မိုင္းျဖတ္မွာ မိသားစုလိုက္အဆိပ္ေသာက္ၿပီး ၄ ဦးေသဆုံးမႈက ၿခိမ္းေျခာက္ေငြေတာင္းခံရမႈေၾကာင့္ျဖစ္ဟုဆို




Zawgyi
ေတာင္ႀကီး၊ ေအာက္တိုဘာ ၁၈

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ မိုင္းျဖတ္ၿမိဳ႕နယ္မွာ စက္ တင္ဘာ(၁၃)ရက္ မိသားစုလိုက္အဆိပ္ေသာက္ေသ ေၾကာင္းႀကံၿပီး ၄ဦးေသဆုံးမႈက ‌ၿခိမ္းေျခာက္ေငြေတာင္းခံရမႈေၾကာင့္ျဖစ္တယ္လို႔ ေသဆုံးသူမိသား စုဝင္ရဲ႕ ဘႀကီးေတာ္စပ္သူ ဦးေယာဟန္က ေျပာပါတယ္။

မိုင္းျဖတ္ၿမိဳ႕နယ္၊ ေဈးတန္းကြက္ရပ္ကြက္မွာ စက္ တင္ဘာ၁၃ရက္က မိသားစုဝင္(၆)ဦးမွလားဟူတိုင္း ရင္းသားအေခၚ(နံငိုပင္)အဆိပ္ပင္ရဲ႕အျမစ္နဲ႔အ႐ြက္တို႔ကို ျပဳတ္ေသာက္ၿပီး မိသားစု၀င္(၄)ေယာက္ ေသဆုံးခဲ့တာျဖစ္ပါတယ္။

"နာေလာဆိုတဲ့ေကာင္မေလးတစ္ေယာက္က သူ႔ေယာက်ာ္းနဲ႔အဆင္မေျပတဲ့အခ်ိန္မွာ ကြၽန္ေတာ့တူ မကိုအကူအညီေတာင္းတယ္။ကြၽန္ေတာ့္တူမကဆ က္သြယ္ေပးလို႔ တ႐ုတ္ကေဆးလာကုတဲ့တစ္ေယာ က္နဲ႔ ေတြ႕ေတာ့ အဲဒီေကာင္မေလး‌က လိုက္သြားတ ယ္။ ကြၽန္ေတာ့္တူမကို ေငြတစ္သိန္းေပးသြားတယ္။ အဲဒီေကာင္မေလးကို သူ႔မိဘေတြက ေတြ႕ခ်င္တယ္ဆိုၿပီးေျပာေတာ့ ဦးဒါဝိတ္ကို ပုံပို႔ေပးတယ္။ အဲဒီပုံကိုျပၿပီးေတာ့ ေငြညႇစ္တာေပါ့။လူကုန္ကူးမႈျဖစ္တ ယ္ဆိုရင္ ဖမ္းထားလိုက္ေပါ့။ တစ္ည‌ေခၚထားၿပီးထိုးႀကိတ္ၿပီးေတာ့ ျပန္လႊတ္လိုက္တယ္။ အခုလိုၿခိမ္းေျခာက္ခံလိုက္ရေတာ့ အဆိပ္ေသာက္တာျဖစ္သြားတာေပါ့။ မေသခင္မွာ ကြၽန္ေတာ့္မိန္းမကို ျဖစ္ စဥ္ေျပာျပသြားတယ္"လို႔ဦးေယာဟန္က ေ႐ႊႀတိဂံေဒသ သတင္းဌာနကိုေျပာပါတယ္။

