ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ဗိုလ္ခ်ဳပ္မႉးႀကီးတို႔အၾကား ကြာဟေနတဲ့ ဖက္ဒရယ္ေရးနဲ႔ ၿငိမ္းခ်မ္းေရး အျမင္

ၿငိမ္းခ်မ္းေရး၊ ဖက္ဒရယ္ေရးနဲ႔ ပတ္သက္တာေတြ ေခါင္းေဆာင္ ၂ ေယာက္ ထုတ္ေဖာ္ခဲ့ၾက
Zawgyi
တႏိုင္ငံလုံးပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရး သေဘာတူစာခ်ဳပ္ (NCA) ၄ ႏွစ္ျပည့္လာေပမယ့္ ၿငိမ္းခ်မ္းေရးက အလွမ္းေဝးေနေသးသလို၊ ျမန္မာႏိုင္ငံကို ဒီမိုကေရစီ ဖက္ဒရယ္ျပည္ေထာင္စု တည္ေဆာက္ၾကမယ့္ အေရးနဲ႔ ပတ္သက္လို႔ အစိုးရနဲ႔ တပ္မေတာ္အၾကား အျမင္ေတြ အေတာ္ကြာဟေနတာ လူသိရွင္ၾကား ထြက္ေပၚလာခဲ့ ပါတယ္။

ေအာက္တိုဘာလ ၂၈ ရက္ေန႔က ေနျပည္ေတာ္မွာ က်င္းပတဲ့ NCA သေဘာတူစာခ်ဳပ္ ခ်ဳပ္ဆိုျခင္း ႏွစ္ပတ္လည္ အခမ္းအနားမွာ ႏိုင္ငံေတာ္အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္တို႔ ေျပာၾကားတဲ့ မိန္႔ခြန္းေတြထဲ ဖက္ဒရယ္နဲ႔ ၿငိမ္းခ်မ္းေရးဆိုင္ရာေတြနဲ႔ ပတ္သက္ၿပီး ထည့္သြင္းေျပာၾကရာမွာ သူတို႔ႏွစ္ေယာက္အၾကား ကြဲလြဲတာေတြ အမ်ားႀကီး ရွိေနတယ္လို႔ ႏိုင္ငံေရး သုံးသပ္သူေတြက ေျပာပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္က "ဖက္ဒရယ္စနစ္နဲ႔အညီ အာဏာခြဲေဝမႈေတြ ရွိရမယ္၊ သယံဇာတ ခြဲေဝမႈနဲ႔ အခြန္အေကာက္ ခြဲေဝမႈေတြရွိရမယ္၊ ဖက္ဒရယ္ယူနစ္ေတြအားလုံးဟာ တန္းတူရည္တူရွိရမယ္၊ ျပည္နယ္ေတြမွာ ကိုယ္ပိုင္ျပ႒ာန္းခြင့္ကို အာမခံႏိုင္တဲ့ ကိုယ္ပိုင္အေျခခံ ဥပေဒေတြရွိရမယ္….. စတဲ့အေျခခံမူေတြကို ကြၽန္မတို႔ အစိုးရအေနနဲ႔ မူအားျဖင့္ လက္ခံထားၿပီးျဖစ္ပါတယ္" လို႔ သူ႔ရဲ႕မိန္႔ခြန္းမွာ ထည့္သြင္း ေျပာၾကားခဲ့ပါတယ္။

အမ်ိဳးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္(NLD) အစိုးရအေနနဲ႔ ဒီမိုကေရစီ ဖက္ဒရယ္ျပည္ေထာင္စု တည္ေဆာက္မယ္ဆိုတဲ့ ရည္မွန္းခ်က္ခ်ထားတယ္ ဆိုတာကို အၿမဲတေစ ထုတ္ေဖာ္ ေျပာခဲ့ေပမယ့္ ဖက္ဒရယ္နဲ႔ပတ္သက္တဲ့ အေျခခံမူေတြအေပၚ အခုေလာက္အေသးစိတ္ ေျပာတာမ်ိဳး မရွိေသးဘူး လို႔လည္း သုံးသပ္သူေတြက ဆိုၾကပါတယ္။

