မူးယစ္ေဆးနဲ႔ ဆက္စပ္ေနသူတို႔ကို သတိေပးစာ ေက်ာက္ေတာ္ၿမိဳ႕အႏွံ႔ကပ္ထား

ေက်ာက္ေတာ္ၿမိဳ႕ လူစည္ကားတဲ့ေနရာေတြမွာ မူးယစ္ေဆးဝါးေရာင္းခ်၊ သံုးစြဲသူေတြကို ျပင္းျပင္းထန္ထန္ အေရးယူသြားမယ္ဆိုတဲ့ သတိေပးစာေတြ ကပ္ထားတာ ေတြ႔ရစဥ္
Photo: Michael Saw - facebook
Zawgyi
ရခိုင္ျပည္နယ္ ေက်ာက္ေတာ္ၿမိဳ႕ လူစည္ကားတဲ့ ေနရာေတြမွာ မူးယစ္ေဆးဝါးေရာင္းခ်၊ သံုးစြဲသူေတြကို ျပင္းျပင္းထန္ထန္ အေရးယူသြားမယ္ဆိုတဲ့ သတိေပးစာေတြ ကပ္ထားတာ ေတြ႔ရတယ္လို႔ ၿမိဳ႕ခံေတြက ေျပာပါတယ္။

အဲဒီသတိေပးစာမွာ ရခိုင္လူငယ္ေတြရဲ႕အနာဂတ္ကို ပ်က္စီးေစဖို႔ ရည္ရြယ္ခ်က္နဲ႔ မူးယစ္ေဆးဝါး စိတ္ၾကြေဆးျပား ေရာင္းခ်ေနသူေတြ၊ သံုးစြဲေနသူေတြကို ျပင္းထန္စြာ အေရးယူေဆာင္ရြက္သြားမယ္လို႔ ပါရိွပါတယ္။

ဒါနဲ႔ပတ္သက္လို႔ စာရင္းေကာက္ယူေနၿပီဆိုတဲ့အေၾကာင္း မွတ္ခ်က္အေနနဲ႔ ေရးသားထားတာကို ေတြ႔ ရပါတယ္။

ဒီသတိေပးစာကို ေအာက္တိုဘာ ၁၅ ရက္ မနက္ပိုင္းကေန စတင္ေတြ႔ရတာျဖစ္တယ္လို႔ ေက်ာက္ေတာ္ၿမိဳ႕မွာ ေနထိုင္တဲ့ ဦးေက်ာ္လွျမင့္က ေျပာပါတယ္။

"ေအာက္တိုဘာ ၁၅ ရက္ေန႔ မနက္ပိုင္းက သတိထားမိတာဗ်။ လမ္းခြဆံုေတြ၊ လူစည္ကားတဲ့ေနရာေတြရယ္၊ ရန္ကုန္-ေက်ာက္ေတာ္ ကားလမ္းခြဆံု အဲဒီေနရာေတြမွာ ကပ္ထားတာကို ကၽြန္ေတာ္ သတိထားမိပါတယ္။ ဘယ္အဖြဲ႔က ကပ္တယ္ဆိုတာကို ကၽြန္ေတာ္ ခန္႔မွန္းလို႔မရဘူးဗ်။ ဘာပဲျဖစ္ျဖစ္၊ ဘယ္အဖြဲ႔ကပဲျဖစ္ျဖစ္ ကၽြန္ေတာ္တို႔ကေတာ့ ျပည္သူလူထုရဲ႕အက်ိဳးစီးပြားကို ႀကိဳးစားလုပ္ေဆာင္တာျဖစ္တဲ့အတြက္ ကၽြန္ေတာ္တို႔ကေတာ့ ေထာက္ခံပါတယ္"

ဒီသတိေပးစာကို ရကၡိဳင့္တပ္ေတာ္ (AA) က ထုတ္ျပန္တာလား၊ ေဒသတြင္း မတည္ၿငိမ္မႈေတြကို အသံုးခ်ၿပီး မူးယစ္ေဆးဝါး တိုက္ဖ်က္လိုတဲ့ေဒသခံေတြက ထုတ္ျပန္တာလားဆိုတာကိုေတာ့ ရွင္းရွင္းလင္း မသိရေသးပါဘူး။

