စစ္တပ္ကိုအေရးယူရင္ ျဖစ္လာႏုိင္္ေျခအက်ဳိးဆက္ အေမရိကန္-အာဆီယံ စီးပြားေရးေကာင္စီ ေထာက္ျပ

UMFCCI တာဝန္ရွိသူမ်ားႏွင့္ US-ASEAN စီးပြားေရးေကာင္စီ၊ အေမရိကန္စီးပြားေရးလုပ္ငန္းမ်ား ေဆြးေႏြးပြဲ (စက္တင္ဘာ ၃၀၊ ၂၀၁၉) (ခရက္ဒစ္ UMFCCI တရားဝင္ Facebook စာမ်က္ႏွာ)
Zawgyi
ရခိုင္္ျပည္နယ္အက်ပ္အတည္းမွာ တာ၀န္ယူမႈ၊ တာ၀န္ခံမႈရွိလာေစဖို႔ ျမန္မာစစ္တပ္ကို အေမရိကန္ဘက္က ပစ္မွတ္ထား အေရးယူမယ့္ကိစၥမွာ စီးပြားေရးပိတ္ဆို႔မႈေတြပါ ပါလာမယ္ဆိုရင္ ျမန္မာႏိုင္ငံရဲ႕ စီးပြားေရးလုပ္ငန္းေတြကို ထိခိုက္ႏိုင္တယ္လို႔ အေမရိကန္ လုပ္ငန္းရွင္ေတြဘက္ကျမင္ေၾကာင္း အေမရိကန္-အာဆီယံ စီးပြားေရးေကာင္စီက ေျပာပါတယ္။ မအင္ၾကင္းႏိုင္က တင္ျပထားပါတယ္။

ျမန္မာႏိုင္ငံမွာ အေမရိကန္ ရင္းႏွီးျမွဳပ္ႏွံမႈေတြကို တိုးျမွင့္လုပ္ေဆာင္ဖို႔ ရည္ရြယ္ခ်က္နဲ႔ ၀ါရွင္တန္ဒီစီအ ေျခစိုက္ အေမရိကန္-အာဆီယံ စီးပြားေရးေကာင္စီ ဦးေဆာင္တဲ့ အေမရိကန္လုပ္ငန္းရွင္မ်ားအဖဲြ႔ဟာ ၿပီးခဲ့တဲ့ စက္တင္ဘာလအကုန္က ျမန္မာႏိုင္ငံကို သြားေရာက္ၿပီး အစိုးရတာ၀န္ရွိသူေတြအပါအ၀င္ ျမန္မာကုန္သည္ စက္မႈအသင္းခ်ဳပ္နဲ႔ ေတြ႕ဆံုေဆြး ေႏြးခဲ့ပါတယ္။

ျမန္မာႏိုင္ငံမွာ လက္ရွိ ရင္းႏွီးျမွဳပ္ႏွံလုပ္ကိုင္ေနတဲ့ Chervon, Ford, Google, Amazon၊ Coca-Cola၊ MasterCard, Visa စတဲ့ အေမရိကန္ စီးပြားေရး ကုမၸဏီႀကီးေတြရဲ႕ ကိုယ္စားလွယ္ေတြလည္း အဲဒီအဖဲြ႔မွာ ပါ၀င္ခဲ့တာပါ။ ဒါေၾကာင့္ အေမရိကန္ လႊတ္ေတာ္နဲ႔ အစိုးရဘက္က ျမန္မာစစ္တပ္အေပၚ ပစ္မွတ္ထား ပိတ္ဆို႔အေရးယူေရး ႀကိဳးပမ္းခ်က္ေတြအေပၚမွာ အေမရိကန္လုပ္ငန္းရွင္ေတြဘက္က ဘယ္လိုသေဘာထားရွိပါသလဲ။ အေမရိကန္-အာဆီယံ စီးပြားေရးေကာင္စီရဲ႕ ျမန္မာႏိုင္ငံပူးေပါင္းေဆာင္ရြက္ေရးမွဴး ကုိလွဘုန္းျမင့္က အခုလိုေျပာပါတယ္။