လြန္ခဲ့တဲ့၂ႏွစ္ေက်ာ္ခန႔္က မနာေလာ(ေခၚ) အမ်ိဳးသ မီးတစ္ဦးကို ေသဆုံးသူလင္မယား၂ဦးနဲ႔ မိုင္းျဖတ္ၿမိဳ႕ေန ကိုခ်ဳံခ်ယ္ဆိုသူမွ တ႐ုတ္ႏိုင္ငံကို ေရာင္းစားခဲ့ေၾကာင္း၊ အခင္းမျဖစ္ပြမီ၂ရက္အလိုမွာ ဦးဒါဝိတ္ (လားဟူအမ်ိဳးသားဖြံ႕ၿဖိဳးတိုးတက္‌ေရးပါတီဝင္)နဲ႔ ရဲဝတ္စုံဝတ္ဆင္ထားသူတစ္ဦးက ေသဆုံးသူမိသား စုရဲ႕ေနအိမ္ကို ေရာက္လာခဲ့တယ္လို႔ ေသဆုံးသူမိ သားစုဝင္ရဲ႕ က်န္ရစ္သူသမီး မေနာမိ(၁၃ႏွစ္)ရဲ႕ေျပာျပခ်က္အရ သိရတယ္လို႔ ဦးေယာဟန္ကေျပာပါတယ္။

ယင္းကဲ့သို႔ေရာက္လာခဲ့ၿပီး ဦးဒါဝိတ္က မနာေလာကိုေရာင္းစားလိုက္တဲ့ျဖစ္စဥ္ကိုသိေၾကာင္း၊ ခ်က္ ခ်င္းဖမ္းဆီး၍ေထာင္ခ်လို႔ရေၾကာင္း၊ အဖမ္းမခံလိုပါက ယြမ္၂ေသာင္းေပးရမည္ျဖစ္ေၾကာင္းလို႔ ၿခိမ္း‌ ေျခာက္ေျပာဆိုခဲ့ေၾကာင္းနဲ႔ ဖခင္ျဖစ္သူမွ ေငြမရွိတဲ့အတြက္ ေသပစ္လိုက္ခ်င္တယ္လို႔ ေျပာဆိုခဲ့တယ္လို႔ မေနာမိရဲ႕ေျပာျပခ်က္အရသိရတယ္လို႔ ဦးေယာဟန္ကေျပာပါတယ္။

အဆိုပါျဖစ္စဥ္နဲ႔ပါတ္သက္ၿပီး ကိုခ်ဳံခ်ယ္ရဲ႕ေယာ ကၡမျဖစ္သူဦးအိုက္ခဲက "သူတို႔အဆိပ္ေသာက္တာမျဖစ္ခင္၂ရက္အလို၁၀‌ရက္ေန႔ညမွာ အားျမာက ကားေပၚကဆင္းလာၿပီး ေဆြမ်ိဳး‌ေတြအသည္းအ သန္ျဖစ္ေနတယ္၊ ေဆး႐ုံကိုခဏလိုက္ၾကည့္ပါဆိုၿပီး လာေခၚသြားတယ္။ ည၂နာ ရီမွ ျပန္ေရာက္လာတယ္။ သူ႔မိန္းမက ငိုၿပီး လာေျပာတယ္။ သူ႔ေယာ က်ာ္းအ႐ိုက္ခံရတယ္။ပါးစပ္ကလည္း ေသြးေတြထြက္ေနတယ္။ ဗိုက္ကိုလည္း အကန္ခံရတယ္ေျပာတယ္။ မနက္လင္းေတာ့ အဲဒီအိမ္ကိုျပန္သြားတယ္ျပန္လာေတာ့ ယြမ္တစ္ေသာင္းေတာင္းတယ္။ ၁၀ ရက္အခ်ိနိေပးမယ္လို႔ေျပာတယ္။ သူတို႔ကမွတ္ပုံ တင္ေတာင္းၿပီးေတာ့ သိမ္းထားတယ္လို႔ေျပာတ ယ္။ ဘယ္သူေတြလဲဆိုတာကိုေတာ့ ကြၽန္ေတာ့္သမ က္ပဲသိမွာ။ သူတို႔လင္မယား၂ေယာက္လုံး အဲဒီေန႔က စၿပီးအိမ္ကထြက္သြားတာ ဒီေန႔ထိျပန္မလာဘူး။

