ကရင္ျပည္နယ္အစိုးရဝန္ႀကီးေဟာင္း ကိုယ့္ကိုယ္ကိုအဆုံးစီရင္

ေဒါက္တာတင္၀င္းေက်ာ္
Zawgyi
ကရင္ျပည္နယ္ အစိုးရ လူမႈေရး၀န္ႀကီးေဟာင္း ေဒါက္တာတင္၀င္းေက်ာ္ဟာ လိႈင္းဘဲြ႔ၿမိဳ႕နယ္ ေရႊဂြန္းေက်းရြာက ေနအိမ္မွာ အဂၤါေန႔ ညေနပိုင္းက ကြယ္လြန္သြားပါတယ္။ ေဒါက္တာတင္၀င္းေက်ာ္ဟာ က်န္းမာေရးေၾကာင့္ ဒီႏွစ္ဇြန္လမွာ လူမႈေရး၀န္ႀကီးအျဖစ္က အနားယူခဲ့ၿပီး ေသဆံုးခ်ိန္မွာ လက္ေကာက္၀တ္ ေသြးေၾကာကို ျဖတ္ၿပီး ကိုယ့္ကိုယ္ကို အဆံုးစီရင္တာျဖစ္ေၾကာင္း သံုးသပ္ၾကပါတယ္။ ဒီသတင္းကို ဗီြအုိေအ ျမန္မာပိုင္း သတင္းေထာက္ ကိုမိုးေဇာ္က တင္ျပထားပါတယ္။

ေဒါက္တာတင္၀င္းေက်ာ္(ေခၚ) ဦးခ်ိဳဟာ ၂၀၁၅ေရြးေကာက္ပဲြမွာ ကရင္ျပည္နယ္ လိႈင္းဘဲြ႔ၿမိဳ႔နယ္ အမွတ္ ၁ မဲဆႏၵနယ္ကေန ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္ ေရြးျခယ္တင္ေျမွာက္ခံရသူျဖစ္ပါတယ္။

ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္ ေရြးေကာက္ခံရတဲ့ေနာက္ ကရင္ျပည္နယ္အစိုးရအဖဲြ႔မွာ လူမႈေရး၀န္ၾကီးျဖစ္လာခဲ့ပါတယ္။ ဒီလုိ တာ၀န္ထမ္းေဆာင္ေနစဥ္အစာအိမ္အူလမ္းေၾကာင္း ကင္ဆာေရာဂါ ခံစားေနရတာေၾကာင့္ ဒီႏွစ္ ဇြန္လမွာ ၀န္ၾကီးတာ၀န္က အနားယူခြင့္ ေပးခဲ့တာျဖစ္ပါတယ္။

သူကြယ္လြန္သြားတဲ့အေၾကာင္းကို မကြယ္လြန္မီ ေဆးရံုကို ပို႔ေဆာင္ေပးခဲ့တဲ့ ေရႊဂြန္းရြာ ေမတၱာရွင္ လူမႈကူညီေရးအသင္းရဲ့ ဥကၠဌ ဦးေက်ာ္လြင္မိုးက အခုလုိ ေျပာပါတယ္။

“ သူက ဘယ္ဘက္လက္က ေသြးျပန္ေၾကာကို ကတ္ေၾကးနဲ႔ထိုးၿပီးျဖတ္လိုက္တာ။ အဲဒါက ဘယ္သူမွ မရိွဘူး။ အနားမွာက ။ ဆရာမိန္းမလည္း ေရာ္ဘာၿခံသြားတယ္ေလ။ အနားမွာ ဘယ္သူမွ မရိွဘူး။ သိတဲ့အခ်ိန္က နည္းနည္းေနာက္က်ေနၿပီ။ ေသြးလြန္ေနၿပီ။ သူ႔လက္မွာ စိုေနတဲ့ ေသြးေတာင္မွ ေျခာက္ေနၿပီ။ ေရႊဂြန္းေဆးရံုကို ပို႔တယ္ ဒါေပမဲ့ အေျခအေနက မေကာင္းေတာ့ပါဘူး။ ဘာမွ မသိေတာ့ဘူး။ သူ႔ကိုယ္သူပဲ စီစဥ္သြားတာ။ ”

