အျခားနည္းသုံးစြဲခြင့္ ရထားတဲ့ လယ္ယာေျမေတြကို ေျခာက္လအတြင္း အသုံးမျပဳပါက ျပန္လည္သိမ္းယူႏိုင္


ရန္ကုန္၊ ေအာက္တိုဘာ ၄

ရန္ကုန္တိုင္း ေဒသႀကီးအတြင္းက လယ္ယာေျမ အျခားနည္းသုံးစြဲခြင့္ ရရွိထားၿပီး ၆ လအတြင္း စတင္အသုံး မျပဳျခင္း၊ သတ္မွတ္ကာလအတြင္း လုပ္ငန္းၿပီးစီးျခင္း မရွိပါက ၎လယ္ယာေျမကို ျပန္လည္သိမ္းယူႏိုင္တယ္ လို႔ ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရး၊ သစ္ေတာႏွင့္ စြမ္းအင္ဝန္ႀကီး ဦးဟံထြန္းက ေျပာပါတယ္။

လယ္ယာေျမမ်ားကို အျခားနည္းသုံးစြဲခြင့္ ရရွိထားသူေတြ အေနနဲ႔ ခြင့္ျပဳတဲ့ေန႔ကေန ေျခာက္လအတြင္း သတ္ မွတ္ထားတဲ့ နည္းလမ္းအတိုင္း စတင္အသုံးမျပဳျခင္း၊ သတ္မွတ္ကာလအတြင္း လုပ္ငန္းၿပီးစီးျခင္း မရွိပါက ဗဟိုလယ္ယာေျမ စီမံခန႔္ခြဲမႈအဖြ႕ဲအေနနဲ႔ ၎လယ္ယာေျမကို ျပန္လည္သိမ္းယူႏိုင္တယ္လို႔ ျပ႒ာန္းထားတာ ျဖစ္ပါတယ္။

“ လယ္ယာေျမကို အျခားနည္း အသုံးခ်တာနဲ႔ ပတ္သက္လို႔ လယ္ယာေျမဥပေဒပုဒ္မ (၃၁)မွာ အျခားနည္းအ သုံးျပဳဖို႔ ခြင့္ျပဳခ်က္ရရွိၿပီးေနာက္ ခြင့္ျပဳတဲ့ေန႔ရက္ကေန ေျခာက္လအတြင္း လယ္ယာေျမကို သတ္မွတ္တဲ့ နည္း လမ္းအတိုင္း စတင္အသုံးမျပဳရင္ျဖစ္ေစ သတ္မွတ္ကာလအတြင္း လုပ္ငန္းၿပီးစီးျခင္း မရွိရင္ျဖစ္ေစ၊ ဗဟို လယ္ ယာေျမ စီမံခန႔္ခြဲမႈအဖြ႕ဲက အဲ့ဒီလယ္ယာေျမကို ျပန္လည္သိမ္းယူႏိုင္တယ္လို႔ ျပ႒ာန္းထားရွိၿပီး ျဖစ္ပါတယ္။” လို႔ ဝန္ႀကီးဦးဟံထြန္းက ဆိုပါတယ္။

လယ္ယာေျမကို အျခားနည္းခြင့္ျပဳမိန႔္ ရရွိၿပီး (၆)လအတြင္း လုပ္ငန္း မစတင္ႏိုင္သည္ကို ေတြ႕ရွိပါက သီးျခား ကိစၥရပ္အျဖစ္ အမႈတြဲဖြင့္လွစ္ၿပီး ဓာတ္ပုံမွတ္တမ္းႏွင့္တကြ တိုင္းေဒသႀကီး လယ္ယာေျမ စီမံခန႔္ခြဲမႈအဖြဲ႕သို႔ တင္ျပရမွာ ျဖစ္ပါတယ္။

၎မွတဆင့္ ဗဟိုလယ္ယာေျမ စီမံခန႔္ခြဲမႈအဖြဲ႕သို႔ ဆက္လက္တင္ျပကာ ဗဟိုလယ္ယာေျမ စီမံခန႔္ခြဲမႈ အဖြဲ႕ရဲ႕ တင္ျပခ်က္ကို လက္ခံရရွိတဲ့အခါ လယ္ယာေျမ အျခားနည္းျဖင့္ အသုံးျပဳရန္ ခြင့္ျပဳမိန႔္ကို ပယ္ဖ်က္ႏိုင္ပါတယ္။

လယ္ေျမမွတစ္ပါး လယ္ယာေျမႏွင့္ စပ္လ်ဥ္းၿပီး ေနျပည္ေတာ္ေကာ္စီ သို႔မဟုတ္ တိုင္းေဒသႀကီး သို႔မဟုတ္ ျပည္နယ္အစိုးရအဖြဲ႕က ထုတ္ေပးထားတဲ့ ခြင့္ျပဳမိန႔္ကို ပယ္ဖ်က္ေစရန္ အေၾကာင္းၾကားရမယ္လို႔ ျပ႒ာန္းထား တာ ျဖစ္ပါတယ္။

