ရခုိင္အင္တာနက္ ျဖတ္ေတာက္မႈ ကုလစိုးရိမ္

ရခိုင္ျပည္နယ္ ေက်ာက္တန္း ပစ္ခတ္မႈ ျဖစ္စဥ္
ရခိုင္ျပည္နယ္က ၿမိဳ႕နယ္ေလးၿမိဳ႕နယ္မွာ အင္တာနက္ေတြ ဆက္ၿပီး ပိတ္ပင္ထားတာေၾကာင့္ ကုလသမဂၢ၀န္ထမ္းေတြရဲ႕ လူသားခ်င္းစာနာမႈ အကူအညီေပးေရးနဲ႔ ဖံြၿဖိဳးေရးလုပ္ငန္းေတြမွာ အဟန္႔အတားေတြျဖစ္ေနတဲ့ အေျခအေနကို ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရံုးအေနနဲ႔ စိုးရိမ္မိ ေၾကာင္း ကုလ ေျပာခြင့္ရက ဗီြအိုေအကို ေျပာပါတယ္။

ရခိုင္ျပည္နယ္မွာ 3G၊ 4G အင္တာနက္လိုင္းေတြကို ျမန္မာအစိုးရက ျဖတ္ေတာက္မႈဟာ ႏိုင္ငံတကာဥပေဒနဲ႔ မညီပဲ ေဒသခံျပည္သူေတြကို ဒဏ္ခတ္တဲ့ပံုစံမ်ဳိး ျဖစ္ေနေၾကာင္း HRW လူ႔အခြင့္အေရး ေစာင့္ၾကည့္ေရးအဖဲြ႔ႀကီးကလည္း ေ၀ဖန္ေျပာဆိုလိုက္ပါတယ္။

မအင္ၾကင္းႏိုင္က အျပည့္အစံုကို တင္ျပမွာပါ။

ရခိုင္ျပည္နယ္ ပုဏၰားကြ်န္း၊ ေက်ာက္ေတာ္၊ ေျမာက္ဦးနဲ႔ မင္းျပား စတဲ့ ၿမိဳ႕နယ္ေလးၿမိဳ႕နယ္မွာ 3G၊ 4G မိုဘိုင္းလ္ဖုန္း အင္တာနက္လိုင္းေတြကို အစိုးရက ဆက္လက္ပိတ္ပင္ထားတာဟာ မေန႔ တနလၤာေန႔ ကဆိုရင္ ရက္ေပါင္း ၁၀၁ ရက္ရွိသြားၿပီျဖစ္ပါတယ္။

ကုလသမဂၢရဲ႕ လူသားခ်င္းစာနာမႈနဲ႔ ဖံြၿဖိဳးေရး လုပ္ငန္းေတြ လြယ္ကူေခ်ာ့ေမြေစေရး မရွိမျဖစ္လိုအပ္တဲ့ လက္ကိုင္ဖုန္း အင္တာနက္ ဆက္သြယ္ေရးကို အခုလို ျဖတ္ေတာက္ခံထားရတာေၾကာင့္ ကုလသမဂၢရဲ႕ လုပ္ငန္းေတြမွာ မ်ားစြာ အဟန္႔အတားျဖစ္ေစတယ္လုိ႔ ကုလသမဂၢ ျမန္မာႏိုင္ငံ ရံုးက စက္တင္ဘာလ ၃၀ ရက္ေန႔ က ေၾကညာခ်က္ ထုတ္ျပန္ခဲ့ပါတယ္။

ဇြန္လ ၂၂ ရက္ေန႔ကတည္းက စတင္ၿပီး အင္တာနက္ ပိတ္ပင္ခဲ့တဲ့ ရခိုင္ျပည္နယ္ ၉ ၿမိဳ႕နယ္ ထဲက ၅ ၿမိဳ႕နယ္ကို စက္တင္ဘာလ ၁ ရက္ေန႔မွာ ျပန္ၿပီး ဖြင့္ေပးခဲ့တာကို ႀကိဳဆုိေပမယ့္ ဆက္လက္ပိတ္ပင္ ထားတဲ့ ၿမိဳ႕နယ္ ၄ ၿမိဳ႕နယ္မွာ အင္တာနက္ ဆက္သြယ္မႈ ရပ္ဆိုင္းထားတာကို အဆံုးသတ္ဖို႔ ကုလသမဂၢ ျမန္မာႏိုင္ငံရံုးက ေၾကညာခ်က္မွာ ျမန္မာအစိုးရကို တိုက္တြန္းထားပါတယ္။

