စစ္တပ္အစား အရပ္ဘက္စီးပြားေရးေတြနဲ႔ပဲ ေပါင္းလုပ္ဖို႔ FFM ဥကၠ႒ ေတာင္းဆို

FFM ျမန္မာႏို္င္ငံဆိုင္ရာ ကုလသမဂၢ အခ်က္အလက္ ရွာေဖြေရးမစ္ရွင္ ဥကၠဌ Marzuki Darusman 
Zawgyi
ျမန္မာႏို္င္ငံမွာ ရက္စက္ၾကမ္းၾကဳတ္မႈေတြ က်ဴးလြန္ေနတဲ့ တပ္မေတာ္နဲ႔ ဆက္စပ္ေနတဲ့ စီးပြားေရးလုပ္ငန္းေတြကို ပိတ္ဆို႔အေရးယူၿပီး အရပ္ဖက္ စီးပြားေရးလုပ္ငန္းေတြနဲ႔သာ ပူးေပါင္းေဆာင္ရြက္ဖို႔ FFM ျမန္မာႏို္င္ငံဆိုင္ရာ အခ်က္အလက္ရွာေဖြေရးမစ္ရွင္ ဥကၠ႒က ကုလသမဂၢအဖဲြ႔၀င္ႏိုင္ငံေတြကို ေတာင္းဆိုလိုက္ပါတယ္။ အဂၤါေန႔က နယူးေရာက္ ကုလသမဂၢဌာနခ်ဳပ္မွာက်င္းပတဲ့ ကုလသမဂၢအေထြေထြညီလာခံ တတိယေကာ္မတီ အစည္းအေ၀းမွာ FFM ရဲ႕ ေနာက္ဆံုး ျမန္မာႏိုင္ငံဆိုင္ရာ အစီရင္ခံစာကို တင္သြင္းခ်ိန္မွာ သူကအဲဒီလို ေျပာသြားတာပါ။ မအင္ၾကင္းႏိုင္က အျပည့္အစံုကို တင္ျပမွာပါ။

FFM ျမန္မာႏို္င္ငံဆိုင္ရာ ကုလသမဂၢ အခ်က္အလက္ ရွာေဖြေရးမစ္ရွင္ ဥကၠဌ Marzuki Darusman ဟာ ျမန္မာႏိုင္ငံဆိုင္ရာ ကုလသမဂၢလူ႔အခြင့္အေရး အထူးကိုယ္စားလွယ္ Yanghee Lee နဲ႔အတူ ပူးတဲြ အစီရင္ခံစာတင္သြင္းခဲ့တာပါ။ ျမန္မာႏိုင္ငံမွာ က်န္ေနေသးတဲ့ ရိုဟင္ဂ်ာ (၆)သိန္းေက်ာ္ဟာ ဖဲြ႔စည္းပံုအေျခခံဥပေဒျပဌာန္းခ်က္အရပါ ခဲြျခား ဖိႏွိပ္ခံေနရတဲ့အျပင္၊ လူမ်ဳိးတုန္းသတ္ျဖတ္တဲ့ အႏၱရာယ္နဲ႔လည္း ရင္ဆိုင္ေနရေၾကာင္း Mr. Darusman က အစည္းအေ၀းမွာ ထပ္မံသတိေပးေျပာၾကားခဲ့ပါတယ္။

ဒါအျပင္ FFM ရဲ႕ မူရင္း သက္တမ္း တႏွစ္ကို ေနာက္ထပ္ တႏွစ္တိုးၿပီး ကုလသမဂၢက ၂၀၁၈ ခုႏွစ္က တာ၀န္ေပးအပ္ခဲ့ရာမွာ သူတို႔အဖဲြ႔ ရွာေဖြေတြ႕ရွိခ်က္ေတြကို ပိုၿပီး ခိုင္မာ က်စ္လ်စ္ေစဖို႔ျဖစ္တယ္လို႔ သူက ဆိုပါတယ္။ အဲဒီလို သက္တမ္းတိုးခ်ဲ႕ခဲ့တဲ့အတြက္လည္း ေတြ႕ရွိတဲ့ အေထာက္အထားေတြ ပိုၿပီးခိုင္လံုေအာင္ စုေဆာင္းတဲ့အခါမွာ ျမန္မာႏိုင္ငံက စီးပြားေရးလုပ္ငန္းေတြမွာ တပ္မေတာ္ရဲ႕ ပါ၀င္ပတ္သက္မႈဟာ ဆိုးရြားလွတဲ့ လူ႔အခြင့္အေရးခ်ဳိးေဖာက္မႈေတြကို က်ဴးလြန္ဖို႔ ပံ့ပိုးေပးေနတယ္ဆိုတာ စံုစမ္းေတြ႕ရွိခဲ့ရတယ္လို႔ Mr. Marzuki Darusman က အခုလို ေျပာပါတယ္။

