တပ္ခ်ဳပ္ကို ဆုေပးသင့္ေပးထိုက္လို႔ ေဖာ္ထုတ္ၿပီးေပးတာပါလို႔ YMBAအသင္းကရွင္း

တိုင္းျပည္ၿငိမ္းခ်မ္းေရးကိစၥေတြကို တစိုက္မတ္မတ္ ေဆာင္႐ြက္ေနတာကလည္း အကဲျဖတ္ခ်က္မွာပါတယ္လို႔ဆို
တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ကို မဟာမဂၤလဓမၼေဇာတိကဓဇဘြဲ႕ ေပးအပ္ခ်ီးျမႇင့္ခဲ့တာဟာ ေပးသင့္ေပးထိုက္လို႔ ေဖာ္ထုတ္ၿပီးေပးတာပါလို႔ ဗုဒၶဘာသာကလ်ာဏယုဝအသင္း YMBAအေထြေထြအတြင္းေရးမႉး ဦးေသာင္းဝင္းက ဘီဘီစီကို ေျပာပါတယ္။

တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ကို ဆုေပးဖို႔အတြက္ အမႈေဆာင္ အဖြဲ႕ ဆုံးျဖတ္ခ်က္ အပါအဝင္၊ အသင္းရဲ႕ စည္းမ်ဥ္း ဥပေဒနဲ႔အညီ ေပးခဲ့တာ ျဖစ္တယ္လို႔ ေအာက္တိုဘာလ ၁၀ရက္ ရန္ကုန္မွာ ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲ မတိုင္မီမွာ ဘီဘီစီကို ေျပာခဲ့တာျဖစ္ပါတယ္။

ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ဟာဒီဆုကို ၿပီးခဲ့တဲ့ ေအာက္တိုဘာလ ၇ ရက္မွာ ရန္ကုန္ၿမိဳ႕မွာ လက္ခံခဲ့ပါတယ္ ။

အခ်က္ ၆ ခ်က္ အရ အကဲျဖတ္ၿပီးေပးခဲ့တာလို႔ (YMBA)အသင္း က ေျပာ
ရခိုင္ျပည္နယ္ ေျမာက္ပိုင္းက မြတ္ဆလင္ေတြကို လူမ်ိဳးတုံးသတ္ျဖတ္မႈႏွင့္ ဥပေဒမဲ့ ရွင္းလင္းဖယ္ရွားမႈေတြ အပါအဝင္ ဆိုး႐ြားတဲ့ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈ လုပ္ရပ္ေတြေၾကာင့္ဆိုၿပီး ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္အေပၚ ႏိုင္ငံတကာက ေဝဖန္ဖိအားေပးတာေတြ ရွိေနပါတယ္။

တပ္ခ်ဳပ္ကို ဆုေပးတာဟာ အခ်က္ ၆ ခ်က္ အရ အကဲျဖတ္ၿပီး ေပးခဲ့တာလို႔လည္း ဗုဒၶဘာသာကလ်ာဏယုဝအသင္း YMBAအသင္း က အေထြေထြအတြင္းေရးမႉး ဦးေသာင္းဝင္း ကေျပာပါတယ္။

ဘြဲ႕တံဆိပ္ေပးအပ္ရတဲ့ အေၾကာင္းအရင္းေတြထဲမွာ အမ်ိဳး၊ဘာသာ၊သာသနာနဲ႔ ပညာကို ေစာင့္ေရွာက္တာ၊ တိုင္းျပည္ၿငိမ္းခ်မ္းေရးကိစၥေတြကို တစိုက္မတ္မတ္ေဆာင္႐ြက္ေနတာ၊ ေခတ္မီတပ္မေတာ္ တည္ေဆာက္ႏိုင္တာ၊၊ သာသနာေရးဆိုင္ရာကိစၥ၊ တိုင္းျပည္တည္ၿငိမ္ေရး၊ ျပည္သူေတြရဲ႕ အသက္အိုးအိမ္ကို ေစာင့္ေရွာက္တာနဲ႔ ဘာသာ၊လူမ်ိဳး မခြဲျခားဘဲ လူသားခ်င္းစာနာတဲ့ ေခါင္းေဆာင္ျဖစ္တာ စတဲ့ အခ်က္အလက္ေတြ ပါဝင္တယ္လို႔ သူကေျပာပါတယ္။

