ဟိုပန်မြို့မှာ ၃နှစ်အရွယ်‌ကလေးတစ်ဦး ရေ‌ချောင်းအတွင်း မျောပါသေဆုံး

ဓါတ်ပုံ-ကိုဖြိုး‌ဝေ

တောင်ကြီး၊ အောက်တိုဘာ ၂




အဆိုပါရေချောင်းအတွင်းကို ည၇နာရီအချိန်ခန့်က ဟိုပန်မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်‌‌တွေနဲ့ရပ်ကွက်‌‌နေပြည်သူတွေက ဝိုင်းဝန်းရှာဖွေရာမှ ည၈နာရီအချိန်မှာ မအားမော်ကို သေဆုံးလျက်ပြန်တွေ့ရတာဖြစ်တယ်လို့ သိရပါတယ်။



တောင်ကြီး၊ အောက်တိုဘာ ၁

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ဟိုပန်မြို့နယ်၊ မိန်းပန်း၀ရပ်ကွက်မှာ ယနေ့ညပိုင်းအချိန်က ၃နှစ်အရွယ်‌ကလေးတစ်ဦး ရေ‌ချောင်းအတွင်း ဆော့ကစားရာမှ မျောပါသေဆုံးခဲ့တယ်လို့ သိရပါတယ်။

မိန်းပန်းဝရပ်ကွက်ရှိ ဦးဆေးနန်နဲ့ဒေါ်နန်းကျိန် တို့ရဲ့ သမီးဖြစ်သူ မအမ်းမော် (၃)နှစ်ခန့်က နမ့်ဆွမ်ချောင်းသို့‌ ယနေ့ညပိုင်းအချိန်ကရေဆင်းကစားရင်းမျောပါခဲ့ရာသွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

"ညနေ ငါးနာရီလောက်ကတည်းက ရေချောင်းထဲကို ရေဆင်းဆော့ရင်းပါသွားတာ။ဘယ်အချိန်ပါသွားမှန်းမသိလိုက်ဘူးလို့‌‌သိရပါတယ်။ ၇နာရီ ကျော်မှလာသတင်းပို့တာ။ ပြန်‌တွေ့တော့ သေဆုံးနေပြီ"လို့ ဟိုပန်မြို့နယ် မီးသတ်ဦးစီးဌာနမှ တပ်ကြပ်ဦးဖြိုးဝေက ‌ရွှေတြိဂံသတင်းဌာနကို ‌ပြောပါတယ်။

အဆိုပါရေချောင်းအတွင်းကို ည၇နာရီအချိန်ခန့်က ဟိုပန်မြို့နယ်မီးသတ်တပ်ဖွဲ့၀င်‌‌ေတွနဲ့
ရပ်ကွက်‌‌ေနပြည်သူတွေက ဝိုင်း၀န်းရှာဖွေရာမှ ည၈နာရီအချိန်မှာ မအားမော်ကို သေဆုံးလျက်ပြန်တွေ့ရတာဖြစ်တယ်လို့ သိရပါတယ်။

ယင်းဖြစ်စဉ်နဲ့ပါတ်သက်ပြီး ဟိုပန်မြို့မရဲစခန်းမှာ သေမှုသေခင်းအရ အမှုရေးဖွင့်ထားပြီး အလောင်းကို ဆေးရုံသို့ပို့ဆောင်ကာ အသေးစိတ်စစ်ဆေးလျက်ရှိတယ်လို့ သိရပါတယ်။

သတင်း-ရဲရင့်ဇွဲ(ရွှေတြိဂံ)
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့ ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