“စီးပြားေရးမွာ တပ္မေတာ္ပါ၀င္ပတ္သက္မႈဟာ ရက္စက္ၾကမ္းၾကဳတ္မႈေတြကို က်ဴးလြန္ေစတဲ့ လုပ္ရပ္ေတြကို ပံ့ပိုးေပးႏိုင္ဖို႔ တိုက္႐ိုက္ပတ္သက္ေနတာကို က်ေနာ္တို႔ အေထာက္အထားေတြနဲ႔ ေတြ႕ရွိခဲ့တာျဖစ္ပါတယ္။ ႏိုင္ငံေတာ္ ဘတ္ဂ်က္ကို တပ္မေတာ္က အကန္႔အသတ္မရွိ သံုးၿပီး ဖိႏွိပ္ညွင္းပမ္းမႈေတြ က်ဴးလြန္ခဲ့သလို၊ ျပစ္ဒဏ္ကေန ကင္းလြတ္ခြင့္ရဖို႔နဲ႔ လံုး၀လြတ္ေျမာက္ဖို႔ အတြက္လည္း ဘ႑ာေငြေတြကို သံုးစဲြခဲ့တာပါ။ ဒီေနရာမွာ ျမန္မာႏိုင္ငံက စီးပြားေရးလုပ္ငန္းေတြ ကေနပါ အက်ဳိးအျမတ္ရဖို႔ တပ္မေတာ္က လႊမ္းမိုးခ်ဳပ္ကိုင္ခဲ့တယ္ဆိုတဲ့အခ်က္ဟာ ဆက္စပ္ေနပါတယ္။”

အထူးသျဖင့္ ရခိုင္ျပည္နယ္အပါ၀င္ ကခ်င္၊ ရွမ္းနဲ႕ အျခားတိုင္းရင္းသားေဒသေတြမွာ ႀကီးမားျပင္း ထန္လွတဲ့ ျပစ္မႈေတြကို တပ္မေတာ္က က်ဴးလြန္ရာမွာ သူတို႔တပ္အင္အားအတြက္ သံုးစဲြဖို႔ ၀င္ေငြေတြကို စီးပြားေရးလုပ္ငန္းေတြကေန တိုက္႐ိုက္ရေနတဲ့အတြက္ တပ္မေတာ္နဲ႔ ဆက္စပ္ပတ္သက္တဲ့ စီးပြားေရးလုပ္ငန္းေတြကို ျဖတ္ေတာက္ ပိတ္ဆို႔ အေရးယူဖို႔ Marzuki Darusman က အခုလို ကုလသမဂၢအဖဲြ႔၀င္ႏိုင္ငံေတြကို တိုက္တြန္းခဲ့ပါတယ္။

