ကာ/လံု ေခၚဖို႔ သင့္မသင့္


ကာကြယ္ေရးနဲ႔ လံုၿခံဳေရးေကာင္စီ အစည္းအေ၀း ပုံမွန္ ေခၚယူက်င္းပဖိုု႔ လိုုအပ္တယ္လိုု႔ တပ္မေတာ္က ေနာက္ဆုံး ျပဳလုုပ္ခဲ့တဲ့ ပုံမွန္ သတင္းစာရွင္းလင္းပြဲအတြင္း ေျပာဆုိလုိက္တဲ့အေပၚ အာဏာရပါတီ NLD က ေဝဖန္လိုုက္ပါတယ္။ ႏိုုင္ငံေရးေလ့လာသံုုးသပ္သူေတြကေတာ့ ႏွစ္ဘက္ ထိပ္တုိက္ ရင္ဆုိင္မႈေတြ အရွိန္ျမင့္လာတာေၾကာင့္ ဖြဲ႔စည္းပံုုျပင္ဆင္ေရး ခက္ခဲမယ္လိုု႔ သံုုးသပ္ေနၾကပါတယ္။ ဒီအေၾကာင္း ဗြီအိုုေအသတင္းေထာက္ ေမခက စုုစည္းတင္ျပထားပါတယ္။

စက္တင္ဘာ ၂၈ ရက္၊ စေနေန႔က ေနျပည္ေတာ္မွာ ျပဳလုပ္တဲ့ တပ္မေတာ္ သတင္းစာ ရွင္းလင္းပြဲ မွာ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႔ ဒုတိယ ဥကၠ႒ ဗိုလ္ခ်ဳပ္ ထြန္းထြန္းညီ က ႏိုင္ငံ့ထိပ္ပိုင္း ေခါင္းေဆာင္ေတြပါ၀င္တဲ့ ကာကြယ္ေရးနဲ႔ လံုျခံဳေရးေကာင္စီ အစည္းအေဝးကုိ ပုံမွန္ ေခၚယူ က်င္းပဖိုု႔ လိုုအပ္ေနၿပီလိုု႔ ေျပာဆိုုခဲ့ပါတယ္။ ၿငိမ္းခ်မ္းေရး ၊ တရားဥပေဒစိုးမိုးေရး၊ ဖြဲ႕စည္းပံုျပင္ဆင္ေရး စတဲ့ ကိစၥေတြနဲ႔ ပတ္သက္ၿပီး တစ္ဦးတစ္ေယာက္တစ္ဖြဲ႕တည္းရဲ႕ ဆံုးျဖတ္ခ်က္နဲ႔ မဟုတ္ဘဲ အားလံုး ညိွႏိႈင္းတိုင္ပင္ၿပီး ေဆာင္ရြက္သင့္တယ္လိုု႔ ေျပာဆိုုခဲ့တာပါ။

ဒီလိုုေျပာဆိုုလိုုက္တဲ့ အေပၚ အာဏာရပါတီ NLDရဲ႕ ဗဟိုုအမႈေဆာင္လဲျဖစ္၊ အမ်ိဳးသား လႊတ္ေတာ္ ကိုုယ္စားလွယ္လည္း ျဖစ္တဲ့ ဦးေအာင္ၾကည္ညႊန္႔ကေတာ့ တပ္မေတာ္အေနနဲ႔ သတင္းစာ ရွင္းလင္းပြဲကေန ဘာေၾကာင့္ ကာလံုုေခၚဖိုု႔ ေတာင္းဆုိရသလဲဆုိတဲ့အေပၚ ေမးခြန္းထုတ္ လုိက္ပါတယ္။

