ဗစ္တိုးရီးယားအမႈ - ေအာင္ႀကီးရဲ႕ အာမခံ ပယ္ခ်ခံရ

ဗစ္တိုးရီးယား အမႈ အမွန္အတိုင္းျဖစ္ေရးနဲ႔ ကေလးသူငယ္ေတြ အတြက္ လုံၿခဳံတဲ့ ပတ္ဝန္းက်င္ ဖန္တီးႏိုင္ေရး ေတာင္းဆိုလႈပ္ရွားမႈမ်ားလည္း ျဖစ္ေပၚခဲ့
Zawgyi
ေနျပည္ေတာ္ Wisdom Hill ပုဂၢလိက မူႀကိဳ ေက်ာင္းက အသက္ ၃ ႏွစ္ အ႐ြယ္ ကေလး တစ္ဦး လိင္အဓမၼျပဳက်င့္ခံခဲ့ရတဲ့ ဗစ္တိုးရီးယားအမႈရဲ႕ ၉ ႀကိမ္ေျမာက္ ႐ုံးခ်ိန္းကို ေအာက္တိုဘာ လ ၂၃ ရက္ (ဒီေန႔) မွာ ေနျပည္ေတာ္ ဒကၡိဏ ခ႐ိုင္ တရား႐ုံးမွာ ဆက္လက္ စစ္ေဆးခဲ့ရာမွာ သံသယ တရားခံ ကိုေအာင္ႀကီးရဲ႕ ေရွ႕ေနဘက္က တင္ျပထားတဲ့ အာမခံေလွ်ာက္ထားမႈကို ခ႐ိုင္တရား႐ုံးက ပယ္ခ်လိုက္ပါတယ္။

ႀကီးေလးတဲ့ ျပစ္ဒဏ္ ခ်မွတ္ႏိုင္တဲ့ ပုဒ္မနဲ႔ တရားစြဲဆိုခံရတာ ျဖစ္တဲ့ အျပင္ တရားခံ ဘက္က ခိုင္လုံတဲ့ သက္ေသ မျပႏိုင္ေသးတဲ့ အတြက္ေၾကာင့္ အခုလို ဆုံးျဖတ္တာျဖစ္ေၾကာင္း ဒကၡိဏ ခ႐ိုင္ တရား႐ုံးက ေျပာပါတယ္။

ဒီေန႔ ႐ုံးခ်ိန္းမွာ အာမခံ ေလွ်ာက္ထားမႈ ဆုံးျဖတ္ခ်က္ အျပင္ သက္ေသ အျဖစ္ တင္သြင္းထားသူေတြထဲမွာ ပါဝင္တဲ့ Wisdom Hill ပုဂၢလိက မူႀကိဳ ေက်ာင္းက ဆရာမ တစ္ဦး ျဖစ္သူ ေဒၚနီလာေအး၊ ေက်ာင္းရဲ႕ စီစီတီဗီ လုံၿခဳံေရး မွတ္တမ္း တာဝန္ယူ ထိန္းသိမ္းရသူ ဝန္ထမ္း ကိုရန္ေနာင္ေဌးတို႔ကို လည္း စစ္ေဆးခဲ့ပါတယ္။

 တရားခြင္ မွာ က်မ္းက်ိန္ ထြက္ဆိုခဲ့တဲ့ ဆရာမ ေဒၚနီလာေအး
ေဒၚနီလာေအး ရဲ႕ ထြက္ဆိုခ်က္မွာေတာ့ ကိုေအာင္ႀကီး အေနနဲ႔ ဒီ လိင္အၾကမ္းဖက္မႈကို က်ဴးလြန္ျခင္း မရွိဘူးလို႔ ႐ုံးေတာ္ ေရွ႕ေမွာက္ ထြက္ဆိုသြားေၾကာင္း တရားခြင္ ၾကားနာမႈကို တက္ေရာက္ နားေထာင္ သတင္းယူခဲ့တဲ့ ဘီဘီစီ သတင္းေထာက္က ေျပာပါတယ္။

ဥပေဒအရာရွိက ဘာေၾကာင့္ အဲဒီလို ေျပာႏိုင္သလဲဆိုၿပီး ေမးျမန္းရာမွာေတာ့ သံသယ တရားခံ အျဖစ္ ႐ုံးတင္ခံထားရတဲ့ ကိုေအာင္ႀကီး တစ္ေယာက္ ေက်ာင္းမွာ ရွိေနတဲ့ အခ်ိန္မွာ ဗစ္တိုးရီးယားက သူနဲ႔ အတူ ရွိေနခဲ့တာေၾကာင့္လို႔ ဆရာမ နီလာေအးက ျပန္လည္ ေျဖၾကားခဲ့ပါတယ္။

