Gluten ( ဂလူတန္ ) စားတာ အူလမ္းေၾကာင္းက်န္းမာေရးအတြက္ မေကာင္းဘူး

Zawgyi
ေပါင္မုန႔္

Gluten ( ဂလူတန္ ) စားတာ အူလမ္းေၾကာင္းက်န္းမာေရးအတြက္ မေကာင္းဘူးလို႔ စေျပာခဲ့တာ ေဒါက္တာ William Davis ႏွင့္ ေဒါက္တာ David Perlmutter ပါ။ ဂလူတန္အေၾကာင္းေတာ္ေတာ္မ်ားမ်ားသိေနတာေၾကာင့္ ထပ္မေရးေတာ့ပါ။ ဂလူတန္လိုဆိုးတာက သူရဲ့ညီအစ္ကိုေတာ္ WGA (wheat germ agglutinin ) လို႔ေခၚတဲ့ အပင္ထြက္ပရိုတိန္း တစ္မ်ိဳးပါ။ေပါင္မုန႔္ၾကမ္းမွာပါပါတယ္။WGA ကို ဖြဲႏုမွာလည္းေတြ႕နိုင္ပါတယ္။ Plant paradox စာအုပ္အဆိုအရ WGA က အေတာ္ေသးတဲ့ ပရိုတိန္းပါ။ လပ္စ္တင္ ( lectin ) တို႔ထက္ပိုေသးပါတယ္။အူလမ္းေၾကာင္းေကာင္းလၽွင္ေတာင္ WGA က အူနံရံကိုေဖာက္ၿပီး ေသြးေၾကာထဲဝင္နိုင္ပါတယ္။

ေသြးထဲေရာက္တဲ့အခါ သူဇီဝလုပ္ငန္းေတြက

၁။ အင္ဆူလင္လို ျပဳမူၿပီး အဆီဆဲလ္ေတြထဲ သၾကားပို႔ေဆာင္ေပးပါတယ္။အဆီဆဲလ္ထဲမွာ သၾကားက အဆီအျဖစ္ေျပာင္းသြားၿပီး ဝလာတာေတြ၊ insulin resistance ေတြ ျဖစ္လာေစပါတယ္။

၂။ ႂကြက္သားအတြင္း သၾကားဝင္ေရာက္ျခင္းကို ရပ္တန႔္လိုက္ပါတယ္။ႂကြက္သား သန္စြမ္းဖို႔ ခက္ပါတယ္။

၃။ ပရိုတိန္း ေျခဖ်က္တာကို ေႏွာက္ယွက္ေပးပါတယ္။

၄။ အူနံရံေတြကို ေရာင္ရမ္းေစပါတယ္။

၅။ အျခား ပရိုတိန္းေတြနဲ႔ ဓာတ္ျပဳၿပီး ေအာ္တိုအင္ျမဴးေရာဂါေတြ ျဖစ္ေစပါတယ္။

၆။ ဦးေႏွာက္ထဲ ဝင္ေရာက္နိုင္လို႔ အာ႐ုံေၾကာဆိုင္ရာ ျပသနာေတြ ျဖစ္ေစပါတယ္။

ရ။ ကင္ဆာ ဆဲလ္သာမက ပုံမွန္ဆဲလ္ေတြကို သတ္ပစ္နိုင္ပါတယ္။

၈။ DNA ပြားျခင္းကို ေႏွာက္ယွက္ေပးပါတယ္။

၉။ ေသြးေၾကာက်ဥ္းေစပါတယ္။

၁၀။ တုတ္ေကြး ႏွင့္ အျခား ဗိုင္းရပ္ပိုးမ်ား အူလမ္းေၾကာင္းကတစ္ဆင့္ ပိုမိုဝင္ေရာက္ေစပါတယ္။

