ျမန္မာ့တပ္မေတာ္ ထိုးစစ္မ်ား မရပ္ပါက ေနာက္ဆက္တြဲမ်ား ကို တပ္၏ တာဝန္သာျဖစ္ ဟု ညီေနာင္ (၃)ဖြဲ႕ ေျပာ

Zawgyi
ေအာက္တိုဘာ ၂၉ ၊၂၀၁၉

ျမန္မာတပ္မေတာ္ အေနျဖင့္ ထိုးစစ္မ်ားကို မရပ္တန႔္ပါက ျဖစ္ေပၚလာမည့္ေနာက္ဆက္တြဲမ်ားကို ျမန္မာတပ္မေတာ္ ၏ တာဝန္သာျဖစ္ေၾကာင္း ညီေနာင္ မဟာမိတ္ (၃)ဖြဲ႕ သေဘာထားထုတ္ျပန္လိုက္သည္။

ထို ညီေနာင္ မဟာမိတ္(၃)ဖြဲ႕ ျဖစ္သည့္ ကိုးကန႔္ တပ္(MNDAA)၊ တအာင္း(ပေလာင္) တပ္ TNLA ႏွင့္ ရကၡိဳင္တပ္ ( AA) တို႔သည္ ယေန႔ (ေအာက္တိုဘာ ၂၉ ) ရက္စြဲျဖင့္ ထုတ္ျပန္ခဲ့သည္။

ျမန္မာႏိုင္ငံ ျပည္တြင္းစစ္ ရပ္တန႔္ၿပီး လက္ရွိ ျဖစ္ပြားေနသည့္ တိုက္ပြဲ မ်ား ေလ်ာ့ခ်ႏိုင္ရန္၊ ေတြ႕ဆုံေဆြးေႏြးပြဲမ်ား၊ႏွင့္ အပစ္ခတ္ရပ္စဲေရး စာခ်ဳပ္ (Bilateral Ceasefire Agreement) ေရးထိုးႏိုင္ရန္ အတြက္ ၂၀၁၉ ခုနစ္ ဒီဇင္ဘာ ၃၁ရက္ထိ တဖက္သတ္ အပစ္ခတ္ရပ္ဆိုင္းေၾကာင္း စက္တင္ဘာ ၂၀ ရက္ က်ိဳင္းတုံ ေဆြးေႏြးပြဲ အၿပီး ညီေနာင္ မဟာမိတ္(၃)ဖြဲ႕ ထုတ္ျပန္ေၾကညာခဲ့သည္။

သို႔ေသာ္ ျမန္မာတပ္မေတာ္ သည္ ကိုးကန႔္၊ တအာင္း(ပေလာင္) ႏွင့္ ရခိုင္ေဒသ မ်ားတြင္ ျပင္းထန္ သည့္ ထိုးစစ္ မ်ားအရွိန္ ျမင့္စြာ ဆက္လက္ျဖစ္ေနေၾကာင္း၊ ထို႔ေၾကာင့္ ထိုးစစ္ဆင္တိုက္ခိုက္ေနမႈ မ်ားကို မလြဲမေရွာင္ သာ ခုခံကာကြယ္ စစ္မ်ားႏွင့္ ဟန႔္တားေနရေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေရးသားထားသည္။

ျမန္မာ့တပ္မေတာ္ အေနျဖင့္ ထိုကဲ့သို႔ ျပဳလုပ္ေနျခင္းသည္ ေတြ႕ဆုံ ေဆြးေႏြးပြဲ မ်ားကို ေနာက္ျပန္ဆုတ္ ေစၿပီး ရရွိၿပီးထားသည့္ ယုံၾကည္မႈ မ်ားကို ထိခိုက္ေစေၾကာင္းလည္း ယေန႔ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ထို႔ေၾကာင့္ ျမန္မာ့တပ္မေတာ္ အေနျဖင့္ထိုးစစ္မ်ားကို အျမန္ဆုံး ရပ္တန႔္ၿပီး စစ္မွန္သည့္ စိတ္ဆႏၵ ႏွင့္ ေတြ႕ဆုံ ေဆြးေႏြးမႈ မ်ား ျပဳလုပ္ရန္ လိုေၾကာင္းလည္း ညီေနာင္ မဟာမိတ္ (၃)ဖြဲ႕ ကေျပာဆိုလိုက္သည္။

ထို႔ျပင္ ယမန္ေန႔ တြင္ က်င္းပသည့္ တႏိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရး သေဘာတူ စာခ်ဳပ္ ( NCA) ၄ႏွစ္ျပည့္ အခမ္းအနားတြင္ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ က ၾသဂုတ္လ အတြင္း သွ်မ္းျပည္ ေျမာက္ပိုင္း ျပင္ဦးလြင္၊ ေနာင္ခ်ိဳ၊ လားရႈိးႏွင့္ ကြတ္ခိုင္ၿမိဳ႕ မ်ားတြင္ ညီေနာင္ မဟာမိတ္(၃)ဖြဲ႕တိုက္ခိုက္မႈကို “ တိုင္းရင္းသား အခြင့္အေရးလား” ဟု ေမးျမန္းခဲ့သည္။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese/
--------------
Unicode
မြန်မာ့တပ်မတော် ထိုးစစ်များ မရပ်ပါက နောက်ဆက်တွဲများ ကို တပ်၏ တာဝန်သာဖြစ် ဟု ညီနောင် (၃)ဖွဲ့ ပြော