“အေမရိကန္လႊတ္ေတာ္ အေမရိကန္အစိုးရဘက္က ျမန္မာစစ္တပ္ကို တာ၀န္ယူမႈနဲ႔ ဆက္စပ္ၿပီးေတာ့ ပိတ္ဆို႔မႈေတြလုပ္ခ်င္တယ္၊ စီးပြားေရးပိတ္ဆို႔မႈတင္မကဘူး ဗီဇာကိစၥေတြမွာ လုပ္ခ်င္တဲ့ သေဘာထားတခုထြက္လာတယ္။ ထြက္လာတဲ့အခါမွာ စီးပြားေရးဘက္ကို အဲဒီပိတ္ဆို႔မႈေရာက္သြားရင္ ျဖစ္လာႏိုင္တဲ့ေနာက္ဆက္တြဲဆိုးက်ိဳး ေတြနဲ႔ ျပည္တြင္းမွာရွိတဲ့ စီးပြားေရးကို ရိုက္ခိုက္ႏိုင္တယ္ဆိုတာကို က်ေနာ္တို႔ ျမင္တယ္။ အဲဒါေၾကာင့္ အနာတျခား ေဆးတျခား ေပါ့ေနာ္။”

ျမန္မာႏိုင္ငံမွာ စစ္တပ္နဲ႔ မကင္းတဲ့ စီးပြားေရးလုပ္ငန္းအေျမာက္အမ်ားရွိေနတဲ့အတြက္ ဒါေတြကို ပိတ္ဆို႔အေရးယူမယ့္အစား ျမန္မာႏိုင္ငံရဲ႕ ႏိုင္ငံျခားရင္းနွီးျမွဳပ္ႏွံမႈဥပေဒနဲ႔အညီ ျပည္တြင္းကုမၸဏီေတြ နဲ႔ ပူးေပါင္းေဆာင္ရြက္ၿပီး တိုးတက္ေအာင္လုပ္သင့္တယ္လို႔ ျမင္ေၾကာင္း ကိုလွဘုန္းျမင့္က ဆိုပါတယ္။

“ဒီလိုမ်ိဳး တပ္နဲ႔ ဆက္စပ္တဲ့ စီးပြားေရးလုပ္ငန္းေတြ အကုန္လံုးကိုလည္း စီးပြားေရး ပိတ္ဆို႔မႈအထဲ ထည့္ရင္ အဲဒီတိုက္ရိုက္ဆက္စပ္ေနတဲ့ လုပ္ငန္းေတြကထားပါေတာ့။ ဒါေပမယ့္ ဒီလိုမ်ိဳး ရွိေနၿပီဆိုကတည္းက လိုက္ၿပီးေတာ့ ေရွ႕ေနဌားရ၊ researcher ေတြဌားရနဲ႔ ဒီဟာ ရွိမရွိကို လိုက္စစ္တဲ့ Processes ႀကီးက အခ်ိန္လည္းၾကာတယ္၊ ေငြလည္းကုန္တယ္။ ၿပီးရင္လူအင္အားလည္း အမ်ားႀကီးသံုးရတယ္။ အဲဒီေတာ့ ေတာ္ရံု ကုမၸဏီအႀကီးေတြဆိုရင္ က်ေနာ္မေျပာဘူး၊ Cocacola တို႔လို ကုမၸဏီအႀကီးေတြဆိုရင္ ဒါတတ္ႏိုင္တယ္။ ဒါေပမယ့္ SME ေတြက်ေတာ့ ဒါမ်ိဳး ရွိေနၿပီဆိုကတည္းက သူတို႔ အမွားမခံႏိုင္ဘူးေလ ေငြပမာဏလည္း နည္းတယ္၊ သံုးႏိုင္တဲ့ပမာဏေရာ ၊ ရင္းႏွီးႏိုင္တဲ့ပမာဏလည္း နည္းတဲ့အတြက္ ျမန္မာ Market ကို မၾကည့္ေတာ့ဘူး အဲလိုျဖစ္တာ။ အဲဒီလိုမ်ိဳးေနရာမွာ ရသင့္တဲ့အခြင့္အေရးေတြ၊ ျဖစ္သင့္တဲ့ ပူးေပါင္းေဆာင္ရြက္မႈေတြ လြတ္သြားမွာ ျမင္တဲ့အတြက္ ဘယ္လိုစီးပြားေရးပိတ္ဆို႔မႈကိုမွ ေထာက္လည္းမေထာက္ခံဘူး။ ေထာက္ခံသူေတြကို က်ေနာ္တို႔ ရႈတ္ခ်တယ္။”

