ႏို႔တိုက္ေနရင္းနဲ႔ ႏို႔ထဲ ေသြးပါတာ ဘာျဖစ္လို႔လဲ။

Zawgyi
ကိုယ္ဝန္လရင့္တဲ့အခ်ိန္ ရင္သားကေန ႏို႔မထြက္လာဘဲ ေသြးေလးေတြ စို႔ေနတယ္။ ကေလး ႏို႔တိုက္ ေနတဲ့အခ်ိန္ ရင္သားက ႏို႔မထြက္ဘဲ ေသြးေတြ ထြက္လာမယ္၊ ႏို႔ထဲေသြးေတြေရာေနမယ္ ဆိုရင္ ေမေမတိုင္း လန္႔သြားၾကမွာ က်ိန္းေသပါတယ္။ ဘာမ်ားျဖစ္တာလဲ။ တစ္ေနရာမွာမ်ား ထိခိုက္မႈရွိလို႔လား က်န္းမာေရး တစ္ခုခုမ်ားျဖစ္ေနၿပီးလား။ အဲလိုျဖစ္ရင္ ကေလးကို ႏို႔ဆက္တိုက္လို႔ရေသးရဲ႕လား ။
ကေလးေမြးၿပီး ကာလႏို႔တိုက္ေနခ်ိန္မွာ ႏို႔မဟုတ္ဘဲ ေသြးေတြထြက္ခဲ့ရင္
လုံးဝစိုးရိမ္စရာ မရွိပါဘူး။ ဒါဟာ ပုံမွန္ျဖစ္တတ္တဲ့ အရာတစ္ခုပါ။ ဒီေတာ့ စိတ္ေအးလို႔ရပါၿပီ။ ဒါေပမယ့္ ဘာ့ေၾကာင့္ႏို႔ထဲေသြးပါရလဲဆိုတဲ့ အေၾကာင္းေလးေတြ သိထားဖို႔ေတာ့ လိုေသးတာေပါ့ေနာ္။
ခုေျပာျပမယ့္ အခ်က္ေတြက ႏို႔တိုက္ခ်ိန္ ႏို႔ထဲ ေသြးပါ၊ ႏို႔မထြက္ဘဲ ေသြးေတြ ထြက္လာႏိုင္တဲ့အေၾကာင္းေလးေတြပါ။

( ၁ ) ႏို႔သီးေခါင္းကြဲျခင္း။ ။
ႏို႔သီးေခါင္းကြဲတဲ့ ျပႆနာဟာ ႏို႔ထဲ ေသြးပါေစႏိုင္တဲ့အဓိက ျပႆနာတစ္ခုပါ။ ဒီလို ႏို႔သီးေခါင္းကြဲရျခင္းကို အဓိကျဖစ္ေစႏိုင္တဲ့ ျပႆနာက ႏို႔တိုက္တဲ့ ပုံစံနဲ႔ တိုက္ပုံတိုက္နည္းမမွန္တာေၾကာင့္နဲ႔ ရင္သားပတ္လည္ကို ေသခ်ာသန္႔ရွင္းေရး မလုပ္တာေၾကာင့္ ျဖစ္ရတာပါ။

( ၂ ) Rusty Pipe Syndrome
ကေလးေမြးၿပီးခါစအခ်ိန္ ရင္သားဆီကို ေသြးစီးဆင္းမႈ မ်ားေနတဲ့အတြက္ေၾကာင့္ ႏို႔ဦးရည္နဲ႔ ႏို႔ထဲေသြးေတြပါလာတာ ျဖစ္တတ္ပါတယ္။ ႏို႔ေခ်ာင္းေတြဖြံ႕ၿဖိဳးလာဖို႔နဲ႔ ႏို႔ထြက္မ်ားေစဖို႔ ေသြးလည္ပတ္မႈ ေကာင္းေကာင္းရွိေနဖို႔ အေရးႀကီးပါတယ္။ ဒါကို ေဆးပညာမွာ rusty pipe syndrome ( ဒါမွမဟုတ္) vascular engorgement လို႔ေခၚပါတယ္။ ဒီလို ျပႆနာျဖစ္တဲ့အခါ ေဆးကုသမႈ ခံယူဖို႔မလိုအပ္ပါဘူး။ ကေလးေမြးၿပီး တစ္ပတ္ေလာက္ၾကာရင္ ဒီ ႏို႔ထဲပါတဲ့ေသြးပါတာေတြ ရပ္သြားမွာ ျဖစ္ပါတယ္။

