ျမန္မာ့လွ်ပ္စစ္ဓာတ္အားအေရး ကမာၻ႔ဘဏ္မွာ တင္ျပေဆြးေႏြး

ရန္ကုန္ၿမိဳ႕ တေနရာတြင္ေတြ႔ရသည့္ လွ်ပ္စစ္ဓာတ္အားတိုင္ႏွင့္ ဓာတ္ႀကိဳးမ်ား ျမင္ကြင္းတခု။ (ဇန္နဝါရီ ၂၇၊ ၂၀၁၄) ပံု- ေအပီ
Zawgyi
ျမန္မာ ျပည္သူေတြ လွ်ပ္စစ္ ဓာတ္အား အရ နည္းၿပီး ေစ်းႏႈန္းက ႀကီးျမင့္ေနေၾကာင္း ကမၻာ့ဘဏ္ အစည္းအေ၀းမွာ အရပ္ဘက္ အဖြဲ႔အစည္းေတြက တင္ျပၾကပါတယ္။ ဒါ႔အျပင္ ျမန္မာႏုိင္ငံတြင္း ေရအားလွ်ပ္စစ္ စီမံကိန္းႀကီးေတြနဲ႔ ေက်ာက္မီးေသြးသံုး လွ်ပ္စစ္ ဓာတ္အားေပး စက္ရံုေတြ အစား ျပန္ျပည့္ၿမဲ စြမ္းအင္ကို မူ၀ါဒ အရ ေျပာင္းလဲလာေရး ကမၻာ့ဘဏ္ဘက္က တြန္းအားေပးဖို႔လည္း တိုက္တြန္းခဲ႔ၾကပါတယ္။ အေမရိကန္ ျပည္ေထာင္စု ၀ါရွင္တန္ဒီစီမွာ က်င္းပေနတဲ႔ ကမၻာ့ဘဏ္ ႏွစ္ပတ္လည္ အစည္းအေ၀း အတြင္း ျမန္မာ့ လွ်ပ္စစ္ က႑အေရး ျပန္လည္ သံုးသပ္ ေဆြးေႏြးေနၾကတာ ျဖစ္ပါတယ္။ မသိဂၤ ီထုိက္ စုစည္းတင္ျပထားပါတယ္။

၂၀၃၀ ျပည့္ႏွစ္မွာ တႏုိင္ငံလံုး လွ်ပ္စစ္ ရာႏႈန္းျပည့္ ရရွိေရး ျမန္မာ အစိုးရရဲ႕ စီမံေဆာင္ရြက္ခ်က္မွာ ကမၻာ့ဘဏ္က ေဒၚလာ သန္း ၄၀၀ ေခ်းေငြခ်ေပးၿပီး ပံ႔ပိုးေဆာင္ရြက္ေနတာပါ။ ျမန္မာ့ လွ်ပ္စစ္ က႑မွာ ကမၻာ့ဘဏ္ရဲ႕ ပါ၀င္ေဆာင္ရြက္ခ်က္ေတြ အေပၚ အရပ္ဘက္ အဖြဲ႔အစည္းေတြနဲ႔ ျပန္လည္ သံုးသပ္တဲ႔ အစည္းအေ၀းကို အေမရိကန္ ျပည္ေထာင္စု ၀ါရွင္တန္ ဒီစီၿမိဳ႕ေတာ္က ကမၻာ့ဘဏ္ ရံုးခ်ဳပ္မွာ ဒီသီတင္းပတ္ထဲ ေဆြးေႏြးေနပါတယ္။ ဒီေဆြးေႏြးပြဲကို ကိုယ္တိုင္ တက္ေရာက္ ေဆြးေႏြးေနတဲ႔ BIC - Bank Information Center (Europe) ရဲ႕ မိတ္ဖက္ အရပ္ဘက္ အဖြဲ႔အစည္းျဖစ္တဲ႔ Save the Natural Resource (SaNaR) ရဲ႕ ဒါရိုက္တာ ကိုေအပရာယ္ၾကဴၾကဴးက အခုလို ေျပာပါတယ္။