“က်ေနာ္စဥ္းစားတာက အခုလိုသတင္းစာရွင္းလင္းပြဲလုပ္ၿပီး ေျပာစရာလိုရဲ႕လားေပါ့ ။ တကယ္တမ္း ဒီအေျခအေနမွာ မူတည္ၿပီးေတာ့ ကာလံုုေခၚဖို႔ဆိုတာက ဘာေၾကာင့္ေခၚေစခ်င္တာလဲ ဘာေၾကာင့္ေခၚသင့္သလဲ ရွင္းလင္းၿပီးေတာ့ သမၼတေတြထဲမွာ ဒုတိယ သမၼတက တပ္မေတာ္ကို ကိုယ္စားျပဳတာလည္းရွိေနတာပဲေလ ဟုတ္တယ္မလား ကာလံုကို ေခၚဖို႔လိုတယ္ဆိုရင္ တိုင္းျပည္အတြက္ အေရးတႀကီးလိုအပ္တယ္။ ဒါမွမဟုတ္ရင္လည္း ဘယ္လိုကိစၥမ်ိဳးေတြလည္း ရွိေနၿပီ ဒါေၾကာင့္မလို႔ ကာလံုုကို ေခၚသင့္ၿပီဆိုတဲ့ကိစၥက က်ေနာ္ထင္တယ္ ၊ သတင္းစာရွင္းလင္းပြဲကေနတဆင့္ ေျပာရေအာင္ လုိအပ္တဲ့ကိစၥမဟုတ္ဘူးလို႔ က်ေနာ္သေဘာရတယ္။”

မၾကာေသးခင္ကလည္း တပ္မေတာ္ အရာရွိ ေဟာင္းေတြနဲ႔ ဖြဲ႔ထားတဲ့ ျပည္ခိုုင္ၿဖိဳးပါတီ ဘက္က ကာ/လုံရဲ႕ အႀကံျပဳခ်က္နဲ႔ သမၼတက လႊတ္ေတာ္ကုိ ဖ်က္သိမ္းေရး၊ ကာ/လုံ အစည္းအေ၀းကုိ ၂ လတႀကိမ္ ေခၚယူခြင့္တုိ႔ ပါ၀င္တဲ့ ၂၀၀၈ အေျခခံဥပေဒျပင္ဆင္ေရး မူၾကမ္းတခုုတင္ခဲ့ပါတယ္။ ဒါဟာတပ္မေတာ္ရဲ႕လုပ္ပုိင္ခြင့္အာဏာ ပိုရလာေအာင္ ႀကဳိးပမ္းမႈသာျဖစ္တယ္လို႔ သံုုးသပ္မႈေတြရွိေနခ်ိန္ အခုုလိုုတပ္မေတာ္ဘက္က တရားဝင္ ေျပာဆိုုလုိက္တာျဖစ္တယ္။

ကာလံုုလိုု႔ေခၚတဲ့ ကာကြယ္ေရးနဲ႔လံုျခံဳေရးေကာင္စီမွာ ႏိုင္ငံေတာ္ သမၼတ ၊ ဒုသမၼတ ႏွစ္ဦး၊ လႊတ္ေတာ္ ဥကၠ႒ေတြ၊ ႏိုင္ငံျခားေရး ၀န္ႀကီး ၊ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္နဲ႔ ဒုတိယ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ စတဲ့ သူေတြပါ၀င္ၿပီး တပ္မေတာ္ဘက္က (၆) ဦး၊ ျပည္သူက ေရြးေကာက္တင္ေျမာက္ထားတဲ့ ကုိယ္စားလွယ္ေတြဘက္က (၅) ဦး၊ စုစုေပါင္း (၁၁) ဦး ပါဝင္ပါတယ္။

လႊတ္ေတာ္တြင္း ဖြဲ႕စည္းပံုုျပင္ဆင္ေရးမွာ တပ္မေတာ္နဲ႔ လက္ရွိ အာဏာရပါတီတိုု႔ ပြတ္တိုုက္ မႈျပင္းထန္ေနမႈက ဖြဲ႔စည္းပံုုျပင္ဆင္ေရးကုိ ပုိၿပီး ခက္ခဲေစမယ္လိုု႔ သံုုးသပ္ေနၾကပါတယ္။

တေကာင္းအင္စတီက်ဴက အမႈေဆာင္ဒါရိုုက္တာ ဦးရဲမ်ိဳးဟိန္း ကေတာ့ တပ္မေတာ္ရဲ႕ ေျပာဆိုုလာမႈနဲ႔ပတ္သတ္ၿပီး

