ကျောင်းအထွေထွေလုပ်သား(ဆရာမ)တစ်ဦး ဓားခုတ်ခံရ၍ သေဆုံး


တောင်တွင်ကြီး၊အောက်တိုဘာ ၁

၂၀၁၉ ခုနှစ်၊စက်တင်ဘာ(၃၀)ရက်နေ့၊ညနေ(၄)နာရီခွဲအချိန်ခန့်က မကွေးတိုင်းဒေသကြီး၊တောင်တွင်းကြီးမြို့နယ်၊တလုပ်ကုန်းအုပ်စု၊သရက်ခုံကျေးရွာနှင့်တက်ပုအောင်းကျေးရွာအကြားတွင် ကျောင်းအထွေထွေလုပ်သား(ဆရာမ)တစ်ဦး ဓားဒဏ်ရါများနှင့်သေဆုံးမှုဖြစ်ပွါးခဲ့ကြောင်း ကုက္ကိုကုန်းနယ်မြေစခန်းမှ သိရသည်။


အခင်းဖြစ်နေရာသို့ ကုက္ကိုကုန်းနယ်မြေရဲစခန်း ခေတ္တစခန်းမှူးနှင့်အဖွဲ့သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ မိုင်သန်းသန်းစိုး(သ)၃၄ နှစ်၊ချင်း/ဗုဒ္ဓ၊ကျောင်းအထွေထွေလုပ်သား(တက်ပုအောင်း အထက) (ဘ)ဦးဆယ်ကြီး၊သရက်ခုံကျေးရွာနေသူဖြစ်ကြောင်း၊သေဆုံးသူ မိုင်သန်းသန်းစိုးသည် တက်ပုအောင်းကျေးရွာနှင့်သရက်ခုန်ကျေးရွာအကြား ကိုင်းတောအနီး လူသွားလမ်းပေါ်၌ မြောက်ဘက်သို့ ဦးခေါင်းပြုလျှက် ဦးခေါင်းနောက်စေ့ ပြတ်ရှဒဏ်ရါ(၃)ချက်၊ယာပါး ကန့်လန့်ဖြတ် ပြတ်ရှဒဏ်ရါ(၁)ချက်၊ယာလက်မောင်းပြတ်ရှဒဏ်ရါ(၁)ချက်၊တင်ပါး ဝဲ ယာ ပြတ်ရှဒဏ်ရါ(၁)ချက်စီတို့ဖြင့် သေဆုံးနေကြောင်းတွေ့ရှိရသဖြင့် ဆက်လက်စုံစမ်းစစ်ဆေးရာ မိုင်သန်းသန်းစိုးအား တက်ပုအောင်းကျေးရွာနေ ဖိုးပြူး(ခ)နိုင်စိုး(ခ)ဇော်လေး(သ)၂၀ နှစ်(ဘ)ဦးရှိန်ဝင်း မှ ဓားဖြင့်ခုတ်သတ်သွားကြောင်း လူသတ်မှုကျူးလွန်သူမှာ ထွက်ပြေးတိမ်းရှောင်သွားသဖြင့် ဒုရဲအုပ် သော်ဇင်အောင်နှင့်အဖွဲ့မှ လိုက်လံရှာဖွေဖမ်းဆီးခဲ့ရာ ရိုးမပတ်လမ်းနှင့်တက်ပုအောင်းကျေးရွာလမ်းဆုံရှိ ဆိုင်ကယ်ပြုပြင်ရေးဆိုင်၌ ညတွင်းချင်း ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ လူသတ်မှုကျူးလွန်သူ ဖိုးပြူး(ခ)နိုင်စိုး(ခ)ဇော်လေး(၂၀)နှစ်အား ဦးဆယ်ကြီးမှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် ကုက္ကိုကုန်းနယ်မြေရဲစခန်းမှ (ပ)၃၄/၂၀၁၉၊ရာဇသတ်ကြီးပုဒ်မ-၃၀၂ ဖြင့်အမှုရေးဖွင့်စစ်ဆေးလျှက်ရှိကြောင်း သိရပါသည်။

Kyaw Zay Yar
https://www.facebook.com/profile.php?id=100008757874547
ကျောင်းအထွေထွေလုပ်သား(ဆရာမ)တစ်ဦး ဓားခုတ်ခံရ၍ သေဆုံး ကျောင်းအထွေထွေလုပ်သား(ဆရာမ)တစ်ဦး ဓားခုတ်ခံရ၍ သေဆုံး Reviewed by THITHTOOLWIN on 00:12 Rating: 5
Powered by Blogger.