ရန္ကုန္တုိင္း စာရင္းစစ္ခ်ဳပ္ရုံး အစီရင္ခံစာ ပြင့္လင္းျမင္သာမႈမရွိေၾကာင္း ေဝဖန္ခံေနရ

ရန္ကုန္တုိင္းေဒသႀကီး စာရင္းစစ္ခ်ဳပ္ရုံးကို ေတြ႔ရစဥ္
Zawgyi
ရန္ကုန္တုိင္းေဒသႀကီး စာရင္းစစ္ခ်ဳပ္ရုံးရဲ႕ ၂၀၁၇-၂၀၁၈ ဘ႑ာေရးႏွစ္ အစီရင္ခံစာကုိ တုိင္းေဒသႀကီး လႊတ္ေတာ္ အမတ္ေတြ ၾကည့္ရႈခြင့္မရေတာ့တာေၾကာင့္ ၀န္ႀကီးခ်ဳပ္ ဦးၿဖဳိးမင္းသိန္း ဦးေဆာင္တဲ့ ရန္ကုန္တုိင္းအစိုးရရဲ႕ ပြင့္လင္းျမင္သာမႈကုိ လႊတ္ေတာ္ကုိယ္စားလွယ္ေတြက ေမးခြန္းထုတ္လာၾကပါတယ္။

၂၀၁၆-၂၀၁၇ ဘ႑ာေရးႏွစ္က စာရင္းစစ္ခ်ဳပ္ရုံးရဲ႕ အစီရင္ခံစာကုိ လႊတ္ေတာ္အမတ္ေတြ အားလုံးကုိ ေ၀ဌေပး တာေၾကာင့္ အစီရင္ခံစာမူရင္းကုိ အသးစိတ္ဖတ္ရႈကာ ေ၀ဖန္ေထာက္ျပမႈေတြ လုပ္ႏုိင္ခဲ့ေပမယ့္ ဒီႏွစ္မွာ စာရင္းစစ္ခ်ဳပ္ရဲ႕အစီရင္ခံစာကုိ ျပည္သူ႔ေငြစာရင္းေကာ္မတီရဲ႕ အစီရင္ခံစာကတဆင့္ သုံးသပ္ရေတာ့မွာမုိ႔ အစီရင္ခံစာပါ အေၾကာင္းအရာ အခ်က္အလက္ အေသးစိတ္ကုိ မသိရွိရေတာ့တာေၾကာင့္ ျပည့္စုံမႈမရွိႏုိင္ဘူးလုိ႔ ေျပာၾကပါတယ္။

စာရင္းစစ္ခ်ဳပ္ရုံးရဲဲ႕ ၂၀၁၇-၂၀၁၈ ဘ႑ာေရးႏွစ္ အစီရင္ခံစာကုိ စာရင္းစစ္ခ်ဳပ္ရုံးက လႊတ္ေတာ္သုိ႔ တုိက္ရုိက္မတင္ သြင္းဘဲ ျပည္သူ႔ေငြစာရင္းေကာ္မတီမွတဆင့္ တင္သြင္းဖုိ႔ စီစဥ္ထားတာျဖစ္ပါတယ္။ ရန္ကုန္တုိင္းေဒသႀကီး အစိုးရရဲ႕ စီမံကိန္းမ်ား ေဖာ္ေဆာင္ရာမွာ ေငြေၾကးစီမံခန္႔ခြဲမႈပုိင္းဆုိင္ရာမွာ ျပည္သူ႔ဘ႑ာ ဆုံးရႈံးနစ္နာမႈေတြကုိ လႊတ္ေတာ္ ကုိယ္စားလွယ္ေတြက ေ၀ဖန္မႈေတြရွိေနပါတယ္။

ရန္ကုန္တုိင္းလႊတ္ေတာ္ ျပည္သူ႔ေငြစာရင္းေကာ္မတီ ဥကၠ႒ ဦးတင့္လြင္က စာရင္းစစ္ခ်ဳပ္ရုံး အစီရင္ခံစာကုိ လႊတ္ေတာ္ ကုိယ္စားလွယ္ေတြကုိ မျဖန္႔ေဝေပမယ့္ ေကာ္မတီက စစ္ေဆးေဆာင္ရြက္ေနေၾကာင္း ေျပာပါတယ္။

အဲဒီလုိေဆာင္ရြက္ခ်က္ေၾကာင့္ အားနည္းခ်က္၊ အားသာခ်က္ေတြရွိေနၿပီး ေလ့လာေတြ႔ရွိခ်က္ အစီရင္ခံစာ တင္သြင္းတဲ့ အခ်ိန္မွာ စာရင္းစစ္ခ်ဳပ္အစီရင္ခံစာပါ အခ်က္ေတြကုိ ထည့္သြင္းတင္ျပမွာျဖစ္တာေၾကာင့္ ဌာနဆုိင္ရာေတြရဲ႕ ေဆာင္ရြက္ခ်က္ေတြကုိပါ တပါတည္းသိရွိနုိ္င္တဲ့ အားသာခ်က္ေတြရွိေနတယ္လုိ႔ ဆုိပါတယ္။

