Gym ကေနကူးစက္ႏိုင္တဲ့ ေရာဂါေတြကဘာေတြမ်ားလဲ

Zawgyi
ခႏၶာကိုယ္က်န္းမာၿပီး က်စ္လ်စ္သြယ္လ်ေအာင္ဆိုၿပီး Gym ေဆာ့ေတာ့မယ္လို႔ စိတ္ဆုံးျဖတ္ၿပီးၿပီေပါ့။ Gym ေဆာ့တာက ခႏၶာကိုယ္က်န္းမာဖို႔ အေထာက္အကူ ျပဳႏိုင္တယ္ဆိုေပမယ့္ လူေပါင္းစုံ ေလ့က်င့္ခန္းလုပ္ေနတဲ့ Gym ခန္းမႀကီးက ေရာဂါပိုးကင္းဖို႔ သိပ္ေတာ့မလြယ္လွဘူးေနာ္။ ဒီလိုကေန ကိုယ္တိုင္မွာ ေရာဂါပိုးေတြကူးစက္လာတာမ်ိဳးျဖစ္ႏိုင္ပါတယ္ေနာ္။ ဒီေတာ့ Gym ေဆာ့ေတာ့မယ္ဆိုရင္ သတိထားႏိုင္ေစဖို႔ Gym ကေန ကူးစက္ႏိုင္တဲ့ ေရာဂါေတြအေၾကာင္း နည္းနည္းေလာက္ေျပာျပေပးပါရေစေနာ္။

ဘယ္လိုေရာဂါေတြမ်ား ကူးစက္ႏိုင္တာလဲ

Gym ေဆာ့ၿပီဆိုရင္ ေခြၽးထြက္မယ္ဆိုတာ ေျပာေနစရာမလိုပါဘူး။ ဒီေတာ့ ေခြၽးကေနတဆင့္ ကူးစက္တဲ့ေရာဂါေတြကူးစက္ခံရမယ္ဆိုတာ ေထြေထြထူးထူးေတာင္ေျပာေနဖို႔ မလိုေအာင္ပါပဲေနာ္။ ေနရာတိုင္းမွာ ေခြၽးေတြေပေနႏိုင္သလို မႈိပိုးေတြ၊ ဘက္တီးရီးယားတ ြေရွိႏိုင္ေနႏိုင္ပါတယ္။ ဒီပိုးေတြက အေရျပားကေနတဆင့္၊ ေခြၽးကေနတဆင့္ ကူးစက္ၿပီး ေရာဂါပိုးေတြကူးစက္ခံရႏိုင္ပါတယ္။

အေရျပားေရာဂါျဖစ္ေစႏိုင္တယ္

Gym ကေမွာင္မိုက္စိုထိုင္းတဲ့ေနရာေတြျဖစ္တဲ့ ေရခ်ိဳးခန္း၊ အဝတ္လဲခန္းေတြမွာ အေရျပားျပႆနာကို ျဖစ္ေစႏိုင္တဲ့ ေရာဂါပိုးေတြရွိေနႏိုင္ပါတယ္။ ဒီေရာဂါပိုးေတြက အဝတ္နဲ႔ ေခြၽးသုတ္တဲ့ တဘက္တို႔မွာ ကပ္ညႇိၿပီး အေရျပားျပႆနာခံစားရႏိုင္ပါတယ္။

ေပြး

ကူးစက္တတ္တဲ့ အေရျပားျပႆနာတစ္ခုေပါ့။ တစ္ေယာက္ကေန တစ္ေယာက္ကို ကူးစက္တတ္သလို အသုံးအေဆာင္ေတြကေနတဆင့္လည္း ကူးစက္ခံရႏိုင္ပါတယ္။ လူတိုင္းမွာ အေရျပားျပႆနာရွိလားဆိုတာကို မစစ္ေဆးႏိုင္တာေၾကာင့္ သတိထားဖို႔ေတာ့ လိုမွာပါ။

သဲဝဲ

ေျခေထာက္မွာ အမ်ားဆုံးျဖစ္တတ္ၾကတာပါ။ ေမွာင္မိုက္စိုထိုင္းေနတဲ့ ေနရာေတြမွာရွင္သန္ေပါက္ဖြားတဲ့ မႈိပိုးေတြေၾကာင့္ အျဖစ္မ်ားပါတယ္။ ဒီျပႆနာကို အျဖစ္ႏိုင္ေစဆုံး အရင္းအျမစ္က ေခြၽးစိုၿပီး စိုထိုင္းေနတဲ့ အားကစားလုပ္တဲ့အခါ စီးတဲ့ ဖိနပ္ေတြပါ။