ထုတ္ျပန္ခ်က္မွာ အဖြဲ႔အစည္းအမည္ မပါဝင္ေပမယ့္ ဒီပိုစတာလႈပ္ရွားမႈရဲ႕ေနာက္ကြယ္မွာ ေအေအအဖြဲ႔ ဒါမွမဟုတ္ ဒီအဖြဲ႔နဲ႔ ဆက္စက္ေနသူေတြ ရိွေနႏိုင္တယ္လို႔ ေဒသခံအမ်ားအျပားက ယူဆေနၾကပါတယ္။

ရကၡိဳင့္တပ္ေတာ္ (AA) ရဲ႕ေျပာခြင့္ရသူ ခိုင္သုခက ဒီကိစၥနဲ႔ပတ္သက္ၿပီး သတင္းမရေသးတဲ့အတြက္ တစ္စံုတရာ ေျပာဆိုလို႔မရေသးဘူးလို႔ ဆိုပါတယ္။

တျခား ျပည္နယ္နဲ႔တိုင္းေတြလုိပဲ ရခုိင္ျပည္နယ္မွာလည္း မူးယစ္ေဆးသံုးစဲြသူ အမ်ားအျပား ရိွေနပါတယ္။

ေက်ာက္ေတာ္ၿမိဳ႕နယ္ထဲမွာ WY မူးယစ္ေဆးဝါးေရာင္းခ်တာေတြနဲ႔ လူငယ္ေတြအၾကား သံုးစြဲတာေတြ ဟာ က်ယ္က်ယ္ျပန္႔ျပန္႔ရွိေနတယ္လို႔ ဆိုၾကပါတယ္။

မူးယစ္ေဆးဝါးတိုက္ဖ်က္ေရးကိစၥကို အစိုးရအာဏာပိုင္ေတြက ထိထိေရာက္ေရာက္ မေဆာင္ရြက္ႏိုင္ တဲ့အတြက္ အခုလို အမည္မသိ အဖြဲ႔တစ္ခုခုက မူးယစ္ေဆးဝါးတိုက္ဖ်က္ေရး ႀကိဳးပမ္းခ်က္ကို ေဒသခံ ေတြအၾကားမွာ အျပဳသေဘာနဲ႔ ႀကိဳဆိုေထာက္ခံၾကတာ ေတြ႔ရပါတယ္။

ေက်ာက္ေတာ္ၿမိဳ႕ခံတစ္ဦးျဖစ္တဲ့ ေဒၚဝါဝါေရႊက တရားဥပေဒမစိုးမိုးလို႔ မူးယစ္ေဆးဝါးျပႆနာ ႀကီး ထြားေနခ်ိန္မွာ အခုလိုႀကိဳးပမ္းမႈအတြက္ အေကာင္းျမင္မိေၾကာင္း ေျပာပါတယ္။

"ဥပေဒကလည္း မရိွသလိုျဖစ္ေနတာေပါ့ေနာ္။ ဥပေဒက မစိုးမိုးတဲ့အခ်ိန္မွာ မူးယစ္ေဆးဝါးလုပ္ငန္းရွင္ေတြကလည္း ၾကားကေန ေရာင္းဝယ္ရေကာင္းတာေပါ့ေလ။ ကေလးေတြဆိုရင္ ည ၁၁ နာရီ ၁၂ နာရီနဲ႔ မအိပ္ၾကဘူးေလ။ ကေလးေတြက လမ္းေပၚမွာ သြားေနတယ္။ ဂစ္တာေတြနဲ႔ အဲလိုေတြ႔ေနရေတာ့ မိဘေတြက စိုးရိမ္တာေပါ့။ ေနာက္ဆိုရင္ မိဘေတြကိုေတာင္ ရန္ရွာတယ္၊ ပိုက္ဆံေတာင္းတယ္။ အဲလိုအေျခအေနမ်ိဳးေတြ ျဖစ္ေနၿပီ။ ဘယ္ေလာက္ဆိုးဝါးေနလဲဆိုတာ။ ဥပေဒလမ္းေၾကာင္းအတိုင္းပဲ မွန္မွန္ကန္ကန္သြားရင္ ေနာင္လာမယ့္ မ်ိဳးဆက္သစ္ေတြအတြက္ ေကာင္းမယ္လို႔ ကၽြန္မယူဆတယ္"

