၾကာင္း ေျပာတဲ့အခါ "အၾကမ္းဖက္ေသာင္းက်န္းသူ" ဆိုတဲ့ အသုံးအႏႈန္း ဆက္လက္ သုံးစြဲသြားမွာ ျဖစ္တယ္ လို႔လည္း ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက ဆိုပါတယ္။

ဒီလို ရည္ၫႊန္းေခၚေဝၚတဲ့ အတြက္ ၿငိမ္းခ်မ္းေရးျဖစ္စဥ္ အေပၚ မထိခိုက္ ႏိုင္ဘူးလား ဆိုတဲ့ ဘီဘီစီရဲ႕ အေမးကိုေတာ့ အၾကမ္းဖက္လုပ္ရပ္ေတြ အမွန္တကယ္ က်ဴးလြန္ေနသူေတြကို ဖုံးကြယ္ထားစရာ အေၾကာင္း မရွိဘူးလို႔ ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက တုံ႔ျပန္ပါတယ္။

" ၿငိမ္းခ်မ္းေရးအတြက္ ေဆြးေႏြးျခင္း မေဆြးေႏြးျခင္းဆိုတာ တက႑၊ အၾကမ္းဖက္လုပ္ရပ္ကို အၾကမ္းဖက္လုပ္ရပ္လို႔ မေျပာရင္ ေရာင့္တက္လာလိမ့္မယ္။ အၾကမ္းဖက္လုပ္ရပ္ အေပၚမွာ ႁခြင္းခ်က္ထားစရာ အေၾကာင္း မရွိဘူး" လို႔ ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက ဆိုပါတယ္။

တပ္မေတာ္ဘက္က အခုလို ေျပာေပမယ့္၊ ရခိုင္လက္နက္ကိုင္ ေအေအ အေပၚမွာ အၾကမ္းဖက္ တိုက္ဖ်က္ေရး ဥပေဒ ကိုင္စြဲၿပီး အၾကမ္းဖက္ အဖြဲ႕အျဖစ္ သတ္မွတ္ဖို႔ ျပည္ေထာင္စု အစိုးရက လုပ္ေဆာင္ေနသလား ဆိုတာကိုေတာ့ ရွင္းရွင္းလင္းလင္း မသိရပါဘူး။

အာဆာ အဖြဲ႕ကိုေတာ့ ျမန္မာ အစိုးရက အၾကမ္းဖက္ အဖြဲ႕အျဖစ္ ေၾကညာထားပါတယ္။ ဒါ့အျပင္ လုံၿခဳံေရးေကာင္စီ ဆုံးျဖတ္ခ်က္အရ IS နဲ႔ တာလီဘန္တို႔လို အဖြဲ႕ေတြကိုလည္း အၾကမ္းဖက္ အဖြဲ႕ေတြအျဖစ္ ျမန္မာကလည္း သတ္မွတ္ေၾကာင္း ေၾကညာထားပါတယ္။

BBC Burmese
https://www.bbc.com
---------------
Unicode
အေအေနဲ့ ပတ်သက်တဲ့ စင်္ကာပူအစိုးရ ထုတ်ပြန်ချက်ကို မြန်မာတရားရုံး သက်သေအဖြစ် လက်ခံ

Image caption အေအေကို အကြမ်းဖက်အဖြစ် သတ်မှတ်ထားလား

ရခိုင်အသင်း စင်္ကာပူ အဖြစ် လှုပ်ရှားခဲ့သူတွေကို ဖမ်းဆီး တရားစွဲထားတဲ့ အမှုမှာ စင်္ကာပူ ပြည်ထဲရေးဌာနရဲ့ ဇူလိုင်လ သတင်း ထုတ်ပြန်ချက်တစ်ရပ်ကို သက်သေခံ အဖြစ်လက်ခံဖို့ ရန်ကုန် အနောက်ပိုင်းခရိုင် တရားရုံးက ဒီကနေ့ အောက်တိုဘာ ၁၈ ရက်၊ သောကြာနေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။

ဒီအမှုမှာ တရားလိုဖြစ်တဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဒုရဲမှူးတင့်ရွှေက စင်္ကာပူ အစိုးရရဲ့ ထုတ်ပြန်ချက်ကို သက်သေအနေနဲ့ တင်သွင်းထားခဲ့ပါတယ်။

တရားခံ ရှေ့နေတွေဘက်ကတော့ ဒုရဲမှူးတင်သွင်းတာ မူရင်းစာရွက် မဟုတ်ဘူး၊ The Straits Times ရဲ့ သတင်းဖော်ပြချက်ပါ အချက်အလက်သာ ဖြစ်တယ်ဆိုပြီး ကန့်ကွက်ခဲ့တဲ့ အတွက်၊ သက်သေခံ ဥပဒေနဲ့ ညီ မညီ ဆိုတာကို တရားရုံးက ဆုံးဖြတ်ပေးတာ ဖြစ်ပါတယ်။