ဒါေပမယ့္ ျမန္မာႏိုင္ငံမွာ ႏိုင္ငံျခားရင္းႏွီးျမွဳပ္ႏွံမႈေတြလုပ္ေဆာင္တာကို ကန္႔ကြက္တာမဟုတ္ေပမယ့္ စစ္တပ္ပိုင္ စီးပြားေရးလုပ္ငန္းေတြနဲ႔ ဖက္စပ္လုပ္ကိုင္မယ္ဆိုရင္ လူ႔အခြင့္အေရးခ်ဳိးေဖာက္မႈ အက်ဳိးဆက္ အႏၱရာယ္ေတြရွိေနတယ္ဆိုတာ အေမရိကန္လုပ္ငန္းရွင္ေတြဘက္က သတိထားရမွာျဖစ္သလို၊ တာ၀န္ယူရမွာျဖစ္တယ္လို႔ Global Witness ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာတာ၀န္ခံ Paul Donowitz ကဗီြအိုေအကို ေျပာပါတယ္။

“ျမန္မာႏိုင္ငံမွာ ရင္းႏွီးျမွဳပ္ႏွံထားတဲ့ အေမရိကန္ ကုမၸဏီေတြပဲျဖစ္ျဖစ္၊ ရင္းႏွီးျမွဳပ္ႏွံဖို႔ စိတ္၀င္စားတဲ့ ကုမၸဏီေတြပဲျဖစ္ျဖစ္ တာ၀န္ယူမႈရွိတဲ့ ရင္းႏွီးျမွဳပ္ႏွံမႈဟာ ျမန္မာ့ ပုဂၢလိကပိုင္ စီးပြားေရးလုပ္ငန္း တိုးတက္မႈအတြက္ အလြန္ကို လိုအပ္တယ္လို႔ က်ေနာ္တို႔ ျမင္ပါတယ္။ ဒါေပမယ့္ ကုလသမဂၢ ျမန္မာႏိုင္ငံဆိုင္ရာ အခ်က္အလက္ရွာေဖြေရးမစ္ရွင္းက ရွင္းရွင္းလင္းလင္း ေထာက္ျပထားတာက- အေမရိကန္ ဒါမွမဟုတ္ ႏုိင္ငံျခား စီးပြားေရးကုမၸဏီေတြအေနနဲ႔ ျမန္မာ့ ဦးပိုင္ကုမၸဏီလိမီတက္ လိုမ်ဳိး ျမန္မာစစ္တပ္ပိုင္ ကုမၸဏီေတြနဲ႔ ပူးေပါင္း မလုပ္ဖို႔ျဖစ္ပါတယ္။ ဒီ စစ္တပ္ပိုင္ ကုမၸဏီေတြနဲ႔ ဖက္စပ္ လုပ္ကိုင္ရင္ လူ႔အခြင့္အေရးခ်ဳိးေဖာက္မႈရဲ႕ အက်ဳိးဆက္အႏၱရာယ္ကို ရင္ဆိုင္ရဖို႔ရွိေနၿပီး အထူးသျဖင့္ ပဋိပကၡေဒသေတြမွာ ရင္းႏွီးျမွဳပ္ႏွံဖို႔စဥ္းစားမယ္ဆိုရင္ စီးပြားေရးလုပ္ငန္းေတြဟာ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြကို တိုက္ရိုက္ ပံ့ပိုးသလိုျဖစ္ေနမယ္ဆိုတာပါ။”