ဒီကိစၥနဲ႔ ပတ္သက္ၿပီး တုိင္းေဒသႀကီးအစုိးရအဖြဲ႔နဲ႔ စာရင္းစစ္ခ်ဳပ္ရုံးကုိ RFA ေမးျမန္းဖုိ႔ ႀကိဳးစားခဲ့ေပမယ့္ ဆက္သြယ္လုိ႔ မရခဲ့ပါဘူး။

RFA Burmese
https://www.rfa.org
-------------
Unicode
ရန်ကုန်တိုင်း စာရင်းစစ်ချုပ်ရုံး အစီရင်ခံစာ ပွင့်လင်းမြင်သာမှုမရှိကြောင်း ဝေဖန်ခံနေရ

ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံးကို တွေ့ရစဉ်
Photo: RFA

ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံးရဲ့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် အစီရင်ခံစာကို တိုင်းဒေသကြီး လွှတ်တော် အမတ်တွေ ကြည့်ရှုခွင့်မရတော့တာကြောင့် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ဦးဆောင်တဲ့ ရန်ကုန်တိုင်းအစိုးရရဲ့ ပွင့်လင်းမြင်သာမှုကို လွှတ်တော်ကိုယ်စားလှယ်တွေက မေးခွန်းထုတ်လာကြပါတယ်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်က စာရင်းစစ်ချုပ်ရုံးရဲ့ အစီရင်ခံစာကို လွှတ်တော်အမတ်တွေ အားလုံးကို ဝေဌပေး တာကြောင့် အစီရင်ခံစာမူရင်းကို အသးစိတ်ဖတ်ရှုကာ ဝေဖန်ထောက်ပြမှုတွေ လုပ်နိုင်ခဲ့ပေမယ့် ဒီနှစ်မှာ စာရင်းစစ်ချုပ်ရဲ့အစီရင်ခံစာကို ပြည်သူ့ငွေစာရင်းကော်မတီရဲ့ အစီရင်ခံစာကတဆင့် သုံးသပ်ရတော့မှာမို့ အစီရင်ခံစာပါ အကြောင်းအရာ အချက်အလက် အသေးစိတ်ကို မသိရှိရတော့တာကြောင့် ပြည့်စုံမှုမရှိနိုင်ဘူးလို့ ပြောကြပါတယ်။

စာရင်းစစ်ချုပ်ရုံးရဲ့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် အစီရင်ခံစာကို စာရင်းစစ်ချုပ်ရုံးက လွှတ်တော်သို့ တိုက်ရိုက်မတင် သွင်းဘဲ ပြည်သူ့ငွေစာရင်းကော်မတီမှတဆင့် တင်သွင်းဖို့ စီစဉ်ထားတာဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရရဲ့ စီမံကိန်းများ ဖော်ဆောင်ရာမှာ ငွေကြေးစီမံခန့်ခွဲမှုပိုင်းဆိုင်ရာမှာ ပြည်သူ့ဘဏ္ဍာ ဆုံးရှုံးနစ်နာမှုတွေကို လွှတ်တော် ကိုယ်စားလှယ်တွေက ဝေဖန်မှုတွေရှိနေပါတယ်။

ရန်ကုန်တိုင်းလွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီ ဥက္ကဋ္ဌ ဦးတင့်လွင်က စာရင်းစစ်ချုပ်ရုံး အစီရင်ခံစာကို လွှတ်တော် ကိုယ်စားလှယ်တွေကို မဖြန့်ဝေပေမယ့် ကော်မတီက စစ်ဆေးဆောင်ရွက်နေကြောင်း ပြောပါတယ်။

အဲဒီလိုဆောင်ရွက်ချက်ကြောင့် အားနည်းချက်၊ အားသာချက်တွေရှိနေပြီး လေ့လာတွေ့ရှိချက် အစီရင်ခံစာ တင်သွင်းတဲ့ အချိန်မှာ စာရင်းစစ်ချုပ်အစီရင်ခံစာပါ အချက်တွေကို ထည့်သွင်းတင်ပြမှာဖြစ်တာကြောင့် ဌာနဆိုင်ရာတွေရဲ့ ဆောင်ရွက်ချက်တွေကိုပါ တပါတည်းသိရှိနိုင်တဲ့ အားသာချက်တွေရှိနေတယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ စာရင်းစစ်ချုပ်ရုံးကို RFA မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

RFA Burmese
https://www.rfa.org
ရန္ကုန္တုိင္း စာရင္းစစ္ခ်ဳပ္ရုံး အစီရင္ခံစာ ပြင့္လင္းျမင္သာမႈမရွိေၾကာင္း ေဝဖန္ခံေနရ ရန္ကုန္တုိင္း စာရင္းစစ္ခ်ဳပ္ရုံး အစီရင္ခံစာ ပြင့္လင္းျမင္သာမႈမရွိေၾကာင္း ေဝဖန္ခံေနရ Reviewed by THITHTOOLWIN on 01:34 Rating: 5
Powered by Blogger.