“က်ေနာ္တိုု႔ဒီႏိုုင္ငံလိုုမ်ိဳးမွာ အထူးသျဖင့္ ဒီအာဏာ ေျပာမယ္ဆိုရင္ေတာ့ တဖက္မွာ ေရြးေကာက္တင္ေျမာက္ထားတဲ့ အစိုးရ ရွိတယ္၊ တဘက္ ကလည္း အာဏာ ကိုင္ထားတဲ့ အင္အားစုေပါ့ တပ္မေတာ္ရွိေနတယ္ အဲလိုမ်ိဳး ႏိုင္ငံမ်ိဳးမွာေတာ့ တဖက္နဲ႔ တဖက္အၾကား ပြတ္တိုက္မႈေတြနဲ႔ တြဲၿပီးေတာ့ျဖစ္ေနတဲ့ ႏိုင္ငံမွာေတာ့ တေနရာမဟုတ္ တေနရာမွာေတာ့ ပြတ္တိုက္မႈေတြ ရွိေနမယ္လို႔ ျမင္တယ္ ။ အေျခခံဥပေဒ စၿပီးလုပ္ကတည္းက လြယ္တဲ့အေနအထားမ်ိဳးေတာ့ မရွိဘူး။ အေျခခံဥပေဒျပင္ဆင္မႈေတြက အေတာ္ေလး ေမွ်ာ္လင့္ခ်က္ နည္းတယ္လို႔ ျမင္ပါတယ္။ ဒီလို ပြတ္တိုက္မႈေတြ အားျပိဳင္မႈေတြနဲ႔ပဲ ဆက္ၿပီးေတာ့ သြားေနမယ့္ အေနအထား အလားအလာလို႔ ျမင္ပါတယ္။”

လက္ရွိမွာေတာ့ တပ္မေတာ္နဲ႔ ႀကံခိုုင္ေရးပါတီဘက္က အရင္ဦးသိန္းစိန္ လက္ထက္ကနဲ႔ မတူဘဲ ဖြဲ႕စည္းပံုုျပင္ေရးကိုု အခု NLD အစုိးရလက္ထက္မွာ ပုိႀကိဳးပမ္းလာေနတာကုိ ေတြ႔ရၿပီး ဖြဲ႔စည္းပံုုျပင္ဆင္ေရးအတြက္ မူၾကမ္း ၅ခုု တင္သြင္းထားၿပီး ျဖစ္ပါတယ္။ ဒါ့အျပင္ အခု ကာ/လံုုကုိလဲ တပ္မေတာ္ဘက္က ေခၚခ်င္တဲ့အခ်ိန္ ေခၚလုိ႔ရႏုိင္မယ့္ ျပင္ဆင္ခ်က္မူၾကမ္းအဆိုကုိ တင္သြင္းထားတာ ျဖစ္ပါတယ္။

....................

{Unicode}

ကာ/လုံ ခေါ်ဖို့ သင့်မသင့်

ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေး ပုံမှန် ခေါ်ယူကျင်းပဖို့ လိုအပ်တယ်လို့ တပ်မတော်က နောက်ဆုံး ပြုလုပ်ခဲ့တဲ့ ပုံမှန် သတင်းစာရှင်းလင်းပွဲအတွင်း ပြောဆိုလိုက်တဲ့အပေါ် အာဏာရပါတီ NLD က ဝေဖန်လိုက်ပါတယ်။ နိုင်ငံရေးလေ့လာသုံးသပ်သူတွေကတော့ နှစ်ဘက် ထိပ်တိုက် ရင်ဆိုင်မှုတွေ အရှိန်မြင့်လာတာကြောင့် ဖွဲ့စည်းပုံပြင်ဆင်ရေး ခက်ခဲမယ်လို့ သုံးသပ်နေကြပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် မေခက စုစည်းတင်ပြထားပါတယ်။