ၿပီးခဲ့တဲ့ စက္တင္ဘာလက အေမရိကန္ေအာက္လႊတ္ေတာ္မွာ အတည္ျပဳခဲ့တဲ့ ျမန္မာစစ္တပ္ အေပၚပိတ္ဆို႔အေရးယူမႈအပါအ၀င္ လူသားခ်င္းစာနာမႈ အကူအညီေတြေပးမယ့္ BURMA Act ဥပေဒမူၾကမ္းကို လက္ရွိ အထက္လႊတ္ေတာ္မွာ ညွိႏႈိင္းေနၿပီး လႊတ္ေတာ္ႏွစ္ရပ္လံုးသေဘာတူ ျပဌာန္းမယ့္ ဥပေဒမွာ ပါ၀င္ဖို႔ရွိမရွိ ဒီေအာက္တိုဘာလအတြင္း သိရမွာျဖစ္ပါတယ္။

....................

{Unicode}

စစ်တပ်ကိုအရေးယူရင် ဖြစ်လာနိုင်ခြေအကျိုးဆက် အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီ ထောက်ပြ

ရခိုင်ပြည်နယ်အကျပ်အတည်းမှာ တာဝန်ယူမှု၊ တာဝန်ခံမှုရှိလာစေဖို့ မြန်မာစစ်တပ်ကို အမေရိကန်ဘက်က ပစ်မှတ်ထား အရေးယူမယ့်ကိစ္စမှာ စီးပွားရေးပိတ်ဆို့မှုတွေပါ ပါလာမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းတွေကို ထိခိုက်နိုင်တယ်လို့ အမေရိကန် လုပ်ငန်းရှင်တွေဘက်ကမြင်ကြောင်း အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီက ပြောပါတယ်။ မအင်ကြင်းနိုင်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ အမေရိကန် ရင်းနှီးမြှုပ်နှံမှုတွေကို တိုးမြှင့်လုပ်ဆောင်ဖို့ ရည်ရွယ်ချက်နဲ့ ဝါရှင်တန်ဒီစီအ ခြေစိုက် အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီ ဦးဆောင်တဲ့ အမေရိကန်လုပ်ငန်းရှင်များအဖွဲ့ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလအကုန်က မြန်မာနိုင်ငံကို သွားရောက်ပြီး အစိုးရတာဝန်ရှိသူတွေအပါအဝင် မြန်မာကုန်သည် စက်မှုအသင်းချုပ်နဲ့ တွေ့ဆုံဆွေး နွေးခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိ ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေတဲ့ Chervon, Ford, Google, Amazon၊ Coca-Cola၊ MasterCard, Visa စတဲ့ အမေရိကန် စီးပွားရေး ကုမ္ပဏီကြီးတွေရဲ့ ကိုယ်စားလှယ်တွေလည်း အဲဒီအဖွဲ့မှာ ပါဝင်ခဲ့တာပါ။ ဒါကြောင့် အမေရိကန် လွှတ်တော်နဲ့ အစိုးရဘက်က မြန်မာစစ်တပ်အပေါ် ပစ်မှတ်ထား ပိတ်ဆို့အရေးယူရေး ကြိုးပမ်းချက်တွေအပေါ်မှာ အမေရိကန်လုပ်ငန်းရှင်တွေဘက်က ဘယ်လိုသဘောထားရှိပါသလဲ။ အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီရဲ့ မြန်မာနိုင်ငံပူးပေါင်းဆောင်ရွက်ရေးမှူး ကိုလှဘုန်းမြင့်က အခုလိုပြောပါတယ်။