၁၁။ ေက်ာက္ကပ္ေရာင္ရမ္းျခင္း ျဖစ္ေစပါတယ္။

ဒါေၾကာင့္ ေပါင္မုန႔္ၾကမ္းလည္း လြန္လြန္ၾကဴးၾကဴးမစားသင့္တဲ့အထဲပါပါတယ္။ ေပါင္မုန႔္ၾကမ္းမွာ အမၽွင္ဓာတ္ေတြ သိပ္မ်ားတယ္။အဟာရလည္းျပည့္စုံတယ္။ဒါေပမယ့္ WAG ပါေနတာ့ တစ္ခါတစ္ရံ စားတာ ကိစၥမရွိေပမည့္ ေန႔စဥ္စားေနလၽွင္ ျပသနာရွိလာနိုင္ပါတယ္။ လပ္စ္တင္ မ်ိဳးႏြယ္ဝင္ျဖစ္တဲ့ WGA နဲ႔ ပတ္သတ္တဲ့ သုေသတနေတြ ေထာင္ခ်ီရွိပါတယ္။အမ်ားစုေျပာတာက မေကာင္းဘူးဆိုပါတယ္။

ေပါင္မုန႔္ဖုတ္တဲ့အခါ တေစးအစား transglutaminase ဆိုတဲ့ ပစၥည္းတစ္မ်ိဳးထည့္ဖုတ္တတ္ပါတယ္။ ဂလူတန္မပါဘူးလို႔ ေျပာေရာင္းတဲ့ ပစၥည္းအေတာ္ေတာ္မ်ားမ်ားမွာလည္း transglutaminase ပါပါတယ္။ Transglutaminase က ဦးေႏွာက္ထဲ ဝင္ေရာက္နိုင္ၿပီး ပါကင္ဆန္ေရာဂါကဲ့သို႔ေသာ ဂလူတန္ေၾကာင့္ျဖစ္တဲ့ ခႏၶာကိုယ္လွုပ္ရွားမွု မမွန္ကန္ျခင္း ( gluten ataxia ) ကို ျဖစ္ေစပါတယ္။ ကံဆိုးတာက transglutaminase က FDA ခြင့္ျပဳခ်က္ရွိၿပီး အစားအေသာက္ label မွာ ထည့္ရိုက္စရာမလိုတာပါ။ ဒါေၾကာင့္ ေပါင္မုန႔္စားလၽွင္ သိပ္မ်ားမ်ားစားတာ မေကာင္းပါ။ အသင့္စားေပါင္မုန႔္ေတြမွာ ၾကာရွည္ခံေဆးတစ္ခုျဖစ္တဲ့ butyl hydroxytoluene (BHT) ထည့္ပါတယ္။ဆီေခ်းနံ မနံေအာင္လိူ႔ပါ။ BHT ကလည္း အစာလမ္းေၾကာင္းက်န္းမာေရးအတြက္မေကာင္းပါ။

အမၽွင္မ်ား လို႔ အဟာရမ်ားလို႔ ဝိတ္ေလ်ာ့ဖို႔ ေပါင္မုန႔္ၾကမ္း တစ္ခ်ိန္လုံးစားသင့္၊ မစားသင့္ျပန္ေတြးသင့္တဲ့ အခ်က္ပါ။ အမၽွင္မ်ားမ်ား စားခ်င္လၽွင္ အရြက္ရွိပါတယ္။အဟာရျပည့္ေအာင္ စားဖို႔လည္း အရြက္ေတြ၊အသားေတြရွိပါတယ္။အမ်ားႀကီးစားရမွာစိုးလၽွင္ supplements ေသာက္လို႔ရပါတယ္။ေပါင္မုန႔္ၾကမ္းကို ဒီအခ်က္ေတြေၾကာင့္ အလြန္အကၽြံစားဖို႔မလိုပါ။

ဆီးခ်ိဳဆန္ေတြမွာ WGA ပါမပါ မသိပါ။ဆီးခ်ိဳသမားေတြက ရိုးရိုးဆန္ျဖဴကို ထမင္းဌဲ့ခ်က္တာ၊pressure cooker နဲ႔ ခ်က္စားတာေတြ လုပ္လို႔ရပါတယ္။မတတ္နိုင္တဲ့သူေတြလည္း ဒီလိုလုပ္ေနၾကတာပဲ။ ေပါင္မုန႔္စားခ်င္လၽွင္ ရိုးရာ တေစး နဲ႔ အခ်ဥ္ေဖာက္ၿပီး ဖုတ္ထားတဲ့ sourdough ေပါင္မုန႔္ေတြက သိပ္ေကာင္းပါတယ္။ sourdough whole grain bread ရမည္ဆို သင့္တင့္ေအာင္စားလို႔ရပါတယ္။ အသင့္စားေပါင္မုန႔္ေတြေတာ့ ေရွာင္ပါ။

