
ဓါတ်ပုံ-Nyi Nyi Tun
Zawgyi






ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
-------------------
(Unicode)
အင်းလေးမှာ ရေနစ်ပျောက်ဆုံးနေသူ ၃ဦးစလုံးကိုသေဆုံးလျှက်ပြန်လည်တွေ့ရှိ

တောင်ကြီး၊ အောက်တိုဘာ၁၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးကန်အတွင်းမှာ ပြီးခဲ့တဲ့အောက်တိုဘာ လ၁၂ ရက်၊ နံနက်၁၀နာရီခွဲအချိန်ခန့်က ဆွဲလှေတစ်စီး နစ် မြုပ်မှုဖြစ်ပွားပြီး ၁ဦးသေဆုံးကာ ၃ဦးပျောက်ဆုံးမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါဆွဲလှေ နစ်မြုပ်မှုကြောင့် ဆွဲလှေပေါ်ပါလာသူ ဦးလှကျော် သေဆုံးခဲ့ပြီး မောင်အောင်ကျော်ဇော၊ ကိုသိန်းဟန်၊ မောင်စိုးမြတ်မင်းတို့၃ဦးက ရေန စ်မြုပ်ပျောက်ဆုံးခဲ့ပြီး ယနေ့နေ့လည်ပိုင်းအချိန်မှာ မောင်အောင်ကျော်ဇော၊ကိုသိန်းဟန်တို့၂ဦး၊ ညနေပိုင်းအချိန်မှာ မောင်စိုးမြတ်မင်းတို့ကို သေဆုံးလျှက်ပြန်လည်တွေ့ရှိရတယ်လို့ ညောင်ရွှေမြို့မရဲစခန်းမှ သိရပါတယ်

ယင်းဆွဲလှေက မိုင်းပျိုးကျေးရွာအုပ်စု၊ မန်ကျီးဆိပ်ကျေးရွာအထွက်ရှိရေလမ်းကြောင်းမှာ ပြင်ပစက်လှေ‌တွေရဲ့မောင်းနှင်မှု လှိုင်းဒဏ်ကြောင့် ဆွဲလှေအ တွင်းရေဝင်ကာနစ်မြုပ်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ဆွဲလှေနစ်မြုပ်မှုကြောင့် ပျောက်ဆုံး‌နေသူ၃ဦးကို မ နေ့နံနက်ပိုင်းအချိန်ကနေ သက်ဆိုင်ရာဌာနဆိုင်ရာတွေ၊ ဒေသခံပြည်သူတွေ၊ လူမှုကူညီရေးအသင်းအ ဖွဲ့တွေက ဝိုင်းဝန်းရှာဖွေခဲ့ပေမယ့် ယနေ့မှသာ သေဆုံးလျှက်ပြန်လည်တွေ့ရှိရတာဖြစ်တယ်လို့ သိရပါတယ်။

ရေနစ်မြုပ်သွားတဲ့ဆွဲလှေက ဖောင်တော်ဦးရုပ်ပွား တော်မြတ်တွေကို နန်းပန်ကျေးရွာစံကျောင်းမှ မန်ကျီးဆိပ်ကျေးရွာစံကျောင်းကို ကြွချီစဉ် လှော်ခတ်ပင့်ဆောင်ခဲ့ပြီးနောက် ၎င်းတို့ မိုင်းပျိုးရွာသစ်ကျေး ရွာကိုပြန်လာတဲ့အချိန်မှာ နစ်မြုပ်သွားခဲ့တာဖြစ်ပါတယ်။

သတင်း-ရဲရင့်ဇွဲ(ရွှေတြိဂံ)
အင်းလေးမှာ ရေနစ်ပျောက်ဆုံးနေသူ ၃ဦးစလုံးကိုသေဆုံးလျှက်ပြန်လည်တွေ့ရှိ အင်းလေးမှာ ရေနစ်ပျောက်ဆုံးနေသူ ၃ဦးစလုံးကိုသေဆုံးလျှက်ပြန်လည်တွေ့ရှိ Reviewed by THITHTOOLWIN on 20:02 Rating: 5
Powered by Blogger.