စက်တင်ဘာ ၂၈ ရက်၊ စနေနေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ တပ်မတော် သတင်းစာ ရှင်းလင်းပွဲ မှာ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ဗိုလ်ချုပ် ထွန်းထွန်းညီ က နိုင်ငံ့ထိပ်ပိုင်း ခေါင်းဆောင်တွေပါဝင်တဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးကို ပုံမှန် ခေါ်ယူ ကျင်းပဖို့ လိုအပ်နေပြီလို့ ပြောဆိုခဲ့ပါတယ်။ ငြိမ်းချမ်းရေး ၊ တရားဥပဒေစိုးမိုးရေး၊ ဖွဲ့စည်းပုံပြင်ဆင်ရေး စတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး တစ်ဦးတစ်ယောက်တစ်ဖွဲ့တည်းရဲ့ ဆုံးဖြတ်ချက်နဲ့ မဟုတ်ဘဲ အားလုံး ညှိနှိုင်းတိုင်ပင်ပြီး ဆောင်ရွက်သင့်တယ်လို့ ပြောဆိုခဲ့တာပါ။

ဒီလိုပြောဆိုလိုက်တဲ့ အပေါ် အာဏာရပါတီ NLDရဲ့ ဗဟိုအမှုဆောင်လဲဖြစ်၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်တဲ့ ဦးအောင်ကြည်ညွှန့်ကတော့ တပ်မတော်အနေနဲ့ သတင်းစာ ရှင်းလင်းပွဲကနေ ဘာကြောင့် ကာလုံခေါ်ဖို့ တောင်းဆိုရသလဲဆိုတဲ့အပေါ် မေးခွန်းထုတ် လိုက်ပါတယ်။

“ကျနော်စဉ်းစားတာက အခုလိုသတင်းစာရှင်းလင်းပွဲလုပ်ပြီး ပြောစရာလိုရဲ့လားပေါ့ ။ တကယ်တမ်း ဒီအခြေအနေမှာ မူတည်ပြီးတော့ ကာလုံခေါ်ဖို့ဆိုတာက ဘာကြောင့်ခေါ်စေချင်တာလဲ ဘာကြောင့်ခေါ်သင့်သလဲ ရှင်းလင်းပြီးတော့ သမ္မတတွေထဲမှာ ဒုတိယ သမ္မတက တပ်မတော်ကို ကိုယ်စားပြုတာလည်းရှိနေတာပဲလေ ဟုတ်တယ်မလား ကာလုံကို ခေါ်ဖို့လိုတယ်ဆိုရင် တိုင်းပြည်အတွက် အရေးတကြီးလိုအပ်တယ်။ ဒါမှမဟုတ်ရင်လည်း ဘယ်လိုကိစ္စမျိုးတွေလည်း ရှိနေပြီ ဒါကြောင့်မလို့ ကာလုံကို ခေါ်သင့်ပြီဆိုတဲ့ကိစ္စက ကျနော်ထင်တယ် ၊ သတင်းစာရှင်းလင်းပွဲကနေတဆင့် ပြောရအောင် လိုအပ်တဲ့ကိစ္စမဟုတ်ဘူးလို့ ကျနော်သဘောရတယ်။”

မကြာသေးခင်ကလည်း တပ်မတော် အရာရှိ ဟောင်းတွေနဲ့ ဖွဲ့ထားတဲ့ ပြည်ခိုင်ဖြိုးပါတီ ဘက်က ကာ/လုံရဲ့ အကြံပြုချက်နဲ့ သမ္မတက လွှတ်တော်ကို ဖျက်သိမ်းရေး၊ ကာ/လုံ အစည်းအဝေးကို ၂ လတကြိမ် ခေါ်ယူခွင့်တို့ ပါဝင်တဲ့ ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး မူကြမ်းတခုတင်ခဲ့ပါတယ်။ ဒါဟာတပ်မတော်ရဲ့လုပ်ပိုင်ခွင့်အာဏာ ပိုရလာအောင် ကြိုးပမ်းမှုသာဖြစ်တယ်လို့ သုံးသပ်မှုတွေရှိနေချိန် အခုလိုတပ်မတော်ဘက်က တရားဝင် ပြောဆိုလိုက်တာဖြစ်တယ်။