အင္တာနက္ ၀န္ေဆာင္မႈေတြကို ဆက္လက္ပိတ္ပင္ထားတာေၾကာင့္ ရခိုင္ျပည္နယ္မွာရွိတဲ့ ကုလသမဂၢ၀န္ထမ္းေတြရဲ႕ လုပ္ငန္းေတြမွာ အဟန္႔အတားေတြျဖစ္ေနတဲ့ အေျခအေနကို စိုးရိမ္မကင္း ျဖစ္မိေၾကာင္း နယူးေရာက္ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရံုးရဲ႕ ေျပာခြင့္ရ အမ်ဳိးသမီး Eri Kaneko က ဗီြအိုေအကို ေျပာပါတယ္။

“အေျခခံလူ႔အခြင့္အေရးလို႔ ကုလသမဂၢက ယံုၾကည္ထားတဲ့ သတင္းအခ်က္အလက္ေတြ သိပိုင္ခြင့္၊ လြတ္လပ္စြာ ထုတ္ေဖၚေျပာဆိုခြင့္ ေတြအတြက္ အင္တာနက္ ဆက္သြယ္ေရးဟာ အလြန္အေရးပါ ပါတယ္။ ရခိုင္ျပည္နယ္မွာ အလုပ္လုပ္ေနတဲ့ က်မတို႔ လုပ္ေဖၚကိုင္ဖက္ေတြအတြက္ က်မတို႔ စိုးရိမ္မိပါတယ္။ ဒီလို အင္တာနက္ ပိတ္ပင္မႈေၾကာင့္ သူတို႔အလုပ္ေတြမွာ အေႏွာင့္အယွက္ အဟန္႔အတား မျဖစ္ေစဖို႔ က်မတို႔ ေမွ်ာ္လင့္ပါတယ္။”

ကုလသမဂၢ ျမန္မာႏိုင္ငံရံုးက ထုတ္ျပန္ခ်က္မွာ အခုလို အင္တာနက္ ပိတ္ပင္တာဟာ ျမန္မာအစိုးရ လက္မွတ္ေရးထိုးထားတဲ့ ကုလသမဂၢရဲ႕ SDG ဖြံၿဖိဳးေရးဆိုင္ရာ မူေတြနဲ႔ ဆန္႔က်င္ဘက္ျဖစ္ေနတယ္လို႔ ေထာက္ျပထားပါတယ္။

နယူးေရာက္အေျခစိုက္ HRW လူ႔အခြင့္အေရး ေစာင့္ၾကည့္ေရးအဖဲြ႔ႀကီးကလည္း ရခိုင္ျပည္နယ္မွာ ျမန္မာအစိုးရရဲ႕ အင္တာနက္ပိတ္ပင္မႈဟာ ႏိုင္ငံတကာဥပေဒနဲ႔ မညီပဲ ေဒသခံေတြကို ဒဏ္ခတ္တဲ့ အျပဳအမူမ်ဳိး ျဖစ္ေနေၾကာင္း အဖဲြ႔ရဲ႕ အာရွ ပစိဖိတ္ဆိုင္ရာ တာ၀န္ခံ John Sifton က ဗီြအိုေအကို ေျပာပါတယ္။

