အေျခခံပညာ ပညာေရးလုပ္သားသမဂၢျဖစ္ေျမာက္ေရးေကာ္မတီက ပဲခူးဝန္ႀကီးခ်ဳပ္ ေျပာၾကားခ်က္အေပၚ သေဘာထားထုတ္ျပန္

 နယ္မွာ တာဝန္က်တဲ့ ဆရာမေတြအတြက္ ေနထိုင္ေရးနဲ႔ လုံၿခဳံေရး အေရးႀကီး။

ေအာက္တိုဘာ ၅ ရက္ေန႔က ဒမငယ္သစ္ခ်ိဳၿခံ၊ လူထုေတြ႕ဆုံပြဲမွာ ပညာေရး ဝန္ထမ္း ဆရာဆရာမေတြကို အၾကမ္းဖက္ခံရမႈနဲ႔ ဘဝလုံၿခဳံေရးကို ထိခိုက္ေစတဲ့ ပဲခူးတိုင္း ဝန္ႀကီးခ်ဳပ္ ဦးဝင္းသိန္းရဲ႕ ေျပာၾကားခ်က္နဲ႔ ပတ္သက္လို႔ အေျခခံပညာ ပညာေရးလုပ္သားသမဂၢျဖစ္ေျမာက္ေရး ေကာ္မတီက ေအာက္တိုဘာလ ၁၁ ရက္ေန႔က သေဘာထားထုတ္ျပန္လိုက္ပါတယ္။

အဲဒီလူထုေတြ႕ဆုံပြဲမွာ ေက်း႐ြာလူထုကေန ပညာေရးဝန္ထမ္း ဆရာ/ဆရာမေတြရဲ႕ ေနထိုင္ေရးနဲ႔ ပတ္သက္ၿပီး တင္ျပခ်က္အေပၚ ပဲခူးတိုင္းဝန္ႀကီးခ်ဳပ္က "ဝန္ထမ္းအိမ္ရာ မရွိတာေကာင္းတယ္၊ ဆရာဆရာမေတြ ရပ္ထဲ႐ြာထဲေနေတာ့ ဒီက ႐ြာသူ ႐ြာသားေတြနဲ႔ အိမ္ေထာင္က်၊ အဲဒါမွ ျပန္ေျပာင္းမသြားမွာ ၊ ျပန္ေျပာင္းသြားရင္ ဝန္ထမ္းလိုအပ္ခ်က္ရွိၿပီ၊ လူငယ္ေလးေတြကလည္း ဆရာမေတြကို ရည္းစားစကား လိုက္ေျပာၾက၊ ဒါမွ ႐ြာမွာၿမဲမွာ" လို႔ ေျပာၾကားခဲ့တယ္လို႔ အဲဒီထုတ္ျပန္ခ်က္မွာ ေရးသားထားပါတယ္။

ဒီလို ေျပာၾကားခ်က္ဟာ အမ်ိဳးသမီးပညာေရးဝန္ထမ္း ဆရာမမ်ားရဲ႕ လက္ေတြ႕ဘဝ အခက္အခဲေတြနဲ႔ လုပ္ငန္းခြင္ အေျခအေနေတြကို ထိခိုက္ေစတယ္လို႔ အေျခခံပညာ ပညာေရး လုပ္သားသမဂၢမ်ား ဗဟိုေကာ္မတီ ဧရာဝတီတိုင္းက ဆရာဦးမင္းမင္းထြဋ္က ဆိုပါတယ္။

ပဲခူးတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ အေနနဲ႔ ပညာေရး ဝန္ထမ္းေတြအတြက္ လုံၿခဳံစိတ္ခ်ရတဲ့ ပတ္ဝန္းက်င္ေကာင္းေတြကို ဖန္တီးေပးဖို႔နဲ႔ ဝန္ထမ္းအိမ္ရာေတြ ေဆာက္လုပ္ေပးႏိုင္ေရးကို အေလးအနက္ထား စီမံ ေဆာင္႐ြက္ေပးမယ့္ အစား အမ်ိဳးသမီး ပညာေရး ဝန္ထမ္းေတြ အၾကမ္းဖက္ခံရတာနဲ႔ ဘဝလုံၿခဳံမႈ ထိပါးတာကို အားေပးအားေျမာက္ ေျပာဆိုခဲ့မႈအေပၚ ျပင္းထန္စြာ ကန္႔ကြက္ေၾကာင္းနဲ႔ ႏိုင္ငံေတာ္က ေန ပဲခူးတိုင္းဝန္ႀကီးခ်ဳပ္ကို အေရးယူေပးဖို႔ အေျခခံပညာ ပညာေရးလုပ္သား သမဂၢမ်ား ဗဟိုေကာ္မတီက ေတာင္းဆိုထားပါတယ္။

ပဲခူးတိုင္းဝန္ႀကီးခ်ဳပ္ ေျပာၾကားတဲ့ ႐ုပ္သံဖိုင္ဟာ အခုရက္ပိုင္းထဲမွာ အြန္လိုင္းလူမႈကြန္ရက္ ေပၚမွာ ပ်ံ႕ႏွံ႔ ေနၿပီး လူအမ်ားၾကား ေဝဖန္ ေျပာဆို ေဆြးေႏြးစရာလည္း ျဖစ္ေနပါတယ္။