( ၃ ) Intraductal Papilloma
Intraductal Papilloma ဆိုတာ ႏို႔ေခ်ာင္းထဲမွာ ေသးငယ္တဲ့ အလုံးေလးတစ္လုံး ႀကီးထြားလာတာတဲ့ျပႆနာျဖစ္ပါတယ္။ အလုံးဆိုတာနဲ႔ ကင္ဆာလို႔ေတာ့ မထင္လိုက္ပါနဲ႔။ Intraductal Papilloma က ကင္ဆာမဟုတ္တဲ့အလုံးေလးတစ္လုံးသာျဖစ္ပါတယ္။ သူ႔ေၾကာင့္လည္း ႏို႔ထဲေသြးပါတာေတြ ျဖစ္တတ္ပါတယ္။ ႏို႔တိုက္ခ်ိန္ ရင္သားကို စမ္းလိုက္မိတဲ့ အက်ိတ္ေလးတစ္ခု စမ္းမိတယ္၊ နိ႔ထဲမွာလည္း ေသြးေတြပါေနတယ္ဆိုရင္ ဒါ ကင္ဆာမဟုတ္တဲ့ Intraductal Papilloma ျဖစ္ႏိုင္ပါတယ္။ ဒါေပမယ့္ အျခား ကင္ဆာျဖစ္ႏိုင္တဲ့ အက်ိတ္ေတြလည္း ရွိေသးတာမို႔ ဒီလို အက်ိတ္ေရာ ေသြးေရာပါတဲ့ ျပႆနာေတြမွာ ဆရာဝန္ေတြဆီ သြားျပတာ အေကာင္းဆုံးပါ။

ဒီလို ႏို႔တိုက္ရင္းနဲ႔ ႏို႔ထဲေသြးပါတဲ့အခါ ေမေမတို႔သိသင့္တဲ့ အခ်က္ေတြဘာေတြရွိလဲ ။
• မိခင္မွာ ေသြးကေနတစ္ဆ့င့္ကူးစက္တတ္တဲ့ ေရာဂါေတြ ျဖစ္တဲ့ HIV ခုခံအားက်ဆင္းမႈ ကူးစက္ေရာဂါ၊ အသည္းေရာင္အသားဝါ ဘီပိုး စီပိုး ရွိေနတယ္ဆိုရင္ေတာ့ ေသြးပါေနတဲ့ ႏို႔ကို ကေလးကို မတိုက္တာအေကာင္းဆုံးပါ။
• ဒီလို ႏို႔မတိုက္ရတဲ့ ႏို႔တင္းလာတဲ့ျပႆနာကို ေျဖရွင္းဖို႔ ႏို႔ေတြကို ညႇစ္ထုတ္ဖို႔ လိုအပ္ပါတယ္။
• ေနာက္ၿပီး ေသြးေရာေနတဲ့ ႏို႔ေတြကို ေသာက္မိတဲ့ ကေလးဝမ္းက မဲမဲေလးေတြ သြားတတ္ပါတယ္။
• ဒီလို ႏို႔ထဲ ေသြးပါတဲ့ ျပႆနာဟာ ဘယ္ေလာက္ပဲ ျဖစ္တတ္တယ္ ပုံမွန္ပဲလို႔ေျပာျပာ စိတ္ရွင္းေအာင္လို႔ ဆရာဝန္နဲ႔ တစ္ေခါက္ေလာက္ေတာ့ သြားၿပီး တိုင္ပင္ၾကည့္ေစခ်င္ပါတယ္။ ။