“မိုဘိုင္းဖုန္း အင္တာနက္ ဆက္သြယ္မႈနဲ႔ ပတ္သက္လို႔ ျမန္မာအပါအ၀င္ အစိုးရ အနည္းငယ္ေလာက္ပဲ သူတို႔ရဲ႕ လုပ္ပိုင္ခြင့္အာဏာ ဒါမွမဟုတ္ အက်ဳိးအေၾကာင္းျပဖို႔ အခုလို ျဖတ္ေတာက္ ရပ္ဆိုင္းတာမ်ဳိး လုပ္ေလ့ရွိပါတယ္။ အင္တာနက္ေတြ ပိတ္ပင္ ကန္႔သတ္ထားတဲ့ ရခိုင္ျပည္နယ္နဲ႔ ဘဂၤလားေဒ့ရွ္က ျဖစ္ရပ္ေတြမွာ က်ေနာ္တို႔ ေတြ႕ျမင္ရတာကေတာ့ လူေတြကို ဒဏ္ခတ္တဲ့အေနနဲ႔ မိုဘိုင္းလ္ဖုန္း အင္တာနက္ေတြကို အစိုးရေတြက ျဖတ္ေတာက္ပစ္တာျဖစ္ပါတယ္။ ႏိုင္ငံတကာ ဥပေဒနဲ႔အညီ ေကာင္းမြန္ခိုင္လံုတဲ့ အေၾကာင္းျပခ်က္နဲ႔ လုပ္ခဲ့တာမဟုတ္ပါဘူး။”

ကုလသမဂၢရဲ႕ ထုတ္ျပန္ခ်က္မွာလည္း ပဋိပကၡေတြ ျဖစ္ေနတဲ့ ေနရာမွာ အင္တာနက္ ပိတ္ပင္မႈေၾကာင့္ ပိုၿပီး ထိခိုက္နစ္နာမႈေတြရွိေနတာဟာ အဲဒီေဒသက ျပည္သူေတြပဲျဖစ္တယ္လို႔ ေဖၚျပထားတာပါ။ အေမရိကန္အေျခစိုက္ အေမရိကန္-ရခိုင္လူမႈအဖဲြ႔အစည္းအေနနဲ႔လည္း အခုလို အင္တာနက္ေတြကို ရခိုင္ျပည္နယ္မွာ ဆက္လက္္ပိတ္ပင္ထားမႈေၾကာင့္ ေဒသခံျပည္သူေတြ အဓိက ရင္ဆိုင္ေနရတဲ့ အခက္အခဲေတြကို စိုးရိမ္မိေၾကာင္း အဖဲြ႔ရဲ႕ ဒုဥကၠဌ ဦးသိန္းထြန္းဇံ က ဗီြအိုေအကို ေျပာပါတယ္။

“ေန႔တဓူ၀ သူတို႔ရဲ႕ က်န္းမာေရး ၊ စီးပြားေရးေပါ့ေလ အဲဒါေတြအစ အေရးေပၚကိစၥေတြအတြက္ အလုပ္လုပ္တဲ့အခါမွာ က်ေနာ္တို႔က ဒီရခိုင္ျပည္နယ္ဆိုတာ ေတာ္ေတာ္ေလး ေခါင္တဲ့ေနရာမ်ိဳးလည္း ျဖစ္ေနေသးတယ္။ တျခားလမ္းပမ္း ဆက္သြယ္ေရးအခက္အခဲေတြလည္း အမ်ားႀကီးရွိေနေသးတဲ့အခါက်ေတာ့ ဒါကို အင္တာနက္နဲ႔ ဖုန္းကိုပါ ပိတ္ခံရတယ္ဆိုရင္ ဆက္သြယ္ေရးက အမ်ားႀကီး အေႏွာင့္အယွက္ျဖစ္သြားၿပီးေတာ့ ႏိုင္ငံတကာအဖြဲ႔အစည္းေတြေရာ UN ကိုေရာ ဒုကၡေရာက္ေနတဲ့ စစ္ေဘးေရွာင္ဒုကၡသည္ေတြေရာ ၊ အကူအညီေပးေနတဲ့ အဖြဲ႔အစည္းေတြရဲ႕အလုပ္ေတြပါ အမ်ားႀကီးသြားၿပီးေတာ့ ထိခိုက္ေစတယ္။ ထိခိုက္ေစတဲ့အတြက္ အဲဒီမွာ ရွိတဲ့ ေဒသခံျပည္သူေတြကို ဒါရိုက္ ဒုကၡေရာက္ေစပါတယ္။”