လားဟူအမ်ိဳးသားဖြံ႕ၿဖိဳးတိုးတက္ေရးပါတီမွ ဦးဒါဝိတ္ကို ေ႐ႊႀတိဂံမွ ဆက္သြယ္ေမးျမန္းခဲ့ရာ "အဲဒီကိစၥမွာ ၿခိမ္းေျခာက္တာေတာ့ မပါပါဘူး။ ကြၽန္ေတာ္သိရသေလာက္ကေတာ့ အိုးမလုံအုံပြင့္ဆိုတဲ့ပုံစံမ်ိဳးနဲ႔ သူတို႔ဖာသာသူတို႔ျဖစ္သြားတာပါ။ ၿခိမ္းေျခာက္တာကေတာ့ လုံးဝမရွိပါဘူး"လို႔ ျပန္လည္ေျဖၾကားခဲ့ပါတယ္။

ဒါအျပင္ အမႈမွန္ေပၚေပါက္ေရးအတြက္ ကူညီေဆာ င္႐ြက္ေပးပါရန္ မိုးျဖတ္ၿမိဳ႕နယ္ ျပည္သူ႔ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးလင္းေဇာ္ထြန္းကို ဦးေယာဟန္မွ တိုင္ၾကားစာေပးပို႔ထားတယ္လို႔ သိရပါတယ္။

မိသားစုဝင္၆ဦးလုံးက အဆိပ္ေသခဲ့တာျဖစ္ၿပီး
၄ဦးေသဆုံးခဲ့ကာ ယင္းေသဆုံးမႈနဲ႔ပတ္သက္ၿပီး မိုင္းျဖတ္ၿမိဳ႕မရဲစခန္းမွာ ေသမႈေသခင္း အမွတ္စဥ္ (၄/၂၀၁၉)နဲ႔အမႈဖြင့္ထားတယ္လို႔သိရပါတယ္။

သတင္း-ရဲရင့္ဇြဲ(ေ႐ႊႀတိဂံ)
ေ႐ႊႀတိဂံေဒသသတင္းလႊာ
https://www.facebook.com/GoldenTriangleRegionalNews/
----------------
Unicode

မိုင်းဖြတ်မှာ မိသားစုလိုက်အဆိပ်သောက်ပြီး ၄ ဦးသေဆုံးမှုက ခြိမ်းခြောက်ငွေတောင်းခံရမှုကြောင့်ဖြစ်ဟုဆို

တောင်ကြီး၊ အောက်တိုဘာ ၁၈

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဖြတ်မြို့နယ်မှာ စက် တင်ဘာ(၁၃)ရက် မိသားစုလိုက်အဆိပ်သောက်သေ ကြောင်းကြံပြီး ၄ဦးသေဆုံးမှုက ‌ခြိမ်းခြောက်ငွေတောင်းခံရမှုကြောင့်ဖြစ်တယ်လို့ သေဆုံးသူမိသား စုဝင်ရဲ့ ဘကြီးတော်စပ်သူ ဦးယောဟန်က ပြောပါတယ်။

မိုင်းဖြတ်မြို့နယ်၊ ဈေးတန်းကွက်ရပ်ကွက်မှာ စက် တင်ဘာ၁၃ရက်က မိသားစုဝင်(၆)ဦးမှလားဟူတိုင်း ရင်းသားအခေါ်(နံငိုပင်)အဆိပ်ပင်ရဲ့အမြစ်နဲ့အရွက်တို့ကို ပြုတ်သောက်ပြီး မိသားစုဝင်(၄)ယောက် သေဆုံးခဲ့တာဖြစ်ပါတယ်။