ဒီလိုသတိေပးစာ ထြက္ေပၚေနတာနဲ႔ပတ္သက္လို႔ ရခိုင္ျပည္နယ္ ရဲတပ္ဖြဲ႔ ဒုတိယရဲမွဴးႀကီး ေမာင္ေမာင္စိုး၊ ေက်ာက္ေတာ္ၿမိဳ႕ ဒုတိယၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးမ်ိဳးသိန္းေဇာ္တို႔ကို RFA က ဆက္သြယ္ေမးျမန္းခဲ့ရာမွာ သူတို႔အေနနဲ႔ မသိေသးဘူးလို႔ေျပာပါတယ္။

"ကၽြန္ေတာ္ကေတာ့ မသိေသးဘူးဗ် ဘယ္အဖြဲ႔က ကပ္တယ္ဆိုတာ။ ကၽြန္ေတာ္ေမးၾကည့္ရဦးမယ္"

ရခိုင္ျပည္နယ္ ရဲတပ္ဖြဲ႔ ဒုတိယရဲမွဴးႀကီး ေမာင္ေမာင္စိုး ေျပာဆိုသြားခဲ့တာပါ။

ရခိုင္ျပည္နယ္ေျမာက္ပိုင္းမွာ အခုႏွစ္အတြင္း ဥပေဒမဲ့ သတ္ျဖတ္ခံရတဲ့ကိစၥရပ္ေတြလည္း အေတာ္မ်ားမ်ား ရိွေနပါတယ္။

အခုသတိေပးခ်က္ထုတ္ျပန္တာဟာ ဘယ္အဖြဲ႔အစည္းက ဘယ္သူေတြလုပ္တယ္ဆိုတာကို တိတိ က်က် မသိရတဲ့အတြက္ သတိေပးစာမွာ ေဖာ္ျပထားတဲ့ ျပင္းျပင္းထန္ထန္ အေရးယူမယ္ဆိုတဲ့ကိစၥဟာ တရားဥပေဒနည္းလမ္းေတြနဲ႔အညီ ျဖစ္၊ မျဖစ္ဆိုတာကေတာ့ ေမးခြန္းထုတ္စရာျဖစ္ေနပါတယ္။

ေက်ာက္ေတာ္ၿမိဳ႕နယ္က ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေမာင္သန္းစိန္က ဒီလိုသတိေပးခ်က္ ကို ႀကိဳဆိုေပမယ့္ တရားဥပေဒနည္းလမ္းနဲ႔အညီသာ ျဖစ္သင့္တယ္လို႔ေျပာပါတယ္။

"ကိုယ့္သားသမီး သူ႔သားသမီးအကုန္လံုးက ဒီမူးယစ္ေဆးဝါး ေရစီးေၾကာင္းထဲမွာ ေမ်ာပါသြားမယ့္အေျခအေန ျဖစ္ေနတဲ့အခါမွာ ႏိုင္တဲ့ဘက္က ကၽြန္ေတာ္တို႔လည္း ကူညီသြားပါမယ္။ လုပ္တဲ့သူေတြကလည္း ထိထိမိမိ တည္တည္တံ့တံ့နဲ႔ ဥပေဒနဲ႔အညီ ေဆာင္ရြက္ဖို႔လိုအပ္ပါတယ္။ ဒါကေတာ့ အမွန္တကယ္လုပ္သင့္တဲ့ ကိစၥတစ္ခုလည္းျဖစ္တယ္။ ျပည္သူေတြအေနနဲ႔ ပူးေပါင္းပါဝင္ၿပီးေတာ့ ပထမအဆင့္အေနနဲ႔ မိဘေတြကို သြားေရာက္အေၾကာင္းၾကားၿပီး ညိႇသင့္တယ္။ ေနာက္တစ္ခုက ေရာင္းတဲ့သူေတြကိုလည္း တျဖည္းျဖည္း တားျမစ္သင့္တယ္။ တားျမစ္လို႔မရဘူးဆိုလို႔ရိွရင္ ျပင္းျပင္းထန္ထန္ ထိထိေရာက္ေရာက္ ေဆာင္ရြက္မယ္ဆိုရင္ေတာ့ ျဖစ္လာႏိုင္တဲ့အတြက္ ကၽြန္ေတာ္တို႔က သိပ္ၿပီး ကန္႔ကြက္စရာ မရိွပါဘူး"