ေျခသည္းမႈိပိုးဝင္ျခင္း

ေျခသည္းေတြမွာျဖစ္တဲ့ မႈိပိုးတစ္မ်ိဳးပါ။ လူတစ္ဦးဆီကေန တစ္ဦးဆီကို ကူးစက္ခံရႏိုင္ပါတယ္။ အသုံးအေဆာင္ေတြ အတူသုံးစြဲတာေၾကာင့္လည္း ေျခသည္းမႈိပိုးကူးစက္ခံရႏိုင္ပါတယ္။

ေပါင္ၿခံမႈိစြဲျခင္း

ေပါင္ၿခံေနရာမွာျဖစ္တတ္တဲ့ အေရျပားျပႆနာတစ္ခုပါ။ ေခြၽးေၾကာင့္ျဖစ္ႏိုင္သလို အသားခ်င္းထိတာကေနတဆင့္လည္း ကူးစက္ႏိုင္ပါတယ္။ စိုစြတ္တဲ့အေနအထားတစ္ရပ္ေၾကာင့္ ေပါက္ဖြားလာတဲ့ မႈိေတြေၾကာင့္ျဖစ္ရတဲ့ အေရျပားျပႆနာတစ္ခုပါ။ ေခြၽးစိုၿပီး ညစ္ေပေနတဲ့ အားကစားပစၥည္းေတြ၊ အခင္း၊ တဘက္နဲ႔ အျခားေသာအသုံးအေဆာင္ေတြမွာရွိေနႏိုင္ပါတယ္။ အေရျပားေျခာက္ေသြ႕ၿပီး အဖတ္ေလးေတြလန္ေနတာမ်ိဳးပါ။

ညႇင္း

အသားခ်င္းထိေတြ႕တာ၊ ေခြၽးကေနတဆင့္ကူးတာ၊ အသုံးအေဆာင္ေတြ အတူတူသုံးမိတာေၾကာင့္ ကူးစက္ခံရႏိုင္ပါတယ္။ အေရျပားကို ယားယံေစသလို မသက္မသာျဖစ္ေစႏိုင္တဲ့ အေျခအေနပါ။

ႂကြက္ႏို႔

အသုံးအေဆာင္ေတြ အတူတူသုံးမိတာ၊ အသားခ်င္းထိမိတာေတြကေနတဆင့္ ႂကြက္ႏို႔ ကူးစက္ခံရႏိုင္ပါတယ္။

အေအးမိ၊ တုပ္ေကြး

ေရာဂါပိုးရွိသူ ႏွာေခ်ေခ်ာင္းဆိုးတာကေနတဆင့္ ကူးစက္ခံရႏိုင္ပါတယ္။ အားကစားခန္းမတြင္းမွာ ေရာဂါပိုး ျပန္႔ႏွံ႔့ေနမယ္ဆိုရင္ အလြယ္တကူ အေအးမိ၊ တုပ္ေကြးျဖစ္ႏိုင္ပါတယ္။

အနာစက္

အနာစက္ဆိုတာက ကူးစက္လြယ္တဲ့ အေရျပားကူးစက္ေရာဂါပါ။ အေရျပားမွာ နာက်င္တဲ့အနာေတြကို ျဖစ္ေစႏိုင္ပါတယ္။ အနာရွိေနသူနဲ႔ အေရျပားခ်င္းထိေတြ႕မိတာ၊ ေခြၽးနဲ႔ထိေတြ႕မိတာ၊ အသုံးအေဆာင္ေတြ အတူတူသုံးမိတာေၾကာင့္ ကူးစက္ခံရႏိုင္ပါတယ္။

ဒါေတြတင္လားဆိုေတာ့ မဟုတ္ေသးပါဘူး။ အသည္းေရာင္အသားဝါေရာဂါပိုးေတြလိုမ်ိဳး ေခြၽးကေနတဆင့္ ကူးစက္တဲ့ေရာဂါေတြကိုလည္း ကူးစက္ခံရႏိုင္သလို တီဘီလိုမ်ိဳး ေလထဲကေနတဆင့္ ကူးစက္တဲ့ေရာဂါမ်ိဳးေတြလည္း ကူးစက္ခံရႏိုင္ပါေသးတယ္။

