က်ိဳင္းတုံၿမိဳ႕နယ္ အတြင္း ေျဗာက္အိုး ကစားသည့္ ကိုရင္ ၂ပါး လက္ေခ်ာင္း ျပတ္ရွ

Zawgyi
ေအာက္တိုဘာလ ၁၃ ရက္ ၂၀၁၉

သၽွမ္းျပည္ အေရွ႕ပိုင္း က်ိဳင္းတုံၿမိဳ႕နယ္ ကတ္ထိုက္ ေက်းရြာ အုပ္စု ဝမ့္နိမ့္ရြာ ဘုန္းႀကီးေက်ာင္းတြင္ ကိုရင္ ၂ပါး ေျဗာက္အိုး ေဆာ့ရာမွ ထိခိုက္ဒဏ္ရာ ရရွိေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ေအာက္တိုဘာလ ၁၂ ရက္ညပိုင္းက ဝမ့္နိမ့္ရြာ ဘုန္းႀကီးေက်ာင္းတြင္ သက္ေတာ္ ၁၇ ႏွစ္၊ ဝါေတာ္ ၈ဝါ ရွိ ကိုရင္ဖႏြဲ႕ရွန္ ႏွင့္ သက္ေတာ္ ၁၃ ႏွစ္၊ ဝါေတာ္ ၄ ဝါ ရွိ ကိုရင္ ဖဆမ္လာ တို႔သည္ ေျဗာက္အိုး ေဆာ့ကစားၾကရာ ယမ္းစမ်ား ထိမွန္မွုေၾကာင့္ ထိခိုက္ဒဏ္ရာရရွိခဲ့ၾကေၾကာင္း က်ိဳင္းတုံ ေဒသခံမ်ား ေျပာျပခ်က္ အရသိရသည္။

“ မေန႔က ကိုရင္ ၂ ပါး ေျဗာက္အိုးေဖာက္ေတာ့ ယမ္းစထိမွန္တယ္။ ဒဏ္ရာေတြကေတာ္ေတာ္ မ်ားတယ္။ ကိုရင္ တပါးဆိုရင္ လက္ေခ်ာင္းေတြ ျပတ္သြားတယ္” ဟု က်ိဳင္းတုံ ေဒသခံ စိုင္းတစ္ က ေျပာသည္။

ေျဗာက္အိုး ေပါက္ကြဲကာ ယမ္းစထိမွန္မွုေၾကာင့္ ကိုရင္ ဖႏြဲ႕ရွန္သည္ ဝဲဘက္ လက္ေခ်ာင္း ျပရွ၊ ရင္ဘတ္ ေပါက္ျပဲ၊ ယာဒူးေခါင္းေပါက္ျပဲဒဏ္ရာရရွိၿပီး၊ ကိုရင္ ဖဆမ္လာ သည္ မ်က္ႏွာျပင္ ေပါက္ျပဲ၊ ဝဲဘက္ လက္ေခ်ာင္းမ်ား ေပါက္ျပဲေၾကာင္း စိုင္းတစ္ က ေျပာသည္။

လက္ရွိမွာ ေျဗာက္အိုး ထိမွန္သည့္ ကိုရင္ ၂ပါး သည္ က်ိဳင္းတုံ ၿမိဳ႕ရွိ ျပည္သူ႔ေဆး႐ုံႀကီးတြင္ ေဆးဝါး ကုသမွု ခံယူေနေၾကာင္းသိရသည္။

သီတင္းကၽြတ္ ႏွင္ တန္ေဆာင္တိုင္ ကာလ အတြင္း မီးရွုး၊ မီးပန္းမ်ား၊ ေျဗာက္အိုးမ်ား ေရာင္းခ်ျခင္း ႏွင့္ ေဆာ့ကစားျခင္း မျပဳလုပ္ရန္ လည္း အာဏာပိုင္မ်ား က သတင္းထုတ္ျပန္ခဲ့ေၾကာင္း သိရသည္။

“ ဒီသီတင္းကၽြတ္နဲ႔ တန္ေဆာင္တိုင္ ကာလေတာ့ ကေလးေတြ ရဲ့ အႀကိဳက္ေပါ့။ မေဆာ့ဖို႔ေျပာေပမယ့္ သူတို႔က ခိုးေဆာ့ၾကတယ္။ ေရာင္းတဲ့သူကလည္း ရွိေတာ့ ဝယ္တဲ့ သူကလည္း ရွိတယ္” ဟု က်ိဳင္းတုံ ေဒသခံ နန္းယိင္း ကေျပာသည္။

မီးရွူး၊ မီးပန္းမ်ား၊ ေျဗာက္အိုးမ်ား ေရာင္းခ်သည့္ သူမ်ားကို ေတြ႕ရွိပါက ႀကီးေလးသည့္ ျပစ္ဒဏ္ေပးသင့္ေၾကာင္း၊ လက္ရွိမွာ ေရာင္းခ်သူမ်ားကို အေရးယူဖမ္းဆီးျခင္းမရွိေသာေၾကာင့္ ဆက္လက္ေရာင္းခ်ေနျခင္းျဖစ္ေၾကာင္းလည္း နန္းယိင္းက ေျပာသည္။