BBC Burmese
https://www.bbc.com
-------------
Unicode

အခြေခံပညာ ပညာရေးလုပ်သားသမဂ္ဂဖြစ်မြောက်ရေးကော်မတီက ပဲခူးဝန်ကြီးချုပ် ပြောကြားချက်အပေါ် သဘောထားထုတ်ပြန်

Image caption နယ်မှာ တာဝန်ကျတဲ့ ဆရာမတွေအတွက် နေထိုင်ရေးနဲ့ လုံခြုံရေး အရေးကြီး။

အောက်တိုဘာ ၅ ရက်နေ့က ဒမငယ်သစ်ချိုခြံ၊ လူထုတွေ့ဆုံပွဲမှာ ပညာရေး ဝန်ထမ်း ဆရာဆရာမတွေကို အကြမ်းဖက်ခံရမှုနဲ့ ဘဝလုံခြုံရေးကို ထိခိုက်စေတဲ့ ပဲခူးတိုင်း ဝန်ကြီးချုပ် ဦးဝင်းသိန်းရဲ့ ပြောကြားချက်နဲ့ ပတ်သက်လို့ အခြေခံပညာ ပညာရေးလုပ်သားသမဂ္ဂဖြစ်မြောက်ရေး ကော်မတီက အောက်တိုဘာလ ၁၁ ရက်နေ့က သဘောထားထုတ်ပြန်လိုက်ပါတယ်။

အဲဒီလူထုတွေ့ဆုံပွဲမှာ ကျေးရွာလူထုကနေ ပညာရေးဝန်ထမ်း ဆရာ/ဆရာမတွေရဲ့ နေထိုင်ရေးနဲ့ ပတ်သက်ပြီး တင်ပြချက်အပေါ် ပဲခူးတိုင်းဝန်ကြီးချုပ်က "ဝန်ထမ်းအိမ်ရာ မရှိတာကောင်းတယ်၊ ဆရာဆရာမတွေ ရပ်ထဲရွာထဲနေတော့ ဒီက ရွာသူ ရွာသားတွေနဲ့ အိမ်ထောင်ကျ၊ အဲဒါမှ ပြန်ပြောင်းမသွားမှာ ၊ ပြန်ပြောင်းသွားရင် ဝန်ထမ်းလိုအပ်ချက်ရှိပြီ၊ လူငယ်လေးတွေကလည်း ဆရာမတွေကို ရည်းစားစကား လိုက်ပြောကြ၊ ဒါမှ ရွာမှာမြဲမှာ" လို့ ပြောကြားခဲ့တယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ဒီလို ပြောကြားချက်ဟာ အမျိုးသမီးပညာရေးဝန်ထမ်း ဆရာမများရဲ့ လက်တွေ့ဘဝ အခက်အခဲတွေနဲ့ လုပ်ငန်းခွင် အခြေအနေတွေကို ထိခိုက်စေတယ်လို့ အခြေခံပညာ ပညာရေး လုပ်သားသမဂ္ဂများ ဗဟိုကော်မတီ ဧရာဝတီတိုင်းက ဆရာဦးမင်းမင်းထွဋ်က ဆိုပါတယ်။

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် အနေနဲ့ ပညာရေး ဝန်ထမ်းတွေအတွက် လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်ကောင်းတွေကို ဖန်တီးပေးဖို့နဲ့ ဝန်ထမ်းအိမ်ရာတွေ ဆောက်လုပ်ပေးနိုင်ရေးကို အလေးအနက်ထား စီမံ ဆောင်ရွက်ပေးမယ့် အစား အမျိုးသမီး ပညာရေး ဝန်ထမ်းတွေ အကြမ်းဖက်ခံရတာနဲ့ ဘဝလုံခြုံမှု ထိပါးတာကို အားပေးအားမြောက် ပြောဆိုခဲ့မှုအပေါ် ပြင်းထန်စွာ ကန့်ကွက်ကြောင်းနဲ့ နိုင်ငံတော်က နေ ပဲခူးတိုင်းဝန်ကြီးချုပ်ကို အရေးယူပေးဖို့ အခြေခံပညာ ပညာရေးလုပ်သား သမဂ္ဂများ ဗဟိုကော်မတီက တောင်းဆိုထားပါတယ်။

ပဲခူးတိုင်းဝန်ကြီးချုပ် ပြောကြားတဲ့ ရုပ်သံဖိုင်ဟာ အခုရက်ပိုင်းထဲမှာ အွန်လိုင်းလူမှုကွန်ရက် ပေါ်မှာ ပျံ့နှံ့ နေပြီး လူအများကြား ဝေဖန် ပြောဆို ဆွေးနွေးစရာလည်း ဖြစ်နေပါတယ်။

BBC Burmese
https://www.bbc.com
အေျခခံပညာ ပညာေရးလုပ္သားသမဂၢျဖစ္ေျမာက္ေရးေကာ္မတီက ပဲခူးဝန္ႀကီးခ်ဳပ္ ေျပာၾကားခ်က္အေပၚ သေဘာထားထုတ္ျပန္ အေျခခံပညာ ပညာေရးလုပ္သားသမဂၢျဖစ္ေျမာက္ေရးေကာ္မတီက ပဲခူးဝန္ႀကီးခ်ဳပ္ ေျပာၾကားခ်က္အေပၚ သေဘာထားထုတ္ျပန္ Reviewed by THITHTOOLWIN on 20:02 Rating: 5
Powered by Blogger.