ရခိုင္အမ်ိဳးသားပါတီ (ANP)က ပါတီမူဝါဒေရးရာ ဦးေဆာင္ေကာ္မတီဝင္လည္းျဖစ္၊ ပါတီေျပာေရးဆိုခြင့္ရွိသူ လည္းျဖစ္တဲ့ ေဒၚေအးႏုစိန္က "ကြၽန္မတို႔ လိုလားတဲ့၊ ေတာင္းထားတဲ့ ရည္မွန္းခ်က္ေတြ၊ စကားလုံးေတြနဲ႔ တိတိက်က်ကို တူညီေနၿပီးေတာ့၊ အဲဒီမူကို လက္ခံထားတယ္ဆိုတာ ပါဝင္ေနတာက ဟိုးေရွးမွာ ေျပာခဲ့တဲ့မိန္႔ခြန္းေတြနဲ႔ စာရင္ ထူးျခားမႈရွိတယ္" လို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံရဲ႕ ဖက္ဒရယ္အေပၚ သေဘာထား နဲ႔ ပတ္သက္လို႔ မွတ္ခ်က္ေပးပါတယ္။

ဓာတ္ပုံ မူပိုင္ Myanmar State Counsellor Office
အဲဒီအခမ္းအနားမွာပဲ ေျပာတဲ့ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ရဲ႕ မိန္႔ခြန္းမွာေတာ့ ကိုယ္ပိုင္ျပ႒ာန္းခြင့္ ဆိုတဲ့ ကိစၥနဲ႔ ပတ္သက္ၿပီး က်ယ္က်ယ္ျပန္႔ျပန္႔စဥ္းစားဖို႔ ေျပာခဲ့သလို၊ "၂၀၁၅ ခုႏွစ္အတြင္းက တိုင္းေဒသႀကီး၊ ျပည္နယ္နဲ႔ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ တိုင္း၊ ေဒသေတြရဲ႕ ဥပေဒျပဳ စာရင္းေတြကို ထပ္မံတိုးခ်ဲ႕လုပ္ပိုင္ခြင့္မ်ား ေပးအပ္ခဲ့တဲ့အေပၚ လက္ေတြ႕မွာ ဘယ္ေလာက္ အသုံးခ်ႏိုင္ၿပီလဲ" လို႔ ေျပာကာ ျပန္လည္သုံးသပ္ဖို႔ ေမးခြန္း ထုတ္ခဲ့ပါတယ္။

စစ္မွန္တဲ့ ဖက္ဒရယ္ျပည္ေထာင္စု တည္ေဆာက္ႏိုင္မွ၊ ႏိုင္ငံမွာ ၿငိမ္းခ်မ္းေရးရမယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္က အဲဒီအခမ္းအနားမွာ ေျပာေပမယ့္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ကေတာ့ NCA စာခ်ဳပ္ဟာ လက္နက္ကိုင္လမ္းစဥ္ကေန ၿငိမ္းခ်မ္းေရး၊ ၿငိမ္းခ်မ္းေရးကေန ဖက္ဒရယ္ကို အေျခခံတဲ့ ဒီမိုကေရစီျပည္ေထာင္စု ကို သြားမယ္ဆိုတဲ့ သူတို႔ရဲ႕ လမ္းေၾကာင္းကို ထပ္မံ ေျပာခဲ့ပါတယ္။

ေသနဂၤမဟာဗ်ဴဟာ ေလ့လာေရးအဖြဲ႕ရဲ႕ အမႈေဆာင္ဒါ႐ိုက္တာ ေဒါက္တာ ႏိုင္ေဆြဦးက ေခါင္းေဆာင္ ၂ ဦးအၾကား ဖက္ဒရယ္ေရးဆိုင္ရာ အျမင္ေတြ ကြာဟေနတာကို လက္ခံ ေပမယ့္လည္း "ဖက္ဒရယ္ ဒီမိုေရစီႏိုင္ငံပဲျဖစ္ျဖစ္၊ ဒီမိုကေရစီ ဖက္ဒရယ္ႏိုင္ငံပဲျဖစ္ျဖစ္ သြားၾကမယ္ဆိုတဲ့ ရည္မွန္းခ်က္က (သူတို႔ ၂ ဦးအၾကား)အတူတူပဲျဖစ္ေပမယ့္ သြားမယ့္နည္းလမ္းေတြ ကြာသြားတာ ျဖစ္ပုံရတယ္ " လို႔ မွတ္ခ်က္ေပးပါတယ္။