သျှမ်းသံတော်ဆင့်၊ နန်းဆိုင်နွမ်

အောက်တိုဘာ ၂၉ ၊၂၀၁၉

မြန်မာတပ်မတော် အနေဖြင့် ထိုးစစ်များကို မရပ်တန့်ပါက ဖြစ်ပေါ်လာမည့်နောက်ဆက်တွဲများကို မြန်မာတပ်မတော် ၏ တာဝန်သာဖြစ်ကြောင်း ညီနောင် မဟာမိတ် (၃)ဖွဲ့ သဘောထားထုတ်ပြန်လိုက်သည်။

ထို ညီနောင် မဟာမိတ်(၃)ဖွဲ့ ဖြစ်သည့် ကိုးကန့် တပ်(MNDAA)၊ တအာင်း(ပလောင်) တပ် TNLA နှင့် ရက္ခိုင်တပ် ( AA) တို့သည် ယနေ့ (အောက်တိုဘာ ၂၉ ) ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံ ပြည်တွင်းစစ် ရပ်တန့်ပြီး လက်ရှိ ဖြစ်ပွားနေသည့် တိုက်ပွဲ များ လျော့ချနိုင်ရန်၊ တွေ့ဆုံဆွေးနွေးပွဲများ၊နှင့် အပစ်ခတ်ရပ်စဲရေး စာချုပ် (Bilateral Ceasefire Agreement) ရေးထိုးနိုင်ရန် အတွက် ၂၀၁၉ ခုနစ် ဒီဇင်ဘာ ၃၁ရက်ထိ တဖက်သတ် အပစ်ခတ်ရပ်ဆိုင်းကြောင်း စက်တင်ဘာ ၂၀ ရက် ကျိုင်းတုံ ဆွေးနွေးပွဲ အပြီး ညီနောင် မဟာမိတ်(၃)ဖွဲ့ ထုတ်ပြန်ကြေညာခဲ့သည်။

သို့သော် မြန်မာတပ်မတော် သည် ကိုးကန့်၊ တအာင်း(ပလောင်) နှင့် ရခိုင်ဒေသ များတွင် ပြင်းထန် သည့် ထိုးစစ် များအရှိန် မြင့်စွာ ဆက်လက်ဖြစ်နေကြောင်း၊ ထို့ကြောင့် ထိုးစစ်ဆင်တိုက်ခိုက်နေမှု များကို မလွဲမရှောင် သာ ခုခံကာကွယ် စစ်များနှင့် ဟန့်တားနေရကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

မြန်မာ့တပ်မတော် အနေဖြင့် ထိုကဲ့သို့ ပြုလုပ်နေခြင်းသည် တွေ့ဆုံ ဆွေးနွေးပွဲ များကို နောက်ပြန်ဆုတ် စေပြီး ရရှိပြီးထားသည့် ယုံကြည်မှု များကို ထိခိုက်စေကြောင်းလည်း ယနေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် မြန်မာ့တပ်မတော် အနေဖြင့်ထိုးစစ်များကို အမြန်ဆုံး ရပ်တန့်ပြီး စစ်မှန်သည့် စိတ်ဆန္ဒ နှင့် တွေ့ဆုံ ဆွေးနွေးမှု များ ပြုလုပ်ရန် လိုကြောင်းလည်း ညီနောင် မဟာမိတ် (၃)ဖွဲ့ ကပြောဆိုလိုက်သည်။

ထို့ပြင် ယမန်နေ့ တွင် ကျင်းပသည့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် ( NCA) ၄နှစ်ပြည့် အခမ်းအနားတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က သြဂုတ်လ အတွင်း သျှမ်းပြည် မြောက်ပိုင်း ပြင်ဦးလွင်၊ နောင်ချို၊ လားရှိုးနှင့် ကွတ်ခိုင်မြို့ များတွင် ညီနောင် မဟာမိတ်(၃)ဖွဲ့တိုက်ခိုက်မှုကို “ တိုင်းရင်းသား အခွင့်အရေးလား” ဟု မေးမြန်းခဲ့သည်။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese/
ျမန္မာ့တပ္မေတာ္ ထိုးစစ္မ်ား မရပ္ပါက ေနာက္ဆက္တြဲမ်ား ကို တပ္၏ တာဝန္သာျဖစ္ ဟု ညီေနာင္ (၃)ဖြဲ႕ ေျပာ ျမန္မာ့တပ္မေတာ္ ထိုးစစ္မ်ား မရပ္ပါက ေနာက္ဆက္တြဲမ်ား ကို တပ္၏ တာဝန္သာျဖစ္ ဟု ညီေနာင္ (၃)ဖြဲ႕ ေျပာ Reviewed by THITHTOOLWIN on 01:43 Rating: 5
Powered by Blogger.