ေရႊဂြန္းရဲစခန္းက တာ၀န္က် ရဲအရာရိွက အခုလုိ ေျပာပါတယ္။

“ မေန႔က ၆နာရီ ၂၀ေလာက္ ေဆးရံုေရာက္ ဆံုးတာပါ။ သူက က်န္းမာေရးမေကာင္းတဲ့သူျဖစ္တယ္ေလ။ က်န္းမာေရးမေကာင္းေတာ့ စိတ္က်ေရာဂါေပါ့။ သူက ဆရာ၀န္ဆုိေတာ့ သူ႔ရဲ့ လက္ေကာက္၀တ္က ေသြးျပန္ေၾကာကို ဆရာ၀န္သံုးကပ္ေၾကးနဲ႔ ထုိးျဖတ္ၿပီးေတာ့ သူက ေသြးထြက္လြန္ၿပီးေတာ့ ေသတဲ့ သေဘာမ်ိဳးေပါ့။ ေသမႈေသခင္း သူ႔ကိုယ္သူ Suicide လုပ္မႈကို ေသမႈေသခင္း ၆/ ၂၀၁၉နဲ႔ အမႈဖြင့္ၿပီး စစ္ေဆးလွ်က္ရိွတယ္။”

ေရႊဂြန္းေဒသခံ တစ္ဦးျဖစ္တဲ့ ေစာတာတူးက ေဒါက္တာတင္၀င္းေက်ာ္ကြယ္လြန္သြားတဲ့အတြက္ သူတို႔ ေဒသအတြက္ နစ္နာရေၾကာင္းအခုလုိ ေျပာပါတယ္။

“ သူကေတာ့ ပညာေရး၊ က်န္းမာေရး၊ လူမႈေရးကိုင္တဲ့သူေပါ့။ သူလုပ္တဲ့ သက္တမ္းအတြင္းမွာေတာ့ သူ႔အလုပ္ေတြကေတာ့ အဆင္ေျပေျပလုပ္ခဲ့တာခ်ည္းပါပဲ။ ပထမတစ္ႏွစ္မွာဆို မူလတန္းေက်ာင္းေတြ အဓိက ထားၿပီးေတာ့ ရြာေတြမွာ လုပ္တာေတြ ရိွတယ္။ ေနာက္ က်န္းမာေရးဌာနေတြ လုပ္တာေတြ ရိွတယ္။ ေနာက္ ဒုကၡသည္ေတြ ေနရပ္ျပန္တာ လုပ္တာေတြ ရိွတယ္။ အဲလို နာမည္ပ်က္ဘာညာေတာ့ မရိွပါဘူး။ လိႈင္းဘဲြ႔ၿမိဳ႔နယ္အတြက္ေတာ့ နစ္နာတာေပါ့။ ေရႊဂြန္းမွာက်ေတာ့ ေဆးရံုေတြ အဆင့္ျမွင့္တာတို႔၊ မူလတန္းေက်ာင္းေတြေဆာက္၊ ေနာက္ လမ္းေတြဘာေတြ သူ႔လက္ထက္မွာ ေက်းရြာခ်င္းဆက္လမ္းေတြ ျဖစ္လာတာေပါ့။ အဓိကကေတာ့ သူ႔ ေရႊဂြန္းနယ္အတြက္ နစ္နာတာေပါ့။”

ကရင္လက္နက္ကိုင္အဖဲြ႔အစည္းေတြ အပစ္အခတ္ရပ္စဲၿပီးခ်ိန္မွာ အဖဲြ႔တြင္းက ၁၀တန္းေအာင္ေက်ာင္းသား၊ ေက်ာင္းသူေတြကို သူနာျပဳသင္တန္း တက္ေရာက္သင္ၾကားႏိုင္ေရးအတြက္ အေထာက္အပံေပးခဲ့ေၾကာင္း ကရင္အဖဲြ႔အစည္းေတြနဲ႔ နီးစပ္သူက ေျပာပါတယ္။

ေဒါက္တာတင္၀င္းေက်ာ္ဟာ ကြယ္လြန္သြားခ်ိန္မွာ အသက္ ၅၈ႏွစ္ရိွၿပီျဖစ္ၿပီး ဇနီးသည္နဲ႔ အတူ သားတစ္ေယာက္၊ သမီးတစ္ေယာက္ က်န္ရစ္ခဲ့ပါတယ္။ သူ႔ရဲ့စ်ာပနကိုေတာ့ ၾကာသပေတးေန႔မွာ ေရႊဂြန္းမွာပဲ က်င္းပျပဳလုပ္မွာျဖစ္ပါတယ္။

.........................

