ေတာင္ကိုရီးယား ေကေပါ့ စတား ေဆာ္လီ ေသဆုံး

Getty Images
Zawgyi
ေတာင္ကိုရီးယား ေကေပါ့ စတား ေဆာ္လီ ဆိုးလ္ၿမိဳ႕ေတာ္နားမွာရွိတဲ့ ေနအိမ္မွာ ေသဆုံးေနတာကို ေတြ႕ခဲ့ရပါတယ္။

အဆိုေတာ္ရဲ႕ မန္ေနဂ်ာက ေတြ႕ခဲ့တာလို႔ ရဲက ဘီဘီစီကို ေျပာပါတယ္။

ေသဆုံးမႈနဲ႔ ပတ္သက္ၿပီး ရဲတပ္ဖြဲ႕က စစ္ေဆးေနၿပီး ကိုယ့္ကိုယ္ကိုယ္ သတ္ေသတယ္ဆိုတဲ့ ယူဆခ်က္ေတြလည္း ရွိေနပါတယ္။

အင္စတာဂရမ္ ဝက္ဆိုက္မွာ ပရိသတ္ ငါးသန္းေက်ာ္ ရွိတဲ့ ေဆာ္လီဟာ မိန္းကေလး အဖြဲ႕ f(x) ရဲ႕ အဆိုေတာ္လည္း ျဖစ္ခဲ့သလို ၂ဝ၁၅ ကမွ သ႐ုပ္ေဆာင္အလုပ္ကို အာ႐ုံစိုက္ဖို႔ အဲဒီအဖြဲ႕က နားခဲ့တာ ျဖစ္ပါတယ္။

အသက္ ၂၅ ႏွစ္ရွိၿပီျဖစ္တဲ့ ေဆာ္လီရဲ႕ နာမည္က ခြၽိဳင္ ဂ်င္ရီပါ။ ‎

နာမည္ႀကီးသူတေယာက္ ႀကဳံရတဲ့ အင္တာနက္ေပၚက ေစာ္ကားမႈေတြအေၾကာင္း ႐ုပ္သံအစီအစဥ္ေတြမွာ ေျပာခဲ့ဖူး‎
အသံအားေကာင္းတဲ့အသံရွိသူတဦးအျဖစ္သူ႔ကို သတ္ မွတ္ထားၾကေပမယ့္ သူ႔ရဲ႕ ဝတ္စား ဆင္ယင္မႈနဲ႔ ပတ္သက္ၿပီး သူ႔က အြန္လိုင္းကေန မေတာ္မတရား ေျပာဆိုမႈေတြ ခံခဲ့ရပါတယ္။

ဒီလို ေစာ္ကားေျပာဆိုမႈေတြက ႐ုန္းထြက္ဖို႔ အဆိုေတာ္ အလုပ္ကို နားတာလို႔လည္း ယူဆေနၾကပါတယ္။

ေဆာ္လီဟာ လြတ္လပ္တဲ့စိတ္ ရွိသူလို႔လည္း ဂီတသတင္းေထာက္ ေတလာဂလပ္စ္ဘီက ေျပာပါတယ္။

"ဘဝကို သူေနခ်င္သလို ေနတဲ့သူ၊ လူေတြၾကားမွာလည္းသူက သိပ္ဂ႐ုစိုက္တာ မဟုတ္ဘူး" လို႔ ေတလာက ေရဒီယို ဝမ္း အစီအစဥ္ကို ေျပာပါတယ္။

ေတာင္ကိုရီးယားမွာ ေပါ့ဂီတအဆိုေတာ္ေတြကို အ႐ူးအမူး စြဲလမ္းၾကပါတယ္။

"ဒီလိုလူေတြ ဘာလုပ္လုပ္ ေစာင့္ၾကည့္ခံေနရပါတယ္။ ဒီအမ်ိဳးသမီးကေတာ့ သူ႔ကိုယ္သူ ဂ႐ုတစိုက္ရွိသူ မဟုတ္ဘူး၊ လူေတြ အျမင္က်ဥ္းတာကို သူက ဂ႐ုစိုက္တာ မဟုတ္ဘူး"

ဒီႏွစ္ထဲမွာ သူ႔ ပထမဆုံး တကိုယ္ေတာ္ေခြ ထြက္ခဲ့

ေဆာ္လီရဲ႕ အရင္အဖြဲ႕ f(x)က ေကေပါ့ေရစီးကို ေျပာင္းလဲခဲ့တယ္လို႔လည္း ေတလာက ဆိုပါတယ္။

"သူတို႔အဖြဲ႕က ထင္ရာလုပ္ၾကတာ၊ သူတို႔သီခ်င္းေတြက ပိုၿပီး ၾကမ္းရွတယ္၊ တီထြင္မႈပါတယ္၊ ဆန္းျပားတယ္ ေကေပါ့ထဲမွာ မိန္းကေလးဝိုင္း ပုံစံသစ္ေပၚေအာင္ လမ္းေဖာက္ခဲ့တာ။