မူရင်းစာရွက် မဟုတ်ပေမယ့်လည်း စာပါ အကြောင်းအရာ အချက်အလက်တွေဟာ စင်္ကာပူအစိုးရရဲ့ မူရင်းထုတ်ပြန်ချက်နဲ့ ကွဲလွဲမှု မရှိကြောင်း တရားရုံးက တွေ့ရှိခဲ့တဲ့ နောက်မှာတော့ အခုလို သက်သေ အဖြစ် လက်ခံလိုက်ပါတယ်။
ဓာတ်ပုံ မူပိုင် Singapore Home Affairs MHA
Image caption စင်္ကာပူပြည်ထဲရေးရဲ့ ထုတ်ပြန်ချက်
စင်္ကာပူပြည်ထဲရေးရဲ့ ထုတ်ပြန်ချက်

စင်္ကာပူ ပြည်ထဲရေး ဌာနရဲ့ ဝက်ဘ်ဆိုက် စာမျက်နှာမှာ "လက်နက်ကိုင် အကြမ်းဖက်မှုကို ထောက်ပံ့ရေး စင်္ကာပူမှာ လှုပ်ရှားနေတဲ့ မြန်မာနိုင်ငံသားတွေကို လုံခြုံရေးဆိုင်ရာ အရေးယူခြင်း" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဇူလိုင်လ ၁ဝ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ချက် တစ်ရပ် တင်ထားပါတယ်။

စင်္ကာပူ အစိုးရရဲ့ အဲဒီ ထုတ်ပြန်ချက်ထဲမှာ အဲဒီသူတွေဟာ အေအေ အဖွဲ့ကို ထောက်ပံ့နေသူတွေလို့ ပြောဆိုထားပြီး၊ အေအေ ဆိုတာလည်း မြန်မာအစိုးရက အကြမ်းဖက် အဖွဲ့အဖြစ် သတ်မှတ် ထားတဲ့ အုပ်စုဖြစ်တယ်လို့ ဆိုထားပါတယ်။

စင်္ကာပူအစိုးရက ပြည်နှင်ဒဏ်ပေးလိုက်တဲ့ ရခိုင်အသင်း စင်္ကာပူ အဖွဲ့ဝင် ၇ ယောက်ဟာ မြန်မာပြည် ပြန်ရောက်ပြီး နောက်မှာတော့ ရန်ကုန်လေဆိပ်မှာတင် အဖမ်းခံရသူ ရှိသလို ၊ တချို့လည်းနေအိမ်မှာ အဖမ်းခံရ၊ တချို့ကတော့ ရန်ကုန်-မန္တလေး အမြန်လမ်းပေါ် အဖမ်းခံ ခဲ့ရ ခဲ့တာ ဖြစ်ပါတယ်။

အဲဒီ ၇ ယောက်နဲ့ အတူ ကားသမား တစ်ဦးလည်း ဖမ်းဆီးခံထားရတာကြောင့် ဒီအမှုမှာ စုစုပေါင်း လူ ၈ ယောက် ဖမ်းဆီး တရားစွဲ ခံထားရပါတယ်။

အဖမ်းခံရသူတွေထဲ အေအေခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ညီ ကိုအောင်မြတ်ကျော်လည်း ပါဝင်ပါတယ်။
ဓာတ်ပုံ မူပိုင် HKS
Image caption ဩဂုတ်လဆန်း ရုံးအထုတ်
အေအေကို အကြမ်းဖက် အဖွဲ့အဖြစ် ကြေညာထားလား

ကိုအောင်မြတ်ကျော် အပါအဝင် ၃ ဦးရဲ့ ရှေ့နေအဖြစ် ဆောင်ရွက်နေတဲ့ ဦးအောင်ကျော်စိန်ကတော့ အခုဖမ်းဆီး ခံထားရသူတွေဟာ အေအေအဖွဲ့နဲ့ ပတ်သက်တယ် ဆိုပြီး အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေနဲ့ တရားစွဲခံထားရတဲ့ အချက်အပေါ် မေးခွန်း ထုတ်ပါတယ်။

ဥပဒေအရဆိုရင် လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက် ဒါမှမဟုတ် အဖွဲ့တစ်ဖွဲ့ကို အကြမ်းဖက် အဖြစ် သတ်မှတ် ကြေညာဖို့၊ ပယ်ဖျက်ဖို့ လုပ်ပိုင်ခွင့် ရှိတာဟာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟို အဖွဲ့ ဖြစ်တယ်လို့ ဦးအောင်ကျော်စိန်က ဆိုပါတယ်။

အောက်တိုဘာ ၁၈ ရက်နေ့ ရုံးချိန်းမှာလည်း အေအေကို အကြမ်းဖက် အဖြစ် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟို အဖွဲ့ က ကြေညာထားတာ ရှိသလား ဆိုတာကို ဒုရဲမှူးတင့်ရွှေ အပေါ် ပြန်လှန် မေးခွန်း မေးမြန်းခဲ့တာမှာ မရှိဘူးလို့ ဖြေဆိုခဲ့တယ်လို့ ဦးအောင်ကျော်စိန်က ဆိုပါတယ်။

