လားရွိုးၿမိဳ႕နယ္ တြင္ အသက္ ၁၅ ႏွစ္ အရြယ္ ေက်ာင္းသူတဦး အား ေဈးသည္တဦးက အဓမၼျပဳက်င့္ရန္ႀကိဳးစား

Zawgyi
ေအာက္တိုဘာလ ၁၂ ရက္ ၂၀၁၉

သၽွမ္းျပည္ ေျမာက္ပိုင္း လားရွိုးၿမိဳ႕နယ္ ေမာက္ေတာင္းေက်းရြာတြင္ ေနထိုင္သည့္ အသက္ ၁၅ ႏွစ္ အရြယ္ ေက်ာင္းသူ တဦးကို ေဈးသည္တဦးက အၾကမ္းဖက္ကာ အတင္းအဓမၼျပဳက်င့္ရန္ ႀကိဳးစားခဲ့ေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ေအာက္တိုဘာ ၉ ရက္ေန႔ ည ၁၀နာရီက အသက္ ၁၅ႏွစ္ အရြယ္ ၆ တန္းေက်ာင္းသူ ေအးယိင္း အိပ္ေနစဥ္ နမ့္ေပါင္ေက်းရြာေန ေဈးသည္ အသက္ ၂၀ အရြယ္ ေမာင္ေနလင္းက အိမ္တံခါးေသာ့ဖ်က္ကာ အိမ္အတြင္း ခိုးဝင္လာၿပီး ေအးယိင္းအား လက္ျပန္ႀကိဳးတုပ္၊ လက္ကိုင္ပဝါျဖင့္ ပါးစပ္ကို ပိတ္ၿပီး အတင္းအဓမၼျပဳက်င့္ရန္ ႀကိဳးစားခဲ့ေၾကာင္း ကေလး အမွုကို လိုက္ပါ ကူညီေပးေနသည့္ သၽွမ္းလူငယ္အဖြဲ႕ (TYO) မွ စိုင္းဟန္ က သၽွမ္းသံေတာ္ဆင့္ သို႔ ေျပာသည္။

ေအးယိင္းက ႐ုန္းကန္သည့္အသံၾကားရာ အခန္းအျပင္ဘက္တြင္အိပ္ေနေသာ ဖြားေအျဖစ္သူ နိုးလာၿပီး မီးခြက္ထြန္းစဥ္ မုဒိန္းက်င့္ရန္ႀကိဳးစားေနသည့္ ေမာင္ေနလင္းသည္ အိမ္ထရံအားခုန္ေက်ာ္လႊားကာ ထြက္ေျပးလႊတ္ေျမာက္သြားေၾကာင္း ေျမးအဖြားကေျပာသည္ဟု ဆိုပါသည္။

“ ေျပာရရင္ ဒါက အတင္းအဓမၼမွုေျမာက္ပါတယ္။ ၆ တန္း ေက်ာင္းသူ အဖြား က မနိုးလာရင္ မုဒိမ္းက်င့္ခံရၿပီေလ။ဒါေၾကာင့္ ဒါက သက္ငယ္မုဒိမ္းမွု မေျမာက္ဘူးလို႔ ေျပာလို႔ မရဘူး” ဟု စိုင္းဟန္ က ေျပာျပသည္။

ထိုကိစၥကို ၆ တန္းေက်ာင္းသူ သည္ ေက်ာင္းဆရာမကို သြားေရာက္ တိုင္ၾကားခဲ့ေၾကာင္း ဆရာမက ေက်းရြာ အုပ္ခ်ဳပ္ေရးမွူး (ရြာသူႀကီး) အားသြားေရာက္ေဆြးေႏြးေသာအခါ ရြာသူႀကီးက မုဒိမ္းက်င့္ ရန္ ႀကိဳးစားသည့္ ေမာင္ေနလင္းကို သတိေပးၿပီး ျပန္လႊတ္ေပးခဲ့ေၾကာင္း သိရသည္။

“ ေနလင္းဆိုတဲ့သူကလည္း ဝန္ခံတယ္။ သူလုပ္တယ္ဆိုတာ။ ေက်းရြာ ကသူေတြက ဒီအမွု ဘယ္ေလာက္ ေျမာက္တယ္ဆိုတာ မသိဘူး။ ဒီသတင္းကို ၾကားၾကားခ်င္း က်ေနာ္တို႔ ေတြ ခ်က္ခ်င္းလိုက္သြားတယ္” ဟု စိုင္းဟန္ က ဆိုသည္။

ေအးယိင္းသည္ မိဘအိမ္တြင္မေနဘဲ ဖြားေအျဖစ္သူအား အေဖာ္ျပဳကာ ၎တို႔ေနအိမ္တြင္ ေျမးအဘြား ၂ ဦးသာေနထိုင္ ေနေၾကာင္းလည္းသိရသည္။

