AD Van အျဖဴေရာင္ယာဥ္မွ အရွိန္မထိန္းႏိုင္ဘဲ တစ္ဖက္ယာဥ္ေၾကာရွိ လမ္းေဘးဂ်ာနယ္အေရာင္းဆိုင္အား ဝင္တိုက္မိ၍ လူတစ္ဦးေသဆုံး

Zawgyi
ေ႐ႊဘို ေအာက္တိုဘာ ၁၄

စစ္ကိုင္းတိုင္းေဒသႀကီး ေ႐ႊဘိုၿမိဳ႕တြင္ AD Van အျဖဴေရာင္ယာဥ္မွ အရွိန္မထိန္းႏိုင္ဘဲ တစ္ဖက္ယာဥ္ေၾကာရွိ လမ္းေဘးဂ်ာနယ္ အေရာင္း ဆိုင္အား ဝင္တိုက္မိ၍ လူတစ္ဦးေသဆုံးခဲ့ေၾကာင္း ေ႐ႊဘိုၿမိဳ႕မ ရဲစခန္းမွ သိရသည္။

ျဖစ္စဥ္မွာ ေအာက္တိုဘာ ၁၄ရက္ နံနက္ ၇နာရီခန႔္တြင္ ေ႐ႊဘို-မႏၲေလး သြားကားလမ္းမေပၚ ၿဖိဳးသဇင္လက္ဘက္ရည္ဆိုင္ေရွ႕တြင္ ၎လမ္း အတိုင္း ေတာင္မွေျမာက္သို႔ ယာဥ္ေမာင္း ခင္ဦးၿမိဳ႕၊ တည္ဖိုပင္ေက်း႐ြာ ေန ဖိုးေအာင္(ခ) ေအာင္ေဇယ်မင္း ေမာင္းႏွင္လာေသာ YGN-3F/-------- AD Van အျဖဴေရာင္ယာဥ္သည္ အရွိန္မထိန္းႏိုင္ဘဲ တစ္ဖက္ယာဥ္ေၾကာ ၎လမ္းေဘးတြင္ ဂ်ာနယ္ေရာင္းခ်ရန္ ဆိုင္ခင္းက်င္းေနေသာ ေ႐ႊဘိုၿမိဳ႕၊ အမွတ္(၆)ရပ္ကြက္၊ သခြေတၱာရပ္ေန ဦးေက်ာ္သိန္း(သ) ၅၄ႏွစ္အား ဝင္ေရာက္တိုက္မိ၍ ဦးေက်ာ္သိန္းမွာ ဝဲဦးခ်ိဳေစာင္းေပါက္ၿပဲ၊ နားေသြးထြက္ဒဏ္ရာမ်ားရရွိကာ အခင္းျဖစ္သည့္ေနရာတြင္ ေသဆုံးခဲ့ေၾကာင္းသိရသည္။ အဆိုပါယာဥ္တိုက္မႈေၾကာင့္ AD Van အျဖဴေရာင္ယာဥ္၏ ေရွ႕ဘန္ကာ ျပဳတ္၊ ေရွ႕ေလကာမွန္ကြဲၿပီး စုစုေပါင္းပ်က္စီး ဆုံးရႈံးမႈတန္ဖိုး (၁၅၀၀၀၀) ပ်က္စီးဆုံးရႈံးခဲ့သည္။

ျဖစ္စဥ္ႏွင့္ပတ္သက္၍ လူေသဆုံးေအာင္ ယာဥ္မဆင္မျခင္ေမာင္းႏွင္သူ ယာဥ္ေမာင္း ဖိုးေအာင္(ခ)ေအာင္ေဇယ်မင္း(သ)၂၄ႏွစ္ အားေ႐ႊဘိုၿမိဳ႕မ ရဲစခန္းက အမႈဖြင့္အေရးယူေဆာင္႐ြက္ထားရွိေၾကာင္းသိရသည္။

ထြန္းျမင့္ေအာင္(ေ႐ႊဘို)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
-------------
Unicode
AD Van အဖြူရောင်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောရှိ လမ်းဘေးဂျာနယ်အရောင်းဆိုင်အား ဝင်တိုက်မိ၍ လူတစ်ဦးသေဆုံး

ရွှေဘို အောက်တိုဘာ ၁၄

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့တွင် AD Van အဖြူရောင်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောရှိ လမ်းဘေးဂျာနယ် အရောင်း ဆိုင်အား ဝင်တိုက်မိ၍ လူတစ်ဦးသေဆုံးခဲ့ကြောင်း ရွှေဘိုမြို့မ ရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၁၄ရက် နံနက် ၇နာရီခန့်တွင် ရွှေဘို-မန္တလေး သွားကားလမ်းမပေါ် ဖြိုးသဇင်လက်ဘက်ရည်ဆိုင်ရှေ့တွင် ၎င်းလမ်း အတိုင်း တောင်မှမြောက်သို့ ယာဉ်မောင်း ခင်ဦးမြို့၊ တည်ဖိုပင်ကျေးရွာ နေ ဖိုးအောင်(ခ) အောင်ဇေယျမင်း မောင်းနှင်လာသော YGN-3F/-------- AD Van အဖြူရောင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြော ၎င်းလမ်းဘေးတွင် ဂျာနယ်ရောင်းချရန် ဆိုင်ခင်းကျင်းနေသော ရွှေဘိုမြို့၊ အမှတ်(၆)ရပ်ကွက်၊ သခွတ္တောရပ်နေ ဦးကျော်သိန်း(သ) ၅၄နှစ်အား ဝင်ရောက်တိုက်မိ၍ ဦးကျော်သိန်းမှာ ဝဲဦးချိုစောင်းပေါက်ပြဲ၊ နားသွေးထွက်ဒဏ်ရာများရရှိကာ အခင်းဖြစ်သည့်နေရာတွင် သေဆုံးခဲ့ကြောင်းသိရသည်။ အဆိုပါယာဉ်တိုက်မှုကြောင့် AD Van အဖြူရောင်ယာဉ်၏ ရှေ့ဘန်ကာ ပြုတ်၊ ရှေ့လေကာမှန်ကွဲပြီး စုစုပေါင်းပျက်စီး ဆုံးရှုံးမှုတန်ဖိုး (၁၅၀၀၀၀) ပျက်စီးဆုံးရှုံးခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ လူသေဆုံးအောင် ယာဉ်မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း ဖိုးအောင်(ခ)အောင်ဇေယျမင်း(သ)၂၄နှစ် အားရွှေဘိုမြို့မ ရဲစခန်းက အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိကြောင်းသိရသည်။

ထွန်းမြင့်အောင်(ရွှေဘို)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
AD Van အျဖဴေရာင္ယာဥ္မွ အရွိန္မထိန္းႏိုင္ဘဲ တစ္ဖက္ယာဥ္ေၾကာရွိ လမ္းေဘးဂ်ာနယ္အေရာင္းဆိုင္အား ဝင္တိုက္မိ၍ လူတစ္ဦးေသဆုံး AD Van အျဖဴေရာင္ယာဥ္မွ အရွိန္မထိန္းႏိုင္ဘဲ တစ္ဖက္ယာဥ္ေၾကာရွိ လမ္းေဘးဂ်ာနယ္အေရာင္းဆိုင္အား ဝင္တိုက္မိ၍ လူတစ္ဦးေသဆုံး Reviewed by THITHTOOLWIN on 00:55 Rating: 5
Powered by Blogger.