"နာလောဆိုတဲ့ကောင်မလေးတစ်ယောက်က သူ့ယောကျာ်းနဲ့အဆင်မပြေတဲ့အချိန်မှာ ကျွန်တော့တူ မကိုအကူအညီတောင်းတယ်။ကျွန်တော့်တူမကဆ က်သွယ်ပေးလို့ တရုတ်ကဆေးလာကုတဲ့တစ်ယော က်နဲ့ တွေ့တော့ အဲဒီကောင်မလေး‌က လိုက်သွားတ ယ်။ ကျွန်တော့်တူမကို ငွေတစ်သိန်းပေးသွားတယ်။ အဲဒီကောင်မလေးကို သူ့မိဘတွေက တွေ့ချင်တယ်ဆိုပြီးပြောတော့ ဦးဒါဝိတ်ကို ပုံပို့ပေးတယ်။ အဲဒီပုံကိုပြပြီးတော့ ငွေညှစ်တာပေါ့။လူကုန်ကူးမှုဖြစ်တ ယ်ဆိုရင် ဖမ်းထားလိုက်ပေါ့။ တစ်ည‌ခေါ်ထားပြီးထိုးကြိတ်ပြီးတော့ ပြန်လွှတ်လိုက်တယ်။ အခုလိုခြိမ်းခြောက်ခံလိုက်ရတော့ အဆိပ်သောက်တာဖြစ်သွားတာပေါ့။ မသေခင်မှာ ကျွန်တော့်မိန်းမကို ဖြစ် စဉ်ပြောပြသွားတယ်"လို့ဦးယောဟန်က ရွှေတြိဂံဒေသ သတင်းဌာနကိုပြောပါတယ်။

လွန်ခဲ့တဲ့၂နှစ်ကျော်ခန့်က မနာလော(ခေါ်) အမျိုးသ မီးတစ်ဦးကို သေဆုံးသူလင်မယား၂ဦးနဲ့ မိုင်းဖြတ်မြို့နေ ကိုချုံချယ်ဆိုသူမှ တရုတ်နိုင်ငံကို ရောင်းစားခဲ့ကြောင်း၊ အခင်းမဖြစ်ပွမီ၂ရက်အလိုမှာ ဦးဒါဝိတ် (လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်‌ရေးပါတီဝင်)နဲ့ ရဲဝတ်စုံဝတ်ဆင်ထားသူတစ်ဦးက သေဆုံးသူမိသား စုရဲ့နေအိမ်ကို ရောက်လာခဲ့တယ်လို့ သေဆုံးသူမိ သားစုဝင်ရဲ့ ကျန်ရစ်သူသမီး မနောမိ(၁၃နှစ်)ရဲ့ပြောပြချက်အရ သိရတယ်လို့ ဦးယောဟန်ကပြောပါတယ်။

ယင်းကဲ့သို့ရောက်လာခဲ့ပြီး ဦးဒါဝိတ်က မနာလောကိုရောင်းစားလိုက်တဲ့ဖြစ်စဉ်ကိုသိကြောင်း၊ ချက် ချင်းဖမ်းဆီး၍ထောင်ချလို့ရကြောင်း၊ အဖမ်းမခံလိုပါက ယွမ်၂သောင်းပေးရမည်ဖြစ်ကြောင်းလို့ ခြိမ်း‌ ခြောက်ပြောဆိုခဲ့ကြောင်းနဲ့ ဖခင်ဖြစ်သူမှ ငွေမရှိတဲ့အတွက် သေပစ်လိုက်ချင်တယ်လို့ ပြောဆိုခဲ့တယ်လို့ မနောမိရဲ့ပြောပြချက်အရသိရတယ်လို့ ဦးယောဟန်ကပြောပါတယ်။