{Unicode}

ကရင်ပြည်နယ်အစိုးရဝန်ကြီးဟောင်း ကိုယ့်ကိုယ်ကိုအဆုံးစီရင်

ကရင်ပြည်နယ် အစိုးရ လူမှုရေးဝန်ကြီးဟောင်း ဒေါက်တာတင်ဝင်းကျော်ဟာ လှိုင်းဘွဲ့မြို့နယ် ရွှေဂွန်းကျေးရွာက နေအိမ်မှာ အင်္ဂါနေ့ ညနေပိုင်းက ကွယ်လွန်သွားပါတယ်။ ဒေါက်တာတင်ဝင်းကျော်ဟာ ကျန်းမာရေးကြောင့် ဒီနှစ်ဇွန်လမှာ လူမှုရေးဝန်ကြီးအဖြစ်က အနားယူခဲ့ပြီး သေဆုံးချိန်မှာ လက်ကောက်ဝတ် သွေးကြောကို ဖြတ်ပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်တာဖြစ်ကြောင်း သုံးသပ်ကြပါတယ်။ ဒီသတင်းကို ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဒေါက်တာတင်ဝင်းကျော်(ခေါ်) ဦးချိုဟာ ၂၀၁၅ရွေးကောက်ပွဲမှာ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် အမှတ် ၁ မဲဆန္ဒနယ်ကနေ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးခြယ်တင်မြှောက်ခံရသူဖြစ်ပါတယ်။

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံရတဲ့နောက် ကရင်ပြည်နယ်အစိုးရအဖွဲ့မှာ လူမှုရေးဝန်ကြီးဖြစ်လာခဲ့ပါတယ်။ ဒီလို တာဝန်ထမ်းဆောင်နေစဉ်အစာအိမ်အူလမ်းကြောင်း ကင်ဆာရောဂါ ခံစားနေရတာကြောင့် ဒီနှစ် ဇွန်လမှာ ဝန်ကြီးတာဝန်က အနားယူခွင့် ပေးခဲ့တာဖြစ်ပါတယ်။

သူကွယ်လွန်သွားတဲ့အကြောင်းကို မကွယ်လွန်မီ ဆေးရုံကို ပို့ဆောင်ပေးခဲ့တဲ့ ရွှေဂွန်းရွာ မေတ္တာရှင် လူမှုကူညီရေးအသင်းရဲ့ ဥက္ကဌ ဦးကျော်လွင်မိုးက အခုလို ပြောပါတယ်။

“ သူက ဘယ်ဘက်လက်က သွေးပြန်ကြောကို ကတ်ကြေးနဲ့ထိုးပြီးဖြတ်လိုက်တာ။ အဲဒါက ဘယ်သူမှ မရှိဘူး။ အနားမှာက ။ ဆရာမိန်းမလည်း ရော်ဘာခြံသွားတယ်လေ။ အနားမှာ ဘယ်သူမှ မရှိဘူး။ သိတဲ့အချိန်က နည်းနည်းနောက်ကျနေပြီ။ သွေးလွန်နေပြီ။ သူ့လက်မှာ စိုနေတဲ့ သွေးတောင်မှ ခြောက်နေပြီ။ ရွှေဂွန်းဆေးရုံကို ပို့တယ် ဒါပေမဲ့ အခြေအနေက မကောင်းတော့ပါဘူး။ ဘာမှ မသိတော့ဘူး။ သူ့ကိုယ်သူပဲ စီစဉ်သွားတာ။ ”