ႏိုင္ငံတကာကေဝဖန္တဲ့ ရခိုင္ေျမာက္ပိုင္း မ်ိဳးတုံးသတ္ျဖတ္မႈနဲ႔ ဥပေဒမဲ့ ရွင္းလင္းဖယ္ရွားမႈမ်ား နဲပတ္သက္လို႔ တပ္ခ်ဳပ္မွာ တာဝန္ရွိတယ္ဆိုတာေတြကိုေတာ့ ႏိုင္ငံေရးကိစၥေတြျဖစ္တယ္ လို႔လည္း ဦးေသာင္းဝင္းကေျပာပါတယ္။

၁၉၉၀ ေနာက္ပိုင္း ပထမဆုံးစစ္ဘက္ေခါင္းေဆာင္ တစ္ဦးကို(YMBA)အသင္းကေပးအပ္တာျဖစ္ပါတယ္။
အဓိကကေတာ့ တပ္ခ်ဳပ္ဟာ ဘာသာျခားေတြ ေရာ အကုန္လုံးလႉတာေတြ လုပ္ေနတာေတြ႕ ရလို႔ေပးတာျဖစ္ပါတယ္လို႔လည္း ဦးေသာင္းဝင္းကေျပာပါတယ္။

YMBAအသင္းဟာ ဘာသာ၊သာသနာထြန္းကားေအာင္ ေဆာင္႐ြက္ေပးတဲ့ လူပုဂၢိဳလ္နဲ႔ သံဃာေတာ္ေတြကို ေ႐ြးခ်ယ္ ေပးအပ္တာျဖစ္ၿပီး အခု တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ကို ေပးတာကေတာ့ ၁၉၉၀ ေနာက္ပိုင္း ပထမဆုံးစစ္ဘက္ေခါင္းေဆာင္ တစ္ဦးကိုေပးအပ္တာျဖစ္ပါတယ္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ကို ဗုဒၶကလ်ာဏယုဝအသင္းႀကီးYMBA က 'မဂၤလဓမၼ ေဇာတိကဓဇဘြဲ႕နဲ႔ အသင္းရဲ႕ ရာသက္ပန္ နာယကႀကီးဘြဲ႕ကို ရန္ကုန္ၿမိဳ႕မွာ ေအာက္တိုဘာ၇ရက္က ေပးအပ္ခဲ့တာလည္း ျဖစ္ပါတယ္ ။

YMBA က အခုလိုမ်ိဳး ဆုေတြေပးလာတာဟာ ရဟန္း၊ သံဃာနဲ႔ လူ၊ ပုဂၢိဳလ္ စုစုေပါင္း၇၀ ေလာက္ရွိၿပီ ျဖစ္ပါတယ္ ။

 YMBA အသင္းကို ေဝဖန္မႈေတြ ကေတာ့ ႏိုင္ငံေရးထိုးႏွက္တာျဖစ္တယ္လို႔ေျပာ

တပ္ခ်ဳပ္ကို ဆုေပးတာေတြနဲ႔ ပတ္သက္ၿပီး YMBA အသင္းကို ေဝဖန္မႈေတြကေတာ့ ႏိုင္ငံေရးထိုးႏွက္တာ ျဖစ္တယ္လို႔ လည္း YMBA က ေျပာပါတယ္။

ၿပီးခဲ့တဲ့ ဇူလိုင္လကလည္း YMBA အေနနဲ႔ ဒီဘြဲ႕ကို သာသနာေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး သူရဦးေအာင္ကိုကို ေပးအပ္ခ်ီးျမႇင့္ခဲ့ပါေသးတယ္။

ဗုဒၶဘာသာကလ်ာဏယုဝအသင္း YMBA ကို ၁၉ဝ၆ ခုႏွစ္ကတည္းက ထူေထာင္ခဲ့တာျဖစ္ၿပီး အရင္က ႏိုင္ငံေရးကိစၥေတြလုပ္ေဆာင္ခဲ့ေပမယ့္ အခုေနာက္ပိုင္းမွာေတာ့ အမ်ိဳး၊ ဘာသာ၊ သာသနာနဲ႔ဆိုင္တဲ့ လုပ္ငန္းေတြကို ေဆာင္႐ြက္ေနတာျဖစ္ပါတယ္။