“က်ေနာ္တို႔ ေပးခ်င္တဲ့ message ကေတာ့ တပ္မေတာ္နဲ႔ ဆက္စပ္ပတ္သက္ေနတဲ့ စီးပြားေရးလုပ္ငန္း မွန္သမွ်ကို အဆံုးသတ္ၿပီး တပ္မေတာ္နဲ႔ မပတ္သက္တဲ့ အဖဲြ႕အစည္း၊ လုပ္ငန္းေတြနဲ႔ပဲ ပူးေပါင္း ေဆာင္ရြက္ ဖို႔ျဖစ္ပါတယ္။ ႏွစ္ေပါင္း ၃၀ ၾကာျမင့္ၿပီးေနာက္မွာေတာင္ ျမန္မာႏိုင္ငံမွာ ဆက္ၿပီး ျဖစ္ေနတဲ့ လူ႔အခြင့္အေရးခ်ဳိးေဖာက္မႈေတြကို တားဆီးဖို႔ အေျဖဘယ္လိုရွာမလဲဆိုတဲ့ စိတ္ဓါတ္နဲ႔ အစီအစဥ္ေရးဆဲြဖို႔ က်ေနာ္တို႔ အႀကံျပဳခ်င္ပါတယ္။ ဒါေၾကာင့္ ဒီေနရာမွာ က်ေနာ္ အခ်က္တခုတည္းကို ေမတၱာရပ္ခံခ်င္တာကေတာ့ ျမန္မာႏိုင္ငံဆိုင္ရာ လြတ္လပ္တဲ့ စံုစမ္းစစ္ေဆးမႈ ယႏၱရားအဖဲြ႔ ကို ေနာက္တဆင့္အေနနဲ႔ အျပည့္အ၀ ေထာက္ခံပံ့ပိုးၾကဖို႔ပဲ ျဖစ္ပါတယ္။ အခုဆိုရင္ ဒီအဖဲြ႔ႀကီးဟာ ႏိုင္ငံတကာအသိုင္းအ၀ိုင္းရဲ႕ အေျမာ္အျမင္ရွိရွိ ပူးေပါင္းေဆာင္ရြက္မႈနဲ႔ လုပ္ငန္းလည္ပတ္ေနပါၿပီ။ ဒီအဖဲြ႔ရဲ႕ ျပင္ဆင္မႈေတြကေန ေနာက္ဆံုးမွာ တရားစီရင္ေရးနဲ႔ တာ၀န္ခံမႈရွိေရးအတြက္ လုပ္ေဆာင္သြားမွာျဖစ္ပါတယ္။”

ကုလသမဂၢအေထြေထြညီလာခံက သူတို႔ကို လုပ္ပိုင္ခြင့္ေပးခဲ့တဲ့ အခ်က္ေတြထဲမွာ အခု ေနာက္ဆံုးအစီရင္ခံစာတင္သြင္းဖို႔ ပါ၀င္ခဲ့ၿပီး FFM အေနနဲ႔ သူတို႔ေတြ႕ရွိခဲ့တဲ့ ျမန္မာစစ္တပ္ရဲ႕ လူမ်ဳိးတုန္း သတ္ျဖတ္ က်ဴးလြန္မႈဆိုတဲ့ စြပ္စဲြခ်က္ေတြအတြက္ အေထာက္အထား အခ်က္အလက္ ေတြကို ႏိုင္ငံတကာတရား႐ံုးေတြက ကိုင္တြယ္စီရင္ႏိုင္ဖို႔ အမႈတည္ေဆာက္မယ့္ IIMM ျမန္မာႏိုင္ငံဆိုင္ရာ လြတ္လပ္တဲ့ ကုလသမဂၢ စံုစမ္းစစ္ေဆးေရးယႏၲရားအဖဲြ႕ကို လဲႊဲေျပာင္းေပးခဲ့ၿပီျဖစ္ေၾကာင္း မစ္ရွင္ဥကၠဌ Mr. Marzuki Darusman ကေျပာခဲ့ပါတယ္။

ကုလသမဂၢဆိုင္ရာ ျမန္မာသံအမတ္ႀကီးကေတာ့ အခုလို FFM ရဲ႕အစီရင္ခံစာကို အသိအမွတ္မျပဳသလို FFM ကေန ဆက္ႏြယ္ၿပီးေတာ့ ေပၚေပါက္လာတဲ့ IIMM အဖဲြ႔ လုပ္ငန္းယႏၱရားကိုလည္း အသိအမွတ္မျပဳေၾကာင္းနဲ႔ ပူးေပါင္းေဆာင္ရြက္မွာ မဟုတ္ဘူးလို႔ တတိယေကာ္မတီ အစည္းအေ၀းမွာ တံု႔ျပန္ေျပာဆိုသြားပါတယ္။ ျမန္မာအစိုးရအေနနဲ႔ ႐ိုဟင္ဂ်ာဆိုတဲ့ အေခၚအေ၀ၚကို အသိအမွတ္ျပဳျခင္းမရွိပါဘူး။

