ျမန္မာႏိုင္ငံဆိုင္ရာ ကုလဌာေနကိုယ္စားလွယ္သစ္ ခန္႔အပ္

ျမန္မာႏိုင္ငံဆိုင္ရာ ကုလဌာေနကိုယ္စားလွယ္သစ္ Ola Almgren (UN Philippines)
ျမန္မာႏုိင္ငံဆိုင္ရာ ကုလသမဂၢ ဌာေနကိုယ္စားလွယ္ အသစ္ အျဖစ္ ဆြီဒင္ႏုိင္ငံက Ola Almgren ကို ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္က ခန္႔အပ္လိုက္ေၾကာင္း အဂၤါေန႔မွာဘဲ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ေျပာခြင့္ရက ပံုမွန္ သတင္းစာရွင္းလင္းပြဲမွာ ေျပာဆိုသြားပါတယ္။ ျမန္မာ အစိုးရဘက္က အတည္ျပဳခ်က္ ရၿပီးေနာက္ပိုင္းမွာ စတင္တာ၀န္ထမ္းေဆာင္မွာ ျဖစ္တယ္လို႔လည္း ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ေျပာခြင့္ရ Stephane Dujarric က အခုလို ေျပာဆိုသြားပါတယ္။

“အသစ္ ခန္႔အပ္လိုက္တဲ႔ ျမန္မာဆိုင္ရာ ကုလသမဂၢ ဌာေနကိုယ္စားလွယ္ Ola Almgren က ကုလသမဂၢ လူသားခ်င္း စာနာေထာက္ထားမႈဆိုင္ရာ ညွိႏိႈင္းေရးမွဴး အျဖစ္လည္း တာ၀န္ထမ္းေဆာင္မွာ ျဖစ္ပါတယ္။” ျမန္မာႏုိင္ငံဆိုင္ရာ ကုလသမဂၢ ဌာေနကိုယ္စားလွယ္ အျဖစ္ ၂၀၁၇ ခုႏွစ္ကတည္းက ယာယီ တာ၀န္ယူထားတဲ႔ Knut Ostby ေနရာမွာ အစားထိုး တာ၀န္ယူမွာ ျဖစ္ပါတယ္။

ကုလ ဌာေနကိုယ္စားလွယ္ အေနနဲ႔ေတာ့ ႏုိင္ငံေတြရဲ႕ ေရရွည္ဖြံ႔ၿဖိဳးမႈ ရည္မွန္းခ်က္ေတြ ျပည့္မီေစေရး အတြက္ ႏုိင္ငံတြင္းမွာရွိေနတဲ႔ ကုလသမဂၢ အဖြဲ႔အစည္းေတြ၊ ရန္ပံုေငြနဲ႔ အစီအစဥ္ေတြကို ပူးေပါင္းေဆာင္ရြက္မႈ ျမွင့္တင္ လုပ္ေဆာင္ၾကရတာပါ။ ဌာေနကိုယ္စားလွယ္သစ္ ျဖစ္လာမယ့္ မစၥတာ Almgren က ကုလသမဂၢမွာ ၂၉ ႏွစ္ၾကာ တာ၀န္ထမ္းေဆာင္ေနသူ ျဖစ္ၿပီး လူသားခ်င္း စာနာေထာက္ထားမႈ၊ ဖြံ႔ၿဖိဳးေရး ပူးေပါင္းေဆာင္ရြက္မႈ၊ ၿငိမ္းခ်မ္းေရးနဲ႔ လံုၿခံဳေရးဆိုင္ရာ ညွိႏိႈင္းေဆာင္ရြက္မႈေတြမွာ ေခါင္းေဆာင္မႈ အခန္းက႑ေတြက ပါ၀င္ခဲ႔သူ ျဖစ္ပါတယ္။ ျမန္မာႏုိင္ငံဆိုင္ရာ ဌာေန ကိုယ္စားလွယ္ အျဖစ္ မခန္႔အပ္ခံရခင္ အရင္ကေတာ့ ဖိလစ္ပိုင္ဆိုင္ရာ ကုလသမဂၢ ဌာေနကိုယ္စားလွယ္ အျဖစ္ တာ၀န္ယူခဲ႔တာပါ။

......................

{Unicode}

မြန်မာနိုင်ငံဆိုင်ရာ ကုလဌာနေကိုယ်စားလှယ်သစ် ခန့်အပ်

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ် အသစ် အဖြစ် ဆွီဒင်နိုင်ငံက Ola Almgren ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ခန့်အပ်လိုက်ကြောင်း အင်္ဂါနေ့မှာဘဲ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရက ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။ မြန်မာ အစိုးရဘက်က အတည်ပြုချက် ရပြီးနောက်ပိုင်းမှာ စတင်တာဝန်ထမ်းဆောင်မှာ ဖြစ်တယ်လို့လည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stephane Dujarric က အခုလို ပြောဆိုသွားပါတယ်။

“အသစ် ခန့်အပ်လိုက်တဲ့ မြန်မာဆိုင်ရာ ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ် Ola Almgren က ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူး အဖြစ်လည်း တာဝန်ထမ်းဆောင်မှာ ဖြစ်ပါတယ်။” မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ် အဖြစ် ၂၀၁၇ ခုနှစ်ကတည်းက ယာယီ တာဝန်ယူထားတဲ့ Knut Ostby နေရာမှာ အစားထိုး တာဝန်ယူမှာ ဖြစ်ပါတယ်။

ကုလ ဌာနေကိုယ်စားလှယ် အနေနဲ့တော့ နိုင်ငံတွေရဲ့ ရေရှည်ဖွံ့ဖြိုးမှု ရည်မှန်းချက်တွေ ပြည့်မီစေရေး အတွက် နိုင်ငံတွင်းမှာရှိနေတဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေ၊ ရန်ပုံငွေနဲ့ အစီအစဉ်တွေကို ပူးပေါင်းဆောင်ရွက်မှု မြှင့်တင် လုပ်ဆောင်ကြရတာပါ။ ဌာနေကိုယ်စားလှယ်သစ် ဖြစ်လာမယ့် မစ္စတာ Almgren က ကုလသမဂ္ဂမှာ ၂၉ နှစ်ကြာ တာဝန်ထမ်းဆောင်နေသူ ဖြစ်ပြီး လူသားချင်း စာနာထောက်ထားမှု၊ ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်မှု၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်မှုတွေမှာ ခေါင်းဆောင်မှု အခန်းကဏ္ဍတွေက ပါဝင်ခဲ့သူ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ဌာနေ ကိုယ်စားလှယ် အဖြစ် မခန့်အပ်ခံရခင် အရင်ကတော့ ဖိလစ်ပိုင်ဆိုင်ရာ ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ် အဖြစ် တာဝန်ယူခဲ့တာပါ။

ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
ျမန္မာႏိုင္ငံဆိုင္ရာ ကုလဌာေနကိုယ္စားလွယ္သစ္ ခန္႔အပ္ ျမန္မာႏိုင္ငံဆိုင္ရာ ကုလဌာေနကိုယ္စားလွယ္သစ္ ခန္႔အပ္ Reviewed by THITHTOOLWIN on 04:08 Rating: 5
Powered by Blogger.