BBC Burmese
https://www.bbc.com
------------
Unicode

တပ်ချုပ်ကို ဆုပေးသင့်ပေးထိုက်လို့ ဖော်ထုတ်ပြီးပေးတာပါလို့ YMBAအသင်းကရှင်း

ဓာတ်ပုံ မူပိုင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
Image caption တိုင်းပြည်ငြိမ်းချမ်းရေးကိစ္စတွေကို တစိုက်မတ်မတ် ဆောင်ရွက်နေတာကလည်း အကဲဖြတ်ချက်မှာပါတယ်လို့ဆို

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မဟာမင်္ဂလဓမ္မဇောတိကဓဇဘွဲ့ ပေးအပ်ချီးမြှင့်ခဲ့တာဟာ ပေးသင့်ပေးထိုက်လို့ ဖော်ထုတ်ပြီးပေးတာပါလို့ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBAအထွေထွေအတွင်းရေးမှူး ဦးသောင်းဝင်းက ဘီဘီစီကို ပြောပါတယ်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဆုပေးဖို့အတွက် အမှုဆောင် အဖွဲ့ ဆုံးဖြတ်ချက် အပါအဝင်၊ အသင်းရဲ့ စည်းမျဉ်း ဥပဒေနဲ့အညီ ပေးခဲ့တာ ဖြစ်တယ်လို့ အောက်တိုဘာလ ၁၀ရက် ရန်ကုန်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ မတိုင်မီမှာ ဘီဘီစီကို ပြောခဲ့တာဖြစ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာဒီဆုကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၇ ရက်မှာ ရန်ကုန်မြို့မှာ လက်ခံခဲ့ပါတယ် ။

ဓာတ်ပုံ မူပိုင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
Image caption အချက် ၆ ချက် အရ အကဲဖြတ်ပြီးပေးခဲ့တာလို့ (YMBA)အသင်း က ပြော

ရခိုင်ပြည်နယ် မြောက်ပိုင်းက မွတ်ဆလင်တွေကို လူမျိုးတုံးသတ်ဖြတ်မှုနှင့် ဥပဒေမဲ့ ရှင်းလင်းဖယ်ရှားမှုတွေ အပါအဝင် ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု လုပ်ရပ်တွေကြောင့်ဆိုပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပေါ် နိုင်ငံတကာက ဝေဖန်ဖိအားပေးတာတွေ ရှိနေပါတယ်။

တပ်ချုပ်ကို ဆုပေးတာဟာ အချက် ၆ ချက် အရ အကဲဖြတ်ပြီး ပေးခဲ့တာလို့လည်း ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBAအသင်း က အထွေထွေအတွင်းရေးမှူး ဦးသောင်းဝင်း ကပြောပါတယ်။

ဘွဲ့တံဆိပ်ပေးအပ်ရတဲ့ အကြောင်းအရင်းတွေထဲမှာ အမျိုး၊ဘာသာ၊သာသနာနဲ့ ပညာကို စောင့်ရှောက်တာ၊ တိုင်းပြည်ငြိမ်းချမ်းရေးကိစ္စတွေကို တစိုက်မတ်မတ်ဆောင်ရွက်နေတာ၊ ခေတ်မီတပ်မတော် တည်ဆောက်နိုင်တာ၊၊ သာသနာရေးဆိုင်ရာကိစ္စ၊ တိုင်းပြည်တည်ငြိမ်ရေး၊ ပြည်သူတွေရဲ့ အသက်အိုးအိမ်ကို စောင့်ရှောက်တာနဲ့ ဘာသာ၊လူမျိုး မခွဲခြားဘဲ လူသားချင်းစာနာတဲ့ ခေါင်းဆောင်ဖြစ်တာ စတဲ့ အချက်အလက်တွေ ပါဝင်တယ်လို့ သူကပြောပါတယ်။