ျမန္မာႏိုင္ငံမွာ ျပည္ေထာင္စု အစိုးရနဲ႔ ျပည္နယ္နဲ႔တိုင္း အစိုးရေတြအၾကား အာဏာခြဲေဝမႈမွ်တတဲ့၊ ကိုယ္ပိုင္ျပ႒ာန္းခြင့္ေပးတဲ့ ဖက္ဒရယ္ ျပည္ေထာင္စုတည္ေဆာက္ႏိုင္မွသာ ႏိုင္ငံအတြင္းမွာ ေနထိုင္ၾကတဲ့ လူမ်ိဳးစုံျပည္သူေတြ အၾကား သဟဇာတ မွ်တကာ ၿငိမ္းခ်မ္း ညီၫြတ္စြာ ေနထိုင္ႏိုင္ၾကမယ္လို႔ တိုင္းရင္းသား အဖြဲ႕အစည္းေတြက အစဥ္တစိုက္ ခံယူ လာခဲ့ၾကတာပါ။

တဆက္တည္းမွာပဲ လက္ရွိ ရွိေနတဲ့ ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒေတြမွာ ပါဝင္တဲ့ တခ်ိဳ႕ ဥပေဒေတြက ဖက္ဒရယ္ျပည္ေထာင္စုဆိုင္ရာ အေျခခံမူေတြနဲ႔ မကိုက္ညီတဲ့အတြက္ ျပင္ဆင္ဖို႔ကိုလည္း သူတို႔က ေတာင္းဆို ေနပါတယ္။

ဓာတ္ပုံ မူပိုင္ AFP
NLD အစိုးရကလည္း ဖြဲ႕စည္းပုံအေျခခံဥပေဒ ျပင္ဆင္မယ္ဆိုတာကို ၂၀၁၅ ေ႐ြးေကာက္ပြဲ မဲဆြယ္စဥ္က ထည့္သြင္းခဲ့ေပမယ့္ အခုထိ ေအာင္ျမင္ေအာင္ ေဆာင္႐ြက္ႏိုင္တာေတာ့ မေတြ႕ရ ေသးပါဘူး။

တိုင္းေဒသႀကီးနဲ႔ ျပည္နယ္လႊတ္ေတာ္ေတြမွာ ဝန္ႀကီးခ်ဳပ္ကို ႏိုင္ငံေတာ္ သမၼတက မေ႐ြးခ်ယ္ဘဲ သက္ဆိုင္ရာ လႊတ္ေတာ္ကပဲ ေ႐ြးခ်ယ္ေစႏိုင္ဖို႔အတြက္ ဖြဲ႕စည္းပုံအေျခခံ ဥပေဒ ပုဒ္မ၂၆၁ ကို ျပင္ဆင္ေပးဖို႔ တိုင္းရင္းသား ႏိုင္ငံေရးပါတီေတြက လိုလားေပမယ့္လည္း NLD ဖက္က ဒါကိုလက္ခံတဲ့ပုံ မျပေသးပါဘူး။