ေရးသားသူ Aye Thi Mon ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
------------
Unicode

Gym ကနေကူးစက်နိုင်တဲ့ ရောဂါတွေကဘာတွေများလဲ

ခန္ဓာကိုယ်ကျန်းမာပြီး ကျစ်လျစ်သွယ်လျအောင်ဆိုပြီး Gym ဆော့တော့မယ်လို့ စိတ်ဆုံးဖြတ်ပြီးပြီပေါ့။ Gym ဆော့တာက ခန္ဓာကိုယ်ကျန်းမာဖို့ အထောက်အကူ ပြုနိုင်တယ်ဆိုပေမယ့် လူပေါင်းစုံ လေ့ကျင့်ခန်းလုပ်နေတဲ့ Gym ခန်းမကြီးက ရောဂါပိုးကင်းဖို့ သိပ်တော့မလွယ်လှဘူးနော်။ ဒီလိုကနေ ကိုယ်တိုင်မှာ ရောဂါပိုးတွေကူးစက်လာတာမျိုးဖြစ်နိုင်ပါတယ်နော်။ ဒီတော့ Gym ဆော့တော့မယ်ဆိုရင် သတိထားနိုင်စေဖို့ Gym ကနေ ကူးစက်နိုင်တဲ့ ရောဂါတွေအကြောင်း နည်းနည်းလောက်ပြောပြပေးပါရစေနော်။

ဘယ်လိုရောဂါတွေများ ကူးစက်နိုင်တာလဲ

Gym ဆော့ပြီဆိုရင် ချွေးထွက်မယ်ဆိုတာ ပြောနေစရာမလိုပါဘူး။ ဒီတော့ ချွေးကနေတဆင့် ကူးစက်တဲ့ရောဂါတွေကူးစက်ခံရမယ်ဆိုတာ ထွေထွေထူးထူးတောင်ပြောနေဖို့ မလိုအောင်ပါပဲနော်။ နေရာတိုင်းမှာ ချွေးတွေပေနေနိုင်သလို မှိုပိုးတွေ၊ ဘက်တီးရီးယားတ ွရှေိနိုင်နေနိုင်ပါတယ်။ ဒီပိုးတွေက အရေပြားကနေတဆင့်၊ ချွေးကနေတဆင့် ကူးစက်ပြီး ရောဂါပိုးတွေကူးစက်ခံရနိုင်ပါတယ်။

အရေပြားရောဂါဖြစ်စေနိုင်တယ်

Gym ကမှောင်မိုက်စိုထိုင်းတဲ့နေရာတွေဖြစ်တဲ့ ရေချိုးခန်း၊ အဝတ်လဲခန်းတွေမှာ အရေပြားပြဿနာကို ဖြစ်စေနိုင်တဲ့ ရောဂါပိုးတွေရှိနေနိုင်ပါတယ်။ ဒီရောဂါပိုးတွေက အဝတ်နဲ့ ချွေးသုတ်တဲ့ တဘက်တို့မှာ ကပ်ညှိပြီး အရေပြားပြဿနာခံစားရနိုင်ပါတယ်။

ပွေး

ကူးစက်တတ်တဲ့ အရေပြားပြဿနာတစ်ခုပေါ့။ တစ်ယောက်ကနေ တစ်ယောက်ကို ကူးစက်တတ်သလို အသုံးအဆောင်တွေကနေတဆင့်လည်း ကူးစက်ခံရနိုင်ပါတယ်။ လူတိုင်းမှာ အရေပြားပြဿနာရှိလားဆိုတာကို မစစ်ဆေးနိုင်တာကြောင့် သတိထားဖို့တော့ လိုမှာပါ။

သဲဝဲ

ခြေထောက်မှာ အများဆုံးဖြစ်တတ်ကြတာပါ။ မှောင်မိုက်စိုထိုင်းနေတဲ့ နေရာတွေမှာရှင်သန်ပေါက်ဖွားတဲ့ မှိုပိုးတွေကြောင့် အဖြစ်များပါတယ်။ ဒီပြဿနာကို အဖြစ်နိုင်စေဆုံး အရင်းအမြစ်က ချွေးစိုပြီး စိုထိုင်းနေတဲ့ အားကစားလုပ်တဲ့အခါ စီးတဲ့ ဖိနပ်တွေပါ။