“အမေရိကန်လွှတ်တော် အမေရိကန်အစိုးရဘက်က မြန်မာစစ်တပ်ကို တာဝန်ယူမှုနဲ့ ဆက်စပ်ပြီးတော့ ပိတ်ဆို့မှုတွေလုပ်ချင်တယ်၊ စီးပွားရေးပိတ်ဆို့မှုတင်မကဘူး ဗီဇာကိစ္စတွေမှာ လုပ်ချင်တဲ့ သဘောထားတခုထွက်လာတယ်။ ထွက်လာတဲ့အခါမှာ စီးပွားရေးဘက်ကို အဲဒီပိတ်ဆို့မှုရောက်သွားရင် ဖြစ်လာနိုင်တဲ့နောက်ဆက်တွဲဆိုးကျိုး တွေနဲ့ ပြည်တွင်းမှာရှိတဲ့ စီးပွားရေးကို ရိုက်ခိုက်နိုင်တယ်ဆိုတာကို ကျနော်တို့ မြင်တယ်။ အဲဒါကြောင့် အနာတခြား ဆေးတခြား ပေါ့နော်။”

မြန်မာနိုင်ငံမှာ စစ်တပ်နဲ့ မကင်းတဲ့ စီးပွားရေးလုပ်ငန်းအမြောက်အများရှိနေတဲ့အတွက် ဒါတွေကို ပိတ်ဆို့အရေးယူမယ့်အစား မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေနဲ့အညီ ပြည်တွင်းကုမ္ပဏီတွေ နဲ့ ပူးပေါင်းဆောင်ရွက်ပြီး တိုးတက်အောင်လုပ်သင့်တယ်လို့ မြင်ကြောင်း ကိုလှဘုန်းမြင့်က ဆိုပါတယ်။

“ဒီလိုမျိုး တပ်နဲ့ ဆက်စပ်တဲ့ စီးပွားရေးလုပ်ငန်းတွေ အကုန်လုံးကိုလည်း စီးပွားရေး ပိတ်ဆို့မှုအထဲ ထည့်ရင် အဲဒီတိုက်ရိုက်ဆက်စပ်နေတဲ့ လုပ်ငန်းတွေကထားပါတော့။ ဒါပေမယ့် ဒီလိုမျိုး ရှိနေပြီဆိုကတည်းက လိုက်ပြီးတော့ ရှေ့နေဌားရ၊ researcher တွေဌားရနဲ့ ဒီဟာ ရှိမရှိကို လိုက်စစ်တဲ့ Processes ကြီးက အချိန်လည်းကြာတယ်၊ ငွေလည်းကုန်တယ်။ ပြီးရင်လူအင်အားလည်း အများကြီးသုံးရတယ်။ အဲဒီတော့ တော်ရုံ ကုမ္ပဏီအကြီးတွေဆိုရင် ကျနော်မပြောဘူး၊ Cocacola တို့လို ကုမ္ပဏီအကြီးတွေဆိုရင် ဒါတတ်နိုင်တယ်။ ဒါပေမယ့် SME တွေကျတော့ ဒါမျိုး ရှိနေပြီဆိုကတည်းက သူတို့ အမှားမခံနိုင်ဘူးလေ ငွေပမာဏလည်း နည်းတယ်၊ သုံးနိုင်တဲ့ပမာဏရော ၊ ရင်းနှီးနိုင်တဲ့ပမာဏလည်း နည်းတဲ့အတွက် မြန်မာ Market ကို မကြည့်တော့ဘူး အဲလိုဖြစ်တာ။ အဲဒီလိုမျိုးနေရာမှာ ရသင့်တဲ့အခွင့်အရေးတွေ၊ ဖြစ်သင့်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လွတ်သွားမှာ မြင်တဲ့အတွက် ဘယ်လိုစီးပွားရေးပိတ်ဆို့မှုကိုမှ ထောက်လည်းမထောက်ခံဘူး။ ထောက်ခံသူတွေကို ကျနော်တို့ ရှုတ်ချတယ်။”

