ေယာက္ဖျဖစ္သူအား ဓားျဖင့္ခုတ္


မလႈိင္ ေအာက္တိုဘာ ၁၀

ေယာက္ဖျဖစ္သူအား ဓားျဖင့္ခုတ္၍ ထြက္ေျပးသူအား မလႈိင္ၿမိဳ႕မရဲစခန္းမွ ၂၄နာရီအတြင္း လိုက္လံဖမ္းဆီးႏိုင္ခဲ့ေၾကာင္း မလႈိင္ၿမိဳ႕မရဲစခန္းမႉး ဒုရဲမႉးသန္းထြန္းမွ ေျပာၾကားသည္။

ျဖစ္စဥ္မွာ မႏၲေလးတိုင္းေဒသႀကီး မိတၳီလာခ႐ိုင္ မလႈိင္ၿမိဳ႕နယ္ နတ္စဥ္ကုန္ေက်း႐ြာအုပ္စု ကံသစ္ႀကီးေက်း႐ြာေန ေဒၚခင္ဝင္း (၄၉)ႏွစ္သည္ ႐ြာခြဲတာဝန္ခံထံ ေနအိမ္လမ္းျပင္ရန္ အစည္းအေဝးတက္ ေရာက္ရန္ထြက္သြားခဲ့စဥ္ ေနအိမ္၌ တစ္႐ြာထဲေန ခင္ပြန္းျဖစ္သူ ဦးဖိုးလုံး(၅၀)ႏွစ္ ႏွင့္ ေမာင္ျဖစ္သူ ကိုလွေသာင္း(၄၅)ႏွစ္တို႔ ေရေႏြးၾကမ္းေသာက္က်န္ေနခဲ့ေၾကာင္း / အစည္းအေဝး၌ ရွိေနစဥ္ ေဒၚခင္ဝင္းအား ဖခင္ျဖစ္သူမွ အျမန္ျပန္လာရန္ ေခၚဆိုသျဖင့္ ျပန္လာခဲ့ရာ ခင္ပြန္းျဖစ္သူကိုဖိုးလုံးမွာ ေမွာက္လ်က္ ဦးေခါင္း ယာဘက္ခ်ိဳေစာင္း လည္ပင္းယာဘက္နားေအာက္ႏွင့္ လည္ပင္း ယာဘက္တို႔တြင္ ျပတ္ရွဒဏ္ရာမ်ားျဖင့္ ေသြးထြက္ေသဆုံးေနသည္ကို ေတြ႕ရွိရေၾကာင္း/ခင္ပြန္းအား ဓားျဖင့္ခုတ္သည့္ ေမာင္ျဖစ္သူ ကိုလွေသာင္းမွာ ဓားအားယူေဆာင္၍ ေက်း႐ြာ၏ အေရွ႕ဘက္သို႔ ထြက္ေျပးသြားသည္ကို ေတြ႕ျမင္ရသျဖင့္ ေဒၚခင္ဝင္းမွ ခင္ပြန္းျဖစ္သူအား ဓါးျဖင့္ခုတ္၍ ထြက္ေျပးသူ လွေသာင္းအား ဥပေဒအရ အေရးယူေပး ပါရန္တိုင္တန္းသျဖင့္ မလႈိင္ၿမိဳ႕မရဲစခန္းမွ (ပ)၅၂၀/၂၀၁၉ ရာဇသတ္ႀကီးပုဒ္မ ၃၀၂ ျဖင့္ အမႈဖြင့္ေဆာင္႐ြက္ထားရွိခဲ့ေၾကာင္း ရဲမွတ္တမ္းအရ သိရသည္။

နတ္စဥ္ကုန္းေက်း႐ြာမွာ အခင္းျဖစ္ပြားခဲ့တာ ၂၀၁၉ ေအာက္တိုဘာ ၈ရက္ ည ၇ နာရီ အခ်ိန္ေလာက္က ျဖစ္ပြားခဲ့တာပါ။၁၂ နာရီ ၃၀ မိနစ္အခ်ိန္ေလာက္မွ အမႈဖြင့္လွစ္ႏိုင္ခဲ့ၿပီး စုံစမ္းစစ္ေဆးမႈေတြ စၿပီးလုပ္ေဆာင္ခဲ့ပါတယ္။ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉး ရဲမႉးေဇာ္ႏိုင္ ဦးစီးတပ္ဖြဲ႕ဝင္ေတြ နဲ႔ ကြၽန္ေတာ္အပါအဝင္ နယ္ထိန္းတပ္ဖြဲ႕ဝင္ေတြနဲ႔ အဖြဲ႕ခြဲေတြခြဲၿပီး စုံစမ္းရွာေဖြမႈေတြ ေဆာင္႐ြက္တဲ့အခါ ကိုလွေသာင္းကို ဝမ္းတြင္းၿမိဳ႕နယ္ ေ႐ႊေတာင္ေက်း႐ြာအုပ္စု ရန္ကုန္-မႏၲေလးေဘး ဗဟိုစိုက္ပ်ိဳးေရးၿခံ ေျမာက္ဘက္မွာရွိတဲ့ ကင္းဒါးဆည္က လယ္ကြင္းေတြ ေရလြတ္ေပးတဲ့ ေျမာင္းေဘးမွာ ၉ရက္ေန႔ မနက္ ၅နာရီ ၂၀ မိနစ္မွာ ဖမ္းဆီးႏိုင္ခဲ့ပါတယ္။ကြၽန္ေတာ္တို႔ ၂၄နာရီ အတြင္း ဖမ္းဆီးႏိုင္ခဲ့ပါတယ္" ဟု မလႈိင္ၿမိဳ႕မွ ရဲစခန္းမႉး ဒုရဲမႉးသန္းထြန္းမွ ေျပာၾကားသည္။