တခါ၊ အေအေဟာ အစိုးရ၊ တပ်မတော်တို့နဲ့ နှစ်ဘက် အပစ်ရပ် သဘောတူမှု ရအောင် ညှိနှိုင်း ဆွေးနွေးနေတဲ့ အဖွဲ့ ဖြစ်တယ် ဆိုတာ မှန်လား ဆိုပြီး မေးခဲ့တာမှာလည်း တရားလို ဒုရဲမှူး တင့်ရွှေက မှန်ကြောင်း ဖြေဆိုသွားတယ်လို့ ဆိုပါတယ်။
ဓာတ်ပုံ မူပိုင် TACHILEIK NEWS AGENCY
Image caption ကျိုင်းတုံဆွေးနွေးပွဲတက်ကြတဲ့ အေအေ ကိုယ်စားလှယ်တွေ
တပ်မတော်ရဲ့ သဘောထား ဘယ်လိုရှိလဲ

ရခိုင်ပြည်နယ် တိုက်ပွဲသတင်းနဲ့ ပတ်သက်ပြီး တပ်မတော်ရဲ့ ထုတ်ပြန်ချက်တွေမှာ "အေအေ အကြမ်းဖက် သောင်းကျန်းသူများ" ဆိုပြီး ဖော်ပြလေ့ရှိပါတယ်။

"အေအေကို အကြမ်းဖက် အဖွဲ့အနေနဲ့ သတ်မှတ်သင့်တာ ကြာပါပြီ။ ၂ဝ၁၉ ဇန်နဝါရီလ ၄ ရက်နေ့မှာ ရခိုင်ပြည်နယ်ထဲက ရဲစခန်းတွေကို တိုက်ခိုက်ခဲ့ကတည်းက အေအေကို အကြမ်းဖက်အဖွဲ့ အဖြစ် သတ်မှတ်သင့်တာပါ။" ဆိုပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့ရဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဘီဘီစီကို ပြောပါတယ်။

တပ်မတော် အနေနဲ့ အေအေအဖွဲ့ဝင်တွေရဲ့ လှုပ်ရှားတိုက်ခိုက်မှုတွေ အကြောင်း ပြောတဲ့အခါ "အကြမ်းဖက်သောင်းကျန်းသူ" ဆိုတဲ့ အသုံးအနှုန်း ဆက်လက် သုံးစွဲသွားမှာ ဖြစ်တယ် လို့လည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆိုပါတယ်။

ဒီလို ရည်ညွှန်းခေါ်ဝေါ်တဲ့ အတွက် ငြိမ်းချမ်းရေးဖြစ်စဉ် အပေါ် မထိခိုက် နိုင်ဘူးလား ဆိုတဲ့ ဘီဘီစီရဲ့ အမေးကိုတော့ အကြမ်းဖက်လုပ်ရပ်တွေ အမှန်တကယ် ကျူးလွန်နေသူတွေကို ဖုံးကွယ်ထားစရာ အကြောင်း မရှိဘူးလို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက တုံ့ပြန်ပါတယ်။

" ငြိမ်းချမ်းရေးအတွက် ဆွေးနွေးခြင်း မဆွေးနွေးခြင်းဆိုတာ တကဏ္ဍ၊ အကြမ်းဖက်လုပ်ရပ်ကို အကြမ်းဖက်လုပ်ရပ်လို့ မပြောရင် ရောင့်တက်လာလိမ့်မယ်။ အကြမ်းဖက်လုပ်ရပ် အပေါ်မှာ ခြွင်းချက်ထားစရာ အကြောင်း မရှိဘူး" လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆိုပါတယ်။

တပ်မတော်ဘက်က အခုလို ပြောပေမယ့်၊ ရခိုင်လက်နက်ကိုင် အေအေ အပေါ်မှာ အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေ ကိုင်စွဲပြီး အကြမ်းဖက် အဖွဲ့အဖြစ် သတ်မှတ်ဖို့ ပြည်ထောင်စု အစိုးရက လုပ်ဆောင်နေသလား ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

အာဆာ အဖွဲ့ကိုတော့ မြန်မာ အစိုးရက အကြမ်းဖက် အဖွဲ့အဖြစ် ကြေညာထားပါတယ်။ ဒါ့အပြင် လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အရ IS နဲ့ တာလီဘန်တို့လို အဖွဲ့တွေကိုလည်း အကြမ်းဖက် အဖွဲ့တွေအဖြစ် မြန်မာကလည်း သတ်မှတ်ကြောင်း ကြေညာထားပါတယ်။

BBC Burmese
https://www.bbc.com
ေအေအနဲ႔ ပတ္သက္တဲ့ စကၤာပူအစိုးရ ထုတ္ျပန္ခ်က္ကို ျမန္မာတရား႐ုံး သက္ေသအျဖစ္ လက္ခံ ေအေအနဲ႔ ပတ္သက္တဲ့ စကၤာပူအစိုးရ ထုတ္ျပန္ခ်က္ကို ျမန္မာတရား႐ုံး သက္ေသအျဖစ္ လက္ခံ Reviewed by THITHTOOLWIN on 00:53 Rating: 5
Powered by Blogger.