“ဝ”တောင်ပိုင်း ဟွေ့အော့်မြို့နယ် အတွင်း စိတ်ကြွဆေးပြား ၁၈ သိန်း သယ်ဆောင်သူများ ဖမ်းဆီးရမိ


အောက်တိုဘာလ ၂ ရက် ၂၀၁၉

တောင်ပိုင်း ၀ တပ်ဖွဲ့များအခြေချရာ မိုင်းတုံမြို့နယ် ပုံပါကျင်မြို့နယ်ခွဲရှိ ထိုင်းနယ်စပ် ဟွေ့အော့ရွာ နမ့်ယုမ်းကျေးရွာ အနီးတွင် စိတ်ကြွဆေးပြား ၁၈ သိန်း နှင့်အတူ သယ်ဆောင်သူများကိုပါ ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယမန်နေ့ အောက်တိုဘာ ၁ ရက်နေ့က ဟွေ့အော့တပ်စခန်း နမ့်ယုမ်းကျေးရွာတွင် ၁၇၁ စစ်ဒေသကို ဖြတ်သန်းပြီး ထိုင်းနိုင်ငံအတွင်း မူးယစ်ဆေးဝါး ပို့ဆောင်ရန်သွားသည့် မူးယစ်မှောင်ခိုအဖွဲ့နှင့် “ ဝ” တပ်ဖွဲ့တို့ အပြန်အလှန် ပစ်ခတ်ကာ စိတ်ကြွဆေးပြား ၁၈ သိန်း သယ်ဆောင်သည့် အမျိုးသား ၈ ဦး ၊ သေဆုံးသည့်အလောင်း ၂ လောင်းတို့ကို ဖမ်းဆီးရ မိကြောင်း သိရသည်။

“ ၁၇၁ စစ်ဒေသကိုဖြတ်သန်းပြီး ထိုင်းနယ်စပ်ကိုမူးယစ်ဆေးဝါး သယ်ဆောင် မှုတွေလုပ်နေတယ်ဆိုတဲ့ သတင်းရထားလို့ပါ။ အဲ့ဒါနဲ့ ကျနော်တို့ မနေ့က မနက်ပိုင်း ဆေးပြား ၁၈ သိန်းနဲ့ အတူ မူးယစ်သယ်ဆောင်သူ ၈ ဦး နဲ့ အလောင်း ၂ လောင်းကို ဖမ်းဆီးရမိတယ်။ အခုတော့စစ်ဆေးနေဆဲပါ” ဟု ဦးညီရမ်း က သျှမ်းသံတော်ဆင့် သို့ပြောသည်။

အဆိုပါအဖွဲ့သည် မူးယစ်ဆေးဝါးများကို စစ်စိမ်းရောင်ကျောပိုးအိတ်များဖြင့် သယ်ဆောင် ကြောင်း၊ လက်ရှိ ဖမ်းဆီးရမိသူများသည် မြန်မာနိုင်ငံ တိုင်းရင်းသားများသာ ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးများသည် မည့်သည့် အဖွဲ့ ပိုင်ဆိုင်သည်ကို စစ်ဆေးနေကြောင်းလည်း ဦးညီရမ်း က ပြောသည်။

“ ကျနော်သိရသလောက် ကတော့ တချို့ လွှတ်မြောက်နေတယ်။ ထိုင်းဘက် ကို ရောက်သွားတယ်လို့ ကြားတယ်” ဟုလည်း ဦးညီရမ်းက ထပ်လောင်းပြောကြားသည်။
“ဝ” တောင်ပိုင်းတွင် မကြာခဏ မူးယစ်ဆေးဝါး ဖမ်းဆီးရမိသဖြင့် မူးယစ်ဆေးဝါး ကို ယခင်ကထက် ပိုပြီးတားဆီးကာကွယ်သွားရန် မူဝါဒများ ချမှတ်ခဲ့ထားကြောင်းလည်း ဦးညီရမ်း က ပြောသည်။

သြဂုတ် ၂၆ ရက်တွင်လည်း “ဝ” တပ်ဖွဲ့ တောင်ပိုငး ၁၇၁ စစ်ဒေသတွင် မူးယစ်ဆေးဝါး နှင့် လက်နက်ကိုင် အဖွဲ့များကို ဖမ်းဆီး ရမိကာ သက်ဆိုင်ရာ အစိုးရထံ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
“ဝ”တောင်ပိုင်း ဟွေ့အော့်မြို့နယ် အတွင်း စိတ်ကြွဆေးပြား ၁၈ သိန်း သယ်ဆောင်သူများ ဖမ်းဆီးရမိ “ဝ”တောင်ပိုင်း ဟွေ့အော့်မြို့နယ် အတွင်း စိတ်ကြွဆေးပြား ၁၈ သိန်း သယ်ဆောင်သူများ ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 04:12 Rating: 5
Powered by Blogger.