ဒါပေမယ့် မြန်မာနိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေလုပ်ဆောင်တာကို ကန့်ကွက်တာမဟုတ်ပေမယ့် စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းတွေနဲ့ ဖက်စပ်လုပ်ကိုင်မယ်ဆိုရင် လူ့အခွင့်အရေးချိုးဖောက်မှု အကျိုးဆက် အန္တရာယ်တွေရှိနေတယ်ဆိုတာ အမေရိကန်လုပ်ငန်းရှင်တွေဘက်က သတိထားရမှာဖြစ်သလို၊ တာဝန်ယူရမှာဖြစ်တယ်လို့ Global Witness ရဲ့ မြန်မာနိုင်ငံဆိုင်ရာတာဝန်ခံ Paul Donowitz ကဗွီအိုအေကို ပြောပါတယ်။

“မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားတဲ့ အမေရိကန် ကုမ္ပဏီတွေပဲဖြစ်ဖြစ်၊ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားတဲ့ ကုမ္ပဏီတွေပဲဖြစ်ဖြစ် တာဝန်ယူမှုရှိတဲ့ ရင်းနှီးမြှုပ်နှံမှုဟာ မြန်မာ့ ပုဂ္ဂလိကပိုင် စီးပွားရေးလုပ်ငန်း တိုးတက်မှုအတွက် အလွန်ကို လိုအပ်တယ်လို့ ကျနော်တို့ မြင်ပါတယ်။ ဒါပေမယ့် ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေးမစ်ရှင်းက ရှင်းရှင်းလင်းလင်း ထောက်ပြထားတာက- အမေရိကန် ဒါမှမဟုတ် နိုင်ငံခြား စီးပွားရေးကုမ္ပဏီတွေအနေနဲ့ မြန်မာ့ ဦးပိုင်ကုမ္ပဏီလိမီတက် လိုမျိုး မြန်မာစစ်တပ်ပိုင် ကုမ္ပဏီတွေနဲ့ ပူးပေါင်း မလုပ်ဖို့ဖြစ်ပါတယ်။ ဒီ စစ်တပ်ပိုင် ကုမ္ပဏီတွေနဲ့ ဖက်စပ် လုပ်ကိုင်ရင် လူ့အခွင့်အရေးချိုးဖောက်မှုရဲ့ အကျိုးဆက်အန္တရာယ်ကို ရင်ဆိုင်ရဖို့ရှိနေပြီး အထူးသဖြင့် ပဋိပက္ခဒေသတွေမှာ ရင်းနှီးမြှုပ်နှံဖို့စဉ်းစားမယ်ဆိုရင် စီးပွားရေးလုပ်ငန်းတွေဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို တိုက်ရိုက် ပံ့ပိုးသလိုဖြစ်နေမယ်ဆိုတာပါ။”

ပြီးခဲ့တဲ့ စက်တင်ဘာလက အမေရိကန်အောက်လွှတ်တော်မှာ အတည်ပြုခဲ့တဲ့ မြန်မာစစ်တပ် အပေါ်ပိတ်ဆို့အရေးယူမှုအပါအဝင် လူသားချင်းစာနာမှု အကူအညီတွေပေးမယ့် BURMA Act ဥပဒေမူကြမ်းကို လက်ရှိ အထက်လွှတ်တော်မှာ ညှိနှိုင်းနေပြီး လွှတ်တော်နှစ်ရပ်လုံးသဘောတူ ပြဌာန်းမယ့် ဥပဒေမှာ ပါဝင်ဖို့ရှိမရှိ ဒီအောက်တိုဘာလအတွင်း သိရမှာဖြစ်ပါတယ်။

အင္ၾကင္းႏုုိင္/ ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
စစ္တပ္ကိုအေရးယူရင္ ျဖစ္လာႏုိင္္ေျခအက်ဳိးဆက္ အေမရိကန္-အာဆီယံ စီးပြားေရးေကာင္စီ ေထာက္ျပ စစ္တပ္ကိုအေရးယူရင္ ျဖစ္လာႏုိင္္ေျခအက်ဳိးဆက္ အေမရိကန္-အာဆီယံ စီးပြားေရးေကာင္စီ ေထာက္ျပ Reviewed by THITHTOOLWIN on 19:39 Rating: 5
Powered by Blogger.