အခုလို NLD ေခါင္းေဆာင္က ဖက္ဒရယ္နဲ႔ ပတ္သက္တဲ့ သေဘာထားေတြ တိတိပပ ထုတ္ေဖာ္လာတဲ့ အေပၚေရွ႕မွာ တိုးတက္မႈ ဘယ္လိုေမွ်ာ္လင့္မိသလဲ ဆိုတဲ့ အေပၚမွာေတာ့ ရခိုင္တိုင္းရင္းသား ႏိုင္ငံေရး ေခါင္းေဆာင္တေယာက္ျဖစ္တဲ့ ေဒၚေအးႏုစိန္ က "စကားလုံးလွလွေတြနဲ႔ ၊ စကားႂကြယ္ႂကြယ္ေတြနဲ႔ ေျပာရင္ေတာ့ နားေထာင္ ေကာင္းတာပါပဲ " "အေျပာရဲ႕ေနာက္မွာ အမွန္တကယ္ အလုပ္ကလိုက္ဖို႔ လိုတယ္" လို႔ ေျပာသလို၊ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ မၾကာခင္က ဂ်ပန္ခရီးစဥ္အတြင္း ၂၀၂၀ ေ႐ြးေကာက္ပြဲ မတိုင္မီ ဖြဲ႕စည္းပုံအေျခခံ ဥပေဒကို ျပင္ဖို႔ မျဖစ္ႏိုင္ဘူးဆိုတဲ့ ေျပာၾကားခ်က္ေတြေၾကာင့္ "ကြၽန္မတို႔ရဲ႕ ယုံၾကည္မႈကို ရႏိုင္ေရး ခက္ခဲပါလိမ့္ဦးမယ္"လို႔လည္း ဆိုပါတယ္။

BBC Burmese
https://www.bbc.com
---------------
Unicode
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးတို့အကြား ကွာဟနေတဲ့ ဖက်ဒရယ်ရေးနဲ့ ငြိမ်းချမ်းရေး အမြင်

ဓာတ်ပုံ မူပိုင် Myanmar State Counsellor Office
Image caption ငြိမ်းချမ်းရေး၊ ဖက်ဒရယ်ရေးနဲ့ ပတ်သက်တာတွေ ခေါင်းဆောင် ၂ ယောက် ထုတ်ဖော်ခဲ့ကြ

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ၄ နှစ်ပြည့်လာပေမယ့် ငြိမ်းချမ်းရေးက အလှမ်းဝေးနေသေးသလို၊ မြန်မာနိုင်ငံကို ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ကြမယ့် အရေးနဲ့ ပတ်သက်လို့ အစိုးရနဲ့ တပ်မတော်အကြား အမြင်တွေ အတော်ကွာဟနေတာ လူသိရှင်ကြား ထွက်ပေါ်လာခဲ့ ပါတယ်။

အောက်တိုဘာလ ၂၈ ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ NCA သဘောတူစာချုပ် ချုပ်ဆိုခြင်း နှစ်ပတ်လည် အခမ်းအနားမှာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ပြောကြားတဲ့ မိန့်ခွန်းတွေထဲ ဖက်ဒရယ်နဲ့ ငြိမ်းချမ်းရေးဆိုင်ရာတွေနဲ့ ပတ်သက်ပြီး ထည့်သွင်းပြောကြရာမှာ သူတို့နှစ်ယောက်အကြား ကွဲလွဲတာတွေ အများကြီး ရှိနေတယ်လို့ နိုင်ငံရေး သုံးသပ်သူတွေက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က "ဖက်ဒရယ်စနစ်နဲ့အညီ အာဏာခွဲဝေမှုတွေ ရှိရမယ်၊ သယံဇာတ ခွဲဝေမှုနဲ့ အခွန်အကောက် ခွဲဝေမှုတွေရှိရမယ်၊ ဖက်ဒရယ်ယူနစ်တွေအားလုံးဟာ တန်းတူရည်တူရှိရမယ်၊ ပြည်နယ်တွေမှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံနိုင်တဲ့ ကိုယ်ပိုင်အခြေခံ ဥပဒေတွေရှိရမယ်….. စတဲ့အခြေခံမူတွေကို ကျွန်မတို့ အစိုးရအနေနဲ့ မူအားဖြင့် လက်ခံထားပြီးဖြစ်ပါတယ်" လို့ သူ့ရဲ့မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) အစိုးရအနေနဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မယ်ဆိုတဲ့ ရည်မှန်းချက်ချထားတယ် ဆိုတာကို အမြဲတစေ ထုတ်ဖော် ပြောခဲ့ပေမယ့် ဖက်ဒရယ်နဲ့ပတ်သက်တဲ့ အခြေခံမူတွေအပေါ် အခုလောက်အသေးစိတ် ပြောတာမျိုး မရှိသေးဘူး လို့လည်း သုံးသပ်သူတွေက ဆိုကြပါတယ်။