ေရးသားသူ Dr. Thin Yadanar @ Frances
 ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
--------------
Unicode
နို့တိုက်နေရင်းနဲ့ နို့ထဲ သွေးပါတာ ဘာဖြစ်လို့လဲ။

ကိုယ်ဝန်လရင့်တဲ့အချိန် ရင်သားကနေ နို့မထွက်လာဘဲ သွေးလေးတွေ စို့နေတယ်။ ကလေး နို့တိုက် နေတဲ့အချိန် ရင်သားက နို့မထွက်ဘဲ သွေးတွေ ထွက်လာမယ်၊ နို့ထဲသွေးတွေရောနေမယ် ဆိုရင် မေမေတိုင်း လန့်သွားကြမှာ ကျိန်းသေပါတယ်။ ဘာများဖြစ်တာလဲ။ တစ်နေရာမှာများ ထိခိုက်မှုရှိလို့လား ကျန်းမာရေး တစ်ခုခုများဖြစ်နေပြီးလား။ အဲလိုဖြစ်ရင် ကလေးကို နို့ဆက်တိုက်လို့ရသေးရဲ့လား ။
ကလေးမွေးပြီး ကာလနို့တိုက်နေချိန်မှာ နို့မဟုတ်ဘဲ သွေးတွေထွက်ခဲ့ရင်
လုံးဝစိုးရိမ်စရာ မရှိပါဘူး။ ဒါဟာ ပုံမှန်ဖြစ်တတ်တဲ့ အရာတစ်ခုပါ။ ဒီတော့ စိတ်အေးလို့ရပါပြီ။ ဒါပေမယ့် ဘာ့ကြောင့်နို့ထဲသွေးပါရလဲဆိုတဲ့ အကြောင်းလေးတွေ သိထားဖို့တော့ လိုသေးတာပေါ့နော်။
ခုပြောပြမယ့် အချက်တွေက နို့တိုက်ချိန် နို့ထဲ သွေးပါ၊ နို့မထွက်ဘဲ သွေးတွေ ထွက်လာနိုင်တဲ့အကြောင်းလေးတွေပါ။
( ၁ ) နို့သီးခေါင်းကွဲခြင်း။ ။
နို့သီးခေါင်းကွဲတဲ့ ပြဿနာဟာ နို့ထဲ သွေးပါစေနိုင်တဲ့အဓိက ပြဿနာတစ်ခုပါ။ ဒီလို နို့သီးခေါင်းကွဲရခြင်းကို အဓိကဖြစ်စေနိုင်တဲ့ ပြဿနာက နို့တိုက်တဲ့ ပုံစံနဲ့ တိုက်ပုံတိုက်နည်းမမှန်တာကြောင့်နဲ့ ရင်သားပတ်လည်ကို သေချာသန့်ရှင်းရေး မလုပ်တာကြောင့် ဖြစ်ရတာပါ။
( ၂ ) Rusty Pipe Syndrome
ကလေးမွေးပြီးခါစအချိန် ရင်သားဆီကို သွေးစီးဆင်းမှု များနေတဲ့အတွက်ကြောင့် နို့ဦးရည်နဲ့ နို့ထဲသွေးတွေပါလာတာ ဖြစ်တတ်ပါတယ်။ နို့ချောင်းတွေဖွံ့ဖြိုးလာဖို့နဲ့ နို့ထွက်များစေဖို့ သွေးလည်ပတ်မှု ကောင်းကောင်းရှိနေဖို့ အရေးကြီးပါတယ်။ ဒါကို ဆေးပညာမှာ rusty pipe syndrome ( ဒါမှမဟုတ်) vascular engorgement လို့ခေါ်ပါတယ်။ ဒီလို ပြဿနာဖြစ်တဲ့အခါ ဆေးကုသမှု ခံယူဖို့မလိုအပ်ပါဘူး။ ကလေးမွေးပြီး တစ်ပတ်လောက်ကြာရင် ဒီ နို့ထဲပါတဲ့သွေးပါတာတွေ ရပ်သွားမှာ ဖြစ်ပါတယ်။