သံသယ တရားခံ ကိုေအာင္ႀကီးရဲ႕ ေရွ႕ေန ျဖစ္သူ ေဒၚစုဒါလီေအာင္ က ဆရာမ ေဒၚနီလာေအးကို တန္ျပန္ ေမးျမန္းရာမွာလည္း ကိုေအာင္ႀကီးဟာ ေက်ာင္း မွာ ရွိေနတဲ့ အခ်ိန္ တေလွ်ာက္လုံး ေက်ာင္းခန္း အေရွ႕ပိုင္းက ဆိုဖာ ထိုင္ခုံမွာ ထိုင္ေနခဲ့တာကို သူ ျမင္ခဲ့ရတယ္လို႔ ေဒၚနီလာေအးက ေျဖၾကားသြားခဲ့ပါတယ္။

ေနျပည္ေတာ္ သေျပကုန္းက Wisdom Hill ပုဂၢလိက ေက်ာင္းက မူႀကိဳေက်ာင္းသူ ကေလးငယ္ လိင္အဓမၼျပဳက်င့္ခံခဲ့ရတယ္ ဆိုတဲ့ အမႈ အတြက္ မူႀကိဳေက်ာင္း ႀကီးၾကပ္ေရးမႉး ေဒၚဥမၼာလႈိင္ရဲ႕ကိုယ္ပိုင္ ဝန္ထမ္း ကားေမာင္းဆရာ ျဖစ္သူ ကိုေအာင္ေက်ာ္မ်ိဳး (ေခၚ) ကိုေအာင္ႀကီးကို သံသယတရားခံအျဖစ္ ႐ုံးတင္စစ္ေဆးေနတာပါ။

ၿပီးခဲ့တဲ့ ေမလလယ္မွာ ျဖစ္ခဲ့တဲ့ ဒီအမႈအတြက္ ကိုေအာင္ႀကီးကို ရဲတပ္ဖြဲ႕ က ပထမ အႀကိမ္ ဖမ္းဆီး စစ္ေဆးခဲ့ၿပီး ႐ုံးတင္ တရားစြဲဆို ဖို႔ သက္ေသမလုံေလာက္ဘူး ဆိုၿပီး ဇြန္လထဲမွာ ျပန္လႊတ္ေပးခဲ့ပါတယ္။ ဒါေပမယ့္ ဇူလိုင္လထဲမွာ ကိုေအာင္ႀကီးကို ထပ္မံဖမ္းဆီးၿပီး သံသယ တရားခံအျဖစ္ ႐ုံးတင္ စစ္ေဆးေနတာ ျဖစ္ပါတယ္။

လူအမ်ား စိတ္ဝင္စားမႈ အျမင့္ဆုံး ရွိေနတဲ့ ဒီအမႈမွာ ရဲတပ္ဖြဲ႕နဲ႔ ဥပေဒ႐ုံးက စစ္ေဆးေဆာင္႐ြက္ခ်က္ေတြ အေပၚ ျပည္သူလူထုၾကား ေမးခြန္းထုတ္မႈေတြလည္း ျဖစ္ေပၚခဲ့ပါတယ္။

ဒါ့အျပင္ ျပစ္မႈ က်ဴးလြန္ခံခဲ့ရတဲ့ ကေလးငယ္နဲ႔ မိသားစု အပါအဝင္ အေရးႀကီး သက္ေသတခ်ိဳ႕ တရားခြင္မွာ သက္ေသထြက္ၿပီးေနာက္ပိုင္းမွာလည္း ႏွစ္ဖက္ ေရွ႕ေနေတြရဲ႕ မီဒီယာေျဖၾကားခ်က္ တခ်ိဳ႕က မိသားစုဂုဏ္သိကၡာ ညႇိဳးႏြမ္းေစၿပီး ကေလးသူငယ္ ထိခိုက္ နစ္နာေစတဲ့အတြက္ မူႀကိဳေက်ာင္း ႀကီးၾကပ္ေရးမႉး ေဒၚဥမၼာလႈိင္ဘက္က ႏွစ္ဖက္ ေရွ႕ေနေတြနဲ႔ ကာယကံရွင္ ဗစ္တိုးရီးယားရဲ႕ မိသားစုဝင္ေတြကိုပါ ရဲစခန္းမွာ အမႈဖြင့္ တိုင္ၾကားထားတဲ့ ျဖစ္စဥ္ေတြလည္း ျဖစ္ေပၚခဲ့ပါတယ္။

ဗစ္တိုးရီးယားအမႈ ေနာက္ထပ္႐ုံးခ်ိန္းကိုေတာ့ လာမယ့္ ႏိုဝင္ဘာ ၆ ရက္ မွာ ဆက္လက္စစ္ေဆးဖို႔ ရွိပါတယ္။

