ကျိုင်းတုံမှာ မူးယစ်တပ်ဖွဲ့စုမှူးမှ ၅နှစ်သမီးကိုမဖွယ် မတရားပြုကျင့်ပြီး တိမ်း‌ရှောင်နေဟုဆို

Zawgyi
တောင်ကြီး၊ အောက်တိုဘာ၁၅

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်မှာ မူးယ စ်တပ်ဖွဲ့စုမှူးက တပ်ဖွဲ့ဝင်ရဲ့ ၅နှစ်အရွယ်သမီးကို မဖွယ်မရာပြုကျင့်ခဲ့ပြီး တိမ်းရှောင်နေတယ်လို့ ရွှေတြိဂံရဲ့ခိုင်လုံတဲ့သတင်းရင်းမြစ်ထံမှ သိရပါတယ်။

ကျိုင်းတုံမြို့ရှိ အမှတ်(၂၈)မူးယစ်တပ်ဖွဲ့စုမှူး ဒုတိ ယရဲမှူးမျိုးညွန့်လွင်က တပ်ဖွဲ့ဝင်ဖြစ်သူ တပ်ကြပ်တစ်ဦးရဲ့ ၅နှစ်အရွယ်သမီးကို မိန်းမကိုယ်အတွင်းမဖွယ်မရာ ထိုးသွင်းခဲ့တယ်လို့ ယူဆရကြောင်း
အဆိုပါသတင်းရင်းမြစ်က ပြောပါတယ်။

"ဖြစ်သွားတာကတော့ သေချာပါတယ်။ ဘယ်နေ့၊ ဘယ်အချိန်က ဖြစ်တာလဲတော့ သေချာမသိရဘူး။ တပ်ဖွဲ့စုမှူးဖြစ်သူက တိမ်းရှောင်နေတယ်။ သူ့ရုံးမှာရော၊ စခန်းမှာရော၊ ပြည်နယ်မှာရော သူ့ကိုမတွေ့ရဘူး။ သတင်းအစအနတောင်မကြားရဘူး။ ဖြစ်စဉ်ကမှန်နေတာဆိုတော့ ဘယ်သူမှမငြင်းကြဘူး"လို့ အမည်မဖော်လိုသူ ‌ရွှေတြိဂံဒေသရဲ့သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

အဆိုပါမဖွယ်မရာပြုကျင့်ခံရသူမိန်းကလေးငယ်ကို ကျိုင်းတုံအထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးမှာ ဆေးစစ်ချက်ခံယူလျက်ရှိပြီး အမှတ်(၂၈)မူး ယစ်တပ်ဖွဲ့စုမှူး ဒုတိယရဲမှူးမျိုးညွန့်လွင်က တိမ်း ရှောင်နေတယ်လို့ယူဆ‌ရကြောင်း ၎င်းက‌ဆက်လက် ပြောကြားခဲ့ပါတယ်။

ယင်းဖြစ်စဉ်နဲ့ပါတ်သက်ပြီး ဒုတိယရဲမှူးမျိုးညွန့်လွင်၊ ရှမ်းပြည်နယ်ဒုပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးနဲ့ကျိုင်းတုံမြို့မရဲစခန်းတို့ကို ရွှေတြိဂံမှဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆက်သွယ်လို့မရရှိခဲ့ပါဘူး။

သတင်း-ရဲရင့်ဇွဲ(ရွှေတြိဂံ)
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
----------------
(Unicode)
ကျိုင်းတုံမှာ မူးယစ်တပ်ဖွဲ့စုမှူးမှ ၅နှစ်သမီးကိုမဖွယ် မတရားပြုကျင့်ပြီး တိမ်း‌ရှောင်နေဟုဆို

တောင်ကြီး၊ အောက်တိုဘာ၁၅

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်မှာမူး ယစ်တပ်ဖွဲ့စုမှူးက တပ်ဖွဲ့ဝင်ရဲ့ ၅နှစ်အရွယ်သမီးကို မဖွယ်မရာပြုကျင့်ခဲ့ပြီး တိမ်းရှောင်နေတယ်လို့ ရွှေတြိဂံရဲ့ခိုင်လုံတဲ့သတင်းရင်းမြစ်ထံမှ သိရပါတယ်။

ကျိုင်းတုံမြို့ရှိ အမှတ်(၂၈)မူးယစ်တပ်ဖွဲ့စုမှူးဒုတိယရဲမှူးမျိုးညွန့်လွင်က တပ်ဖွဲ့ဝင်ဖြစ်သူ တပ်ကြပ်တစ်ဦးရဲ့ ၅နှစ်အရွယ်သမီးကို မိန်းမကိုယ်အတွင်းမဖွ ယ်မရာ ထိုးသွင်းခဲ့တယ်လို့ ယူဆရကြောင်းအဆိုပါသတင်းရင်းမြစ်က ပြောပါတယ်။

"ဖြစ်သွားတာကတော့ သေချာပါတယ်။ ဘယ်နေ့၊ ဘယ်အချိန်က ဖြစ်တာလဲတော့ သေချာမသိရဘူး။ တပ်ဖွဲ့စုမှူးဖြစ်သူက တိမ်းရှောင်နေတယ်။ သူ့ရုံးမှာရော၊ စခန်းမှာရော၊ ပြည်နယ်မှာရော သူ့ကိုမတွေ့ရဘူး။ သတင်းအစအနတောင်မကြားရဘူး။ ဖြစ်စဉ်ကမှန်နေတာဆိုတော့ ဘယ်သူမှမငြင်းကြဘူး"လို့ အမည်မဖော်လိုသူ ‌ရွှေတြိဂံဒေသရဲ့သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

အဆိုပါမဖွယ်မရာပြုကျင့်ခံရသူမိန်းကလေးငယ်ကို ကျိုင်းတုံအထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးမှာ ဆေးစစ်ချက်ခံယူလျက်ရှိပြီးအမှတ်(၂၈)မူးယစ်တပ်ဖွဲ့စုမှူး ဒုတိယရဲမှူးမျိုးညွန့်လွင်က တိမ်းရှောင်နေတယ်လို့ ယူဆ‌ရကြောင်း ၎င်းက‌ဆက်လက်ပြောကြားခဲ့ပါတယ်။

ယင်းဖြစ်စဉ်နဲ့ပါတ်သက်ပြီး ဒုတိယရဲမှူးမျိုးညွန့်လွင်၊ ရှမ်းပြည်နယ်ဒုပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးနဲ့ကျိုင်းတုံမြို့မရဲစခန်းတို့ကို ရွှေတြိဂံမှဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆက်သွယ်လို့မရရှိခဲ့ပါဘူး။

သတင်း-ရဲရင့်ဇွဲ(ရွှေတြိဂံ)
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
ကျိုင်းတုံမှာ မူးယစ်တပ်ဖွဲ့စုမှူးမှ ၅နှစ်သမီးကိုမဖွယ် မတရားပြုကျင့်ပြီး တိမ်း‌ရှောင်နေဟုဆို ကျိုင်းတုံမှာ မူးယစ်တပ်ဖွဲ့စုမှူးမှ ၅နှစ်သမီးကိုမဖွယ် မတရားပြုကျင့်ပြီး တိမ်း‌ရှောင်နေဟုဆို Reviewed by THITHTOOLWIN on 19:28 Rating: 5
Powered by Blogger.