ဘိုဘို(မလႈိင္)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
--------------
Unicode
ယောက်ဖဖြစ်သူအား ဓားဖြင့်ခုတ်
============================
မလှိုင် အောက်တိုဘာ ၁၀

ယောက်ဖဖြစ်သူအား ဓားဖြင့်ခုတ်၍ ထွက်ပြေးသူအား မလှိုင်မြို့မရဲစခန်းမှ ၂၄နာရီအတွင်း လိုက်လံဖမ်းဆီးနိုင်ခဲ့ကြောင်း မလှိုင်မြို့မရဲစခန်းမှူး ဒုရဲမှူးသန်းထွန်းမှ ပြောကြားသည်။
ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မလှိုင်မြို့နယ် နတ်စဉ်ကုန်ကျေးရွာအုပ်စု ကံသစ်ကြီးကျေးရွာနေ ဒေါ်ခင်ဝင်း (၄၉)နှစ်သည် ရွာခွဲတာဝန်ခံထံ နေအိမ်လမ်းပြင်ရန် အစည်းအဝေးတက် ရောက်ရန်ထွက်သွားခဲ့စဉ် နေအိမ်၌ တစ်ရွာထဲနေ ခင်ပွန်းဖြစ်သူ ဦးဖိုးလုံး(၅၀)နှစ် နှင့် မောင်ဖြစ်သူ ကိုလှသောင်း(၄၅)နှစ်တို့ ရေနွေးကြမ်းသောက်ကျန်နေခဲ့ကြောင်း / အစည်းအဝေး၌ ရှိနေစဉ် ဒေါ်ခင်ဝင်းအား ဖခင်ဖြစ်သူမှ အမြန်ပြန်လာရန် ခေါ်ဆိုသဖြင့် ပြန်လာခဲ့ရာ ခင်ပွန်းဖြစ်သူကိုဖိုးလုံးမှာ မှောက်လျက် ဦးခေါင်း ယာဘက်ချိုစောင်း လည်ပင်းယာဘက်နားအောက်နှင့် လည်ပင်း ယာဘက်တို့တွင် ပြတ်ရှဒဏ်ရာများဖြင့် သွေးထွက်သေဆုံးနေသည်ကို တွေ့ရှိရကြောင်း/ခင်ပွန်းအား ဓားဖြင့်ခုတ်သည့် မောင်ဖြစ်သူ ကိုလှသောင်းမှာ ဓားအားယူဆောင်၍ ကျေးရွာ၏ အရှေ့ဘက်သို့ ထွက်ပြေးသွားသည်ကို တွေ့မြင်ရသဖြင့် ဒေါ်ခင်ဝင်းမှ ခင်ပွန်းဖြစ်သူအား ဓါးဖြင့်ခုတ်၍ ထွက်ပြေးသူ လှသောင်းအား ဥပဒေအရ အရေးယူပေး ပါရန်တိုင်တန်းသဖြင့် မလှိုင်မြို့မရဲစခန်းမှ (ပ)၅၂၀/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ဆောင်ရွက်ထားရှိခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

နတ်စဉ်ကုန်းကျေးရွာမှာ အခင်းဖြစ်ပွားခဲ့တာ ၂၀၁၉ အောက်တိုဘာ ၈ရက် ည ၇ နာရီ အချိန်လောက်က ဖြစ်ပွားခဲ့တာပါ။၁၂ နာရီ ၃၀ မိနစ်အချိန်လောက်မှ အမှုဖွင့်လှစ်နိုင်ခဲ့ပြီး စုံစမ်းစစ်ဆေးမှုတွေ စပြီးလုပ်ဆောင်ခဲ့ပါတယ်။မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်နိုင် ဦးစီးတပ်ဖွဲ့ဝင်တွေ နဲ့ ကျွန်တော်အပါအဝင် နယ်ထိန်းတပ်ဖွဲ့ဝင်တွေနဲ့ အဖွဲ့ခွဲတွေခွဲပြီး စုံစမ်းရှာဖွေမှုတွေ ဆောင်ရွက်တဲ့အခါ ကိုလှသောင်းကို ဝမ်းတွင်းမြို့နယ် ရွှေတောင်ကျေးရွာအုပ်စု ရန်ကုန်-မန္တလေးဘေး ဗဟိုစိုက်ပျိုးရေးခြံ မြောက်ဘက်မှာရှိတဲ့ ကင်းဒါးဆည်က လယ်ကွင်းတွေ ရေလွတ်ပေးတဲ့ မြောင်းဘေးမှာ ၉ရက်နေ့ မနက် ၅နာရီ ၂၀ မိနစ်မှာ ဖမ်းဆီးနိုင်ခဲ့ပါတယ်။ကျွန်တော်တို့ ၂၄နာရီ အတွင်း ဖမ်းဆီးနိုင်ခဲ့ပါတယ်" ဟု မလှိုင်မြို့မှ ရဲစခန်းမှူး ဒုရဲမှူးသန်းထွန်းမှ ပြောကြားသည်။

ဘိုဘို(မလှိုင်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ေယာက္ဖျဖစ္သူအား ဓားျဖင့္ခုတ္ ေယာက္ဖျဖစ္သူအား ဓားျဖင့္ခုတ္ Reviewed by THITHTOOLWIN on 00:49 Rating: 5
Powered by Blogger.