"သူထြက္သြားေတာ့ သူ႔နာမည္က တင္က်န္ခဲ့တယ္ေလ"‎

ေဆာ္လီရဲ႕ အဖြဲ႕ေဟာင္းက အမ္ဘာ လ်ိဳးကေတာ့ ဒီသတင္းေၾကာင့္ တုန္လႈပ္ရေၾကာင္း အင္တာနက္မွာ ေရးသားခဲ့ပါတယ္။

 @llama_ajol @llama_ajol

ကိုယ့္ခႏၶာကိုယ္ကို ဘယ္လိုလွစ္ျပရမယ္ ဆိုရာမွာ ကိုယ္ပိုင္အခြင့္အေရး ရွိတယ္ဆိုၿပီး ေဆာ္လီက သူ႔ပရိသတ္ေတြကို မရွက္မေၾကာက္ ေျပာတတ္ပါတယ္။‎

ဘရာစီယာ မဝတ္တဲ့ လႈပ္ရွားမႈ တခုမွာလည္း သူပါခဲ့ၿပီး ပြဲေတာ္ေတာ္မ်ားမ်ားမွာ သူ႔သားျမတ္ကို ေဖာ္ျပတာေတြ လုပ္ခဲ့ဖူးပါတယ္။

ဒီလိုပုံေတြကို ၂ဝ၁၆ ေမလမွာ သူ႔အင္စတာဂရမ္မွာ စတင္ခဲ့ေတာ့ လူမႈကြန္ရက္မွာ ေစာ္ကားပုတ္ခတ္မႈေတြ အမ်ားႀကီး ႀကဳံခဲ့ရပါတယ္။

အရင္လကပဲ အင္စတာဂရမ္က တိုက္႐ိုက္လႊင့္ျပရင္း သူ႔ရင္သားကို မေတာ္တဆ ျပမိပါတယ္။ ေရွး႐ိုးဆန္တဲ့ ေတာင္ကိုရီးယားမွာေတာ့ ဒါက ထပ္ၿပီး လႈပ္ခတ္ခဲ့ျပန္ပါတယ္။

jelly_jilli jelly_jilli

ေဆာ္လီဟာ အသက္ ၂၇ ႏွစ္မွာ သတ္ေသသြားတဲ့ ေကေပါ့အဆိုေတာ္ ဂြၽန္ဟီယန္းနဲ႔လည္း မိတ္ေဆြေတြ ျဖစ္ခဲ့ပါတယ္။

BBC Burmese
https://www.bbc.com
-------------
Unicode
တောင်ကိုရီးယား ကေပေါ့ စတား ဆော်လီ သေဆုံး

တောင်ကိုရီးယား ကေပေါ့ စတား ဆော်လီ ဆိုးလ်မြို့တော်နားမှာရှိတဲ့ နေအိမ်မှာ သေဆုံးနေတာကို တွေ့ခဲ့ရပါတယ်။

အဆိုတော်ရဲ့ မန်နေဂျာက တွေ့ခဲ့တာလို့ ရဲက ဘီဘီစီကို ပြောပါတယ်။

သေဆုံးမှုနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့က စစ်ဆေးနေပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေတယ်ဆိုတဲ့ ယူဆချက်တွေလည်း ရှိနေပါတယ်။

အင်စတာဂရမ် ဝက်ဆိုက်မှာ ပရိသတ် ငါးသန်းကျော် ရှိတဲ့ ဆော်လီဟာ မိန်းကလေး အဖွဲ့ f(x) ရဲ့ အဆိုတော်လည်း ဖြစ်ခဲ့သလို ၂ဝ၁၅ ကမှ သရုပ်ဆောင်အလုပ်ကို အာရုံစိုက်ဖို့ အဲဒီအဖွဲ့က နားခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၅ နှစ်ရှိပြီဖြစ်တဲ့ ဆော်လီရဲ့ နာမည်က ချွိုင် ဂျင်ရီပါ။ ‎
ဓာတ်ပုံ မူပိုင် Getty Images
Image caption ‎ နာမည်ကြီးသူတယောက် ကြုံရတဲ့ အင်တာနက်ပေါ်က စော်ကားမှုတွေအကြောင်း ရုပ်သံအစီအစဉ်တွေမှာ ပြောခဲ့ဖူး‎

အသံအားကောင်းတဲ့အသံရှိသူတဦးအဖြစ်သူ့ကို သတ် မှတ်ထားကြပေမယ့် သူ့ရဲ့ ဝတ်စား ဆင်ယင်မှုနဲ့ ပတ်သက်ပြီး သူ့က အွန်လိုင်းကနေ မတော်မတရား ပြောဆိုမှုတွေ ခံခဲ့ရပါတယ်။