BBC Burmese
https://www.bbc.com
-------------
Unicode
ဗစ်တိုးရီးယားအမှု - အောင်ကြီးရဲ့ အာမခံ ပယ်ချခံရ

ဓာတ်ပုံ မူပိုင် SAI AUNG MAIN/AFP/Getty Images
Image caption ဗစ်တိုးရီးယား အမှု အမှန်အတိုင်းဖြစ်ရေးနဲ့ ကလေးသူငယ်တွေ အတွက် လုံခြုံတဲ့ ပတ်ဝန်းကျင် ဖန်တီးနိုင်ရေး တောင်းဆိုလှုပ်ရှားမှုများလည်း ဖြစ်ပေါ်ခဲ့

နေပြည်တော် Wisdom Hill ပုဂ္ဂလိက မူကြို ကျောင်းက အသက် ၃ နှစ် အရွယ် ကလေး တစ်ဦး လိင်အဓမ္မပြုကျင့်ခံခဲ့ရတဲ့ ဗစ်တိုးရီးယားအမှုရဲ့ ၉ ကြိမ်မြောက် ရုံးချိန်းကို အောက်တိုဘာ လ ၂၃ ရက် (ဒီနေ့) မှာ နေပြည်တော် ဒက္ခိဏ ခရိုင် တရားရုံးမှာ ဆက်လက် စစ်ဆေးခဲ့ရာမှာ သံသယ တရားခံ ကိုအောင်ကြီးရဲ့ ရှေ့နေဘက်က တင်ပြထားတဲ့ အာမခံလျှောက်ထားမှုကို ခရိုင်တရားရုံးက ပယ်ချလိုက်ပါတယ်။

ကြီးလေးတဲ့ ပြစ်ဒဏ် ချမှတ်နိုင်တဲ့ ပုဒ်မနဲ့ တရားစွဲဆိုခံရတာ ဖြစ်တဲ့ အပြင် တရားခံ ဘက်က ခိုင်လုံတဲ့ သက်သေ မပြနိုင်သေးတဲ့ အတွက်ကြောင့် အခုလို ဆုံးဖြတ်တာဖြစ်ကြောင်း ဒက္ခိဏ ခရိုင် တရားရုံးက ပြောပါတယ်။

ဒီနေ့ ရုံးချိန်းမှာ အာမခံ လျှောက်ထားမှု ဆုံးဖြတ်ချက် အပြင် သက်သေ အဖြစ် တင်သွင်းထားသူတွေထဲမှာ ပါဝင်တဲ့ Wisdom Hill ပုဂ္ဂလိက မူကြို ကျောင်းက ဆရာမ တစ်ဦး ဖြစ်သူ ဒေါ်နီလာအေး၊ ကျောင်းရဲ့ စီစီတီဗီ လုံခြုံရေး မှတ်တမ်း တာဝန်ယူ ထိန်းသိမ်းရသူ ဝန်ထမ်း ကိုရန်နောင်ဌေးတို့ကို လည်း စစ်ဆေးခဲ့ပါတယ်။

    ဗစ်တိုးရီးယားအမှု - ကိုအောင်ကြီးရှေ့နေ နောက်ယောင်ခံ လိုက်ခံရတယ်လို့ဆို
    လိင်ပိုင်းဆိုင်ရာ ကျူးလွန်သူအကြောင်း ဗစ်တိုးရီးယားထွက်ချက်ပေး

ဓာတ်ပုံ မူပိုင် BBC Burmese
Image caption တရားခွင် မှာ ကျမ်းကျိန် ထွက်ဆိုခဲ့တဲ့ ဆရာမ ဒေါ်နီလာအေး

ဒေါ်နီလာအေး ရဲ့ ထွက်ဆိုချက်မှာတော့ ကိုအောင်ကြီး အနေနဲ့ ဒီ လိင်အကြမ်းဖက်မှုကို ကျူးလွန်ခြင်း မရှိဘူးလို့ ရုံးတော် ရှေ့မှောက် ထွက်ဆိုသွားကြောင်း တရားခွင် ကြားနာမှုကို တက်ရောက် နားထောင် သတင်းယူခဲ့တဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဥပဒေအရာရှိက ဘာကြောင့် အဲဒီလို ပြောနိုင်သလဲဆိုပြီး မေးမြန်းရာမှာတော့ သံသယ တရားခံ အဖြစ် ရုံးတင်ခံထားရတဲ့ ကိုအောင်ကြီး တစ်ယောက် ကျောင်းမှာ ရှိနေတဲ့ အချိန်မှာ ဗစ်တိုးရီးယားက သူနဲ့ အတူ ရှိနေခဲ့တာကြောင့်လို့ ဆရာမ နီလာအေးက ပြန်လည် ဖြေကြားခဲ့ပါတယ်။