ရခိုင်အမျိုးသားပါတီ (ANP)က ပါတီမူဝါဒရေးရာ ဦးဆောင်ကော်မတီဝင်လည်းဖြစ်၊ ပါတီပြောရေးဆိုခွင့်ရှိသူ လည်းဖြစ်တဲ့ ဒေါ်အေးနုစိန်က "ကျွန်မတို့ လိုလားတဲ့၊ တောင်းထားတဲ့ ရည်မှန်းချက်တွေ၊ စကားလုံးတွေနဲ့ တိတိကျကျကို တူညီနေပြီးတော့၊ အဲဒီမူကို လက်ခံထားတယ်ဆိုတာ ပါဝင်နေတာက ဟိုးရှေးမှာ ပြောခဲ့တဲ့မိန့်ခွန်းတွေနဲ့ စာရင် ထူးခြားမှုရှိတယ်" လို့ နိုင်ငံတော်အတိုင်ပင်ခံရဲ့ ဖက်ဒရယ်အပေါ် သဘောထား နဲ့ ပတ်သက်လို့ မှတ်ချက်ပေးပါတယ်။
ဓာတ်ပုံ မူပိုင် Myanmar State Counsellor Office

အဲဒီအခမ်းအနားမှာပဲ ပြောတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ မိန့်ခွန်းမှာတော့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့်စဉ်းစားဖို့ ပြောခဲ့သလို၊ "၂၀၁၅ ခုနှစ်အတွင်းက တိုင်းဒေသကြီး၊ ပြည်နယ်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ ဒေသတွေရဲ့ ဥပဒေပြု စာရင်းတွေကို ထပ်မံတိုးချဲ့လုပ်ပိုင်ခွင့်များ ပေးအပ်ခဲ့တဲ့အပေါ် လက်တွေ့မှာ ဘယ်လောက် အသုံးချနိုင်ပြီလဲ" လို့ ပြောကာ ပြန်လည်သုံးသပ်ဖို့ မေးခွန်း ထုတ်ခဲ့ပါတယ်။

စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်မှ၊ နိုင်ငံမှာ ငြိမ်းချမ်းရေးရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က အဲဒီအခမ်းအနားမှာ ပြောပေမယ့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ NCA စာချုပ်ဟာ လက်နက်ကိုင်လမ်းစဉ်ကနေ ငြိမ်းချမ်းရေး၊ ငြိမ်းချမ်းရေးကနေ ဖက်ဒရယ်ကို အခြေခံတဲ့ ဒီမိုကရေစီပြည်ထောင်စု ကို သွားမယ်ဆိုတဲ့ သူတို့ရဲ့ လမ်းကြောင်းကို ထပ်မံ ပြောခဲ့ပါတယ်။

သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ ဒေါက်တာ နိုင်ဆွေဦးက ခေါင်းဆောင် ၂ ဦးအကြား ဖက်ဒရယ်ရေးဆိုင်ရာ အမြင်တွေ ကွာဟနေတာကို လက်ခံ ပေမယ့်လည်း "ဖက်ဒရယ် ဒီမိုရေစီနိုင်ငံပဲဖြစ်ဖြစ်၊ ဒီမိုကရေစီ ဖက်ဒရယ်နိုင်ငံပဲဖြစ်ဖြစ် သွားကြမယ်ဆိုတဲ့ ရည်မှန်းချက်က (သူတို့ ၂ ဦးအကြား)အတူတူပဲဖြစ်ပေမယ့် သွားမယ့်နည်းလမ်းတွေ ကွာသွားတာ ဖြစ်ပုံရတယ် " လို့ မှတ်ချက်ပေးပါတယ်။