အဆိုပါဖြစ်စဉ်နဲ့ပါတ်သက်ပြီး ကိုချုံချယ်ရဲ့ယော က္ခမဖြစ်သူဦးအိုက်ခဲက "သူတို့အဆိပ်သောက်တာမဖြစ်ခင်၂ရက်အလို၁၀‌ရက်နေ့ညမှာ အားမြာက ကားပေါ်ကဆင်းလာပြီး ဆွေမျိုး‌တွေအသည်းအ သန်ဖြစ်နေတယ်၊ ဆေးရုံကိုခဏလိုက်ကြည့်ပါဆိုပြီး လာခေါ်သွားတယ်။ ည၂နာ ရီမှ ပြန်ရောက်လာတယ်။ သူ့မိန်းမက ငိုပြီး လာပြောတယ်။ သူ့ယော ကျာ်းအရိုက်ခံရတယ်။ပါးစပ်ကလည်း သွေးတွေထွက်နေတယ်။ ဗိုက်ကိုလည်း အကန်ခံရတယ်ပြောတယ်။ မနက်လင်းတော့ အဲဒီအိမ်ကိုပြန်သွားတယ်ပြန်လာတော့ ယွမ်တစ်သောင်းတောင်းတယ်။ ၁၀ ရက်အချိနိပေးမယ်လို့ပြောတယ်။ သူတို့ကမှတ်ပုံ တင်တောင်းပြီးတော့ သိမ်းထားတယ်လို့ပြောတ ယ်။ ဘယ်သူတွေလဲဆိုတာကိုတော့ ကျွန်တော့်သမ က်ပဲသိမှာ။ သူတို့လင်မယား၂ယောက်လုံး အဲဒီနေ့က စပြီးအိမ်ကထွက်သွားတာ ဒီနေ့ထိပြန်မလာဘူး။

လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဦးဒါဝိတ်ကို ရွှေတြိဂံမှ ဆက်သွယ်မေးမြန်းခဲ့ရာ "အဲဒီကိစ္စမှာ ခြိမ်းခြောက်တာတော့ မပါပါဘူး။ ကျွန်တော်သိရသလောက်ကတော့ အိုးမလုံအုံပွင့်ဆိုတဲ့ပုံစံမျိုးနဲ့ သူတို့ဖာသာသူတို့ဖြစ်သွားတာပါ။ ခြိမ်းခြောက်တာကတော့ လုံးဝမရှိပါဘူး"လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

ဒါအပြင် အမှုမှန်ပေါ်ပေါက်ရေးအတွက် ကူညီဆော င်ရွက်ပေးပါရန် မိုးဖြတ်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးလင်းဇော်ထွန်းကို ဦးယောဟန်မှ တိုင်ကြားစာပေးပို့ထားတယ်လို့ သိရပါတယ်။

မိသားစုဝင်၆ဦးလုံးက အဆိပ်သေခဲ့တာဖြစ်ပြီး
၄ဦးသေဆုံးခဲ့ကာ ယင်းသေဆုံးမှုနဲ့ပတ်သက်ပြီး မိုင်းဖြတ်မြို့မရဲစခန်းမှာ သေမှုသေခင်း အမှတ်စဉ် (၄/၂၀၁၉)နဲ့အမှုဖွင့်ထားတယ်လို့သိရပါတယ်။

သတင်း-ရဲရင့်ဇွဲ(ရွှေတြိဂံ)
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
မိုင္းျဖတ္မွာ မိသားစုလိုက္အဆိပ္ေသာက္ၿပီး ၄ ဦးေသဆုံးမႈက ၿခိမ္းေျခာက္ေငြေတာင္းခံရမႈေၾကာင့္ျဖစ္ဟုဆို မိုင္းျဖတ္မွာ မိသားစုလိုက္အဆိပ္ေသာက္ၿပီး ၄ ဦးေသဆုံးမႈက ၿခိမ္းေျခာက္ေငြေတာင္းခံရမႈေၾကာင့္ျဖစ္ဟုဆို Reviewed by THITHTOOLWIN on 01:28 Rating: 5
Powered by Blogger.