ရွှေဂွန်းရဲစခန်းက တာဝန်ကျ ရဲအရာရှိက အခုလို ပြောပါတယ်။

“ မနေ့က ၆နာရီ ၂၀လောက် ဆေးရုံရောက် ဆုံးတာပါ။ သူက ကျန်းမာရေးမကောင်းတဲ့သူဖြစ်တယ်လေ။ ကျန်းမာရေးမကောင်းတော့ စိတ်ကျရောဂါပေါ့။ သူက ဆရာဝန်ဆိုတော့ သူ့ရဲ့ လက်ကောက်ဝတ်က သွေးပြန်ကြောကို ဆရာဝန်သုံးကပ်ကြေးနဲ့ ထိုးဖြတ်ပြီးတော့ သူက သွေးထွက်လွန်ပြီးတော့ သေတဲ့ သဘောမျိုးပေါ့။ သေမှုသေခင်း သူ့ကိုယ်သူ Suicide လုပ်မှုကို သေမှုသေခင်း ၆/ ၂၀၁၉နဲ့ အမှုဖွင့်ပြီး စစ်ဆေးလျှက်ရှိတယ်။”

ရွှေဂွန်းဒေသခံ တစ်ဦးဖြစ်တဲ့ စောတာတူးက ဒေါက်တာတင်ဝင်းကျော်ကွယ်လွန်သွားတဲ့အတွက် သူတို့ ဒေသအတွက် နစ်နာရကြောင်းအခုလို ပြောပါတယ်။

“ သူကတော့ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကိုင်တဲ့သူပေါ့။ သူလုပ်တဲ့ သက်တမ်းအတွင်းမှာတော့ သူ့အလုပ်တွေကတော့ အဆင်ပြေပြေလုပ်ခဲ့တာချည်းပါပဲ။ ပထမတစ်နှစ်မှာဆို မူလတန်းကျောင်းတွေ အဓိက ထားပြီးတော့ ရွာတွေမှာ လုပ်တာတွေ ရှိတယ်။ နောက် ကျန်းမာရေးဌာနတွေ လုပ်တာတွေ ရှိတယ်။ နောက် ဒုက္ခသည်တွေ နေရပ်ပြန်တာ လုပ်တာတွေ ရှိတယ်။ အဲလို နာမည်ပျက်ဘာညာတော့ မရှိပါဘူး။ လှိုင်းဘွဲ့မြို့နယ်အတွက်တော့ နစ်နာတာပေါ့။ ရွှေဂွန်းမှာကျတော့ ဆေးရုံတွေ အဆင့်မြှင့်တာတို့၊ မူလတန်းကျောင်းတွေဆောက်၊ နောက် လမ်းတွေဘာတွေ သူ့လက်ထက်မှာ ကျေးရွာချင်းဆက်လမ်းတွေ ဖြစ်လာတာပေါ့။ အဓိကကတော့ သူ့ ရွှေဂွန်းနယ်အတွက် နစ်နာတာပေါ့။”

ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေ အပစ်အခတ်ရပ်စဲပြီးချိန်မှာ အဖွဲ့တွင်းက ၁၀တန်းအောင်ကျောင်းသား၊ ကျောင်းသူတွေကို သူနာပြုသင်တန်း တက်ရောက်သင်ကြားနိုင်ရေးအတွက် အထောက်အပံပေးခဲ့ကြောင်း ကရင်အဖွဲ့အစည်းတွေနဲ့ နီးစပ်သူက ပြောပါတယ်။

ဒေါက်တာတင်ဝင်းကျော်ဟာ ကွယ်လွန်သွားချိန်မှာ အသက် ၅၈နှစ်ရှိပြီဖြစ်ပြီး ဇနီးသည်နဲ့ အတူ သားတစ်ယောက်၊ သမီးတစ်ယောက် ကျန်ရစ်ခဲ့ပါတယ်။ သူ့ရဲ့ဈာပနကိုတော့ ကြာသပတေးနေ့မှာ ရွှေဂွန်းမှာပဲ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။

ကိုမိုးေဇာ္/ ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
ကရင္ျပည္နယ္အစိုးရဝန္ႀကီးေဟာင္း ကိုယ့္ကိုယ္ကိုအဆုံးစီရင္ ကရင္ျပည္နယ္အစိုးရဝန္ႀကီးေဟာင္း ကိုယ့္ကိုယ္ကိုအဆုံးစီရင္ Reviewed by THITHTOOLWIN on 20:19 Rating: 5
Powered by Blogger.