လက္ရွိ ၆တန္းေက်ာင္းသူ ကို အတင္းအဓမၼျပဳက်င့္ျခင္း၊ မတရားခ်ဳပ္ေႏွာင္ျခင္း၊ အိမ္က်ဴးေက်ာ္ဝင္ေရာက္ျခင္း ႏွင့္ထိခိုက္နာက်င္ျခင္း တို႔ျဖစ္သည့္ ရာဇာဓတ္ႀကီး ပုဒ္မ ၃၇၆၊၃၄၂၊ ၄၅၁ ႏွင့္ ၅၀၁ တို႔ႏွင့္ လားရွိုး အမွတ္(၁) ရဲစခန္းတြင္ အမွုဖြင့္ ထားၿပီး တရားခံေမာင္ေနလင္း ကို ေအာက္တိုဘာ ၁၀ ရက္ေန႔တြင္ ဖမ္းဆီးခ်ဳပ္ေႏွာင္ထားေၾကာင္း သိရသည္။

“ မုဒိန္းက်င့္ျခင္းၿပီးေျမာက္မွ မုဒိန္းမွုျဖစ္တယ္ ဆိုတာက်ေနာ္တို႔ လက္မခံဘူး။ အခု လို အိမ္ထဲက်ဴးေက်ာ္လာၿပီးက်င့္ႀကံကတည္းက သက္ငယ္မုဒိမ္းမွုပဲ” ဟု စိုင္းဟန္ က မွတ္ခ်က္ျပဳသည္။

ေက်းလက္ေဒသ တြင္ေနထိုင္သည့္ ျပည္သူမ်ားအေနျဖင့္ အတင္းအဓမၼျပဳက်င့္ခံရပါက ရွက္ေၾကာက္စရာ မလိုေၾကာင္း၊ ေၾကေအးစရာမလိုေၾကာင္း၊ က်ဴးလြန္သူမ်ားကို ႀကီးေလးသည့္ ျပစ္ဒဏ္ေပးရန္ တိုင္ၾကားဖို႔လိုအပ္ေၾကာင္းလည္း လူ႔အခြင့္အေရး တက္ႂကြေဆာင္ရြက္သူမ်ားကတိုက္တြန္းေျပာဆိုထားသည္။


စက္တင္ဘာ ၁၅ရက္ ညပိုင္းတြင္လည္း သၽွမ္းျပည္နယ္ ေျမာက္ပိုင္း မိုင္းရယ္ၿမိဳ႕နယ္ အတြင္းေနထိုင္းသည့္ အသက္ ၁၄ႏွစ္ အရြယ္ ေက်ာင္းသူ တဦးကို အမ်ိဳးသားတဦးက သက္ငယ္မုဒိမ္း က်ဴးလြန္ခဲ့ေၾကာင္း သိရသည္။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
----------------
Unicode
လားရှိုးမြို့နယ် တွင် အသက် ၁၅ နှစ် အရွယ် ကျောင်းသူတဦး အား ဈေးသည်တဦးက အဓမ္မပြုကျင့်ရန်ကြိုးစား

သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ် မောက်တောင်းကျေးရွာတွင် နေထိုင်သည့် အသက် ၁၅ နှစ် အရွယ် ကျောင်းသူ တဦးကို ဈေးသည်တဦးက အကြမ်းဖက်ကာ အတင်းအဓမ္မပြုကျင့်ရန် ကြိုးစားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၉ ရက်နေ့ ည ၁၀နာရီက အသက် ၁၅နှစ် အရွယ် ၆ တန်းကျောင်းသူ အေးယိင်း အိပ်နေစဉ် နမ့်ပေါင်ကျေးရွာနေ ဈေးသည် အသက် ၂၀ အရွယ် မောင်နေလင်းက အိမ်တံခါးသော့ဖျက်ကာ အိမ်အတွင်း ခိုးဝင်လာပြီး အေးယိင်းအား လက်ပြန်ကြိုးတုပ်၊ လက်ကိုင်ပဝါဖြင့် ပါးစပ်ကို ပိတ်ပြီး အတင်းအဓမ္မပြုကျင့်ရန် ကြိုးစားခဲ့ကြောင်း ကလေး အမှုကို လိုက်ပါ ကူညီပေးနေသည့် သျှမ်းလူငယ်အဖွဲ့ (TYO) မှ စိုင်းဟန် က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

အေးယိင်းက ရုန်းကန်သည့်အသံကြားရာ အခန်းအပြင်ဘက်တွင်အိပ်နေသော ဖွားအေဖြစ်သူ နိုးလာပြီး မီးခွက်ထွန်းစဉ် မုဒိန်းကျင့်ရန်ကြိုးစားနေသည့် မောင်နေလင်းသည် အိမ်ထရံအားခုန်ကျော်လွှားကာ ထွက်ပြေးလွှတ်မြောက်သွားကြောင်း မြေးအဖွားကပြောသည်ဟု ဆိုပါသည်။