“အဓိက က်ေနာ္တို႔BIC (Europe) နဲ႔ ေပါင္းၿပီးေတာ့မွ က်ေနာ္တို႔ အစီရင္ခံစာတေစာင္ထုတ္ထားပါတယ္။ အဲဒါ world bank က ျမန္မာႏိုင္ငံမွာ National Electricity Plan ေပါ့ အဲဒါနဲ႔ ပတ္သက္ၿပီးေတာ့ world bank က ေထာက္ပံ႔ေပးေနတာရွိတယ္။ အဲဒီအေပၚမွာ မူတည္ၿပီးေတာ့ က်ေနာ္တို႔ အစီရင္ခံစာထုတ္ထားတာေတြကို လာၿပီးေတာ့ research paper ေတြလာၿပီး ဖတ္ျပတာ ဒီအေပၚမွာ ေနာက္ထပ္ world bank အေနနဲ႔ ထပ္လုပ္မယ့္ဟာေတြ ျမန္မာႏိုင္ငံမွာ သတိထားဖို႔နဲ႔ ျပဳျပင္ ႏိုင္ဖို႔အတြက္ေတြလာေရာက္တင္ျပတာျဖစ္ပါတယ္ခင္ဗ်။”

BIC (Europe) နဲ႔ Save the Natural Resource SaNaR တို႔ ပူးေပါင္းၿပီး ထုတ္ထားတဲ႔ စစ္တမ္းနဲ႔ ပတ္သက္ၿပီး အဂၤါေန႔ ကမၻာ့ဘဏ္ရံုးခ်ဳပ္မွာ ေဆြးေႏြးခဲ႔ၾကတာပါ။ ျပည္သူေတြ လွ်ပ္စစ္ အရ နည္းေနေသးတာေတြ အျပင္ ကမၻာ့ဘဏ္ဘက္က ေဆာင္ရန္ ေရွာင္ရန္ေတြကိုလည္း ေဆြးေႏြးခဲ႔တဲ႔ အျပင္ ၂၀၃၀ ျပည့္ႏွစ္မွာ လွ်ပ္စစ္ အျပည့္အ၀ ရရွိေရး ျမန္မာ အစိုးရရဲ႕ ႀကိဳးပမ္းခ်က္မွာ ျပန္ျပည့္ၿမဲ စြမ္းအင္ကို အားထား အသံုးျပဳမယ့္ မူ၀ါဒ ေျပာင္းလဲလာေရး ကို္လည္း ကမၻာ့ဘဏ္ဘက္က တြန္းအားေပး ေဆာင္ရြက္ဖို႔ တိုက္တြန္းခဲ႔ေၾကာင္း ကိုေအပရာယ္ၾကဴၾကဴးက ေျပာပါတယ္။