ခြေသည်းမှိုပိုးဝင်ခြင်း

ခြေသည်းတွေမှာဖြစ်တဲ့ မှိုပိုးတစ်မျိုးပါ။ လူတစ်ဦးဆီကနေ တစ်ဦးဆီကို ကူးစက်ခံရနိုင်ပါတယ်။ အသုံးအဆောင်တွေ အတူသုံးစွဲတာကြောင့်လည်း ခြေသည်းမှိုပိုးကူးစက်ခံရနိုင်ပါတယ်။

ပေါင်ခြံမှိုစွဲခြင်း

ပေါင်ခြံနေရာမှာဖြစ်တတ်တဲ့ အရေပြားပြဿနာတစ်ခုပါ။ ချွေးကြောင့်ဖြစ်နိုင်သလို အသားချင်းထိတာကနေတဆင့်လည်း ကူးစက်နိုင်ပါတယ်။ စိုစွတ်တဲ့အနေအထားတစ်ရပ်ကြောင့် ပေါက်ဖွားလာတဲ့ မှိုတွေကြောင့်ဖြစ်ရတဲ့ အရေပြားပြဿနာတစ်ခုပါ။ ချွေးစိုပြီး ညစ်ပေနေတဲ့ အားကစားပစ္စည်းတွေ၊ အခင်း၊ တဘက်နဲ့ အခြားသောအသုံးအဆောင်တွေမှာရှိနေနိုင်ပါတယ်။ အရေပြားခြောက်သွေ့ပြီး အဖတ်လေးတွေလန်နေတာမျိုးပါ။

ညှင်း

အသားချင်းထိတွေ့တာ၊ ချွေးကနေတဆင့်ကူးတာ၊ အသုံးအဆောင်တွေ အတူတူသုံးမိတာကြောင့် ကူးစက်ခံရနိုင်ပါတယ်။ အရေပြားကို ယားယံစေသလို မသက်မသာဖြစ်စေနိုင်တဲ့ အခြေအနေပါ။

ကြွက်နို့

အသုံးအဆောင်တွေ အတူတူသုံးမိတာ၊ အသားချင်းထိမိတာတွေကနေတဆင့် ကြွက်နို့ ကူးစက်ခံရနိုင်ပါတယ်။

အအေးမိ၊ တုပ်ကွေး

ရောဂါပိုးရှိသူ နှာချေချောင်းဆိုးတာကနေတဆင့် ကူးစက်ခံရနိုင်ပါတယ်။ အားကစားခန်းမတွင်းမှာ ရောဂါပိုး ပြန့်နှံ့နေမယ်ဆိုရင် အလွယ်တကူ အအေးမိ၊ တုပ်ကွေးဖြစ်နိုင်ပါတယ်။

အနာစက်

အနာစက်ဆိုတာက ကူးစက်လွယ်တဲ့ အရေပြားကူးစက်ရောဂါပါ။ အရေပြားမှာ နာကျင်တဲ့အနာတွေကို ဖြစ်စေနိုင်ပါတယ်။ အနာရှိနေသူနဲ့ အရေပြားချင်းထိတွေ့မိတာ၊ ချွေးနဲ့ထိတွေ့မိတာ၊ အသုံးအဆောင်တွေ အတူတူသုံးမိတာကြောင့် ကူးစက်ခံရနိုင်ပါတယ်။

ဒါတွေတင်လားဆိုတော့ မဟုတ်သေးပါဘူး။ အသည်းရောင်အသားဝါရောဂါပိုးတွေလိုမျိုး ချွေးကနေတဆင့် ကူးစက်တဲ့ရောဂါတွေကိုလည်း ကူးစက်ခံရနိုင်သလို တီဘီလိုမျိုး လေထဲကနေတဆင့် ကူးစက်တဲ့ရောဂါမျိုးတွေလည်း ကူးစက်ခံရနိုင်ပါသေးတယ်။

ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
Gym ကေနကူးစက္ႏိုင္တဲ့ ေရာဂါေတြကဘာေတြမ်ားလဲ Gym ကေနကူးစက္ႏိုင္တဲ့ ေရာဂါေတြကဘာေတြမ်ားလဲ Reviewed by THITHTOOLWIN on 23:08 Rating: 5
Powered by Blogger.