ျပင္ဦးလြင္-မႏၲေလး အဆင္းလမ္းတြင္ ၁၂ ဘီး ယာဥ္ တိမ္းေမွာက္ကာ တစ္ဦး ေသဆုံး

ယာဥ္တိမ္းေမွာက္မႈေၾကာင့္ ရွာေဖြ ကယ္ဆယ္ေရး လုပ္ငန္းမ်ား ေဆာင္႐ြက္ေနမႈမ်ားအား ေတြ႕ရစဥ္(ဓာတ္ပုံ - Myanmar Fire Services Department)
Zawgyi
    ရန္ကုန္ ၊ ေအာက္တိုဘာ ၁၆ ရက္(ဆင္ဟြာ)

 ျပင္ဦးလြင္-မႏၲေလးအဆင္းလမ္းတြင္ ၁၂ ဘီးယာဥ္တစ္စီးသည္ ယေန႔ ေအာက္တိုဘာ ၁၆ ရက္တြင္ လမ္းဘယ္ဘက္ ျခမ္းသို႔ ထိုးက်တိမ္းေမွာက္မႈ ျဖစ္ပြားကာ ယာဥ္ေမာင္း ျဖစ္သူမွာ ေသဆုံးသြားခဲ့ေၾကာင္း ျမန္မာႏိုင္ငံ မီးသတ္ တပ္ဖြဲ႕၏ ထုတ္ျပန္မႈ အရ သိရသည္။

ျပင္ဦးလြင္ၿမိဳ႕နယ္၊ (၂၁)မိုင္ေက်း႐ြာ၊ ျပင္ဦးလြင္-မႏၲေလးအဆင္းလမ္းတြင္ မူဆယ္မွ ရန္ကုန္သို႔ေမာင္းႏွင္လာေသာ ၁၂ ဘီးယာဥ္သည္ လမ္းဘယ္ဘက္ျခမ္းသို႔ ထိုးက်တိမ္းေမွာက္မႈ ျဖစ္ပြားခဲ့ကာ ယာဥ္ေမာင္း ျဖစ္သူမွာ ေသဆုံးခဲ့ၿပီး ယာဥ္ေနာက္လိုက္ ျဖစ္သူမွာ ထိခိုက္ ဒဏ္ရာမ်ား ရရွိခဲ့ေၾကာင္း သိရသည္။

အဆိုပါ ယာဥ္တိမ္းေမွာက္မႈေၾကာင့္ ျပင္ဦးလြင္ၿမိဳ႕နယ္မီးသတ္စခန္းမွ သေႏၶတပ္ဖြဲ႕ဝင္(၅)ဦး၊ မီးျငႇိမ္းသတ္ယာဥ္(၁)စီး၊ ရတနာပုံၿမိဳ႕သစ္နယ္ေျမမီးသတ္စခန္းမွ သေႏၶတပ္ဖြဲ႕ဝင္(၅)ဦး၊ မီးျငႇိမ္းသတ္ယာဥ္(၁)စီး၊ ဗဟို မီးသတ္သင္တန္းေက်ာင္းမွ သေႏၶတပ္ဖြဲ႕ဝင္(၅)ဦး၊ ရွာေဖြကယ္ဆယ္ေရးယာဥ္(၁)စီးတို႔ျဖင့္ ရွာေဖြ ကယ္ဆယ္ေရးလုပ္ငန္းမ်ား သြားေရာက္ေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။

(Xinhua)
http://www.xinhuamyanmar.com
------------
Unicode
ပြင်ဦးလွင်-မန္တလေး အဆင်းလမ်းတွင် ၁၂ ဘီး ယာဉ် တိမ်းမှောက်ကာ တစ်ဦး သေဆုံး

ယာဉ်တိမ်းမှောက်မှုကြောင့် ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုများအား တွေ့ရစဉ်(ဓာတ်ပုံ - Myanmar Fire Services Department)

    ရန်ကုန် ၊ အောက်တိုဘာ ၁၆ ရက်(ဆင်ဟွာ)

  ပြင်ဦးလွင်-မန္တလေးအဆင်းလမ်းတွင် ၁၂ ဘီးယာဉ်တစ်စီးသည် ယနေ့ အောက်တိုဘာ ၁၆ ရက်တွင် လမ်းဘယ်ဘက် ခြမ်းသို့ ထိုးကျတိမ်းမှောက်မှု ဖြစ်ပွားကာ ယာဉ်မောင်း ဖြစ်သူမှာ သေဆုံးသွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့၏ ထုတ်ပြန်မှု အရ သိရသည်။

ပြင်ဦးလွင်မြို့နယ်၊ (၂၁)မိုင်ကျေးရွာ၊ ပြင်ဦးလွင်-မန္တလေးအဆင်းလမ်းတွင် မူဆယ်မှ ရန်ကုန်သို့မောင်းနှင်လာသော ၁၂ ဘီးယာဉ်သည် လမ်းဘယ်ဘက်ခြမ်းသို့ ထိုးကျတိမ်းမှောက်မှု ဖြစ်ပွားခဲ့ကာ ယာဉ်မောင်း ဖြစ်သူမှာ သေဆုံးခဲ့ပြီး ယာဉ်နောက်လိုက် ဖြစ်သူမှာ ထိခိုက် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ပြင်ဦးလွင်မြို့နယ်မီးသတ်စခန်းမှ သန္ဓေတပ်ဖွဲ့ဝင်(၅)ဦး၊ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရတနာပုံမြို့သစ်နယ်မြေမီးသတ်စခန်းမှ သန္ဓေတပ်ဖွဲ့ဝင်(၅)ဦး၊ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ဗဟို မီးသတ်သင်တန်းကျောင်းမှ သန္ဓေတပ်ဖွဲ့ဝင်(၅)ဦး၊ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီးတို့ဖြင့် ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
ျပင္ဦးလြင္-မႏၲေလး အဆင္းလမ္းတြင္ ၁၂ ဘီး ယာဥ္ တိမ္းေမွာက္ကာ တစ္ဦး ေသဆုံး ျပင္ဦးလြင္-မႏၲေလး အဆင္းလမ္းတြင္ ၁၂ ဘီး ယာဥ္ တိမ္းေမွာက္ကာ တစ္ဦး ေသဆုံး Reviewed by THITHTOOLWIN on 23:00 Rating: 5
Powered by Blogger.