“က်ေနာ္တို႔ဒီ အခုထြက္တဲဲ့ research ထဲမွာ အဓိက world bank အေနနဲ႔ NEP လုပ္တဲ့အထဲမွာ ျမန္မာႏိုင္ငံမွာ လွ်ပ္စစ္မီးကိုု လူထုက ရရွိေနတာ နည္းေနေသးတယ္။ ရရင္လည္းေစ်း အရမ္းႀကီးေနေသးတယ္။ ၿပီးေတာ့ ေနာက္တခုက NEP အေနနဲ႔က လုပ္ေဆာင္တဲ့အထဲမွာ ခ်ဳပ္ကိုင္မႈမ်ားၿပီးေတာ့ world bank အေနနဲ႔ လုပ္တဲ့အခ်ိန္မွာ CSO ေတြဘက္က အသံေတြပါဖို႔ အားနည္းတယ္ ဆိုတာကို ထုတ္ျပန္တာျဖစ္ပါတယ္ခင္ဗ်။ NEP Plan ကတပိုင္း ျမန္မာအစိုးရအေနနဲ႔က ၂၀၃၀ မွာ လွ်ပ္စစ္ရဖို႔ဆိုရင္ ေရအားလွ်ပ္စစ္ရယ္ ၊ ေက်ာက္မီးေသြးရယ္ကို အားျပဳၿပီးေတာ့မွ လွ်ပ္စစ္ဓါတ္အားကို ျဖည့္ဖို႔အတြက္ စီမံေနတာရွိပါတယ္ခင္ဗ်။ အဲဒီေတာ့ က်ေနာ္တို႔ အစီရင္ခံစာထဲမွာက ေက်ာက္မီးေသြးရယ္၊ ေရအားလွ်ပ္စစ္အႀကီးေတြကုိ မလုပ္ေဆာင္ပဲနဲ႔ ျပန္ျဖည့္ျမဲစြမ္းအင္ေျပာတဲ့ renewable energy ကို မူ၀ါဒအရေရာ ေအာက္ေျခမွာလုပ္ေဆာင္ေနတာေတြကို တကယ္အေထာက္အပံ႔ေပးႏိုင္ဖို႔ အၾကံျပဳထားပါတယ္။ ခုနကေျပာတဲ့ သန္႔စင္ေသာစြမ္းအင္ရယ္၊ က်ေနာ္တို႔ အဓိကေတာ့ ျမန္မာႏိုင္ငံမွာ ျပန္ျဖည့္ျမဲစြမ္းအင္ေတြ ေတာ္ေတာ္မ်ားမ်ားရွိတယ္ အဲဒါေတြကို ကမၻာ့ဘဏ္အေနနဲ႔ လုပ္ေဆာင္ဖို႔အတြက္ အၾကံျပဳထားတာျဖစ္ပါတယ္။”

ျမန္မာ့ လွ်ပ္စစ္ စြမ္းအင္ ရင္းျမစ္ေတြနဲ႔ ပတ္သက္လို႔ေတာ့ ကမၻာ့ဘဏ္ဘက္က တစံုတရာ ေျပာဆိုမႈ မရွိေသးပါဘူး။ ျမန္မာႏုိင္ငံမွာ ၂၀၃၀ ျပည့္ႏွစ္ အတြင္း လွ်ပ္စစ္ အျပည့္အ၀ ရရွိေရး အစိုးရက စီမံကိန္းခ် ေဆာင္ရြက္ေနတာနဲ႔ အတူဘဲ အမ်ိဳးသား လွ်ပ္စစ္ဓာတ္အား စီမံကိန္း NEP မွာ ကမၻာ့ဘဏ္ ေခ်းေငြ အသံုးျပဳၿပီး မဟာဓာတ္အားလိုင္းေတြ တိုးခ်ဲ႕ေနတာပါ။ ျမန္မာ့ လွ်ပ္စစ္ စြမ္းအင္ က႑အတြက္ ကမၻာ့ဘဏ္ရဲ႕ ပါ၀င္ေဆာင္ရြက္မႈကို ကိုေအပရာယ္ၾကဴၾကဴးက အခုလို ေျပာပါတယ္။

“အခုလက္ရွိ ကမၻာ့ဘဏ္အေနနဲ႔ကNEP ထဲမွာ ဆည္အႀကီးေတြေဆာက္တာ၊ ေက်ာက္မီးေသြးေတြ ေဆာက္တာကို ေပၚတင္ေျပာတာမရွိေသးဘူး။ ဒါေပမယ့္ NEP ထဲမွာ အဓိကအားျဖင့္ ပထမဦးဆံုး ဓါတ္အားလိႈင္းေတြကုိ တိုးခ်ဲ႕ၿပီးမွ လုပ္တာေတြကို အားေပးတာျဖစ္ပါတယ္။”