အခုလို ရခိုင္ျပည္နယ္မွာ အင္တာနက္ ပိတ္ပင္ထားတာကို ျပန္ဖြင့္ဖို႔ ကုလသမဂၢရဲ႕ တိုက္တြန္းခ်က္ကို ျမန္မာအစိုးရနဲ႔ တပ္မေတာ္က သက္ဆိုင္ရာ တာ၀န္ရွိသူေတြကေန ျပန္လည္သံုးသပ္ စဥ္းစားမွာျဖစ္ေၾကာင္း တပ္မေတာ္ ေျပာေရးဆိုခြင့္ရွိသူက သတင္းမီဒီယာေတြကို တနလၤာေန႔က တံု႔ျပန္ေျပာဆိုထားပါတယ္။

.................

{Unicode}

ရခိုင်အင်တာနက် ဖြတ်တောက်မှု ကုလစိုးရိမ်

ရခိုင်ပြည်နယ်က မြို့နယ်လေးမြို့နယ်မှာ အင်တာနက်တွေ ဆက်ပြီး ပိတ်ပင်ထားတာကြောင့် ကုလသမဂ္ဂဝန်ထမ်းတွေရဲ့ လူသားချင်းစာနာမှု အကူအညီပေးရေးနဲ့ ဖွံဖြိုးရေးလုပ်ငန်းတွေမှာ အဟန့်အတားတွေဖြစ်နေတဲ့ အခြေအနေကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံးအနေနဲ့ စိုးရိမ်မိ ကြောင်း ကုလ ပြောခွင့်ရက ဗွီအိုအေကို ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ 3G၊ 4G အင်တာနက်လိုင်းတွေကို မြန်မာအစိုးရက ဖြတ်တောက်မှုဟာ နိုင်ငံတကာဥပဒေနဲ့ မညီပဲ ဒေသခံပြည်သူတွေကို ဒဏ်ခတ်တဲ့ပုံစံမျိုး ဖြစ်နေကြောင်း HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကြီးကလည်း ဝေဖန်ပြောဆိုလိုက်ပါတယ်။

မအင်ကြင်းနိုင်က အပြည့်အစုံကို တင်ပြမှာပါ။

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးနဲ့ မင်းပြား စတဲ့ မြို့နယ်လေးမြို့နယ်မှာ 3G၊ 4G မိုဘိုင်းလ်ဖုန်း အင်တာနက်လိုင်းတွေကို အစိုးရက ဆက်လက်ပိတ်ပင်ထားတာဟာ မနေ့ တနင်္လာနေ့ ကဆိုရင် ရက်ပေါင်း ၁၀၁ ရက်ရှိသွားပြီဖြစ်ပါတယ်။

ကုလသမဂ္ဂရဲ့ လူသားချင်းစာနာမှုနဲ့ ဖွံဖြိုးရေး လုပ်ငန်းတွေ လွယ်ကူချော့မွေစေရေး မရှိမဖြစ်လိုအပ်တဲ့ လက်ကိုင်ဖုန်း အင်တာနက် ဆက်သွယ်ရေးကို အခုလို ဖြတ်တောက်ခံထားရတာကြောင့် ကုလသမဂ္ဂရဲ့ လုပ်ငန်းတွေမှာ များစွာ အဟန့်အတားဖြစ်စေတယ်လို့ ကုလသမဂ္ဂ မြန်မာနိုင်ငံ ရုံးက စက်တင်ဘာလ ၃၀ ရက်နေ့ က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ဇွန်လ ၂၂ ရက်နေ့ကတည်းက စတင်ပြီး အင်တာနက် ပိတ်ပင်ခဲ့တဲ့ ရခိုင်ပြည်နယ် ၉ မြို့နယ် ထဲက ၅ မြို့နယ်ကို စက်တင်ဘာလ ၁ ရက်နေ့မှာ ပြန်ပြီး ဖွင့်ပေးခဲ့တာကို ကြိုဆိုပေမယ့် ဆက်လက်ပိတ်ပင် ထားတဲ့ မြို့နယ် ၄ မြို့နယ်မှာ အင်တာနက် ဆက်သွယ်မှု ရပ်ဆိုင်းထားတာကို အဆုံးသတ်ဖို့ ကုလသမဂ္ဂ မြန်မာနိုင်ငံရုံးက ကြေညာချက်မှာ မြန်မာအစိုးရကို တိုက်တွန်းထားပါတယ်။