မြန်မာနိုင်ငံမှာ ပြည်ထောင်စု အစိုးရနဲ့ ပြည်နယ်နဲ့တိုင်း အစိုးရတွေအကြား အာဏာခွဲဝေမှုမျှတတဲ့၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ပေးတဲ့ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်နိုင်မှသာ နိုင်ငံအတွင်းမှာ နေထိုင်ကြတဲ့ လူမျိုးစုံပြည်သူတွေ အကြား သဟဇာတ မျှတကာ ငြိမ်းချမ်း ညီညွတ်စွာ နေထိုင်နိုင်ကြမယ်လို့ တိုင်းရင်းသား အဖွဲ့အစည်းတွေက အစဉ်တစိုက် ခံယူ လာခဲ့ကြတာပါ။

တဆက်တည်းမှာပဲ လက်ရှိ ရှိနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွေမှာ ပါဝင်တဲ့ တချို့ ဥပဒေတွေက ဖက်ဒရယ်ပြည်ထောင်စုဆိုင်ရာ အခြေခံမူတွေနဲ့ မကိုက်ညီတဲ့အတွက် ပြင်ဆင်ဖို့ကိုလည်း သူတို့က တောင်းဆို နေပါတယ်။

NLD အစိုးရကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်မယ်ဆိုတာကို ၂၀၁၅ ရွေးကောက်ပွဲ မဲဆွယ်စဉ်က ထည့်သွင်းခဲ့ပေမယ့် အခုထိ အောင်မြင်အောင် ဆောင်ရွက်နိုင်တာတော့ မတွေ့ရ သေးပါဘူး။

တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေမှာ ဝန်ကြီးချုပ်ကို နိုင်ငံတော် သမ္မတက မရွေးချယ်ဘဲ သက်ဆိုင်ရာ လွှတ်တော်ကပဲ ရွေးချယ်စေနိုင်ဖို့အတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ၂၆၁ ကို ပြင်ဆင်ပေးဖို့ တိုင်းရင်းသား နိုင်ငံရေးပါတီတွေက လိုလားပေမယ့်လည်း NLD ဖက်က ဒါကိုလက်ခံတဲ့ပုံ မပြသေးပါဘူး။

အခုလို NLD ခေါင်းဆောင်က ဖက်ဒရယ်နဲ့ ပတ်သက်တဲ့ သဘောထားတွေ တိတိပပ ထုတ်ဖော်လာတဲ့ အပေါ်ရှေ့မှာ တိုးတက်မှု ဘယ်လိုမျှော်လင့်မိသလဲ ဆိုတဲ့ အပေါ်မှာတော့ ရခိုင်တိုင်းရင်းသား နိုင်ငံရေး ခေါင်းဆောင်တယောက်ဖြစ်တဲ့ ဒေါ်အေးနုစိန် က "စကားလုံးလှလှတွေနဲ့ ၊ စကားကြွယ်ကြွယ်တွေနဲ့ ပြောရင်တော့ နားထောင် ကောင်းတာပါပဲ " "အပြောရဲ့နောက်မှာ အမှန်တကယ် အလုပ်ကလိုက်ဖို့ လိုတယ်" လို့ ပြောသလို၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မကြာခင်က ဂျပန်ခရီးစဉ်အတွင်း ၂၀၂၀ ရွေးကောက်ပွဲ မတိုင်မီ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဖို့ မဖြစ်နိုင်ဘူးဆိုတဲ့ ပြောကြားချက်တွေကြောင့် "ကျွန်မတို့ရဲ့ ယုံကြည်မှုကို ရနိုင်ရေး ခက်ခဲပါလိမ့်ဦးမယ်"လို့လည်း ဆိုပါတယ်။

BBC Burmese
https://www.bbc.com
ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ဗိုလ္ခ်ဳပ္မႉးႀကီးတို႔အၾကား ကြာဟေနတဲ့ ဖက္ဒရယ္ေရးနဲ႔ ၿငိမ္းခ်မ္းေရး အျမင္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ဗိုလ္ခ်ဳပ္မႉးႀကီးတို႔အၾကား ကြာဟေနတဲ့ ဖက္ဒရယ္ေရးနဲ႔ ၿငိမ္းခ်မ္းေရး အျမင္ Reviewed by THITHTOOLWIN on 02:20 Rating: 5
Powered by Blogger.