လွ်ပ္စစ္ ဓာတ္အား အျပည့္အ၀ မရတာက ျမန္မာ့ ဖြံ႔ၿဖိဳးေရး အတြက္ အဓိက အဟန္႔အတား ျဖစ္ေနတယ္ဆိုတာကို အရပ္ဘက္ အဖြဲ႔အစည္းေတြဘက္က လက္ခံပါတယ္။ ဒါေပမယ့္ ျမန္မာ့ သဘာ၀ ပတ္၀န္းက်င္ ထိန္းသိမ္းေရးနဲ႔ ေရရွည္ ဖြံ႔ၿဖိဳးတိုးတက္ေရး အတြက္ ျပန္ျပည့္ျမဲ စြမ္းအင္နဲ႔ သန္႔စင္တဲ႔ စြမ္းအင္ အသံုးျပဳေရး တိုက္တြန္းေနၾကတာ ျဖစ္ပါတယ္။

....................

{Unicode}

မြန်မာ့လျှပ်စစ်ဓာတ်အားအရေး ကမ္ဘာ့ဘဏ်မှာ တင်ပြဆွေးနွေး


မြန်မာ ပြည်သူတွေ လျှပ်စစ် ဓာတ်အား အရ နည်းပြီး ဈေးနှုန်းက ကြီးမြင့်နေကြောင်း ကမ္ဘာ့ဘဏ် အစည်းအဝေးမှာ အရပ်ဘက် အဖွဲ့အစည်းတွေက တင်ပြကြပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံတွင်း ရေအားလျှပ်စစ် စီမံကိန်းကြီးတွေနဲ့ ကျောက်မီးသွေးသုံး လျှပ်စစ် ဓာတ်အားပေး စက်ရုံတွေ အစား ပြန်ပြည့်မြဲ စွမ်းအင်ကို မူဝါဒ အရ ပြောင်းလဲလာရေး ကမ္ဘာ့ဘဏ်ဘက်က တွန်းအားပေးဖို့လည်း တိုက်တွန်းခဲ့ကြပါတယ်။ အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီမှာ ကျင်းပနေတဲ့ ကမ္ဘာ့ဘဏ် နှစ်ပတ်လည် အစည်းအဝေး အတွင်း မြန်မာ့ လျှပ်စစ် ကဏ္ဍအရေး ပြန်လည် သုံးသပ် ဆွေးနွေးနေကြတာ ဖြစ်ပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

၂၀၃၀ ပြည့်နှစ်မှာ တနိုင်ငံလုံး လျှပ်စစ် ရာနှုန်းပြည့် ရရှိရေး မြန်မာ အစိုးရရဲ့ စီမံဆောင်ရွက်ချက်မှာ ကမ္ဘာ့ဘဏ်က ဒေါ်လာ သန်း ၄၀၀ ချေးငွေချပေးပြီး ပံ့ပိုးဆောင်ရွက်နေတာပါ။ မြန်မာ့ လျှပ်စစ် ကဏ္ဍမှာ ကမ္ဘာ့ဘဏ်ရဲ့ ပါဝင်ဆောင်ရွက်ချက်တွေ အပေါ် အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ပြန်လည် သုံးသပ်တဲ့ အစည်းအဝေးကို အမေရိကန် ပြည်ထောင်စု ဝါရှင်တန် ဒီစီမြို့တော်က ကမ္ဘာ့ဘဏ် ရုံးချုပ်မှာ ဒီသီတင်းပတ်ထဲ ဆွေးနွေးနေပါတယ်။ ဒီဆွေးနွေးပွဲကို ကိုယ်တိုင် တက်ရောက် ဆွေးနွေးနေတဲ့ BIC - Bank Information Center (Europe) ရဲ့ မိတ်ဖက် အရပ်ဘက် အဖွဲ့အစည်းဖြစ်တဲ့ Save the Natural Resource (SaNaR) ရဲ့ ဒါရိုက်တာ ကိုအေပရာယ်ကြူကြူးက အခုလို ပြောပါတယ်။