“ ပြောရရင် ဒါက အတင်းအဓမ္မမှုမြောက်ပါတယ်။ ၆ တန်း ကျောင်းသူ အဖွား က မနိုးလာရင် မုဒိမ်းကျင့်ခံရပြီလေ။ဒါကြောင့် ဒါက သက်ငယ်မုဒိမ်းမှု မမြောက်ဘူးလို့ ပြောလို့ မရဘူး” ဟု စိုင်းဟန် က ပြောပြသည်။

ထိုကိစ္စကို ၆ တန်းကျောင်းသူ သည် ကျောင်းဆရာမကို သွားရောက် တိုင်ကြားခဲ့ကြောင်း ဆရာမက ကျေးရွာ အုပ်ချုပ်ရေးမှူး (ရွာသူကြီး) အားသွားရောက်ဆွေးနွေးသောအခါ ရွာသူကြီးက မုဒိမ်းကျင့် ရန် ကြိုးစားသည့် မောင်နေလင်းကို သတိပေးပြီး ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

“ နေလင်းဆိုတဲ့သူကလည်း ဝန်ခံတယ်။ သူလုပ်တယ်ဆိုတာ။ ကျေးရွာ ကသူတွေက ဒီအမှု ဘယ်လောက် မြောက်တယ်ဆိုတာ မသိဘူး။ ဒီသတင်းကို ကြားကြားချင်း ကျနော်တို့ တွေ ချက်ချင်းလိုက်သွားတယ်” ဟု စိုင်းဟန် က ဆိုသည်။

အေးယိင်းသည် မိဘအိမ်တွင်မနေဘဲ ဖွားအေဖြစ်သူအား အဖော်ပြုကာ ၎င်းတို့နေအိမ်တွင် မြေးအဘွား ၂ ဦးသာနေထိုင် နေကြောင်းလည်းသိရသည်။

လက်ရှိ ၆တန်းကျောင်းသူ ကို အတင်းအဓမ္မပြုကျင့်ခြင်း၊ မတရားချုပ်နှောင်ခြင်း၊ အိမ်ကျူးကျော်ဝင်ရောက်ခြင်း နှင့်ထိခိုက်နာကျင်ခြင်း တို့ဖြစ်သည့် ရာဇာဓတ်ကြီး ပုဒ်မ ၃၇၆၊၃၄၂၊ ၄၅၁ နှင့် ၅၀၁ တို့နှင့် လားရှိုး အမှတ်(၁) ရဲစခန်းတွင် အမှုဖွင့် ထားပြီး တရားခံမောင်နေလင်း ကို အောက်တိုဘာ ၁၀ ရက်နေ့တွင် ဖမ်းဆီးချုပ်နှောင်ထားကြောင်း သိရသည်။

“ မုဒိန်းကျင့်ခြင်းပြီးမြောက်မှ မုဒိန်းမှုဖြစ်တယ် ဆိုတာကျနော်တို့ လက်မခံဘူး။ အခု လို အိမ်ထဲကျူးကျော်လာပြီးကျင့်ကြံကတည်းက သက်ငယ်မုဒိမ်းမှုပဲ” ဟု စိုင်းဟန် က မှတ်ချက်ပြုသည်။

ကျေးလက်ဒေသ တွင်နေထိုင်သည့် ပြည်သူများအနေဖြင့် အတင်းအဓမ္မပြုကျင့်ခံရပါက ရှက်ကြောက်စရာ မလိုကြောင်း၊ ကြေအေးစရာမလိုကြောင်း၊ ကျူးလွန်သူများကို ကြီးလေးသည့် ပြစ်ဒဏ်ပေးရန် တိုင်ကြားဖို့လိုအပ်ကြောင်းလည်း လူ့အခွင့်အရေး တက်ကြွဆောင်ရွက်သူများကတိုက်တွန်းပြောဆိုထားသည်။


စက်တင်ဘာ ၁၅ရက် ညပိုင်းတွင်လည်း သျှမ်းပြည်နယ် မြောက်ပိုင်း မိုင်းရယ်မြို့နယ် အတွင်းနေထိုင်းသည့် အသက် ၁၄နှစ် အရွယ် ကျောင်းသူ တဦးကို အမျိုးသားတဦးက သက်ငယ်မုဒိမ်း ကျူးလွန်ခဲ့ကြောင်း သိရသည်။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
လားရွိုးၿမိဳ႕နယ္ တြင္ အသက္ ၁၅ ႏွစ္ အရြယ္ ေက်ာင္းသူတဦး အား ေဈးသည္တဦးက အဓမၼျပဳက်င့္ရန္ႀကိဳးစား လားရွိုးၿမိဳ႕နယ္ တြင္ အသက္ ၁၅ ႏွစ္ အရြယ္ ေက်ာင္းသူတဦး အား ေဈးသည္တဦးက အဓမၼျပဳက်င့္ရန္ႀကိဳးစား Reviewed by THITHTOOLWIN on 19:53 Rating: 5
Powered by Blogger.