အင်တာနက် ဝန်ဆောင်မှုတွေကို ဆက်လက်ပိတ်ပင်ထားတာကြောင့် ရခိုင်ပြည်နယ်မှာရှိတဲ့ ကုလသမဂ္ဂဝန်ထမ်းတွေရဲ့ လုပ်ငန်းတွေမှာ အဟန့်အတားတွေဖြစ်နေတဲ့ အခြေအနေကို စိုးရိမ်မကင်း ဖြစ်မိကြောင်း နယူးရောက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံးရဲ့ ပြောခွင့်ရ အမျိုးသမီး Eri Kaneko က ဗွီအိုအေကို ပြောပါတယ်။

“အခြေခံလူ့အခွင့်အရေးလို့ ကုလသမဂ္ဂက ယုံကြည်ထားတဲ့ သတင်းအချက်အလက်တွေ သိပိုင်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့် တွေအတွက် အင်တာနက် ဆက်သွယ်ရေးဟာ အလွန်အရေးပါ ပါတယ်။ ရခိုင်ပြည်နယ်မှာ အလုပ်လုပ်နေတဲ့ ကျမတို့ လုပ်ဖေါ်ကိုင်ဖက်တွေအတွက် ကျမတို့ စိုးရိမ်မိပါတယ်။ ဒီလို အင်တာနက် ပိတ်ပင်မှုကြောင့် သူတို့အလုပ်တွေမှာ အနှောင့်အယှက် အဟန့်အတား မဖြစ်စေဖို့ ကျမတို့ မျှော်လင့်ပါတယ်။”

ကုလသမဂ္ဂ မြန်မာနိုင်ငံရုံးက ထုတ်ပြန်ချက်မှာ အခုလို အင်တာနက် ပိတ်ပင်တာဟာ မြန်မာအစိုးရ လက်မှတ်ရေးထိုးထားတဲ့ ကုလသမဂ္ဂရဲ့ SDG ဖွံဖြိုးရေးဆိုင်ရာ မူတွေနဲ့ ဆန့်ကျင်ဘက်ဖြစ်နေတယ်လို့ ထောက်ပြထားပါတယ်။

နယူးရောက်အခြေစိုက် HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကြီးကလည်း ရခိုင်ပြည်နယ်မှာ မြန်မာအစိုးရရဲ့ အင်တာနက်ပိတ်ပင်မှုဟာ နိုင်ငံတကာဥပဒေနဲ့ မညီပဲ ဒေသခံတွေကို ဒဏ်ခတ်တဲ့ အပြုအမူမျိုး ဖြစ်နေကြောင်း အဖွဲ့ရဲ့ အာရှ ပစိဖိတ်ဆိုင်ရာ တာဝန်ခံ John Sifton က ဗွီအိုအေကို ပြောပါတယ်။

“မိုဘိုင်းဖုန်း အင်တာနက် ဆက်သွယ်မှုနဲ့ ပတ်သက်လို့ မြန်မာအပါအဝင် အစိုးရ အနည်းငယ်လောက်ပဲ သူတို့ရဲ့ လုပ်ပိုင်ခွင့်အာဏာ ဒါမှမဟုတ် အကျိုးအကြောင်းပြဖို့ အခုလို ဖြတ်တောက် ရပ်ဆိုင်းတာမျိုး လုပ်လေ့ရှိပါတယ်။ အင်တာနက်တွေ ပိတ်ပင် ကန့်သတ်ထားတဲ့ ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်က ဖြစ်ရပ်တွေမှာ ကျနော်တို့ တွေ့မြင်ရတာကတော့ လူတွေကို ဒဏ်ခတ်တဲ့အနေနဲ့ မိုဘိုင်းလ်ဖုန်း အင်တာနက်တွေကို အစိုးရတွေက ဖြတ်တောက်ပစ်တာဖြစ်ပါတယ်။ နိုင်ငံတကာ ဥပဒေနဲ့အညီ ကောင်းမွန်ခိုင်လုံတဲ့ အကြောင်းပြချက်နဲ့ လုပ်ခဲ့တာမဟုတ်ပါဘူး။”

ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာလည်း ပဋိပက္ခတွေ ဖြစ်နေတဲ့ နေရာမှာ အင်တာနက် ပိတ်ပင်မှုကြောင့် ပိုပြီး ထိခိုက်နစ်နာမှုတွေရှိနေတာဟာ အဲဒီဒေသက ပြည်သူတွေပဲဖြစ်တယ်လို့ ဖေါ်ပြထားတာပါ။ အမေရိကန်အခြေစိုက် အမေရိကန်-ရခိုင်လူမှုအဖွဲ့အစည်းအနေနဲ့လည်း အခုလို အင်တာနက်တွေကို ရခိုင်ပြည်နယ်မှာ ဆက်လက်ပိတ်ပင်ထားမှုကြောင့် ဒေသခံပြည်သူတွေ အဓိက ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို စိုးရိမ်မိကြောင်း အဖွဲ့ရဲ့ ဒုဥက္ကဌ ဦးသိန်းထွန်းဇံ က ဗွီအိုအေကို ပြောပါတယ်။

“နေ့တဓူ၀ သူတို့ရဲ့ ကျန်းမာရေး ၊ စီးပွားရေးပေါ့လေ အဲဒါတွေအစ အရေးပေါ်ကိစ္စတွေအတွက် အလုပ်လုပ်တဲ့အခါမှာ ကျနော်တို့က ဒီရခိုင်ပြည်နယ်ဆိုတာ တော်တော်လေး ခေါင်တဲ့နေရာမျိုးလည်း ဖြစ်နေသေးတယ်။ တခြားလမ်းပမ်း ဆက်သွယ်ရေးအခက်အခဲတွေလည်း အများကြီးရှိနေသေးတဲ့အခါကျတော့ ဒါကို အင်တာနက်နဲ့ ဖုန်းကိုပါ ပိတ်ခံရတယ်ဆိုရင် ဆက်သွယ်ရေးက အများကြီး အနှောင့်အယှက်ဖြစ်သွားပြီးတော့ နိုင်ငံတကာအဖွဲ့အစည်းတွေရော UN ကိုရော ဒုက္ခရောက်နေတဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေရော ၊ အကူအညီပေးနေတဲ့ အဖွဲ့အစည်းတွေရဲ့အလုပ်တွေပါ အများကြီးသွားပြီးတော့ ထိခိုက်စေတယ်။ ထိခိုက်စေတဲ့အတွက် အဲဒီမှာ ရှိတဲ့ ဒေသခံပြည်သူတွေကို ဒါရိုက် ဒုက္ခရောက်စေပါတယ်။”

အခုလို ရခိုင်ပြည်နယ်မှာ အင်တာနက် ပိတ်ပင်ထားတာကို ပြန်ဖွင့်ဖို့ ကုလသမဂ္ဂရဲ့ တိုက်တွန်းချက်ကို မြန်မာအစိုးရနဲ့ တပ်မတော်က သက်ဆိုင်ရာ တာဝန်ရှိသူတွေကနေ ပြန်လည်သုံးသပ် စဉ်းစားမှာဖြစ်ကြောင်း တပ်မတော် ပြောရေးဆိုခွင့်ရှိသူက သတင်းမီဒီယာတွေကို တနင်္လာနေ့က တုံ့ပြန်ပြောဆိုထားပါတယ်။

အင္ၾကင္းႏိုင္/ ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
ရခုိင္အင္တာနက္ ျဖတ္ေတာက္မႈ ကုလစိုးရိမ္ ရခုိင္အင္တာနက္ ျဖတ္ေတာက္မႈ ကုလစိုးရိမ္ Reviewed by THITHTOOLWIN on 20:01 Rating: 5
Powered by Blogger.