ေအာက္တိုဘာလ ၂၃ ရက္ ဗုဒၶဟူးေန႔မွာေတာ့ Yanghee Lee နဲ႕ Marzuki Darusman တို႔ရဲ႕ ပူးတဲြ သတင္းစာရွင္းလင္းပဲြကို နယူးေရာက္ ကုလသမဂၢဌာနခ်ဳပ္မွာ ျပဳလုပ္ဖို႔ရွိသလို ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကုိယ္စားလွယ္ Christine Schraner Burgener ကလည္း သူရဲ႕ အစီရင္ခံစာကို ကုလသမဂၢအေထြေထြညီလာခံ အစည္းအေ၀းမွာ တင္ျပဖို႔ရွိပါတယ္။ ကုလသမဂၢအေထြေထြညီလာခံ တတိယေကာ္မတီကေန ျမန္မာႏိုင္ငံဆိုင္ရာ ဆံုးျဖတ္ခ်က္မူၾကမ္းကို ေရးဆဲြေနၿပီး မၾကာခင္ မဲခဲြဆံုးျဖတ္ဖို႔ ရွိပါတယ္။

.....................

{Unicode}

စစ်တပ်အစား အရပ်ဘက်စီးပွားရေးတွေနဲ့ပဲ ပေါင်းလုပ်ဖို့ FFM ဥက္ကဋ္ဌ တောင်းဆို

မြန်မာနိုင်ငံမှာ ရက်စက်ကြမ်းကြုတ်မှုတွေ ကျူးလွန်နေတဲ့ တပ်မတော်နဲ့ ဆက်စပ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေကို ပိတ်ဆို့အရေးယူပြီး အရပ်ဖက် စီးပွားရေးလုပ်ငန်းတွေနဲ့သာ ပူးပေါင်းဆောင်ရွက်ဖို့ FFM မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေးမစ်ရှင် ဥက္ကဋ္ဌက ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကို တောင်းဆိုလိုက်ပါတယ်။ အင်္ဂါနေ့က နယူးရောက် ကုလသမဂ္ဂဌာနချုပ်မှာကျင်းပတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံ တတိယကော်မတီ အစည်းအဝေးမှာ FFM ရဲ့ နောက်ဆုံး မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာကို တင်သွင်းချိန်မှာ သူကအဲဒီလို ပြောသွားတာပါ။ မအင်ကြင်းနိုင်က အပြည့်အစုံကို တင်ပြမှာပါ။

FFM မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးမစ်ရှင် ဥက္ကဌ Marzuki Darusman ဟာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee နဲ့အတူ ပူးတွဲ အစီရင်ခံစာတင်သွင်းခဲ့တာပါ။ မြန်မာနိုင်ငံမှာ ကျန်နေသေးတဲ့ ရိုဟင်ဂျာ (၆)သိန်းကျော်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပြဌာန်းချက်အရပါ ခွဲခြား ဖိနှိပ်ခံနေရတဲ့အပြင်၊ လူမျိုးတုန်းသတ်ဖြတ်တဲ့ အန္တရာယ်နဲ့လည်း ရင်ဆိုင်နေရကြောင်း Mr. Darusman က အစည်းအဝေးမှာ ထပ်မံသတိပေးပြောကြားခဲ့ပါတယ်။

ဒါအပြင် FFM ရဲ့ မူရင်း သက်တမ်း တနှစ်ကို နောက်ထပ် တနှစ်တိုးပြီး ကုလသမဂ္ဂက ၂၀၁၈ ခုနှစ်က တာဝန်ပေးအပ်ခဲ့ရာမှာ သူတို့အဖွဲ့ ရှာဖွေတွေ့ရှိချက်တွေကို ပိုပြီး ခိုင်မာ ကျစ်လျစ်စေဖို့ဖြစ်တယ်လို့ သူက ဆိုပါတယ်။ အဲဒီလို သက်တမ်းတိုးချဲ့ခဲ့တဲ့အတွက်လည်း တွေ့ရှိတဲ့ အထောက်အထားတွေ ပိုပြီးခိုင်လုံအောင် စုဆောင်းတဲ့အခါမှာ မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းတွေမှာ တပ်မတော်ရဲ့ ပါဝင်ပတ်သက်မှုဟာ ဆိုးရွားလှတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကျူးလွန်ဖို့ ပံ့ပိုးပေးနေတယ်ဆိုတာ စုံစမ်းတွေ့ရှိခဲ့ရတယ်လို့ Mr. Marzuki Darusman က အခုလို ပြောပါတယ်။