“အဓိက ကျနော်တို့BIC (Europe) နဲ့ ပေါင်းပြီးတော့မှ ကျနော်တို့ အစီရင်ခံစာတစောင်ထုတ်ထားပါတယ်။ အဲဒါ world bank က မြန်မာနိုင်ငံမှာ National Electricity Plan ပေါ့ အဲဒါနဲ့ ပတ်သက်ပြီးတော့ world bank က ထောက်ပံ့ပေးနေတာရှိတယ်။ အဲဒီအပေါ်မှာ မူတည်ပြီးတော့ ကျနော်တို့ အစီရင်ခံစာထုတ်ထားတာတွေကို လာပြီးတော့ research paper တွေလာပြီး ဖတ်ပြတာ ဒီအပေါ်မှာ နောက်ထပ် world bank အနေနဲ့ ထပ်လုပ်မယ့်ဟာတွေ မြန်မာနိုင်ငံမှာ သတိထားဖို့နဲ့ ပြုပြင် နိုင်ဖို့အတွက်တွေလာရောက်တင်ပြတာဖြစ်ပါတယ်ခင်ဗျ။”

BIC (Europe) နဲ့ Save the Natural Resource SaNaR တို့ ပူးပေါင်းပြီး ထုတ်ထားတဲ့ စစ်တမ်းနဲ့ ပတ်သက်ပြီး အင်္ဂါနေ့ ကမ္ဘာ့ဘဏ်ရုံးချုပ်မှာ ဆွေးနွေးခဲ့ကြတာပါ။ ပြည်သူတွေ လျှပ်စစ် အရ နည်းနေသေးတာတွေ အပြင် ကမ္ဘာ့ဘဏ်ဘက်က ဆောင်ရန် ရှောင်ရန်တွေကိုလည်း ဆွေးနွေးခဲ့တဲ့ အပြင် ၂၀၃၀ ပြည့်နှစ်မှာ လျှပ်စစ် အပြည့်အ၀ ရရှိရေး မြန်မာ အစိုးရရဲ့ ကြိုးပမ်းချက်မှာ ပြန်ပြည့်မြဲ စွမ်းအင်ကို အားထား အသုံးပြုမယ့် မူဝါဒ ပြောင်းလဲလာရေး ကိုလည်း ကမ္ဘာ့ဘဏ်ဘက်က တွန်းအားပေး ဆောင်ရွက်ဖို့ တိုက်တွန်းခဲ့ကြောင်း ကိုအေပရာယ်ကြူကြူးက ပြောပါတယ်။

“ကျနော်တို့ဒီ အခုထွက်တဲ့ research ထဲမှာ အဓိက world bank အနေနဲ့ NEP လုပ်တဲ့အထဲမှာ မြန်မာနိုင်ငံမှာ လျှပ်စစ်မီးကို လူထုက ရရှိနေတာ နည်းနေသေးတယ်။ ရရင်လည်းဈေး အရမ်းကြီးနေသေးတယ်။ ပြီးတော့ နောက်တခုက NEP အနေနဲ့က လုပ်ဆောင်တဲ့အထဲမှာ ချုပ်ကိုင်မှုများပြီးတော့ world bank အနေနဲ့ လုပ်တဲ့အချိန်မှာ CSO တွေဘက်က အသံတွေပါဖို့ အားနည်းတယ် ဆိုတာကို ထုတ်ပြန်တာဖြစ်ပါတယ်ခင်ဗျ။ NEP Plan ကတပိုင်း မြန်မာအစိုးရအနေနဲ့က ၂၀၃၀ မှာ လျှပ်စစ်ရဖို့ဆိုရင် ရေအားလျှပ်စစ်ရယ် ၊ ကျောက်မီးသွေးရယ်ကို အားပြုပြီးတော့မှ လျှပ်စစ်ဓါတ်အားကို ဖြည့်ဖို့အတွက် စီမံနေတာရှိပါတယ်ခင်ဗျ။ အဲဒီတော့ ကျနော်တို့ အစီရင်ခံစာထဲမှာက ကျောက်မီးသွေးရယ်၊ ရေအားလျှပ်စစ်အကြီးတွေကို မလုပ်ဆောင်ပဲနဲ့ ပြန်ဖြည့်မြဲစွမ်းအင်ပြောတဲ့ renewable energy ကို မူဝါဒအရရော အောက်ခြေမှာလုပ်ဆောင်နေတာတွေကို တကယ်အထောက်အပံ့ပေးနိုင်ဖို့ အကြံပြုထားပါတယ်။ ခုနကပြောတဲ့ သန့်စင်သောစွမ်းအင်ရယ်၊ ကျနော်တို့ အဓိကတော့ မြန်မာနိုင်ငံမှာ ပြန်ဖြည့်မြဲစွမ်းအင်တွေ တော်တော်များများရှိတယ် အဲဒါတွေကို ကမ္ဘာ့ဘဏ်အနေနဲ့ လုပ်ဆောင်ဖို့အတွက် အကြံပြုထားတာဖြစ်ပါတယ်။”

