

မန္တလေး၊ အောက်တိုဘာ ၈






မင်းခေါင်
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/

Unicode

အစိုးရ အလိုမရှိကြောင်း ရေးသားထားသည့် စာရွက်များ ဖြန့်ဝေသူကို လိုက်လံရှာဖွေနေ
===================================================

မန္တလေး၊ အောက်တိုဘာ ၈

ယခု အောက်တိုဘာလ ၇ ရက်၊ နံနက်အစောပိုင်းက မန္တလေးမြို့၊ မဟာအောင်မြေ မြို့နယ်အတွင်းမှာ အစိုးရ အလိုမရှိကြောင်း ရေးသားထားတဲ့ စာရွက်များ ဖြန့်ဝေခဲ့သူကို လိုက်လံရှာဖွေနေတယ်လို့ အမှတ် ၇ နယ်မြေ ရဲ စခန်းမှ သတင်းရရှိပါတယ်။

အဆိုပါနေ့က ဖြန့်ဝေခဲ့တဲ့ စာရွက်ပေါ်မှာ အပြောနဲ့ အလုပ် ထပ်တူမကျ ကတိမတည်သည့် အစိုးရ၊ စီမံခန့်ခွဲမှု မကျွမ်းကျင်သူများကို နေရာပေးသည့် အစိုးရ၊ တိုင်းရင်းသားအရေး လျစ်လျူရှုပြီး ကုလားအရေးအရေး ပေး သည့် အစိုးရ၊ ပြည်ပအားကိုး အစိုးရ၊ အမျိုးသားရေး တက်ကြွလှုပ်ရှားသူများကို ဖိနှိပ်သည့် အစိုးရ၊ အခွန်တိုး ကောက် ဘတ်ဂျတ်မလောက်သည့် အစိုးရ၊ ဘင်္ဂါလီများကို တရားဝင် ဝင်ရောက်ခွင့်ရရှိရေး လက်ကမ်းကြို သည့်အစိုးရ၊ ဝန်ကြီးနှုတ်ထွက်၊ အမတ်ခံဝန်၊ ဝန်ထမ်းထောင်ကျ အဂတိလိုက်စားသည့် အစိုးရ အလိုမရှိလို့ ရေး သားထားပါတယ်။
" ဒီစာရွက် ဖြန့်ကျဲနေတဲ့သူတွေကို လိုက်လံရှာဖွေနေပါတယ်။ အခုထိတော့ ရှာဖွေနေတာပဲ ပြောလို့ရပါသေး တယ် " လို့ အမှတ် (၇) ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အစိုးရ အလိုမရှိကြောင်း ရေးသားထားတဲ့ စာသားများရဲ့ အောက်ခြေမှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ဘက်စုံဖိနှိပ်ချုပ်ချယ်မှု လွတ်မြောက်ရေး ပြည်သူ့တပ်ပေါင်းစုဟု ရေးသားထားတာကို တွေ့ရပါတယ်။

အစိုးရအား ထိခိုက်စေတဲ့ စာသားများပါဝင်တဲ့ စာရွက်များ ဖြန့်ကျဲခြင်း၊ စာရွက်များ လိုက်လံကပ်ခြင်းများကို ယခုနှစ် ဇွန်လနဲ့ သြဂုတ်လတွေမှာလည်း ပြုလုပ်ထားခဲ့ပေမယ့် ယခုအချိန်ထိ ဘယ်သူပြုလုပ်ခဲ့တယ်ဆိုတာ ကို မသိရှိရသေးပါဘူး။

မင်းခေါင်
ရွှေဘတိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
အစိုးရ အလိုမရှိကြောင်း ရေးသားထားသည့် စာရွက်များ ဖြန့်ဝေသူကို လိုက်လံရှာဖွေနေ အစိုးရ အလိုမရှိကြောင်း ရေးသားထားသည့် စာရွက်များ ဖြန့်ဝေသူကို လိုက်လံရှာဖွေနေ Reviewed by THITHTOOLWIN on 20:16 Rating: 5
Powered by Blogger.