( ၃ ) Intraductal Papilloma
Intraductal Papilloma ဆိုတာ နို့ချောင်းထဲမှာ သေးငယ်တဲ့ အလုံးလေးတစ်လုံး ကြီးထွားလာတာတဲ့ပြဿနာဖြစ်ပါတယ်။ အလုံးဆိုတာနဲ့ ကင်ဆာလို့တော့ မထင်လိုက်ပါနဲ့။ Intraductal Papilloma က ကင်ဆာမဟုတ်တဲ့အလုံးလေးတစ်လုံးသာဖြစ်ပါတယ်။ သူ့ကြောင့်လည်း နို့ထဲသွေးပါတာတွေ ဖြစ်တတ်ပါတယ်။ နို့တိုက်ချိန် ရင်သားကို စမ်းလိုက်မိတဲ့ အကျိတ်လေးတစ်ခု စမ်းမိတယ်၊ နိ့ထဲမှာလည်း သွေးတွေပါနေတယ်ဆိုရင် ဒါ ကင်ဆာမဟုတ်တဲ့ Intraductal Papilloma ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အခြား ကင်ဆာဖြစ်နိုင်တဲ့ အကျိတ်တွေလည်း ရှိသေးတာမို့ ဒီလို အကျိတ်ရော သွေးရောပါတဲ့ ပြဿနာတွေမှာ ဆရာဝန်တွေဆီ သွားပြတာ အကောင်းဆုံးပါ။
ဒီလို နို့တိုက်ရင်းနဲ့ နို့ထဲသွေးပါတဲ့အခါ မေမေတို့သိသင့်တဲ့ အချက်တွေဘာတွေရှိလဲ ။
• မိခင်မှာ သွေးကနေတစ်ဆ့င့်ကူးစက်တတ်တဲ့ ရောဂါတွေ ဖြစ်တဲ့ HIV ခုခံအားကျဆင်းမှု ကူးစက်ရောဂါ၊ အသည်းရောင်အသားဝါ ဘီပိုး စီပိုး ရှိနေတယ်ဆိုရင်တော့ သွေးပါနေတဲ့ နို့ကို ကလေးကို မတိုက်တာအကောင်းဆုံးပါ။
• ဒီလို နို့မတိုက်ရတဲ့ နို့တင်းလာတဲ့ပြဿနာကို ဖြေရှင်းဖို့ နို့တွေကို ညှစ်ထုတ်ဖို့ လိုအပ်ပါတယ်။
• နောက်ပြီး သွေးရောနေတဲ့ နို့တွေကို သောက်မိတဲ့ ကလေးဝမ်းက မဲမဲလေးတွေ သွားတတ်ပါတယ်။
• ဒီလို နို့ထဲ သွေးပါတဲ့ ပြဿနာဟာ ဘယ်လောက်ပဲ ဖြစ်တတ်တယ် ပုံမှန်ပဲလို့ပြောပြာ စိတ်ရှင်းအောင်လို့ ဆရာဝန်နဲ့ တစ်ခေါက်လောက်တော့ သွားပြီး တိုင်ပင်ကြည့်စေချင်ပါတယ်။ ။

ရေးသားသူ Dr. Thin Yadanar @ Frances
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
ႏို႔တိုက္ေနရင္းနဲ႔ ႏို႔ထဲ ေသြးပါတာ ဘာျဖစ္လို႔လဲ။ ႏို႔တိုက္ေနရင္းနဲ႔ ႏို႔ထဲ ေသြးပါတာ ဘာျဖစ္လို႔လဲ။ Reviewed by THITHTOOLWIN on 23:29 Rating: 5
Powered by Blogger.