ေက်ာက္ေတာ္မွာၿမိဳ႕မွာ ၿပီးခဲ့တဲ့ စက္တင္ဘာ ၂၄ ရက္ေန႔ကလည္း ၿမိဳ႕နယ္ဥပေဒအရာရိွကို ၿခိမ္း ေျခာက္တဲ့ စာေတြ လူစည္ကားတဲ့ ေနရာေတြမွာ ျဖန္႔ခဲ့ပါတယ္။

ဥပေဒအရာရိွက ရခိုင္လူမ်ိဳးေတြအေပၚ ပုဒ္မ အမ်ိဳးမ်ိဳးတပ္ၿပီး တရားစြဲဆိုႏိုင္ေအာင္ ေထာက္ခံေပး ေနတယ္လုိ႔ စြပ္စဲြေရးသားထားတဲ့ အဲဒီစာျဖန္႔တာ ဘယ္သူ၊ ဘယ္အဖြဲ႔ရဲ႕လက္ခ်က္ ဆိုတာကို အာဏာပိုင္ေတြက ထုတ္ေဖာ္ႏိုင္ျခင္း မရိွေသးပါဘူး။

တပ္မေတာ္နဲ႔ AA အဖြဲ႔တို႔ တိုက္ပြဲျပင္းထန္ခဲ့တဲ့ ၿပီးခဲ့တဲ့ႏွစ္ ဒီဇင္ဘာလေလာက္ကေနစလို႔ ရခိုင္ ျပည္နယ္ ေျမာက္ပိုင္း ေက်းရြာအမ်ားအျပားမွာ အရက္ေရာင္းခ်၊ ေသာက္စားမႈေတြကို ေဒသခံေတြက ပိတ္ပင္ခဲ့ပါတယ္။

AA အဖြဲ႔ရဲ႕ ေစခိုင္းမႈေၾကာင့္ ပိတ္ပင္တာ ဆိုတဲ့ စြပ္စဲြခ်က္ကို ေဒသခံေတြက ျငင္းဆိုထားၾကပါတယ္။

RFA Burmese
https://www.rfa.org
------------
Unicode
မူးယစ်ဆေးနဲ့ ဆက်စပ်နေသူတို့ကို သတိပေးစာ ကျောက်တော်မြို့အနှံ့ကပ်ထား

ကျောက်တော်မြို့ လူစည်ကားတဲ့နေရာတွေမှာ မူးယစ်ဆေးဝါးရောင်းချ၊ သုံးစွဲသူတွေကို ပြင်းပြင်းထန်ထန် အရေးယူသွားမယ်ဆိုတဲ့ သတိပေးစာတွေ ကပ်ထားတာ တွေ့ရစဉ်
Photo: Michael Saw - facebook

ရခိုင်ပြည်နယ် ကျောက်တော်မြို့ လူစည်ကားတဲ့ နေရာတွေမှာ မူးယစ်ဆေးဝါးရောင်းချ၊ သုံးစွဲသူတွေကို ပြင်းပြင်းထန်ထန် အရေးယူသွားမယ်ဆိုတဲ့ သတိပေးစာတွေ ကပ်ထားတာ တွေ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

