မိုးညှင်း၌ ပထမတန်းကျောင်းသားတစ်ဦးအား ရိုက်နှက်၍ ရွှေဆွဲပြားလုယူမှု ဖြစ်ပွား


မိုးညှင်း အောက်တိုဘာ ၈

ကချင်ပြည်နယ် မိုးညှင်းမြို့၌ အောက်တိုဘာ ၈ ရက် နံနက်ပိုင်းက ပထမတန်းကျောင်းသားတစ်ဦးအား လိမ်ညာခေါ်ခေါဆောင်သွားပြီး ရိုက်နှက်၍ ရွှေဆွဲပြားလုယူမှု ဖြစ်ပွားခဲ့ကြောင်း မိုးညှင်းမြို့မရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ ယနေ့နံနက် ၉ နာရီခန့်က မိုးညှင်းမြို့၊ နောင်းစွန်းရပ်နေ ဒေါ်ကြူကြူဝင်းသည် နောင်စွန်းအခြေခံပညာမူလတန်းကျောင်းတွင် ပထမတန်း ကျောင်းတက်နေသည့် သားဖြစ်သူ မောင်ရဲရင့်အောင်(၆ နှစ်) ပျောက်ဆုံးနေကြောင်း မိုးညှင်းမြို့မရဲစခန်းသို့ အကြောင်းကြား တိုင်တန်းခဲ့၍ တာဝန်ရှိသူများက စုံစမ်းရှာဖွေမှုများဆောင်ရွက်စဉ် မွန်းလွဲ(၁)နာရီခန့်တွင် အောင်သပြေရပ်ကွက်၊ မိုးညှင်းမြို့ရှောင် လမ်းမကြီး၏ဘေး၊ စိန်လုံတောင်သွားလမ်း၌ မောင်ရဲရင့်အောင်အား ယာဘက်ဦးခေါင်းချိုစောင်းတွင် ပေါက်ပြဲဒဏ်ရာများဖြင့် ပြန်လည်တွေ့ရှိခဲ့၍ မိုးညှင်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ဆေးကုသမှုခံယူရန် ပို့ဆောင်ထားကြောင်း သိရသည်။

ဆေးကုသမှုခံယူနေသည့် မောင်ရဲရင့်အောင်၏ လည်ပင်းတွင် နိုင်လွန်ကြိုးအဝါရောင်ဖြင့်ဆွဲထားသည့် တစ်ပဲ၊ နှစ်ရွေးသားခန့်ရှိ ရွှေဆွဲပြားမှာ ပျောက်ဆုံးနေ၍ မေးမြန်းကြည့်ရာ ဒုံးတိမ၏မိခင် မော်မော်စန်းမှ ၎င်းအားရိုက်နှက်၍ ဖြုတ်ယူသွားကြောင်း ပေါ်ပေါက်ခဲ့သဖြင့် မိုးညှင်းမြို့မရဲစခန်းမှ တာဝန်ရှိသူများက နောင်စွန်းရပ်၊ အရှေ့စုရပ်ကွက်နေ မော်မော်စန်း(၂၄ နှစ်)အား ရှာဖွေဖမ်းဆီးကာ အမှုဖွင့်အရေးယူနိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ဝင်းနိုင်(ကချင်မြေ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
မိုးညှင်း၌ ပထမတန်းကျောင်းသားတစ်ဦးအား ရိုက်နှက်၍ ရွှေဆွဲပြားလုယူမှု ဖြစ်ပွား မိုးညှင်း၌ ပထမတန်းကျောင်းသားတစ်ဦးအား ရိုက်နှက်၍ ရွှေဆွဲပြားလုယူမှု ဖြစ်ပွား Reviewed by THITHTOOLWIN on 20:29 Rating: 5
Powered by Blogger.