ခ်စ္ခြန္းခ်ိဳ
ေရႊႀတိဂံေဒသသတင္းလႊာ

Unicode

အခြားနည်းသုံးစွဲခွင့် ရထားတဲ့ လယ်ယာမြေတွေကို ခြောက်လအတွင်း အသုံးမပြုပါက ပြန်လည်သိမ်းယူနိုင်
=====================================================

ရန်ကုန်၊ အောက်တိုဘာ ၄

ရန်ကုန်တိုင်း ဒေသကြီးအတွင်းက လယ်ယာမြေ အခြားနည်းသုံးစွဲခွင့် ရရှိထားပြီး ၆ လအတွင်း စတင်အသုံး မပြုခြင်း၊ သတ်မှတ်ကာလအတွင်း လုပ်ငန်းပြီးစီးခြင်း မရှိပါက ၎င်းလယ်ယာမြေကို ပြန်လည်သိမ်းယူနိုင်တယ် လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးဟံထွန်းက ပြောပါတယ်။

လယ်ယာမြေများကို အခြားနည်းသုံးစွဲခွင့် ရရှိထားသူတွေ အနေနဲ့ ခွင့်ပြုတဲ့နေ့ကနေ ခြောက်လအတွင်း သတ် မှတ်ထားတဲ့ နည်းလမ်းအတိုင်း စတင်အသုံးမပြုခြင်း၊ သတ်မှတ်ကာလအတွင်း လုပ်ငန်းပြီးစီးခြင်း မရှိပါက ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွ့ဲအနေနဲ့ ၎င်းလယ်ယာမြေကို ပြန်လည်သိမ်းယူနိုင်တယ်လို့ ပြဋ္ဌာန်းထားတာ ဖြစ်ပါတယ်။

“ လယ်ယာမြေကို အခြားနည်း အသုံးချတာနဲ့ ပတ်သက်လို့ လယ်ယာမြေဥပဒေပုဒ်မ (၃၁)မှာ အခြားနည်းအ သုံးပြုဖို့ ခွင့်ပြုချက်ရရှိပြီးနောက် ခွင့်ပြုတဲ့နေ့ရက်ကနေ ခြောက်လအတွင်း လယ်ယာမြေကို သတ်မှတ်တဲ့ နည်း လမ်းအတိုင်း စတင်အသုံးမပြုရင်ဖြစ်စေ သတ်မှတ်ကာလအတွင်း လုပ်ငန်းပြီးစီးခြင်း မရှိရင်ဖြစ်စေ၊ ဗဟို လယ် ယာမြေ စီမံခန့်ခွဲမှုအဖွ့ဲက အဲ့ဒီလယ်ယာမြေကို ပြန်လည်သိမ်းယူနိုင်တယ်လို့ ပြဋ္ဌာန်းထားရှိပြီး ဖြစ်ပါတယ်။” လို့ ဝန်ကြီးဦးဟံထွန်းက ဆိုပါတယ်။

လယ်ယာမြေကို အခြားနည်းခွင့်ပြုမိန့် ရရှိပြီး (၆)လအတွင်း လုပ်ငန်း မစတင်နိုင်သည်ကို တွေ့ရှိပါက သီးခြား ကိစ္စရပ်အဖြစ် အမှုတွဲဖွင့်လှစ်ပြီး ဓာတ်ပုံမှတ်တမ်းနှင့်တကွ တိုင်းဒေသကြီး လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့သို့ တင်ပြရမှာ ဖြစ်ပါတယ်။

၎င်းမှတဆင့် ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့သို့ ဆက်လက်တင်ပြကာ ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့ရဲ့ တင်ပြချက်ကို လက်ခံရရှိတဲ့အခါ လယ်ယာမြေ အခြားနည်းဖြင့် အသုံးပြုရန် ခွင့်ပြုမိန့်ကို ပယ်ဖျက်နိုင်ပါတယ်။

လယ်မြေမှတစ်ပါး လယ်ယာမြေနှင့် စပ်လျဉ်းပြီး နေပြည်တော်ကော်စီ သို့မဟုတ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့က ထုတ်ပေးထားတဲ့ ခွင့်ပြုမိန့်ကို ပယ်ဖျက်စေရန် အကြောင်းကြားရမယ်လို့ ပြဋ္ဌာန်းထား တာ ဖြစ်ပါတယ်။

ချစ်ခွန်းချို
ေရႊႀတိဂံေဒသသတင္းလႊာ
https://www.facebook.com/GoldenTriangleRegionalNews/
အျခားနည္းသုံးစြဲခြင့္ ရထားတဲ့ လယ္ယာေျမေတြကို ေျခာက္လအတြင္း အသုံးမျပဳပါက ျပန္လည္သိမ္းယူႏိုင္ အျခားနည္းသုံးစြဲခြင့္ ရထားတဲ့ လယ္ယာေျမေတြကို ေျခာက္လအတြင္း အသုံးမျပဳပါက ျပန္လည္သိမ္းယူႏိုင္ Reviewed by THITHTOOLWIN on 00:09 Rating: 5
Powered by Blogger.