Dr.PHYO MAUNG

<<<< unicode >>>>

ပေါင်မုန့်

Gluten ( ဂလူတန် ) စားတာ အူလမ်းကြောင်းကျန်းမာရေးအတွက် မကောင်းဘူးလို့ စပြောခဲ့တာ ဒေါက်တာ William Davis နှင့် ဒေါက်တာ David Perlmutter ပါ။ ဂလူတန်အကြောင်းတော်တော်များများသိနေတာကြောင့် ထပ်မရေးတော့ပါ။ ဂလူတန်လိုဆိုးတာက သူရဲ့ညီအစ်ကိုတော် WGA (wheat germ agglutinin ) လို့ခေါ်တဲ့ အပင်ထွက်ပရိုတိန်း တစ်မျိုးပါ။ပေါင်မုန့်ကြမ်းမှာပါပါတယ်။WGA ကို ဖွဲနုမှာလည်းတွေ့နိုင်ပါတယ်။ Plant paradox စာအုပ်အဆိုအရ WGA က အတော်သေးတဲ့ ပရိုတိန်းပါ။ လပ်စ်တင် ( lectin ) တို့ထက်ပိုသေးပါတယ်။အူလမ်းကြောင်းကောင်းလျှင်တောင် WGA က အူနံရံကိုဖောက်ပြီး သွေးကြောထဲဝင်နိုင်ပါတယ်။

သွေးထဲရောက်တဲ့အခါ သူဇီဝလုပ်ငန်းတွေက

၁။ အင်ဆူလင်လို ပြုမူပြီး အဆီဆဲလ်တွေထဲ သကြားပို့ဆောင်ပေးပါတယ်။အဆီဆဲလ်ထဲမှာ သကြားက အဆီအဖြစ်ပြောင်းသွားပြီး ဝလာတာတွေ၊ insulin resistance တွေ ဖြစ်လာစေပါတယ်။

၂။ ကြွက်သားအတွင်း သကြားဝင်ရောက်ခြင်းကို ရပ်တန့်လိုက်ပါတယ်။ကြွက်သား သန်စွမ်းဖို့ ခက်ပါတယ်။

၃။ ပရိုတိန်း ခြေဖျက်တာကို နှောက်ယှက်ပေးပါတယ်။

၄။ အူနံရံတွေကို ရောင်ရမ်းစေပါတယ်။

၅။ အခြား ပရိုတိန်းတွေနဲ့ ဓာတ်ပြုပြီး အော်တိုအင်မြူးရောဂါတွေ ဖြစ်စေပါတယ်။

၆။ ဦးနှောက်ထဲ ဝင်ရောက်နိုင်လို့ အာရုံကြောဆိုင်ရာ ပြသနာတွေ ဖြစ်စေပါတယ်။

ရ။ ကင်ဆာ ဆဲလ်သာမက ပုံမှန်ဆဲလ်တွေကို သတ်ပစ်နိုင်ပါတယ်။

၈။ DNA ပွားခြင်းကို နှောက်ယှက်ပေးပါတယ်။

၉။ သွေးကြောကျဉ်းစေပါတယ်။

၁၀။ တုတ်ကွေး နှင့် အခြား ဗိုင်းရပ်ပိုးများ အူလမ်းကြောင်းကတစ်ဆင့် ပိုမိုဝင်ရောက်စေပါတယ်။

၁၁။ ကျောက်ကပ်ရောင်ရမ်းခြင်း ဖြစ်စေပါတယ်။

ဒါကြောင့် ပေါင်မုန့်ကြမ်းလည်း လွန်လွန်ကြူးကြူးမစားသင့်တဲ့အထဲပါပါတယ်။ ပေါင်မုန့်ကြမ်းမှာ အမျှင်ဓာတ်တွေ သိပ်များတယ်။အဟာရလည်းပြည့်စုံတယ်။ဒါပေမယ့် WAG ပါနေတာ့ တစ်ခါတစ်ရံ စားတာ ကိစ္စမရှိပေမည့် နေ့စဉ်စားနေလျှင် ပြသနာရှိလာနိုင်ပါတယ်။ လပ်စ်တင် မျိုးနွယ်ဝင်ဖြစ်တဲ့ WGA နဲ့ ပတ်သတ်တဲ့ သုသေတနတွေ ထောင်ချီရှိပါတယ်။အများစုပြောတာက မကောင်းဘူးဆိုပါတယ်။