နိုင်ငံတကာကဝေဖန်တဲ့ ရခိုင်မြောက်ပိုင်း မျိုးတုံးသတ်ဖြတ်မှုနဲ့ ဥပဒေမဲ့ ရှင်းလင်းဖယ်ရှားမှုများ နဲပတ်သက်လို့ တပ်ချုပ်မှာ တာဝန်ရှိတယ်ဆိုတာတွေကိုတော့ နိုင်ငံရေးကိစ္စတွေဖြစ်တယ် လို့လည်း ဦးသောင်းဝင်းကပြောပါတယ်။

ဓာတ်ပုံ မူပိုင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
Image caption ၁၉၉၀ နောက်ပိုင်း ပထမဆုံးစစ်ဘက်ခေါင်းဆောင် တစ်ဦးကို(YMBA)အသင်းကပေးအပ်တာဖြစ်ပါတယ်။

အဓိကကတော့ တပ်ချုပ်ဟာ ဘာသာခြားတွေ ရော အကုန်လုံးလှူတာတွေ လုပ်နေတာတွေ့ ရလို့ပေးတာဖြစ်ပါတယ်လို့လည်း ဦးသောင်းဝင်းကပြောပါတယ်။

YMBAအသင်းဟာ ဘာသာ၊သာသနာထွန်းကားအောင် ဆောင်ရွက်ပေးတဲ့ လူပုဂ္ဂိုလ်နဲ့ သံဃာတော်တွေကို ရွေးချယ် ပေးအပ်တာဖြစ်ပြီး အခု တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကို ပေးတာကတော့ ၁၉၉၀ နောက်ပိုင်း ပထမဆုံးစစ်ဘက်ခေါင်းဆောင် တစ်ဦးကိုပေးအပ်တာဖြစ်ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဗုဒ္ဓကလျာဏယုဝအသင်းကြီးYMBA က 'မင်္ဂလဓမ္မ ဇောတိကဓဇဘွဲ့နဲ့ အသင်းရဲ့ ရာသက်ပန် နာယကကြီးဘွဲ့ကို ရန်ကုန်မြို့မှာ အောက်တိုဘာ၇ရက်က ပေးအပ်ခဲ့တာလည်း ဖြစ်ပါတယ် ။

YMBA က အခုလိုမျိုး ဆုတွေပေးလာတာဟာ ရဟန်း၊ သံဃာနဲ့ လူ၊ ပုဂ္ဂိုလ် စုစုပေါင်း၇၀ လောက်ရှိပြီ ဖြစ်ပါတယ် ။

ဓာတ်ပုံ မူပိုင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
Image caption YMBA အသင်းကို ဝေဖန်မှုတွေ ကတော့ နိုင်ငံရေးထိုးနှက်တာဖြစ်တယ်လို့ပြော

တပ်ချုပ်ကို ဆုပေးတာတွေနဲ့ ပတ်သက်ပြီး YMBA အသင်းကို ဝေဖန်မှုတွေကတော့ နိုင်ငံရေးထိုးနှက်တာ ဖြစ်တယ်လို့ လည်း YMBA က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လကလည်း YMBA အနေနဲ့ ဒီဘွဲ့ကို သာသနာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုကို ပေးအပ်ချီးမြှင့်ခဲ့ပါသေးတယ်။

ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA ကို ၁၉ဝ၆ ခုနှစ်ကတည်းက ထူထောင်ခဲ့တာဖြစ်ပြီး အရင်က နိုင်ငံရေးကိစ္စတွေလုပ်ဆောင်ခဲ့ပေမယ့် အခုနောက်ပိုင်းမှာတော့ အမျိုး၊ ဘာသာ၊ သာသနာနဲ့ဆိုင်တဲ့ လုပ်ငန်းတွေကို ဆောင်ရွက်နေတာဖြစ်ပါတယ်။

BBC Burmese
https://www.bbc.com
တပ္ခ်ဳပ္ကို ဆုေပးသင့္ေပးထိုက္လို႔ ေဖာ္ထုတ္ၿပီးေပးတာပါလို႔ YMBAအသင္းကရွင္း တပ္ခ်ဳပ္ကို ဆုေပးသင့္ေပးထိုက္လို႔ ေဖာ္ထုတ္ၿပီးေပးတာပါလို႔ YMBAအသင္းကရွင္း Reviewed by THITHTOOLWIN on 00:54 Rating: 5
Powered by Blogger.