ေျဗာက္အိုး ေဆာ့ ကစားသည့္ ကိုရင္ ၂ ပါး ျဖစ္စဥ္ကို ၾကည့္ျခင္းအားျဖင့္ မိမိ ကေလးမ်ားကို ေျဗာက္အိုး မကစားရန္ ေသခ်ာ ၾကည့္ရွူသင့္ေၾကာင္း လည္း နန္းယိင္းက ေျပာပါသည္။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
-----------------
Unicode
ကျိုင်းတုံမြို့နယ် အတွင်း ဗြောက်အိုး ကစားသည့် ကိုရင် ၂ပါး လက်ချောင်း ပြတ်ရှ

သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် ကတ်ထိုက် ကျေးရွာ အုပ်စု ဝမ့်နိမ့်ရွာ ဘုန်းကြီးကျောင်းတွင် ကိုရင် ၂ပါး ဗြောက်အိုး ဆော့ရာမှ ထိခိုက်ဒဏ်ရာ ရရှိကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ အောက်တိုဘာလ ၁၂ ရက်ညပိုင်းက ဝမ့်နိမ့်ရွာ ဘုန်းကြီးကျောင်းတွင် သက်တော် ၁၇ နှစ်၊ ဝါတော် ၈ဝါ ရှိ ကိုရင်ဖနွဲ့ရှန် နှင့် သက်တော် ၁၃ နှစ်၊ ဝါတော် ၄ ဝါ ရှိ ကိုရင် ဖဆမ်လာ တို့သည် ဗြောက်အိုး ဆော့ကစားကြရာ ယမ်းစများ ထိမှန်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြကြောင်း ကျိုင်းတုံ ဒေသခံများ ပြောပြချက် အရသိရသည်။

“ မနေ့က ကိုရင် ၂ ပါး ဗြောက်အိုးဖောက်တော့ ယမ်းစထိမှန်တယ်။ ဒဏ်ရာတွေကတော်တော် များတယ်။ ကိုရင် တပါးဆိုရင် လက်ချောင်းတွေ ပြတ်သွားတယ်” ဟု ကျိုင်းတုံ ဒေသခံ စိုင်းတစ် က ပြောသည်။

ဗြောက်အိုး ပေါက်ကွဲကာ ယမ်းစထိမှန်မှုကြောင့် ကိုရင် ဖနွဲ့ရှန်သည် ဝဲဘက် လက်ချောင်း ပြရှ၊ ရင်ဘတ် ပေါက်ပြဲ၊ ယာဒူးခေါင်းပေါက်ပြဲဒဏ်ရာရရှိပြီး၊ ကိုရင် ဖဆမ်လာ သည် မျက်နှာပြင် ပေါက်ပြဲ၊ ဝဲဘက် လက်ချောင်းများ ပေါက်ပြဲကြောင်း စိုင်းတစ် က ပြောသည်။

လက်ရှိမှာ ဗြောက်အိုး ထိမှန်သည့် ကိုရင် ၂ပါး သည် ကျိုင်းတုံ မြို့ရှိ ပြည်သူ့ဆေးရုံကြီးတွင် ဆေးဝါး ကုသမှု ခံယူနေကြောင်းသိရသည်။

သီတင်းကျွတ် နှင် တန်ဆောင်တိုင် ကာလ အတွင်း မီးရှုး၊ မီးပန်းများ၊ ဗြောက်အိုးများ ရောင်းချခြင်း နှင့် ဆော့ကစားခြင်း မပြုလုပ်ရန် လည်း အာဏာပိုင်များ က သတင်းထုတ်ပြန်ခဲ့ကြောင်း သိရသည်။

“ ဒီသီတင်းကျွတ်နဲ့ တန်ဆောင်တိုင် ကာလတော့ ကလေးတွေ ရဲ့ အကြိုက်ပေါ့။ မဆော့ဖို့ပြောပေမယ့် သူတို့က ခိုးဆော့ကြတယ်။ ရောင်းတဲ့သူကလည်း ရှိတော့ ဝယ်တဲ့ သူကလည်း ရှိတယ်” ဟု ကျိုင်းတုံ ဒေသခံ နန်းယိင်း ကပြောသည်။

မီးရှူး၊ မီးပန်းများ၊ ဗြောက်အိုးများ ရောင်းချသည့် သူများကို တွေ့ရှိပါက ကြီးလေးသည့် ပြစ်ဒဏ်ပေးသင့်ကြောင်း၊ လက်ရှိမှာ ရောင်းချသူများကို အရေးယူဖမ်းဆီးခြင်းမရှိသောကြောင့် ဆက်လက်ရောင်းချနေခြင်းဖြစ်ကြောင်းလည်း နန်းယိင်းက ပြောသည်။

ဗြောက်အိုး ဆော့ ကစားသည့် ကိုရင် ၂ ပါး ဖြစ်စဉ်ကို ကြည့်ခြင်းအားဖြင့် မိမိ ကလေးများကို ဗြောက်အိုး မကစားရန် သေချာ ကြည့်ရှူသင့်ကြောင်း လည်း နန်းယိင်းက ပြောပါသည်။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
က်ိဳင္းတုံၿမိဳ႕နယ္ အတြင္း ေျဗာက္အိုး ကစားသည့္ ကိုရင္ ၂ပါး လက္ေခ်ာင္း ျပတ္ရွ က်ိဳင္းတုံၿမိဳ႕နယ္ အတြင္း ေျဗာက္အိုး ကစားသည့္ ကိုရင္ ၂ပါး လက္ေခ်ာင္း ျပတ္ရွ Reviewed by THITHTOOLWIN on 19:49 Rating: 5
Powered by Blogger.