ပေါင်မုန့်ဖုတ်တဲ့အခါ တစေးအစား transglutaminase ဆိုတဲ့ ပစ္စည်းတစ်မျိုးထည့်ဖုတ်တတ်ပါတယ်။ ဂလူတန်မပါဘူးလို့ ပြောရောင်းတဲ့ ပစ္စည်းအတော်တော်များများမှာလည်း transglutaminase ပါပါတယ်။ Transglutaminase က ဦးနှောက်ထဲ ဝင်ရောက်နိုင်ပြီး ပါကင်ဆန်ရောဂါကဲ့သို့သော ဂလူတန်ကြောင့်ဖြစ်တဲ့ ခန္ဓာကိုယ်လှုပ်ရှားမှု မမှန်ကန်ခြင်း ( gluten ataxia ) ကို ဖြစ်စေပါတယ်။ ကံဆိုးတာက transglutaminase က FDA ခွင့်ပြုချက်ရှိပြီး အစားအသောက် label မှာ ထည့်ရိုက်စရာမလိုတာပါ။ ဒါကြောင့် ပေါင်မုန့်စားလျှင် သိပ်များများစားတာ မကောင်းပါ။ အသင့်စားပေါင်မုန့်တွေမှာ ကြာရှည်ခံဆေးတစ်ခုဖြစ်တဲ့ butyl hydroxytoluene (BHT) ထည့်ပါတယ်။ဆီချေးနံ မနံအောင်လိူ့ပါ။ BHT ကလည်း အစာလမ်းကြောင်းကျန်းမာရေးအတွက်မကောင်းပါ။

အမျှင်များ လို့ အဟာရများလို့ ဝိတ်လျော့ဖို့ ပေါင်မုန့်ကြမ်း တစ်ချိန်လုံးစားသင့်၊ မစားသင့်ပြန်တွေးသင့်တဲ့ အချက်ပါ။ အမျှင်များများ စားချင်လျှင် အရွက်ရှိပါတယ်။အဟာရပြည့်အောင် စားဖို့လည်း အရွက်တွေ၊အသားတွေရှိပါတယ်။အများကြီးစားရမှာစိုးလျှင် supplements သောက်လို့ရပါတယ်။ပေါင်မုန့်ကြမ်းကို ဒီအချက်တွေကြောင့် အလွန်အကျွံစားဖို့မလိုပါ။

ဆီးချိုဆန်တွေမှာ WGA ပါမပါ မသိပါ။ဆီးချိုသမားတွေက ရိုးရိုးဆန်ဖြူကို ထမင်းဌဲ့ချက်တာ၊pressure cooker နဲ့ ချက်စားတာတွေ လုပ်လို့ရပါတယ်။မတတ်နိုင်တဲ့သူတွေလည်း ဒီလိုလုပ်နေကြတာပဲ။ ပေါင်မုန့်စားချင်လျှင် ရိုးရာ တစေး နဲ့ အချဉ်ဖောက်ပြီး ဖုတ်ထားတဲ့ sourdough ပေါင်မုန့်တွေက သိပ်ကောင်းပါတယ်။ sourdough whole grain bread ရမည်ဆို သင့်တင့်အောင်စားလို့ရပါတယ်။ အသင့်စားပေါင်မုန့်တွေတော့ ရှောင်ပါ။

Dr.PHYO MAUNG
Social Action for Children and Women - SAW
https://www.facebook.com/Social-Action-for-Children-and-Women-SAW-1429330840619312
Gluten ( ဂလူတန္ ) စားတာ အူလမ္းေၾကာင္းက်န္းမာေရးအတြက္ မေကာင္းဘူး Gluten ( ဂလူတန္ ) စားတာ အူလမ္းေၾကာင္းက်န္းမာေရးအတြက္ မေကာင္းဘူး Reviewed by THITHTOOLWIN on 01:39 Rating: 5
Powered by Blogger.