“စီးပွားရေးမှာ တပ်မတော်ပါဝင်ပတ်သက်မှုဟာ ရက်စက်ကြမ်းကြုတ်မှုတွေကို ကျူးလွန်စေတဲ့ လုပ်ရပ်တွေကို ပံ့ပိုးပေးနိုင်ဖို့ တိုက်ရိုက်ပတ်သက်နေတာကို ကျနော်တို့ အထောက်အထားတွေနဲ့ တွေ့ရှိခဲ့တာဖြစ်ပါတယ်။ နိုင်ငံတော် ဘတ်ဂျက်ကို တပ်မတော်က အကန့်အသတ်မရှိ သုံးပြီး ဖိနှိပ်ညှင်းပမ်းမှုတွေ ကျူးလွန်ခဲ့သလို၊ ပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့်ရဖို့နဲ့ လုံးဝလွတ်မြောက်ဖို့ အတွက်လည်း ဘဏ္ဍာငွေတွေကို သုံးစွဲခဲ့တာပါ။ ဒီနေရာမှာ မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းတွေ ကနေပါ အကျိုးအမြတ်ရဖို့ တပ်မတော်က လွှမ်းမိုးချုပ်ကိုင်ခဲ့တယ်ဆိုတဲ့အချက်ဟာ ဆက်စပ်နေပါတယ်။”

အထူးသဖြင့် ရခိုင်ပြည်နယ်အပါဝင် ကချင်၊ ရှမ်းနဲ့ အခြားတိုင်းရင်းသားဒေသတွေမှာ ကြီးမားပြင်း ထန်လှတဲ့ ပြစ်မှုတွေကို တပ်မတော်က ကျူးလွန်ရာမှာ သူတို့တပ်အင်အားအတွက် သုံးစွဲဖို့ ဝင်ငွေတွေကို စီးပွားရေးလုပ်ငန်းတွေကနေ တိုက်ရိုက်ရနေတဲ့အတွက် တပ်မတော်နဲ့ ဆက်စပ်ပတ်သက်တဲ့ စီးပွားရေးလုပ်ငန်းတွေကို ဖြတ်တောက် ပိတ်ဆို့ အရေးယူဖို့ Marzuki Darusman က အခုလို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကို တိုက်တွန်းခဲ့ပါတယ်။

“ကျနော်တို့ ပေးချင်တဲ့ message ကတော့ တပ်မတော်နဲ့ ဆက်စပ်ပတ်သက်နေတဲ့ စီးပွားရေးလုပ်ငန်း မှန်သမျှကို အဆုံးသတ်ပြီး တပ်မတော်နဲ့ မပတ်သက်တဲ့ အဖွဲ့အစည်း၊ လုပ်ငန်းတွေနဲ့ပဲ ပူးပေါင်း ဆောင်ရွက် ဖို့ဖြစ်ပါတယ်။ နှစ်ပေါင်း ၃၀ ကြာမြင့်ပြီးနောက်မှာတောင် မြန်မာနိုင်ငံမှာ ဆက်ပြီး ဖြစ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို တားဆီးဖို့ အဖြေဘယ်လိုရှာမလဲဆိုတဲ့ စိတ်ဓါတ်နဲ့ အစီအစဉ်ရေးဆွဲဖို့ ကျနော်တို့ အကြံပြုချင်ပါတယ်။ ဒါကြောင့် ဒီနေရာမှာ ကျနော် အချက်တခုတည်းကို မေတ္တာရပ်ခံချင်တာကတော့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု ယန္တရားအဖွဲ့ ကို နောက်တဆင့်အနေနဲ့ အပြည့်အ၀ ထောက်ခံပံ့ပိုးကြဖို့ပဲ ဖြစ်ပါတယ်။ အခုဆိုရင် ဒီအဖွဲ့ကြီးဟာ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အမြော်အမြင်ရှိရှိ ပူးပေါင်းဆောင်ရွက်မှုနဲ့ လုပ်ငန်းလည်ပတ်နေပါပြီ။ ဒီအဖွဲ့ရဲ့ ပြင်ဆင်မှုတွေကနေ နောက်ဆုံးမှာ တရားစီရင်ရေးနဲ့ တာဝန်ခံမှုရှိရေးအတွက် လုပ်ဆောင်သွားမှာဖြစ်ပါတယ်။”

