သာယာဝတီ၌ ယာဉ်တိုက်မူဖြစ်ပွား လူနှစ်ဦးသေဆုံး


သာယာဝတီ အောက်တိုဘာ ၎

ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့နယ် သင်တောရိုးအုပ်စု ဂွေးချောင်းကျေးရွာ မိုင်တိုင်အမှတ်(၈၁/၂ နှင့်၈၁/၃)အကြား ပတ်ထို-7 ဆီဆိုင်အနီး ရန်ကုန်-ပြည်ကားလမ်းမပေါ်တွင် အောက်တိုဘာ ၃ရက် ၂နာရီခွဲခန့်က ရန်ကုန်ဘက်မှပြည်ဘက်သို့ယာဉ်မောင်း သက်ငွေ(၃၉)နှစ် သုခမြိုင်ရပ်ကွက် ဥသျှစ်ပင်မြို့ ပန်းတောင်းမြို့နယ်နေသူမောင်းနှင်လာသော 7Q/-----ယူတုန်း ဝါနုရောင် ရန်ကုန်-ပြည်ခရီးသည်တင်ယာဉ်သည် လားရာတူရှေ့မှ ယာဉ်မောင်းမြင့်ဦး(၅၂)နှစ် အင်းရွာကျေးရွာသာယာဝတီမြို့နေသူမောင်းနှင်ပြီးနောက်တွင် နွဲ့ကြည်(၃၉)နှစ်အားတင်ဆောင်မောင်းနှင်လာသောလော်ဂျား ၁၁ဝဆိုင်ကယ်အားအရှိန်မထိန်းနိုင်ဘဲ နောက်မှဝင်ရောက်တိုက်မိသဖြင့် ပြင်းထန်ဒဏ်ရာများရရှိကာ ယာဉ်ပေါ်ပါနှစ်ဦးစလုံး သာယာဝတီခရိုင်ပြည်သူ့ဆေးရုံသို့တင်ပို့ကုသစဉ် သေဆုံးသွားခဲ့သည်။

ယာဉ်အားပေါ့ဆစွာမောင်းနှင်ပြီးရှေ့မှမောင်းနှင်နေသောဆိုင်ကယ်အား အရှိန်မထိန်းနိုင်ဘဲနောက်မှဝင်ရောက်တိုက်မိပြီး လူအားထိခိုက်ဒဏ်ရာ ရရှိပြီးသေဆုံးအောင်မောင်းနှင်သူယာဉ်မောင်းသက်ငွေအား သာယာဝတီမြို့မရဲစခန်းက အမူဖွင့်အရေးယူဆောင်ရွက်ထားရှိကြောင်း သိရသည်။

သန့်ဇော်(ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
သာယာဝတီ၌ ယာဉ်တိုက်မူဖြစ်ပွား လူနှစ်ဦးသေဆုံး သာယာဝတီ၌ ယာဉ်တိုက်မူဖြစ်ပွား လူနှစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 00:14 Rating: 5
Powered by Blogger.