အဲဒီသတိပေးစာမှာ ရခိုင်လူငယ်တွေရဲ့အနာဂတ်ကို ပျက်စီးစေဖို့ ရည်ရွယ်ချက်နဲ့ မူးယစ်ဆေးဝါး စိတ်ကြွဆေးပြား ရောင်းချနေသူတွေ၊ သုံးစွဲနေသူတွေကို ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမယ်လို့ ပါရှိပါတယ်။

ဒါနဲ့ပတ်သက်လို့ စာရင်းကောက်ယူနေပြီဆိုတဲ့အကြောင်း မှတ်ချက်အနေနဲ့ ရေးသားထားတာကို တွေ့ ရပါတယ်။

ဒီသတိပေးစာကို အောက်တိုဘာ ၁၅ ရက် မနက်ပိုင်းကနေ စတင်တွေ့ရတာဖြစ်တယ်လို့ ကျောက်တော်မြို့မှာ နေထိုင်တဲ့ ဦးကျော်လှမြင့်က ပြောပါတယ်။

"အောက်တိုဘာ ၁၅ ရက်နေ့ မနက်ပိုင်းက သတိထားမိတာဗျ။ လမ်းခွဆုံတွေ၊ လူစည်ကားတဲ့နေရာတွေရယ်၊ ရန်ကုန်-ကျောက်တော် ကားလမ်းခွဆုံ အဲဒီနေရာတွေမှာ ကပ်ထားတာကို ကျွန်တော် သတိထားမိပါတယ်။ ဘယ်အဖွဲ့က ကပ်တယ်ဆိုတာကို ကျွန်တော် ခန့်မှန်းလို့မရဘူးဗျ။ ဘာပဲဖြစ်ဖြစ်၊ ဘယ်အဖွဲ့ကပဲဖြစ်ဖြစ် ကျွန်တော်တို့ကတော့ ပြည်သူလူထုရဲ့အကျိုးစီးပွားကို ကြိုးစားလုပ်ဆောင်တာဖြစ်တဲ့အတွက် ကျွန်တော်တို့ကတော့ ထောက်ခံပါတယ်"

ဒီသတိပေးစာကို ရက္ခိုင့်တပ်တော် (AA) က ထုတ်ပြန်တာလား၊ ဒေသတွင်း မတည်ငြိမ်မှုတွေကို အသုံးချပြီး မူးယစ်ဆေးဝါး တိုက်ဖျက်လိုတဲ့ဒေသခံတွေက ထုတ်ပြန်တာလားဆိုတာကိုတော့ ရှင်းရှင်းလင်း မသိရသေးပါဘူး။

ထုတ်ပြန်ချက်မှာ အဖွဲ့အစည်းအမည် မပါဝင်ပေမယ့် ဒီပိုစတာလှုပ်ရှားမှုရဲ့နောက်ကွယ်မှာ အေအေအဖွဲ့ ဒါမှမဟုတ် ဒီအဖွဲ့နဲ့ ဆက်စက်နေသူတွေ ရှိနေနိုင်တယ်လို့ ဒေသခံအများအပြားက ယူဆနေကြပါတယ်။

ရက္ခိုင့်တပ်တော် (AA) ရဲ့ပြောခွင့်ရသူ ခိုင်သုခက ဒီကိစ္စနဲ့ပတ်သက်ပြီး သတင်းမရသေးတဲ့အတွက် တစ်စုံတရာ ပြောဆိုလို့မရသေးဘူးလို့ ဆိုပါတယ်။

တခြား ပြည်နယ်နဲ့တိုင်းတွေလိုပဲ ရခိုင်ပြည်နယ်မှာလည်း မူးယစ်ဆေးသုံးစွဲသူ အများအပြား ရှိနေပါတယ်။

ကျောက်တော်မြို့နယ်ထဲမှာ WY မူးယစ်ဆေးဝါးရောင်းချတာတွေနဲ့ လူငယ်တွေအကြား သုံးစွဲတာတွေ ဟာ ကျယ်ကျယ်ပြန့်ပြန့်ရှိနေတယ်လို့ ဆိုကြပါတယ်။

မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကိစ္စကို အစိုးရအာဏာပိုင်တွေက ထိထိရောက်ရောက် မဆောင်ရွက်နိုင် တဲ့အတွက် အခုလို အမည်မသိ အဖွဲ့တစ်ခုခုက မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ကြိုးပမ်းချက်ကို ဒေသခံ တွေအကြားမှာ အပြုသဘောနဲ့ ကြိုဆိုထောက်ခံကြတာ တွေ့ရပါတယ်။

ကျောက်တော်မြို့ခံတစ်ဦးဖြစ်တဲ့ ဒေါ်ဝါဝါရွှေက တရားဥပဒေမစိုးမိုးလို့ မူးယစ်ဆေးဝါးပြဿနာ ကြီး ထွားနေချိန်မှာ အခုလိုကြိုးပမ်းမှုအတွက် အကောင်းမြင်မိကြောင်း ပြောပါတယ်။

"ဥပဒေကလည်း မရှိသလိုဖြစ်နေတာပေါ့နော်။ ဥပဒေက မစိုးမိုးတဲ့အချိန်မှာ မူးယစ်ဆေးဝါးလုပ်ငန်းရှင်တွေကလည်း ကြားကနေ ရောင်းဝယ်ရကောင်းတာပေါ့လေ။ ကလေးတွေဆိုရင် ည ၁၁ နာရီ ၁၂ နာရီနဲ့ မအိပ်ကြဘူးလေ။ ကလေးတွေက လမ်းပေါ်မှာ သွားနေတယ်။ ဂစ်တာတွေနဲ့ အဲလိုတွေ့နေရတော့ မိဘတွေက စိုးရိမ်တာပေါ့။ နောက်ဆိုရင် မိဘတွေကိုတောင် ရန်ရှာတယ်၊ ပိုက်ဆံတောင်းတယ်။ အဲလိုအခြေအနေမျိုးတွေ ဖြစ်နေပြီ။ ဘယ်လောက်ဆိုးဝါးနေလဲဆိုတာ။ ဥပဒေလမ်းကြောင်းအတိုင်းပဲ မှန်မှန်ကန်ကန်သွားရင် နောင်လာမယ့် မျိုးဆက်သစ်တွေအတွက် ကောင်းမယ်လို့ ကျွန်မယူဆတယ်"

ဒီလိုသတိပေးစာ ထွက်ပေါ်နေတာနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီး မောင်မောင်စိုး၊ ကျောက်တော်မြို့ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးသိန်းဇော်တို့ကို RFA က ဆက်သွယ်မေးမြန်းခဲ့ရာမှာ သူတို့အနေနဲ့ မသိသေးဘူးလို့ပြောပါတယ်။

"ကျွန်တော်ကတော့ မသိသေးဘူးဗျ ဘယ်အဖွဲ့က ကပ်တယ်ဆိုတာ။ ကျွန်တော်မေးကြည့်ရဦးမယ်"

ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီး မောင်မောင်စိုး ပြောဆိုသွားခဲ့တာပါ။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အခုနှစ်အတွင်း ဥပဒေမဲ့ သတ်ဖြတ်ခံရတဲ့ကိစ္စရပ်တွေလည်း အတော်များများ ရှိနေပါတယ်။

အခုသတိပေးချက်ထုတ်ပြန်တာဟာ ဘယ်အဖွဲ့အစည်းက ဘယ်သူတွေလုပ်တယ်ဆိုတာကို တိတိ ကျကျ မသိရတဲ့အတွက် သတိပေးစာမှာ ဖော်ပြထားတဲ့ ပြင်းပြင်းထန်ထန် အရေးယူမယ်ဆိုတဲ့ကိစ္စဟာ တရားဥပဒေနည်းလမ်းတွေနဲ့အညီ ဖြစ်၊ မဖြစ်ဆိုတာကတော့ မေးခွန်းထုတ်စရာဖြစ်နေပါတယ်။

ကျောက်တော်မြို့နယ်က ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမောင်သန်းစိန်က ဒီလိုသတိပေးချက် ကို ကြိုဆိုပေမယ့် တရားဥပဒေနည်းလမ်းနဲ့အညီသာ ဖြစ်သင့်တယ်လို့ပြောပါတယ်။