မြန်မာ့ လျှပ်စစ် စွမ်းအင် ရင်းမြစ်တွေနဲ့ ပတ်သက်လို့တော့ ကမ္ဘာ့ဘဏ်ဘက်က တစုံတရာ ပြောဆိုမှု မရှိသေးပါဘူး။ မြန်မာနိုင်ငံမှာ ၂၀၃၀ ပြည့်နှစ် အတွင်း လျှပ်စစ် အပြည့်အ၀ ရရှိရေး အစိုးရက စီမံကိန်းချ ဆောင်ရွက်နေတာနဲ့ အတူဘဲ အမျိုးသား လျှပ်စစ်ဓာတ်အား စီမံကိန်း NEP မှာ ကမ္ဘာ့ဘဏ် ချေးငွေ အသုံးပြုပြီး မဟာဓာတ်အားလိုင်းတွေ တိုးချဲ့နေတာပါ။ မြန်မာ့ လျှပ်စစ် စွမ်းအင် ကဏ္ဍအတွက် ကမ္ဘာ့ဘဏ်ရဲ့ ပါဝင်ဆောင်ရွက်မှုကို ကိုအေပရာယ်ကြူကြူးက အခုလို ပြောပါတယ်။

“အခုလက်ရှိ ကမ္ဘာ့ဘဏ်အနေနဲ့ကNEP ထဲမှာ ဆည်အကြီးတွေဆောက်တာ၊ ကျောက်မီးသွေးတွေ ဆောက်တာကို ပေါ်တင်ပြောတာမရှိသေးဘူး။ ဒါပေမယ့် NEP ထဲမှာ အဓိကအားဖြင့် ပထမဦးဆုံး ဓါတ်အားလှိုင်းတွေကို တိုးချဲ့ပြီးမှ လုပ်တာတွေကို အားပေးတာဖြစ်ပါတယ်။”

လျှပ်စစ် ဓာတ်အား အပြည့်အ၀ မရတာက မြန်မာ့ ဖွံ့ဖြိုးရေး အတွက် အဓိက အဟန့်အတား ဖြစ်နေတယ်ဆိုတာကို အရပ်ဘက် အဖွဲ့အစည်းတွေဘက်က လက်ခံပါတယ်။ ဒါပေမယ့် မြန်မာ့ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ရေရှည် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပြန်ပြည့်မြဲ စွမ်းအင်နဲ့ သန့်စင်တဲ့ စွမ်းအင် အသုံးပြုရေး တိုက်တွန်းနေကြတာ ဖြစ်ပါတယ်။

မသိဂႌထုိက္/ ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
ျမန္မာ့လွ်ပ္စစ္ဓာတ္အားအေရး ကမာၻ႔ဘဏ္မွာ တင္ျပေဆြးေႏြး  ျမန္မာ့လွ်ပ္စစ္ဓာတ္အားအေရး ကမာၻ႔ဘဏ္မွာ တင္ျပေဆြးေႏြး Reviewed by THITHTOOLWIN on 19:41 Rating: 5
Powered by Blogger.