သံသယ တရားခံ ကိုအောင်ကြီးရဲ့ ရှေ့နေ ဖြစ်သူ ဒေါ်စုဒါလီအောင် က ဆရာမ ဒေါ်နီလာအေးကို တန်ပြန် မေးမြန်းရာမှာလည်း ကိုအောင်ကြီးဟာ ကျောင်း မှာ ရှိနေတဲ့ အချိန် တလျှောက်လုံး ကျောင်းခန်း အရှေ့ပိုင်းက ဆိုဖာ ထိုင်ခုံမှာ ထိုင်နေခဲ့တာကို သူ မြင်ခဲ့ရတယ်လို့ ဒေါ်နီလာအေးက ဖြေကြားသွားခဲ့ပါတယ်။

နေပြည်တော် သပြေကုန်းက Wisdom Hill ပုဂ္ဂလိက ကျောင်းက မူကြိုကျောင်းသူ ကလေးငယ် လိင်အဓမ္မပြုကျင့်ခံခဲ့ရတယ် ဆိုတဲ့ အမှု အတွက် မူကြိုကျောင်း ကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်ရဲ့ကိုယ်ပိုင် ဝန်ထမ်း ကားမောင်းဆရာ ဖြစ်သူ ကိုအောင်ကျော်မျိုး (ခေါ်) ကိုအောင်ကြီးကို သံသယတရားခံအဖြစ် ရုံးတင်စစ်ဆေးနေတာပါ။

ပြီးခဲ့တဲ့ မေလလယ်မှာ ဖြစ်ခဲ့တဲ့ ဒီအမှုအတွက် ကိုအောင်ကြီးကို ရဲတပ်ဖွဲ့ က ပထမ အကြိမ် ဖမ်းဆီး စစ်ဆေးခဲ့ပြီး ရုံးတင် တရားစွဲဆို ဖို့ သက်သေမလုံလောက်ဘူး ဆိုပြီး ဇွန်လထဲမှာ ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒါပေမယ့် ဇူလိုင်လထဲမှာ ကိုအောင်ကြီးကို ထပ်မံဖမ်းဆီးပြီး သံသယ တရားခံအဖြစ် ရုံးတင် စစ်ဆေးနေတာ ဖြစ်ပါတယ်။

လူအများ စိတ်ဝင်စားမှု အမြင့်ဆုံး ရှိနေတဲ့ ဒီအမှုမှာ ရဲတပ်ဖွဲ့နဲ့ ဥပဒေရုံးက စစ်ဆေးဆောင်ရွက်ချက်တွေ အပေါ် ပြည်သူလူထုကြား မေးခွန်းထုတ်မှုတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။

ဒါ့အပြင် ပြစ်မှု ကျူးလွန်ခံခဲ့ရတဲ့ ကလေးငယ်နဲ့ မိသားစု အပါအဝင် အရေးကြီး သက်သေတချို့ တရားခွင်မှာ သက်သေထွက်ပြီးနောက်ပိုင်းမှာလည်း နှစ်ဖက် ရှေ့နေတွေရဲ့ မီဒီယာဖြေကြားချက် တချို့က မိသားစုဂုဏ်သိက္ခာ ညှိုးနွမ်းစေပြီး ကလေးသူငယ် ထိခိုက် နစ်နာစေတဲ့အတွက် မူကြိုကျောင်း ကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်ဘက်က နှစ်ဖက် ရှေ့နေတွေနဲ့ ကာယကံရှင် ဗစ်တိုးရီးယားရဲ့ မိသားစုဝင်တွေကိုပါ ရဲစခန်းမှာ အမှုဖွင့် တိုင်ကြားထားတဲ့ ဖြစ်စဉ်တွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။

ဗစ်တိုးရီးယားအမှု နောက်ထပ်ရုံးချိန်းကိုတော့ လာမယ့် နိုဝင်ဘာ ၆ ရက် မှာ ဆက်လက်စစ်ဆေးဖို့ ရှိပါတယ်။

BBC Burmese
https://www.bbc.com
ဗစ္တိုးရီးယားအမႈ - ေအာင္ႀကီးရဲ႕ အာမခံ ပယ္ခ်ခံရ ဗစ္တိုးရီးယားအမႈ - ေအာင္ႀကီးရဲ႕ အာမခံ ပယ္ခ်ခံရ Reviewed by THITHTOOLWIN on 20:23 Rating: 5
Powered by Blogger.