ဒီလို စော်ကားပြောဆိုမှုတွေက ရုန်းထွက်ဖို့ အဆိုတော် အလုပ်ကို နားတာလို့လည်း ယူဆနေကြပါတယ်။

ဆော်လီဟာ လွတ်လပ်တဲ့စိတ် ရှိသူလို့လည်း ဂီတသတင်းထောက် တေလာဂလပ်စ်ဘီက ပြောပါတယ်။

"ဘဝကို သူနေချင်သလို နေတဲ့သူ၊ လူတွေကြားမှာလည်းသူက သိပ်ဂရုစိုက်တာ မဟုတ်ဘူး" လို့ တေလာက ရေဒီယို ဝမ်း အစီအစဉ်ကို ပြောပါတယ်။

တောင်ကိုရီးယားမှာ ပေါ့ဂီတအဆိုတော်တွေကို အရူးအမူး စွဲလမ်းကြပါတယ်။

"ဒီလိုလူတွေ ဘာလုပ်လုပ် စောင့်ကြည့်ခံနေရပါတယ်။ ဒီအမျိုးသမီးကတော့ သူ့ကိုယ်သူ ဂရုတစိုက်ရှိသူ မဟုတ်ဘူး၊ လူတွေ အမြင်ကျဉ်းတာကို သူက ဂရုစိုက်တာ မဟုတ်ဘူး"
ဓာတ်ပုံ မူပိုင် Han Myung-Gu
Image caption ဒီနှစ်ထဲမှာ သူ့ ပထမဆုံး တကိုယ်တော်ခွေ ထွက်ခဲ့

ဆော်လီရဲ့ အရင်အဖွဲ့ f(x)က ကေပေါ့ရေစီးကို ပြောင်းလဲခဲ့တယ်လို့လည်း တေလာက ဆိုပါတယ်။

"သူတို့အဖွဲ့က ထင်ရာလုပ်ကြတာ၊ သူတို့သီချင်းတွေက ပိုပြီး ကြမ်းရှတယ်၊ တီထွင်မှုပါတယ်၊ ဆန်းပြားတယ် ကေပေါ့ထဲမှာ မိန်းကလေးဝိုင်း ပုံစံသစ်ပေါ်အောင် လမ်းဖောက်ခဲ့တာ။

"သူထွက်သွားတော့ သူ့နာမည်က တင်ကျန်ခဲ့တယ်လေ"‎

ဆော်လီရဲ့ အဖွဲ့ဟောင်းက အမ်ဘာ လျိုးကတော့ ဒီသတင်းကြောင့် တုန်လှုပ်ရကြောင်း အင်တာနက်မှာ ရေးသားခဲ့ပါတယ်။
ဓာတ်ပုံ မူပိုင် @llama_ajol @llama_ajol

ကိုယ့်ခန္ဓာကိုယ်ကို ဘယ်လိုလှစ်ပြရမယ် ဆိုရာမှာ ကိုယ်ပိုင်အခွင့်အရေး ရှိတယ်ဆိုပြီး ဆော်လီက သူ့ပရိသတ်တွေကို မရှက်မကြောက် ပြောတတ်ပါတယ်။‎

ဘရာစီယာ မဝတ်တဲ့ လှုပ်ရှားမှု တခုမှာလည်း သူပါခဲ့ပြီး ပွဲတော်တော်များများမှာ သူ့သားမြတ်ကို ဖော်ပြတာတွေ လုပ်ခဲ့ဖူးပါတယ်။

ဒီလိုပုံတွေကို ၂ဝ၁၆ မေလမှာ သူ့အင်စတာဂရမ်မှာ စတင်ခဲ့တော့ လူမှုကွန်ရက်မှာ စော်ကားပုတ်ခတ်မှုတွေ အများကြီး ကြုံခဲ့ရပါတယ်။

အရင်လကပဲ အင်စတာဂရမ်က တိုက်ရိုက်လွှင့်ပြရင်း သူ့ရင်သားကို မတော်တဆ ပြမိပါတယ်။ ရှေးရိုးဆန်တဲ့ တောင်ကိုရီးယားမှာတော့ ဒါက ထပ်ပြီး လှုပ်ခတ်ခဲ့ပြန်ပါတယ်။
ဓာတ်ပုံ မူပိုင် jelly_jilli jelly_jilli

ဆော်လီဟာ အသက် ၂၇ နှစ်မှာ သတ်သေသွားတဲ့ ကေပေါ့အဆိုတော် ဂျွန်ဟီယန်းနဲ့လည်း မိတ်ဆွေတွေ ဖြစ်ခဲ့ပါတယ်။

BBC Burmese
https://www.bbc.com
ေတာင္ကိုရီးယား ေကေပါ့ စတား ေဆာ္လီ ေသဆုံး ေတာင္ကိုရီးယား ေကေပါ့ စတား ေဆာ္လီ ေသဆုံး Reviewed by THITHTOOLWIN on 19:29 Rating: 5
Powered by Blogger.