ကုလသမဂ္ဂအထွေထွေညီလာခံက သူတို့ကို လုပ်ပိုင်ခွင့်ပေးခဲ့တဲ့ အချက်တွေထဲမှာ အခု နောက်ဆုံးအစီရင်ခံစာတင်သွင်းဖို့ ပါဝင်ခဲ့ပြီး FFM အနေနဲ့ သူတို့တွေ့ရှိခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ လူမျိုးတုန်း သတ်ဖြတ် ကျူးလွန်မှုဆိုတဲ့ စွပ်စွဲချက်တွေအတွက် အထောက်အထား အချက်အလက် တွေကို နိုင်ငံတကာတရားရုံးတွေက ကိုင်တွယ်စီရင်နိုင်ဖို့ အမှုတည်ဆောက်မယ့် IIMM မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးယန္တရားအဖွဲ့ကို လွဲှဲပြောင်းပေးခဲ့ပြီဖြစ်ကြောင်း မစ်ရှင်ဥက္ကဌ Mr. Marzuki Darusman ကပြောခဲ့ပါတယ်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးကတော့ အခုလို FFM ရဲ့အစီရင်ခံစာကို အသိအမှတ်မပြုသလို FFM ကနေ ဆက်နွယ်ပြီးတော့ ပေါ်ပေါက်လာတဲ့ IIMM အဖွဲ့ လုပ်ငန်းယန္တရားကိုလည်း အသိအမှတ်မပြုကြောင်းနဲ့ ပူးပေါင်းဆောင်ရွက်မှာ မဟုတ်ဘူးလို့ တတိယကော်မတီ အစည်းအဝေးမှာ တုံ့ပြန်ပြောဆိုသွားပါတယ်။ မြန်မာအစိုးရအနေနဲ့ ရိုဟင်ဂျာဆိုတဲ့ အခေါ်အဝေါ်ကို အသိအမှတ်ပြုခြင်းမရှိပါဘူး။

အောက်တိုဘာလ ၂၃ ရက် ဗုဒ္ဓဟူးနေ့မှာတော့ Yanghee Lee နဲ့ Marzuki Darusman တို့ရဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲကို နယူးရောက် ကုလသမဂ္ဂဌာနချုပ်မှာ ပြုလုပ်ဖို့ရှိသလို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener ကလည်း သူရဲ့ အစီရင်ခံစာကို ကုလသမဂ္ဂအထွေထွေညီလာခံ အစည်းအဝေးမှာ တင်ပြဖို့ရှိပါတယ်။ ကုလသမဂ္ဂအထွေထွေညီလာခံ တတိယကော်မတီကနေ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းကို ရေးဆွဲနေပြီး မကြာခင် မဲခွဲဆုံးဖြတ်ဖို့ ရှိပါတယ်။

အင္ၾကင္းႏိုင္/ ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
စစ္တပ္အစား အရပ္ဘက္စီးပြားေရးေတြနဲ႔ပဲ ေပါင္းလုပ္ဖို႔ FFM ဥကၠ႒ ေတာင္းဆို စစ္တပ္အစား အရပ္ဘက္စီးပြားေရးေတြနဲ႔ပဲ ေပါင္းလုပ္ဖို႔ FFM ဥကၠ႒ ေတာင္းဆို Reviewed by THITHTOOLWIN on 20:20 Rating: 5
Powered by Blogger.