"ကိုယ့်သားသမီး သူ့သားသမီးအကုန်လုံးက ဒီမူးယစ်ဆေးဝါး ရေစီးကြောင်းထဲမှာ မျောပါသွားမယ့်အခြေအနေ ဖြစ်နေတဲ့အခါမှာ နိုင်တဲ့ဘက်က ကျွန်တော်တို့လည်း ကူညီသွားပါမယ်။ လုပ်တဲ့သူတွေကလည်း ထိထိမိမိ တည်တည်တံ့တံ့နဲ့ ဥပဒေနဲ့အညီ ဆောင်ရွက်ဖို့လိုအပ်ပါတယ်။ ဒါကတော့ အမှန်တကယ်လုပ်သင့်တဲ့ ကိစ္စတစ်ခုလည်းဖြစ်တယ်။ ပြည်သူတွေအနေနဲ့ ပူးပေါင်းပါဝင်ပြီးတော့ ပထမအဆင့်အနေနဲ့ မိဘတွေကို သွားရောက်အကြောင်းကြားပြီး ညှိသင့်တယ်။ နောက်တစ်ခုက ရောင်းတဲ့သူတွေကိုလည်း တဖြည်းဖြည်း တားမြစ်သင့်တယ်။ တားမြစ်လို့မရဘူးဆိုလို့ရှိရင် ပြင်းပြင်းထန်ထန် ထိထိရောက်ရောက် ဆောင်ရွက်မယ်ဆိုရင်တော့ ဖြစ်လာနိုင်တဲ့အတွက် ကျွန်တော်တို့က သိပ်ပြီး ကန့်ကွက်စရာ မရှိပါဘူး"

ကျောက်တော်မှာမြို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၄ ရက်နေ့ကလည်း မြို့နယ်ဥပဒေအရာရှိကို ခြိမ်း ခြောက်တဲ့ စာတွေ လူစည်ကားတဲ့ နေရာတွေမှာ ဖြန့်ခဲ့ပါတယ်။

ဥပဒေအရာရှိက ရခိုင်လူမျိုးတွေအပေါ် ပုဒ်မ အမျိုးမျိုးတပ်ပြီး တရားစွဲဆိုနိုင်အောင် ထောက်ခံပေး နေတယ်လို့ စွပ်စွဲရေးသားထားတဲ့ အဲဒီစာဖြန့်တာ ဘယ်သူ၊ ဘယ်အဖွဲ့ရဲ့လက်ချက် ဆိုတာကို အာဏာပိုင်တွေက ထုတ်ဖော်နိုင်ခြင်း မရှိသေးပါဘူး။

တပ်မတော်နဲ့ AA အဖွဲ့တို့ တိုက်ပွဲပြင်းထန်ခဲ့တဲ့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလလောက်ကနေစလို့ ရခိုင် ပြည်နယ် မြောက်ပိုင်း ကျေးရွာအများအပြားမှာ အရက်ရောင်းချ၊ သောက်စားမှုတွေကို ဒေသခံတွေက ပိတ်ပင်ခဲ့ပါတယ်။

AA အဖွဲ့ရဲ့ စေခိုင်းမှုကြောင့် ပိတ်ပင်တာ ဆိုတဲ့ စွပ်စွဲချက်ကို ဒေသခံတွေက ငြင်းဆိုထားကြပါတယ်။

RFA Burmese
https://www.rfa.org
မူးယစ္ေဆးနဲ႔ ဆက္စပ္ေနသူတို႔ကို သတိေပးစာ ေက်ာက္ေတာ္ၿမိဳ႕အႏွံ႔ကပ္ထား မူးယစ္ေဆးနဲ႔ ဆက္စပ္ေနသူတို႔ကို သတိေပးစာ ေက်ာက္ေတာ္ၿမိဳ႕အႏွံ႔ကပ္ထား Reviewed by THITHTOOLWIN on 19:37 Rating: 5
Powered by Blogger.