ကာလုံလို့ခေါ်တဲ့ ကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီမှာ နိုင်ငံတော် သမ္မတ ၊ ဒုသမ္မတ နှစ်ဦး၊ လွှတ်တော် ဥက္ကဋ္ဌတွေ၊ နိုင်ငံခြားရေး ဝန်ကြီး ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် စတဲ့ သူတွေပါဝင်ပြီး တပ်မတော်ဘက်က (၆) ဦး၊ ပြည်သူက ရွေးကောက်တင်မြောက်ထားတဲ့ ကိုယ်စားလှယ်တွေဘက်က (၅) ဦး၊ စုစုပေါင်း (၁၁) ဦး ပါဝင်ပါတယ်။

လွှတ်တော်တွင်း ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ တပ်မတော်နဲ့ လက်ရှိ အာဏာရပါတီတို့ ပွတ်တိုက် မှုပြင်းထန်နေမှုက ဖွဲ့စည်းပုံပြင်ဆင်ရေးကို ပိုပြီး ခက်ခဲစေမယ်လို့ သုံးသပ်နေကြပါတယ်။

တကောင်းအင်စတီကျူက အမှုဆောင်ဒါရိုက်တာ ဦးရဲမျိုးဟိန်း ကတော့ တပ်မတော်ရဲ့ ပြောဆိုလာမှုနဲ့ပတ်သတ်ပြီး

“ကျနော်တို့ဒီနိုင်ငံလိုမျိုးမှာ အထူးသဖြင့် ဒီအာဏာ ပြောမယ်ဆိုရင်တော့ တဖက်မှာ ရွေးကောက်တင်မြောက်ထားတဲ့ အစိုးရ ရှိတယ်၊ တဘက် ကလည်း အာဏာ ကိုင်ထားတဲ့ အင်အားစုပေါ့ တပ်မတော်ရှိနေတယ် အဲလိုမျိုး နိုင်ငံမျိုးမှာတော့ တဖက်နဲ့ တဖက်အကြား ပွတ်တိုက်မှုတွေနဲ့ တွဲပြီးတော့ဖြစ်နေတဲ့ နိုင်ငံမှာတော့ တနေရာမဟုတ် တနေရာမှာတော့ ပွတ်တိုက်မှုတွေ ရှိနေမယ်လို့ မြင်တယ် ။ အခြေခံဥပဒေ စပြီးလုပ်ကတည်းက လွယ်တဲ့အနေအထားမျိုးတော့ မရှိဘူး။ အခြေခံဥပဒေပြင်ဆင်မှုတွေက အတော်လေး မျှော်လင့်ချက် နည်းတယ်လို့ မြင်ပါတယ်။ ဒီလို ပွတ်တိုက်မှုတွေ အားပြိုင်မှုတွေနဲ့ပဲ ဆက်ပြီးတော့ သွားနေမယ့် အနေအထား အလားအလာလို့ မြင်ပါတယ်။”

လက်ရှိမှာတော့ တပ်မတော်နဲ့ ကြံခိုင်ရေးပါတီဘက်က အရင်ဦးသိန်းစိန် လက်ထက်ကနဲ့ မတူဘဲ ဖွဲ့စည်းပုံပြင်ရေးကို အခု NLD အစိုးရလက်ထက်မှာ ပိုကြိုးပမ်းလာနေတာကို တွေ့ရပြီး ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် မူကြမ်း ၅ခု တင်သွင်းထားပြီး ဖြစ်ပါတယ်။ ဒါ့အပြင် အခု ကာ/လုံကိုလဲ တပ်မတော်ဘက်က ခေါ်ချင်တဲ့အချိန် ခေါ်လို့ရနိုင်မယ့် ပြင်ဆင်ချက်မူကြမ်းအဆိုကို တင်သွင်းထားတာ ဖြစ်ပါတယ်။

 ေမခ/ ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
ကာ/လံု ေခၚဖို႔ သင့္မသင့္ ကာ/လံု ေခၚဖို႔ သင့္မသင့္ Reviewed by THITHTOOLWIN on 20:03 Rating: 5
Powered by Blogger.